Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


ဦးကောက်June 5, 20111min2544
ဈေးကွက်အတွင်း အခြေခံစားသောက်ကုန်များ အပါအဝင် အခြား သားငါးနှင့် ဟင်းသီးဟင်းရွက်တို့၏ ဈေးနှုန်းများပါ အကျဘက်မရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများအား ဈေးကွက်အတွင်း ရောင်းချရာ၌ ၂၀၁ဝ ပြည့်နှစ်က တည်းကရောင်းချခဲ့သည့် ဈေးနှုန်းနီးပါးအတိုင်း ယခုလက်ရှိတွင် ရောင်းချမှုများ ရှိနေကာ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်အချို့မှာလည်း ယခုအခါတွင် ဈေးနှုန်းအနည်းငယ် မြင့်တက်မှု ဖြစ်ပေါ်လျက်ရှိသည်။ “အရင်တုန်းကဆိုရင် ပြင်ပမှာ ဖြစ်ပေါ်နေတဲ့ ဒေါ်လာဈေးနှုန်း တက်ရင် စားသောက်ကုန်တွေရဲ့ဈေးနှုန်းတွေကိုပါ ရိုက်ခတ်မှု ရှိနေကျပါ။ စားသောက်ကုန်နဲ့ ဒေါ်လာဈေးဆိုင် ဆိုင်၊ မဆိုင်ဆိုင် ဒေါ်လာဈေးတက်ပြီဆိုတာနဲ့ စားသောက်ကုန်တွေရဲ့ ဈေးနှုန်းပါ အနည်းနဲ့အများ လိုက်တက်တော့တာပဲ။ အခုကတော့ ဒေါ်လာဈေး အဆမတန် ကျနေပေမယ့် စားသောက်ကုန် ဈေးနှုန်းတွေကတော့ ကျဆင်းမှု မရှိတော့ နေ့စဉ် ကုန်ကျနေရတဲ့ […]


ဦးကောက်June 5, 20111min1801
ဖားကန့်ဒေသတွင် ကျောက်စိမ်း ကုဋေကျောက်ကြော တစ်ခုထပ်မံတွေ့ရှိ ကမ္ဘာပေါ်တွင် နာမည်ကြီး ကျောက်စိမ်းများ ထွက်ရှိနေသည့် ဒေသဖြစ်သည့် ဖားကန့်ဒေသတွင် ကျာက်စိမ်း ကုဋေကျောက်ကြော တစ်ခုကို ထပ်မံတွေ့ရှိခဲ့ကြောင်း အဆိုပါ ကျောက်စိမ်းကုဋေ ကျောက်ကြောကို ရှာဖွေတွေ့ရှိခဲ့သည့် ဘူမိဗေဒလုပ်ငန်းမှ သတင်းရရှိပါသည်။ ဘူမိဗေဒပညာရှင်များသည်  ၂၀၁ဝ ပြည့်နှစ် နှစ်ကုန်ပိုင်းအတွင်း ဖားကန့်ဒေသရှိ ကျောက်စိမ်းထွက်ရှိမှုကို သုတေသနပြု လေ့လာရှာဖွေခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ဖားကန့်၌ အဆိုပါ ကျောက်စိမ်း ကုဋေ ကျောက်ကြောကို ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။ လတ်တလော ရှာဖွေ တွေ့ရှိခဲ့သည့် ဖားကန့်ကျောက်စိမ်း ကုဋေကြောမှ ကျောက်စိမ်းထွက်ရှိနိုင်မှုမှာ ပျမ်းမျှ တစ်ဧကလျှင် ကျောက်စိမ်း ဝ ဒသမ ၃ တန်ရှိနိုင်သည်ဟု ဘူမိဗေဒပညာရှင် ပါမောက္ခ အငြိမ်းစားဆရာကြီး ဦးစိုးသိန်း ဦးစီးသော […]


