Ko chogyiJuly 27, 20121min1196
Channel 7 ရုပ်သံလိုင်းက ထုတ်လွှင့်နေတဲ့ ငါးတန်းနဲ့ပြိုင် ဘယ်သူနိုင်ဆိုတဲ့ အစီစဉ်လေးကို စောင့်ကြည့်ရင်းမေးခွန်းတွေမှာ ကမ်ဗောဒီးယားနိုင်ငံအကျယ်အဝန်း၊ အင်ဒိုနီးရှားနိုင်ငံအကျယ်အဝန်းစသည်ဖြင့် မေးခွန်းတွေမေးတာ တွေ့မိပါတယ်။ အဲဒါနဲ့ ကျွန်တော်တိုင်းရင်းသားတွေ စုပေါင်းနေထိုင်ရာ အမိမြန်မာနိုင်ငံတော်ကြီးရဲ့ နယ်နိမိတ်အကျယ်အဝန်းအကြောင်း ရေးရရင်ကောင်းမယ်ဆိုပြီး စိတ်ကူးပေါ်လာတာနဲ့ ဟိုစာအုပ်ဆွဲထုတ်၊ ဒီစာအုပ်ဆွဲဖတ်ပြီး စာတစ်ပုဒ်ဖြစ်အောင် ရေးလိုက်မိပါတယ်။ သိပြီးသူများလည်းပြန်သတိရအောင်၊ မသိသေးရင်လဲမှတ်လို့ရအောင်၊ သိသလိုလို မသိသလိုလိုဆိုရင်လဲ သေချာသွားအောင် စေတနာနဲ့ပါ။ လိုအပ်တာ ပြင်ဆင်စရာ ရှိတာ၊ ဖြည့်စွက်ချင်တာရှိရင်း ဝိုင်းဝန်းကူညီကြပါ။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရှိ တိုင်းရင်းသားများ စုပေါင်းမှီတင်းနေထိုင်ရာ ကျွန်တော်တို့ နိုင်ငံတော်ကြီးဟာ မြောက်လတ်တီတွဒ် ၉ ဒီဂရီ ၃ဝ မိနစ်မှ ၂၈ ဒီဂရီ ၃၁ မိနစ်အတွင်း၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁ဝ မိနစ်မှ ၁၀၁ ဒီဂရီ […]


Ko chogyiJuly 24, 20121min33222
အခုတစ်လော ဆလုံလူမျိုးတွေအကြောင်း ဖတ်ရလို့ ကျွန်တော်လည်း စာရေးချင်တာနဲ့ ဆလုံလူမျိုးများနဲ့ တွဲပြီး အမှတ်ရနေမိတဲ့ သံပခြုပ်ကောင်လေးများအကြောင်း ရေးလိုက်မိပါတယ်။ ပင်လယ်ပြင်ကြီးကို ဘုရားကပေးတဲ့အိမ်လို့ သဘောထားပြီး သစ်ထွင်းလှေငယ်လေးများနဲ့ မြန်မာနိုင်ငံကမ်းရိုး တန်းတစ်လျှောက် ကျွန်းကြီးကျွန်းငယ်များအကြား နေထိုင်ကျက်စားလျှက်ရှိတဲ့ ဆလုံ(ခေါ်) ပင်လယ်ပျော်မော်ကင်း များနှင့် ခွဲခြားမရနိုင်သော သံပခြုပ်ကောင်လေးများ ဖြစ်ပါသည်။ သံပခြုပ်မှာ ဒေသအခေါ်ဖြစ်ပြီး ရုပ်ခဗေဒအမည်မှာ Sea Urchin ဖြစ်သည်။ သံပုရာသီးတစ်လုံး၏ ပတ်လည်တွင် ဆူးကလေးများ စီတန်းစိုက်ထားသကဲ့သို့ပုံသဏာန်ရှိပြီး မဲမဲလုံးလုံး အကောင်ငယ်ကလေးများ ဖြစ်သည်။ ဆလုံများ အဓိက ကြိုက်နှစ်သက်သော အစားအစာဖြစ်ပြီး အလွန်တရာခင်မင်ရသော မိတ်ဆွေများ၊ ခေါင်းဆောင်/ အကြီး အကဲများကိုသာ ရှာဖွေကျွေးမွေး၊ လက်ဆောင်ပေးတတ်ကြသည်။ တော်ရုံသင့်ရုံခင်မင်သူများအား သံပခြုပ်မကျွေး တတ်ပါ။ သံပခြုပ်ကောင်အား ညင်သာစွာခွာယူပြီး ဓားဖြင့်ခွဲကာ အတွင်းရှိအသားများ(ခုံးကောင်၊ […]


