အနှိပ်ခန်း၊ဖာခန်း၊KTV၊Beauty Sloon စတဲ့ ဒီလုပ်ငန်းတွေကတော့ အမြဲမသွေရှိနေမှာပါပဲ။လွန်ကျုးမလာအောင် ထိန်းချုပ်နိုင်ရင်တော့ကောင်းမယ်ထင်ပါတယ်။ဒီလုပ်ငန်းတွေဘယ်အချိန် ကစပြီး အကြီးအကျယ်ပေါ်ပေါက်ခဲ့တာလဲ။၈၈ မတိုင်ခင်ကတော့မရှိခဲ့ပါဘူး။ လက်နက်ကိုင်အဖွဲ့အစီးတွေနဲ့ ငြိမ်းချမ်းရေးယူပြီးနောက် ငြိမ်းချမ်းရေး အမည်ခံ တိုင်းရင်းသားတွေနဲ့ နောက်ကွယ်က လိုင်စင်မဲ့ တရုတ်တွေ နည်းအမျိုးမျိုးနဲ့ ဝင်ရောက်လာပြီးကတည်းက ဖောဖောသီသီပေါ်ပေါက် ခဲ့ပါတယ်။ဒီလုပ်ငန်းတွေရော မူးယစ်ဆေးဝါးတွေရော လိုင်စင်မဲ့တရုတ်တွေပါ မန္တလေးမြို့ကို ဗဟိုပြုပြီး ပြန့်နှံ့ခဲ့ပါတယ်။ဖိုးခင်ညွန့်ကြီးရယူခဲ့တဲ့ ငြိမ်းချမ်းရေး ရလာဒ်ကဒါတွေပဲလား။ဆွေစဉ်မျိုးဆက်ဇယားမရှိတဲ့ လိုင်စဉ်မဲ့တရုတ်တွေကတော့ တို့တိုင်းပြည်ထဲမှာ ၁ သန်းလောက်ရောက်ရှိနေပါပြီ။တရားခံတွေကတော့ ဖိုးခင်ညွန့်အစ တပြည်လုံးဘုရားတွေ ရွှေဆေးသုတ်တဲ့ ဦးသန်းရွှေအလယ် လဝက အရာရှိကြီးများအဆုံး ဖြစ်လိမ့်မယ်ထင်ပါတယ်။ငြိမ်းချမ်းရေး လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ကျေးဇူးတွေပဲပေါ့။အမယ်..တရုတ်ကြီး များကတော့ နိုင်ငံသားကတ်အနီ ပုံစံ ၁ဝ အစစ်တွေကိုင်လို့ မန်းလေး အစ မြစ်ကြီးနားအလယ် ရန်ကုန်အဆုံး မြို့လယ်ကောင်တိုက်ကြီတွေနဲ့ ကားကောင်းကြီးတွေစီးလို့ သူဌေးကြီးတွေ ပြုံးလို့ပေါ့။ဒါတွေလားကွဲ့ ငြိမ်းချမ်းရေးရဲ့ အရသာ။တိုင်းပြည်မှာတော့ […]