mriderkyawgyiOctober 21, 20101min1433
သင်္ဘောတစ်စင်း ပျက်သဖြင့် လူသုံးယောက်သည် ကျွန်လေးတစ်ကျွန်ပေါ်တွင် အသက်ရှင်ကျန်ရစ်လေ၏။ ရက်အတန်ကြာသော အခါ ရေထဲမှ သေတ္တာတစ်လုံးမျော လာသဖြင့်ဖွင့်ကြည့်ရာ မီးခွက်တစ်ခု ထွက်လာသည်။ သိုနှင့် မီးခွက်ကိုဖွင့်ကြည့်လိုက်ရာ အထဲမှ မီးခွက်စောင့် ဘီလူးထွက်လာလေသည်။ ကဲ မင်းတို့ကို တစ်ယောက် ဆုတစ်ခုစီ တောင်းခွင့်ပေးမယ်။ ထိုအခါ ပထမ တစ်ယောက်က ကျွန်တော့်ကို ရတနာတွေအပြည့်ဖြည့်ထားတဲ့သေတ္တာ နဲ့အတူ အိမ်ကိုပြန်ပို့ပေးပါ။ နောက်တစ်ယောက်က ကျွန်တော်ကိုလည်း မော်ဒယ်ကောင်မလေး၂ယောက်နဲ့အတူ အိမ်ကိုပြန်ပို့ပေးပါ။ နောက်ဆုံးတစ်ယောက်က ကျွန်တော်က တစ်ကောင်ကြွက်ဗျ။ပြန်စရာအိမ်လည်းမရှိဘူး။ ခင်ဗျားမပေါ်လာခင်ကမှ ကျွန်တော်တို့သုံးယောက် ပျော်နေသေးတယ်။ အခုကျွန်တော်တစ်ယောက်တည်းဖြစ်သွားပြီ။ ခုနကနှစ်ယောက်ကိုပြန်ခေါ်ပေးဖို့ကျွန်တော်ဆုတောင်းတယ်။ mmjoke.weebly.com