Ko chogyiJuly 17, 20121min2793
ဟိုး….အရင်လွန်ခဲ့သော ကျွန်တော်၏ ငယ်ရွယ်စဉ်ကလေးဘဝ မမေ့နိုင်တဲ့နေ့လေး တစ်ရက်ကို ပြန်သတိရမိတယ် အဲဒီနေ့က ပတ်ဝန်ကျင်တစ်ခွင်လုံး အုံအုံ့မှိုင်းမှိုင်းနဲ့ မိုးသားတိမ်ရိပ်တွေကလဲ မဲညို့ပြီး အာကာတစ်ခွင်လုံး ထိုးဖောက်မမြင်နိုင်အောင် အုပ်မိုးထားကြတယ်။ မိုးကလည်း ရွာမယ်ဆို သည်းသည်းမဲမဲ ရွာမချဘဲ ကလေးငယ်တစ်ယောက် တန်ဖိုးထား မြတ်နိုးတဲ့ အရုပ်ကလေးတစ်ရုပ် ပျောက်သွားတဲ့အခါ ဝမ်းနည်းပူဆွေး တမ်းတပြီး တအီအီနဲ့ ရှိုက်ကာရှိုက်ကာ ငိူကြွေးနေသလို တစ်စိမ့်စိမ့်နဲ့ တဖွဲဖွဲ ရွာနေတယ်လေ အဲဒီလိုအချိန်မှာပဲ စူးရှထိတ်လန့်ဖွယ် ဥဩသံစူးစူးကိုကြားလိုက်ရတော့ မိုးထဲရေထဲ ဘယ်ကများမီးလောင်ပါလဲလို့ စဉ်းစားနေတုန်း ‘’ ညီလေး ဘာလုပ်နေတာလဲ မြန်မြန် မတ်တပ်ရပ်လေ” ဆိုတဲ့ ကျွန်တော်အစ်ကိုရဲ့ အလော်တကြီး ပြောဆိုသံကိုကြားတော့ ကျွန်တော်လည်း ယောင်တောင်ပေါင်တောင်နဲ့ ထရပ်လိုက်ပြီး ကျွန်တော်အစ်ကို ကို ငေးကြည့်မိတာပေါ့။ ဥဩသံတွေ စဲသွားတော့မှ အစ်ကိုကြီးဘာဖြစ်တာလဲလို့မေးမိတယ်။ […]


Ko chogyiJuly 10, 20121min18110
အများ စိတ်ဝင်စားနေသော ဒုသမတအသစ်အဖြစ် ဦးတင်အေး၊ ဦးဌေးဦး၊ ဦးရွှေမန်းနှင့် ဦးမြင့်ဆွေတို့ သတင်းထွက်ပေါ်နေရာမှ တပ်မတော်သား ကိုယ်စားလှယ်အစုမှ ဗိုလ်မှူးချုပ်ဝေလင်းက ဒုသမတအသစ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေအား အမည်စာရင်တင်သွင်းထားကြောင်း ယနေ့နံနက်ကပြောကြားခဲ့သည်ဟု သိရပါသည်။ //


Ko chogyiJuly 8, 20121min963
ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ(ပုဂံ) ရှေးနှစ်ပေါင်း တစ်ထောင်နှင့် ရှစ်ရာသက်တမ်းပတ်ဝန်းကျင်ရှိသော ယဉ်ကျေးမှုအမွေအနှစ်များ များပြားလှသည့် ပုဂံမြေတွင် ရှေးဟောင်း စေတီ၊ ပုထိုး၊ သိမ်ကျောင်းနှင့် နန်းတော်ရာများ တည်ရှိပါသည်။ “ လှည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်း” ဟူသော လင်္ကာနှင့်အညီ စေတီ၊ ပုထိုးနှင့် သိမ်ကျောင်းပေါင်း လေးဆယ့်လေးသိန်းကျော်ခန့် တည်ထားကိုးကွယ်ခဲ့ကြောင်း သိရှိရပါသည်။ သဘာဝဘေးရန်ဖြစ်သော မြေငလျှင်လှုပ်ခြင်းအပါအဝင် အခြားသော သဘာဝဘေးဖြစ်သည့် နေ၊ ရေ(မိုး)၊ လေ တို့၏ တိုက်စားမှုကြောင့်လည်း ပျက်စီးမှုများစွာ ပေါ်ပေါက်ခဲ့ရပါသည်။ ယခုအခါ ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် စေတီ၊ ပုထိုးပေါင်း တစ်သောင်းခန့် ကျန်ရှိနေပြီး အများစုမှာလည်း အုတ်ပုံ၊ ကုန်းမြေမို့မို့ အဖြစ်သာ ကျန်ရှိတော့သည်။ စေတီ၊ ပုထိုး နှစ်ထောင်နှစ်ရာပတ်ဝန်းကျင်ခန့်သာ ပြုပြင် မွမ်းမံ ထိန်းသိမ်းထားနိုင်ပါသည်။ UNESCO […]