ဦးကောက်June 5, 20111min1620
အဆောက်အအုံပေါ်မှ အစိတ်အပိုင်းအချို့ ပဲ့ကျခဲ့သည့် နေရာအား တွေ့ရစဉ် ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် မဟာဗန္ဓုလလမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ အဆောက်အအုံတစ်ခုပေါ်မှ အုတ်ခဲစများနှင့် အင်္ဂတေခဲများ ပဲ့ကျမှုကြောင့် လမ်းသွားလမ်းလာလူနှင့် လက်ဖက်ရည်ဆိုင် ထိုင်နေသူ စုစုပေါင်းသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါဖြစ်စဉ်မှာ မေလ ၃ဝ ရက်နေ့ ည ရ နာရီ ဝန်းကျင်အချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လမ်းသွားနေ သူ အသက် ၇ဝ အရွယ် အမျိုးသားကြီးတစ်ဦးနှင့် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းဖြစ်စဉ်ကို မျက်မြင်တွေ့ရှိ သူတစ်ဦးက “ကျွန်တော်က အဲဒီ ဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့ အနားမှာပဲ ဆေးဆိုင်ဖွင့်ထားတာပါ။ ည ရ နာရီ ဝန်းကျင်လောက်မှာ အဲဒီအဆောက်အအုံပေါ်ကနေ အင်္ဂတေခဲတွေနဲ့ ခဲတချို့ ပဲ့ကျတယ်။ […]


ဦးကောက်June 5, 20111min2988
ကွမ်းယာဆိုင်အချို့တွင် လျှို့ဝှက်ရောင်းချနေသော လိင်စိတ်ကို နိုးကြွစေသည့် ကော်ဖီမစ်၊ ပီကေနှင့် ဆေးဝါးမျိုးစုံ ဖမ်းဆီးရမိ ရန်ကုန်မြို့တွင်းရှိ ကွမ်းယာဆိုင် အချို့တွင် လျှို့ဝှက်ရောင်းချနေသော လိင်စိတ်ကိုနိုးကြွစေသည့် ကော်ဖီမစ်၊ ပီကေနှင့်ဆေးဝါးမျိုးစုံတို့ကို မေလပထမအပတ်နှင့် ဒုတိယအပတ် တို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရ ပါသည်။ ထိုသို့ ဖမ်းဆီးရမိသည့် လိင်စိတ်ကိုနိုးကြွစေသည့် တရားမဝင်ကော်ဖီမစ်၊ ပီကေနှင့်ဆေးဝါးမျိုးစုံ ရောင်းချ သူများကိုသက်ဆိုင်ရာမှ တရားစွဲဆိုရန် စီစဉ်လျက်ရှိကြောင်းလည်း သိရှိရပါသည်။ ဈေးကွက်အတွင်း အလွယ်တကူ ဝယ်ယူရရှိနေသည့် ကာမစိတ်ကြွဆေး များသည် ဆေးရည်ဆေးတောင့်၊ ဆေးလုံးပုံစံတို့ဖြင့်ဖြစ်ပြီး ရန်ကုန်မြို့တွင်း လူစည်ကားရာနေရာများတွင် ရွေ့လျားဈေးသည်များပုံစံ၊ ဗန်းပေါ် တင်ရောင်းချသည့် ပုံစံများနှင့်ကွမ်းယာဆိုင်များတွင် တရားမဝင်လျှို့ဝှက် ရောင်းချနေမှုများ ရှိနေရာသက်ဆိုင်ရာမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးရမိသည့် တရားမဝင် လိင်စိတ်ကြွဆေးဝါးများနှင့် အစား အသောက်ရောင်းချသူများကို တရား […]


