sniper2011April 7, 20111min1267
မပြောမပြီးမတီးမမြည်တဲ့.ကျွန်တော်ကအညာသားပေါ့ဗျာ.မုံရွာမှာအထက်ချင်းတွင်းမြို့တွေကိုသွားဖို့ကရေကြောင်းလမ်း တစ်ခုထဲဘဲအားကိုးရတာပေါ့။မိုးရာသီမှာအစိုးရသင်္ဘောတွေရှိလို့အဆင်ပြေပေမဲ့နွေမှာဆို ရင်မလွယ်တော့ဘူးဗျ။ရှပ်ပြေးဆိုတဲ့လူစီးအမြန်ယာဉ်လေးတွေရဲ့နှိပ်စက်တာခံရတော့တာ ပေါ့ဗျာ။ဒီလိုဗျ.မုံရွာမှာအဲဒီလိုရှပ်ပြေးအသင်းက(၃)သင်းရှိတယ်။အချင်းချင်းညှိပြီး(၁)ရက်မှာ(၁)စီးဘဲထွက်ပြီးလူတွေကို မဆန့်မပြဲတင်။စီးချင်စီးမစီးချင်နေ၊ငါတို့(၁)စီးဘဲထွက်တာဆိုပြီး(၅)ယောက်ခန်းကိုလဲ (၁၀)ယောက်လောက်ထည့်။သောင်းကျန်းတော့တာပေါ့။ခရီးသည်တွေကတော့အမြန် ယာဉ်စီးပြီဆိုရင်စိတ်ကိုလျှော့ပြီး၊သည်းခံပြီးစီးရတော့တာပေါ့ဗျာ။တစ်ချို့လုပ်ငန်းရှင်လဲသည်းမခံနိုင်လို့ဆိုပြီး သွားလာရေးလွယ်ကူအောင်ဆိုပြီးအမြန်ယာဉ်အသင်းထောင်ရောအဲဒီ(၃)သင်းကဝိုင်း တိုက်ကြတာပေါ.။ဈေးတွေထက်ဝက်လျှော့၊(၁)ရက်(၃)စီးထွက်နဲ့၊အဲဒီအချိန်တော့ခရီး သည်တွေစိတ်ချမ်းသာနေကြတာပေါ့။မကြာပါဘူး၊နောက်ထောင်တဲ့အသင်းလဲပြုတ် ရောအရင်ထက်ခရီးသည်တွေကိုနှိပ်စက်ကြတာပေါ့ဗျာ.ဒီစာဖတ်ရတဲ့တစ်ခြားနယ်ကလုပ်ငန်းရှင်တွေလဲငွေ ပိုရင်ဒီမှာရှပ်ပြေးယာဉ်အသင်းလာထောင်စေချင်တယ်။ကုသိုလ်လဲရ.ငွေလဲရပေါ့ဗျာ ရွာသားတွေလဲဝိုင်းအကြံပေးကြပါဦး ဒီမှာရှိတဲ့ရေယာဉ်ပိုင်ရှင်တွေလဲ(၁)ရက်(၂)စီးလောက်ထွက်ပြီးအမြတ်ကိူခွဲယူကြပါလို့ အဲဒီလိုဆိုရင်ရေယာဉ်ပိုင်ရှင်တွေလဲ(၁)လ(၁)ခေါက်အလှည့်ကျရာမှာ(၁)လ(၂)ခေါက် အလှည့်ရ၊ခရီးသည်တွေလဲစိတ်ချမ်းသာ။ရေယာဉ်လုံခြုံရေးလဲစိတ်ချရ။ WIN&WIN ပေါ့ဗျာ။ သူကြီးရေပြောချင်တာလေးပြောရလို့ကျေးဇူးပါ