MyFirstGreenOctober 2, 20101min2120
သစ်ရွက်ခတ်သံ လေပြေ သင်းသင်း ငှက်ကလေးတွေရဲ့  သီချင်းနဲ့ အတူ ဟောလို ဂစ်တာလေးတစ်လက် အပြာရောင် ကောင်းကင်ထက်က တိမ်လွှာတွေရယ် အေးမြတဲ့ ဆောင်းအကြိုမှာ ငါ့နှလုံးသားကို …….. ……..နွေးထွေးစေပါတယ်လေ။ ။ My First Green


MyFirstGreenSeptember 29, 20101min1930
လေလေးက ဟိုဒီယိမ်းရင်း မိုးရနံ့လေး ယူဆောင်ခဲ့ ငါသိလိုက်ချိန်. ဘေးနားမှာသင်းပျံ့လို့ပေါ့… ငါ့ရင်ထဲ ပျော်လာတယ် ပြီးတော့ ………….နာကျင်လာတယ် *** ဟိုုအဝေးမှာလေ……. ငှက်လေးတွေ ဟိုဒီပျံရင်း ပြေးလွှားလို့ ဘာကြောင့်မှန်းမသိ ပျော်နေတာလား … စိုးရိမ်နေတာလား *** ကောင်းကင်ကျယ်မှာ တိမ်တွေ ဦးတည်ရာမဲ့ ပြေး လွှား လို့ ပျော်လွန်းလို့ မြူးကြွနေတာလား… မပြိုချင်လို့ ရှောင်ပုန်းနေတာလား… *** ငေးရင်းငေးရင်း ငါ့စိတ်တွေ အတိတ်ထဲ ပြေးလွှား ငါမသိချင်ဘူး ဘာကိုမှ မတွေးချင်ဘူး တကယ်တမ်းတော့ငါ ဟိုးငယ်ငယ်တုန်းကလို ပုခက်ကလေး လွှဲစီးရင်း မေမေ့ကိုငေးလို့ … တခစ်ခစ် ရယ်နေချင်ခဲ့တာပါ။ My First Green


MyFirstGreenSeptember 29, 20101min2160
သေခြင်းတရား ငါ့ရဲ့နံဘေး တံခါးခေါက်ချိန် ငါ တွေဝေခဲ့တယ်။ မှန်လား မှားလား လုပ်ခဲ့သမျှတွေ ဝေခွဲရ ခက်လို့။ ရင်ထဲလွမ်းနေ အစားထိုးမရ အချိန်တွေ အကျိုးမရှိ ကုန်ခဲ့လို့။ လူ့ဘဝသက်တမ်း စမယ်ကြံတုန်း ကုန်ဆုံးသွားတယ် အမှန်တကယ် မြန်လွန်းလို့။ My First Green


MyFirstGreenSeptember 29, 20101min2200
မဟူရာကောင်းကင်ကြီးထဲမှာ နေမင်းရယ် လမင်းရယ် အစင်းပေါင်းများစွာ – လင်းလက်လို့ စကြာဝဠာကြီး အကြီးကြီးထဲက ဟောဒီ ကမ္ဘာဆိုတဲ့ ဂြိုဟ် ပိစိလေးပေါ်မှာ G ဆိုတဲ့ လူပိစိလေး က – ရပ်ကြည့်လို့ မျက်လုံးသေးသေးလေးနဲ့ မြင်နိုင်သမျှ တွေက အရာအားလုံး မဟုတ်သေးပါဘူး ငါတို့ မမြင်တွေ့ရသေးတဲ့ ခန်းနားကြီးကျယ်မှုများစွာက အဆပေါင်းများစွာ ကျန်နေပါသေးတယ်။ ။ My First Green