ဦးကောက်June 5, 20111min1670
ဈေးဝယ်စင်တာ အချို့တွင် ဈေးဝယ်သူအား ပစ္စည်းခိုးယူသည်ဟု အထင်လွဲ၍ စစ်ဆေးမှု ဖြစ်စဉ်များ ပိုမိုလာ လုံခြုံရေးအရ ဆောင်ရွက်ခြင်း ဖြစ်သော်လည်း စွပ်စွဲခံရသူ၏ ကာယိန္ဒြေ ယိုယွင်းနိုင်ခြင်းကိုလည်း အလေးထားစေလို   ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာ အချို့တွင် ဈေးဝယ်သူအား ပစ္စည်းခိုး ယူဆောင်သွားသည်ဟု အထင်လွဲမှားကာ ခေါ်ယူစစ်ဆေးသည့် ဖြစ်စဉ်များ ဖြစ်ပွားမှု ပိုမိုလာကြောင်း သိရသည်။ ”တစ်နေ့ ကျွန်တော်အိမ်ပြန်လာတော့ ကျွန်တော့်ဇနီး ငိုနေတာ တွေ့ရပါတယ်။ ဘာကြောင့်လဲလို့ မေးတော့ သူဒီနေ့ ဈေးဝယ်စင်တာ သွားခဲ့တယ်၊ ထမင်းဘူးဝယ်ဖို့ လိုက်ကြည့်ရင်း ရုတ်တရက် ဗိုက်နာလို့ အိမ်ကိုပြန်ခဲ့တယ်၊ စင်တာက ကျွန်တော်တို့ အိမ်ရှေ့နားမှာပါ။ ဒီလို ထွက်လာတဲ့အချိန်မှာ နောက်ကနေ လုံခြုံရေး လိုက်လာပြီး အစ်မ ပစ္စည်းပါသွားလို့ ခဏလိုက်ခဲ့ပါ။ စစ်ဆေးချင်လို့ပါဆိုပြီး […]


ဦးကောက်May 30, 20111min2003
ဆေးလိပ်၏ အန္တရာယ်နှင့် ပတ်သက်ပြီး သတိပေးချက်များ ဆေးလိပ်ဘူးပေါ်တွင် ကပ်ထားခြင်းသည် ဆေးလိပ်သောက်သူများ ဆေးလိပ်ပြတ်စေရေး အထောက်အကူပြုပြီး ဆေးလိပ်ကြောင့် ဖြစ်ပွားနိုင်သည့် ရောဂါဆိုးများနှင့် ပတ်သက်သော ကြောက်မက်ဖွယ်ပုံများ ကပ်ထားခြင်းသည် အထိရောက်ဆုံး ဖြစ်ကြောင်း မေလ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည့် လေ့လာမှုက ဖော်ပြသည်။ လေ့လာမှု ပြုလုပ်ခဲ့သော နိုင်ငံ ၁၄ နိုင်ငံတွင် ၆ နိုင်ငံမှ ဆေးလိပ်သောက်သူ ထက်ဝက်ကျော်သည် ယင်းသတိပေးချက်များ၊ ရုပ်ပုံများကို မြင်တွေ့ပြီးနောက် ဆေးလိပ်ဖြတ်ရန် စဉ်းစားမိစေခဲ့ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။ ခုနစ်နိုင်ငံတွင်မူ လေးဦးလျှင် တစ်ဦးနှုန်းက ယင်းသတိပေးချက်များကို မြင်တွေ့ပြီးနောက် ဆေးလိပ်သောက်သည့် အကျင့်ကို စွန့်လွှတ်ရန် စဉ်းစားခဲ့ကြသည်ဟု ဖြေဆိုခဲ့ကြသည်။ လေ့လာသည့် ၁၄ နိုင်ငံအနက် ပိုလန်တစ်နိုင်ငံတွင်သာ တုံ့ပြန်မှု နည်းပါးခဲ့သည်။ […]


