ကမ်းလှမ်းလာခြင်းမရှိခဲ့တဲ့လက်အစုံကို ဆွဲငင်ယူခြင်းမရှိ ဖိတ်ခေါ်ခြင်းမရှိဘဲနဲ့ ဟိုးအဝေးတနေရာက ခပ်ငေးငေး တခါတခါ ဝေ့ခနဲတစ်ချက် ငေးကြည့်ဖူးသလား ဒဏ်ရာဆိုတာ ဝေဒနာပေးမှရှိတာမှမဟုတ်တာ လူမသိသူမသိ မိုးလေဝသရဲ့ မုတ်သုန်ရာသီမှာ အခါလွန်လျှပ်ပန်းနွယ်တွေရဲ့ ငိုခြင်းချသံစဉ်ကို မိုးစက်တွေက အလှဆင်သွားလေရဲ့ သွားပါတော့ကွယ် ပြန်လာခြင်းမရှိတဲ့ အဖြစ်မျိူးလို့ပဲ သတ်မှတ်လိုက်ပါရဲ့ ဘဝတစ်ဆစ်ချိူးက ခပ်ထူထူအနားသတ်တွေကို ဖုတ်ဖက်ခါပြီး လွမ်းခွင့် ငါ့မှာမရှိဘူးလေ ငါတို့…….ငါတို့ …. ငါတို့တွေရဲ့အဖြစ်တွေကနေ ငါ ဆိုတဲ့ မလိုလားအပ်တဲ့သူတစ်ယောက်ပဲ အဝေးက ငေးကြည့်ကျန်နေခဲ့တယ် ။ ငါငိုတာကိုနင်မသိ……..ငါလိုအပ်တာကိုလည်းနင်မသိပါဘူးလေ ဘယ်ဘက်ပါးကို လက်ဝါးနဲ့ပွတ်သပ်နေတဲ့ညနေခင်းမှာ ငါ့လမ်းငါလျှောက်ရင်း လမ်းပျောက်ဖူးတယ် ခပ်ဖြေးဖြေးလေးတွဲထားတဲ့လက်ကို ခါချဖူးတယ် နင်ကြောင့်ငါ အချစ်ပေါင်းမြောက်မြားစွာကွဲအက်ခဲ့ဖူးတယ် တကယ်တော့ ရက်ပေါင်းခြောက်ဆယ်စာ တွယ်တာခြင်းကို ရက်ပေါင်းခြောက်ထောင်လောက် တမ်းတမ်းစွဲမိတဲ့ငါဟာ… အမှားတွေနဲ့လူပါကွယ် နင့်အတွက်ငါ့ရဲ့အိပ်မက်ဟာလည်း တိတ်တခိုးသံစဉ်တွေဝေလို့ နင့်အတွက်ငါ့ရဲ့ ဖြစ်တည်မှုဟာလည်း မြူမှုန်တစ်စလိုလွင့်လို့ […]