MyFirstGreenSeptember 29, 20101min3124
မင်းပြောတဲ့စကားအခွန်းတိုင်းကို ငါ့နှလုံးသားထဲ ကျောက်ထက်အက္ခရာ တင်ထားတယ် မင်းအပြုံးလေး သတိရလိုက်တိုင်း စိတ်လှုပ်ရှားနေလို့ ငါ့နှလုံးသားတွေ နာကျင်နေပြီ မင်းမျက်ဝန်းလေး ငါ့အသိဉာဏ်ထဲ စွဲမှတ်နေလို့ လုံးဝကို ရူးသွပ်ချင်နေပြီ ကြည့်လိုက်တိုင်း နေရာတိုင်းမှာ မင်းအကြောင်းတွေဘဲ ပြည့်နေလို့ ဘာကိုမှ သေချာမမြင်နိုင်တော့ဘူး အချိန်တိုင်း အတွေးတိုင်းမှာ မင်းအကြောင်းတွေဘဲ စိုးမိုးနေလို့ စိတ်တွေအရမ်း ပျံ့လွင့်နေပြီ သတိမရပါဘူးလို့ အားတင်းရင်း အားတင်းရင်း အတွေးထဲက ထုတ်လို့မရနိုင်ဘူး မင်းကိုလွမ်းရလွန်းလို့ ငါ့နှလုံးသားတစ်ခုလုံး နာကျင်နေပြီ။ ပြင်းထန်လွန်းတဲ့ နှလုံးခုန်သံက ငါ့ရဲ့အသက်ရှင်သန်ချိန်ကို . . . . . . . . . .တိုတောင်းစေတယ်။ ။ My First Green


MyFirstGreenSeptember 28, 20101min1760
ငါ့ကိုယ်ငါ လုံးချေပြီးတော့ အမှိုက်ပုံးထဲ လွှင့်ပစ် ကိုယ်ကိုကိုယ် စွန့်ပစ်ခဲ့ပြီး ဘယ်သူကမှ ပြန်ကောက်မသိမ်း မထိ်န်းသိမ်းနိုင်လို့ ငါ့စိတ်တွေ တစ်စစီ ပြန့်ကျဲ ပလတ်စတစ်မှိုက် တွေလိုအသုံးမကျ မြေဆွေးလည်း မရလို့ ဘယ်နေရာမှ အသုံးမဝင် စွန့်ပစ်ပြီးရင်း စွန့်ပစ် ညစ်သထက်ညစ်လာ အကြောင်းရင်းကိုရှာ တရားခံရှာမတွေ့ ဟိုတစ်နေ့ကမှ ရုတ်တရက် ရိပ်ခနဲ တွေ့လိုက်ရတယ် မှန်ရှေ့မှာ ဖြတ်လျှောက်သွားတုန်းကပေါ့။ ။ My First Green


MyFirstGreenSeptember 28, 20101min1930
လူတွေရဲ့ အပြုံးကို နားလည်လိုက်တဲ့ အချိန်မှာ ငါ့နှလုံးသားက မျက်ရည်တစ်ပေါက် ခြွေချလိုက်တယ်။ နွေးထွေးခြင်း စစ်မှန်တဲ့ အပြုံးဆိုတာ ဘယ်…မှာ…လဲ ငါအဝေးက သီချင်းလေးတစ်ပုဒ် ကြားလိုက်ရတယ် ငါ့ရင်ထဲ နွေးထွေးလှုပ်ရှားသွားလို့ အနားဆီ သွားကြည့်လိုက်တော့ သူ..ငါ့ကို..ပြုံးပြတယ် ပြောင်းလဲခြင်းမျိုးစုံနဲ့ ပြောင်းလဲတတ်ကြတဲ့ လူသားတွေက ပြောင်းလဲပြီးရင်း ပြောင်းလဲခဲ့တယ် နွေးထွေးခြင်း စစ်မှန်တဲ့ အပြုံးဆိုတာ ဘယ်…မှာ…လဲ ငါနားလည်လိုက်ပါပြီ ” လမင်းပမာ ” ဆိုတဲ့ တရားတော်ကို မင်းသိချင်ရင် ရှာဖတ်ကြည့်ပါ ငါကတော့.. တစ်ယောက်တည်းဘဲ ပျော်တော့တယ်။ ။ My first Green


