Sitt Thwe KyawMarch 20, 20121min1287
နိုင်ငံခြားသားခရီးသည်တင်တဲ့ကားကိုတော့ သည်လောကမှာ တိုးရ်ကားလို့ခေါ်ပါတယ်။ သည် တိုးရ်ကားတွေဘာလို့နန်းတွင်းဝင်ရသလဲဆိုရင် ဧည့်သည်ကို မြနန်းစံကျော် ရွှေနန်းတော်ပြဖို့ပါ။ နန်းတွင်းကို (၁၉)လမ်းအရှေ့ပေါက်ကပဲဝင်ရတယ်၊ အဲဒီမှာ ရှေးဟောင်းရဲ့ zone fee (US$) ကောက်တဲ့ဂိတ်ရှိလို့ပါ။ ကားက ဂိတ်ကို်ရောက်ပြီး ဘာလုပ်ရလဲဆိုရင်…..လုံခြုံရေးဂိတ် အနောက်လွတ်တဲ့နေရာမှာရပ်ထားပြီး ယာဉ်မောင်းက လုံခြုံရေးဂိတ်မှာ အမည်၊ယာဉ်အမှတ်၊လူဦးရေပြောပြီး ယာဉ်မောင်းလိုင်စင်ပါပေးခဲ့ရတယ်။ တိုးရ်ဂိုက်က လမ်းတဘက်မှာရှိတဲ့ ရှေးဟောင်းဂိတ်မှာသွားပြီး zone fee ဆောင်ပြီးရင်လည်းဆောင်ပြီးကြောင်း လက်မှတ်ပြ၊ မဆောင်ရသေးရင်လည်း ဆောင်ရပါတယ်။ (သည်အလုပ်ကို တိုးရ်ဂိုက်မပါရင် ယာဉ်မောင်းက လုပ်ပေးရပါတယ်။) အဲသည်လုပ်ငန်းစဉ်တွေပြီးမှ မီးပွိုင့်က မီးစိမ်းပြမှ နန်းတွင်းထဲ ဝင်ရပါတယ်။ မနေ့က(18.3.2012) ညနေ(၄)နာရီ လောက်က ကျွန်တော်ကားဖြစ်ခဲ့တဲ့ဖြစ်ရပ်မှာ……… အထက်က လုပ်ငန်းစဉ်တွေပြီးလို့ ကားအထွက်မှာ မျက်နှာချင်းဆိုင်က မီးပွိုင့်ဂိတ်မှာထိုင်နေတဲ့ အရာရှိက ကားလေကာမှန်အထက်ထောင့်မှာ ကပ်ထားတဲ့ ဗိုလ်ချုပ်ပုံကိုမြင်သွားတယ်ထင်ပါတယ်။ […]