ယနေ့ မြန်မာပြည်မြောက်ပိုင်းမှ ပြည်တွင်းစစ် www.facebook.com/theuseofforce ယခုဆောင်းပါးလေးကို ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် ပြည်တွင်းစစ်ပွဲများနှင့် ပတ်သက်၍ မိမိအတွေးအမြင်များကို ခိုင်မာသော အကိုးအကားများဖြင့် ရေးသားလိုစိတ်ဖြစ်ပေါ်လာပါသည်။ မိမိနှင့် အမြင်မတူသူများရှိမည်ကိုလည်း သိရှိပြီးဖြစ်ပါသည်။ သို့ပါသော်လည်း မိမိအနေဖြင့်အတတ်နိုင်ဆုံး ရှုထောင့်များစွာမှ တွေးတောကြည့်ကာ ယခုဆောင်းပါအား တင်ဆက်လိုက်ပါသည်။ ယခုဆောင်းပါးတွင် ပထမဦးဆုံး အမေရိကန် ပြည်တွင်းစစ်အကြောင်းကို တင်ဆက်ပါဦးမည်။ (ကိုးကား wikipedia) အမေရိကန်ပြည်တွင်းစစ် (၁၈၆၁- ၁၈၆၅) ကို ပြည်နယ်အချင်းချင်းဖြစ်သော စစ်ပွဲဟုလည်းခေါ်ဆိုကြပြီး အမေရိကန်ပြည်ထောင်စုတွင် ဖြစ်ပွားခဲ့သော စစ်ပွဲဖြစ်သည်။ တောင်ပိုင်း ကျွန်ပိုင်ရှင်နယ် ၁၁ နယ်မှ အမေရိကန်ပြည်ထောင်စုအတွင်းမှ နှုတ်ထွက်သည်ဟု ကြေငြာလိုက်ပြီး သူတို့က အမေရိကန်ပြည်ထောင်စုမှ ခွဲထွက်လိုသည်ဟု ပြောကြားကြသည်။ ထို့နောက် အမေရိကန် ကွန်ဖဒရိတ်ပြည်နယ်များ (သို့မဟုတ်) ကွန်ဖန်ဒရေစီကို တည်ထောင်ကြသည်။ […]