ko thuApril 22, 20121min1233
ခပ်ပါးပါးညလေးပါပဲ…။ ညက..ငြိမ်သက်ရိုးရှင်းလွန်းတယ်…။ ညရဲ့ ဆွဲဆောင်မှုအောက်က အလွမ်းပုံထဲမှာ မင်းကို ရှာနေမိတယ်…။   မင်းနဲ့ ဝေးတဲ့တစ်ခဏ… အထီးကျန်မှုတွေ ငါ့ဘေးနားမှာ ဝဲနေတယ်…။ ဒါပေမယ့်..သိစိတ်တွေမှာတော့.. မင်းက ငါ့ဘေးနားမှာ တစ်ဝဲလည်လည်ပေါ့..။   တစ်ကယ်တော့… ဒါဟာ ရူးသွပ်မှုတစ်ခု မဟုတ်ဘူး ဆိုတာ ငါသိတယ်..။ ချစ်ခြင်းတရားတွေက ငါ့ကို ပြန်ဆေးချယ်… မင်းကို ရိုးရိုးလေး ချစ်ချင်ခဲ့တာလေ…။ ဘာဖုံးကွယ်မှုမှ မရှိတဲ့ ငါ့အချစ်တွေအတွက် ကျေးဇူးပြုပြီး…ငါ့မျှော်လင့်ချက်တွေကို ရှင်သန်ခွင့်ပေးပါ…။    


ko thuApril 21, 20121min17110
  မွန်းကြပ်မှုတွေနဲ့ ငါ ချောင်တစ်ချောင်မှာ ပိတ်မိနေခဲ့တယ်..။ အဆင်မပြေတာတွေ ကြုံလာတိုင်း မင်းကို တောင့်တနေမိခဲ့တယ်…။ တစ်ခါတစ်လေဆို ကိုယ့်ကိုယ်ကို ထူမဖို့တောင် အားအင်တွေ မရှိတော့ဘူး..။ ငါ ကောင်းကောင်းမသိတဲ့ စိုးရိမ်စိတ်တွေက ငါ့ဝိဉာဉ်တွေကို ချုပ်နှောင်ထားတယ်..။ ငါ လဲကျခဲ့ရင်တောင်မှ ဖေးမဖို့ လူတစ်ယောက်မှ မရှိခဲ့..။ ဒီအချိန်တွေမှာ အထီးကျန်မှုတွေက ငါ့အနားမှာ.. ငါ့ အနားမှာ ဘာလို့ စာနာတတ်တဲ့သူ တစ်ယောက်တစ်လေတောင် မရှိရတာလဲ..။ တကယ်တော့ ဘာမှမရှိတဲ့ငါ..ဘာမှ မလိုပါဘူး…။ ဒီတော့…ကြင်နာတတ်တဲ့ ချစ်ခြင်းနဲ့ နားလည်မှုတစ်စုံသာ ငါ့ကိုပေးစမ်းပါ…။ ဒါမှမဟုတ်လဲ…လက်တစ်ဖက်သာ ငါ့ကို ပေးစမ်းပါ…။