MyFirstGreenSeptember 28, 20101min1870
ငါ တစ်ခါတစ်ခါ ပြုံးနေတတ်တယ် ဝမ်းနည်းမှုတွေနဲ့ပေါ့ ငါ တစ်ခါတစ်ခါ မှိုင်တွေနေတတ်တယ် အတိတ်တွေကို သတိရရင်းပေါ့ ငါ တစ်ခါတစ်ခါ ပျင်းနေတတ်တယ် စိတ်လေစွာနဲ့ပေါ့ ငါ တစ်ခါတစ်ခါ ကြိုးစားနေတတ်တယ် အနက်ရှိုင်းဆုံးမာနတွေနဲ့ပေါ့ ငါ တစ်ခါတစ်ခါ မုန်းနေတတ်တယ် လူတွေရဲ့ အတ္တ,တစ်ကိုယ်ကောင်းဆန်မှုကိုပေါ့ ငါ တစ်ခါတစ်ခါ ချစ်ခြင်းကို အယုံအကြည်ကင်းနေတတ်တယ် ငါ့ ချစ်သူကလွဲလို့ပေါ့ ငါ တစ်ခါတစ်ခါ လွမ်းနေမိတယ် မေမေနဲ့ သိပ်ချစ်ရတဲ့ချစ်သူကိုပေါ့ ပြီးတော့…. ငါ တစ်ခါတစ်ခါ သေချင်မိတယ် သေတဲ့သူတွေနေတဲ့ သေရွာဆိုတာ ရှိခဲ့ရင်ပေါ့။ My First Green


MyFirstGreenSeptember 28, 20101min1870
ကလောင်ကိုကိုင် ငါငိုင်နေတယ် ဘာရေးရမှန်းမသိဘူး ရင်ထဲမှာပြည့်ကြိတ်သတ် အတင်းဘဲတိုးထွက်နေလို့ မျက်ရည်တွေဘဲတောက်တောက်ကျ လွမ်းတယ်ကွာ ငါ့ရင်ကိုစုန်ကန် မင်းချန်ရစ်ခဲ့တဲ့လှောင်ပြုံးကြောင့် မာနတွေ ဆူပွက် မချမ်းဘဲတဆတ်ဆတ်တုန်ခဲ့ပေမယ့် တခါတရံမှာတော့ တကယ်ချစ်ခဲ့တာမို့ အတွေးထဲ လွမ်းဆွေးရင်း….. မျက်ရည်လည်။ ။ My First Green


MyFirstGreenSeptember 28, 20101min1810
အသစ်သို့ တဖန် ခင်ဖို့ရန် ပြန်မတွေ့ ဘဝရဲ့တစ်ကွေ့မှာ ခွဲခွာလို့ သွားရပြီ။ မတွေ့တော့ပြီမို့ ငဲ့ညှာဖို့မလို ထင်သလို ဝေဖန် မှန်သော်မှန် မှားသော်မှား တကယ်ပါ တို့ကတော့ ဘယ်တော့မှ စိတ်မဆိုးနိုင်တော့ပါဘူး။ ။ My First Green


MyFirstGreenSeptember 28, 20101min2000
တိမ်မိုးသားတို့ ဆန်းကြယ်လည်းလေ နေခြည်နွေးနွေး မျှော်လင့်ငေးရင်း နေ့ရက်တို့ကို ကုန်စေတယ်။ .. လေပြည်အေးအေး သင်းပျံ့လည်းလေ နေခြည်သို့သာ ငေးမျှော်မိရင်း ပူပြင်းလည်းလေ နေခြည်သည်သာ….. ငါ့ကမ္ဘာ။ My First Green


MyFirstGreenSeptember 26, 20101min3304
မြေသင်းရနံ့လေး သင်းပျံ့လွန်းလို့ ကိုယ့်ရင်ထဲလှုပ်ခတ် သေတ္တာငယ်လေးထဲ ထည့်လို့ သိမ်းထားမယ် ရနံ့တွေ မပျယ်ခင် ချစ်ရသူရယ် ပြန်လည်ဆုံတွေ့နိုင်ဖို့ အခွင့်ရချင်သေးတယ်။ My First Green