https://myanmargazette.net/wp-admin/media-upload.php?post_id=44291&type=image&TB_iframe=1 ဓါတ်ပုံတင်ပေးလိုက်ပါတယ်၊ ကွန်နက်ရှင်မကောင်းဖြစ်နေသည့်အတွက် ပုံမပေါ်လျှင်လည်းသည်းခံ ခွင့်လွှတ်ပေးပါရှင့်၊ သံတွဲမြို့မှပြည်သူများမှာကြီးစွာသောဒုက္ခရောက်နေကြပါတယ်၊ ကပ်ဖားရဲ့နောက်ဆက်တွဲ ဒုက္ခပေးမှုကြောင့် ယ္ခုအခါ အဆိုးဆုံးအခြေအနေသို့ပြောင်းလဲသွားရပါပြီရှင်၊ သံတွဲမြို့တွင်ခေတ်အဆက်ဆက်မှ နေထိုင်ကြပါသော.အစ္စလာမ် ဘာသာဝင်များအား ခရီးသွားလာခွင့် (ဗီစာ) ကို မည် သူတစ်ဦး တစ်ယောက်မှ မပေးတော့ဘဲ လုံးဝပိတ်လိုက်ကြောင်းသတင်းဆိုးတင်ပြလိုပါတယ်၊ ယ္ခုသော် မကျန်းမမာ နေမကောင်းဖြစ်သူများ မှာ အသက်ပင်အသေခံကြရတော့မည့်အခြေအနေ ကဒ်ဆိုး ကျရောက် ခြင်းခံနေကြရပါကြောင်း အများပြည်သူများသိရှိရလေအောင် တင်ပြရခြင်းဖြစ်ပါတယ်၊ ဤကဲ့သို့ဖြစ်ရခြင်းမှာ လ.ဝ.က ခရိုင်မှုးက ၎င်းအား အင်တာနက်ပေါ်သို့တင်ခြင်းအတွက် လက်စားချေ လိုက်သည့်သဘော မျိုးဟု သိရှိရပါသည်၊ လ.ဝ.က ခရိုင်မှုး နှင့် ပူးပေါင်းကြံစည်သူမှာ အများသိကြသည့် “ကပ်ဖား ထွန်းသန့်ကျော်” ဖြစ်ပါသည်၊ ကျမ အားသွေး ဆောင်ဖျားယောင်းသိမ်းသွင်းခဲ့သူလည်းဖြစ်ပါသည်၊ ၎င်း၏ စီးပွါးရေးလုပ်ငန်းများ ဖြစ်သော ရဲအောင်လံကားဂိတ်၊ […]


မိတ်ဆွေအတော်များများသိထားကြပြီးမည်ဖြစ်ပါသည်၊၊ ဇတ်လိုက်ကြီး၏နာမည်မှာ ကပ်ဖား (ခေါ်) လူလိမ် (ခေါ်) လူယုတ်မာ (ခေါ်) ထွန်းသန့်ကျော် (ခေါ်)ကျော်ကျော် ဖြစ်ပါသည်ရှင့်၊ ယ္ခု ကျော်ကျော်၏ဒုက္ခပေးမှုကြောင့်သံတွဲမြို့သူမြို့သား ၃၀၀၀၀(သုံးသောင်း) ခန့် ကြီးစွာသောစိတ်ဆင်းရဲမှုများစွာခံစားနေကြရပါသည်ရှင့်၊ ယ္ခုအသစ်ရောက်ရှိပြီးဖြစ် သော ခရိုင်လ.ဝ.က မှုးဥးီကိုကိုမောင်သည် ၎င်းကျော်ကျော်နှင့်မိတ်ဆွေဖွဲ့၍ ခရီး သွားလာခွင့်(ဗီစာ) အတွက်လာဘ်ငွေ များစွာတောင်းခံယူကာ လူအများဒုက္ခရောက် အောင်ပြုလုပ်လျှက်ရှိနေပါသည်ရှင့်၊ ယ္ခင်၁၅၀၀၀/၂၀၀၀ဝ ပေးပြီးသွားလာနေကြသူ များအားသွားလာခွင့်ပိတ်ပင်၍ ၄၀၀၀၀/၅၀၀၀ဝ ကျပ် ပေးမှသာဗီစာ ထုတ်ပေးနေ ပါသဖြင့်လယ်ယာလုပ်ငန်းများလုပ်ကိုင်နေကြရပါသော ဆင်းရဲသားပြည်သူအချို့မှာ နာမကျန်းဖြစ်ပါက ငွေမတတ်နိုင်ပါသောကြောင့် အသက်ပင်အသေခံရမည့်အခြေနေ ဆိုးများဖြစ်ပေါ်နေပါသည်ရှင့်၊ ၎င်းကျော်ကျော်ဆိုသူကလည်း ယ္ခုရဲချုပ်ကြီးအသစ်မှာ ရင်းနှီးခင်မင်သောမိတ် ဆွေဖြစ်ကြောင်း သံတွဲမြို့အာဏာပိုင်များမှာလည်းသူပြောသလိုဖြစ်ကြောင်း၊ လက်ရှိ ပါတီတွင်လည်း ခေါင်းဆောင်ဖြစ်မည်သေချာကြောင်း၊ စစ်တွေမှပါတီလူကြီးများကို လာဘ်ငွေများစွာလာဘ်ထိုးခဲ့ကြောင်း၊ လက်ရှိ မ.ထ.သ ဥက္ကဋ္ဌရာထူးကိုလည်းဆက် လက်ရယူမည်ဖြစ်ကြောင်း ကြွားဝါ၍ […]