ဦးကောက်May 30, 20111min2051
ရန်ကုန် တိရစ္ဆာန်ဥယျာဉ် အတွင်း ယခင်က ကောက်ခံမှု ရှိခဲ့သော ကင်မရာအခွန်နှင့် သန့်စင်ခန်းခကို ကောက်ခံခြင်း မပြုတော့ကြောင်း သတင်းရရှိသည်။ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ကို ၂၀၁၁ ခုနှစ် ဧပြီလမှ စတင်၍ ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှ တာဝန်ယူ ဆောင်ရွက်ခဲ့သည့် နောက်ပိုင်းတွင် ယခင်က ကောက်ခံမှု ပြုခဲ့သော ကင်မရာခွန်ကို ကောက်ခံမှု မပြုတော့ဘဲ စီးပွားဖြစ် ရိုက်ကူးထုတ်လုပ်မှု များမှလွဲ၍ မိသားစု အပန်းဖြေ လာရောက်မှုများ အတွက် အခမဲ့ ဓာတ်ပုံ ရိုက်ကူးခွင့် ပြုခဲ့သည်ဟု သိရသည်။ အလားတူ သန့်စင်ခန်းခ ကောက်ခံမှုကိုလည်း မေလကုန်ပိုင်းမှ စတင်၍ ကောက်ခံမှု မပြုတော့ဘဲ ဥယျာဉ်သို့ လာရောက် အပန်းဖြေသူတိုင်း အခမဲ့ အသုံးပြုနိုင်ရန် စီစဉ် ဆောင်ရွက်ပေးသွားမည်ဟု […]


ဦးကောက်May 30, 20111min2011
တစ်မိနစ်လျှင် ဖုန်းခေါ်ဆိုခ ငွေကျပ် ၂၅ကျပ်နှုန်းဖြင့် သုံးစွဲနိုင်မည့် ဂဏန်းခြောက်လုံးပါ ကြိုးဖုန်းများကို ယခင် ကနဦးပေးသွင်းခ ငွေ ကျပ် ၁ဝသိန်းမှ ခြောက်သိန်းခွဲဖြင့် သုံးစွဲခွင့်ပေးမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးထံက သိရှိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အများပြည်သူထံ ကြိုးဖုန်းများကို ငွေကျပ် ၁ဝ သိန်းနှုန်းဖြင့် ချထားပေးခဲ့ပြီးနောက် ငွေကျပ်ခြောက်သိန်းခွဲနှုန်းဖြင့် သုံးစွဲခွင့်ပေးသွားမည် ဖြစ်သည်။ “ကြိုးဖုန်းတွေကိုငွေ ၁ဝ သိန်း နဲ့ ချပေးခဲ့ပေမယ့် ၂၀၁၁ ခုနှစ်မေ လ ၂၃ ရက်နေ့ကစပြီးကျပ်ခြောက် သိန်းခွဲပေးသွင်းရမယ့်လျှောက်လွှာ တွေကို စလက်ခံသွားမှာပါ။ လူတိုင်း လျှောက်ခွင့်ရှိပါတယ်”ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ကြိုးဖုန်းတွေကို ငွေကျပ် ၁ဝ သိန်းနဲ့ ချပေးခဲ့ပေမယ့် […]


ဦးကောက်May 29, 20111min1744
ဘုရားသော်မှ ငြင်းမရ   ၂၉.၅.၂၀၁၁ (တနင်္ဂနွေနေ့) နေ့လည် (၁းဝ၀) နာရီအချိန်တွင် သာကေတမြို့နယ်၊ ဇိနမာရ်အောင်စေတီတော်အနီးရှိ ဗဟိုရ်စည်ကျောင်း၏ ပဓာနနယကဆရာတော် ဘဒ္ဒန္တဥတ္တရသက်တော် (၆၉)နှစ်၊ ဝါတော် (၄၉)ဝါ၏ အန္တိမဈာပနအခမ်းအနားကျင်းပရန်အတွက် နာရေးကူညီမှု အသင်း(ရန်ကုန်)မှ အသင်းသားများသည် ဂျပန်နိုင်ငံတွင် အသုံးပြုလျှက်ရှိသောနိဗ္ဗာန်အထူးယာဉ် ကြီးဖြင့် သွားရောက်၍ ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အားပင့်ဆောင်ကာ ရေဝေးသုဿန်သို့ သယ်ဆောင်ကူညီဖေးမခဲ့ကြသည်။   နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ဂျပန်နိုင်ငံ၌ အသုံးပြုလျှက်ရှိသောအထူးနိဗ္ဗာန်ယာဉ် ကြီးနှင့် အခြားနိဗ္ဗာန်ယာဉ်များအားအသင်းရှိမော်တော်ယာဉ်အဖွဲ့ ခေါင်းဆောင်များသည် နေ့စဉ် နေ့တိုင်းဆီ၊ ရေ၊ မီးစသဖြင့် စက်မှုပိုင်းဆိုင်ရာကိစ္စရပ်များအားစက်ပြင်အဖွဲ့အားစစ်ဆေးမှုများခိုင်းစေ ပြုလုပ်ပေးလျှက်ရှိသည်။ သို့ရာတွင် ယခုသာကေတမြို့နယ်၊ ဇိနမာရ်အောင်စေတီတော် အနီးရှိ ဗဟိုရ်စည်ကျောင်း၏ ပဓာနနယကဆရာတော် ဘဒ္ဒန္တဥတ္တရသက်တော် (၆၉)နှစ်၊ ဝါတော် (၄၉)ဝါ၏ အန္တိမဈာပနအခမ်းအနားသယ်ဆောင်ရာလမ်းကြောင်းတွင် ယင်းအထူးနိဗ္ဗာန်ယာဉ်ကြီးမှာစက်ချို့ယွင်း၍ ထိုးရပ်သွားတော့သည်။ ထို့ကြောင့် […]


ဦးကောက်May 29, 20111min1490
သမီးလေးရယ်နိုင်ပြီ     နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေးတို့၏ ရောဂါဝေဒနာများကို အခမဲ့ ကုသပေးလျှက်ရှိရာနေ့စဉ် လူနာစုစုပေါင်း (၂၀၀) ကျော် ကိုအခမဲ့ကုသပေးလျှက်ရှိသည်။ သုခကုသိုလ်ဖြစ်ဆေးခန်းသည် ဆေးခန်းသန့်ရှင်းရေး၊ ပိုးမွှားများသန့်စင်ရေးအတွက် လကုန်ရက် (၁) ရက်တည်းသာပိတ်ရက်အဖြစ် သတ်မှတ်ထားပြီးစေတနာရှင် ဆရာဝန်ကြီးများ (၅၀) ဦးခန့်ဖြင့် အခမဲ့ ကုသပေးလျှက်ရှိသည်။ ထိုသို့ကုသပေးရာတွင် မျက်စိ၊ အရိုးအကြော၊ နား နှာခေါင်းလည်ချောင်း၊ မီးယပ်သားဖွား၊ အပ်စိုက်၊ အရေပြား၊ ကလေးအထူးကု၊ အထွေထွေရောဂါ၊ အသေးစားခွဲစိတ်မှုများ၊ ဓါတ်ခွဲခန်း၊ ဓါတ်မှန်ခန်း၊ E.C.G၊ U.S.Gနှင့် မကြာမီရက်ပိုင်းအတွင်းမျက်စိခွဲစိတ်ခန်းကိုပါ ဖွင့်လှစ်နိုင်တော့မည်ဖြစ်သည်။   သုခကုသိုလ်ဖြစ်ဆေးခန်းမှ ကိုယ်တိုင်ကိုယ်ကျ ကုသမှုမပေးနိုင်သော ဝေဒနာရှင်များအားသက်ဆိုင်ရာဆေးရုံများသို့ ပို့ဆောင်၍ ကုသစားရိတ်အားသတ်မှတ်ချက်ဖြင့် အကုန်အကျခံကာကူညီကုသပေးလျှက်ရှိရာ ၂၀၁၁ ခုနှစ်၊ မတ်လအတွင်း၌ ဧရာဝတီတိုင်းနေ […]


ဦးကောက်May 26, 20111min1992
မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများရှိ အများပြည်သူ စားဝတ်နေရေး ပြေလည်မှု ဖြစ်ပေါ်စေနိုင်သည့် လအပြည့်ကြတ်မှု ဖြစ်စဉ် ဇွန် လ ၁၆ ရက်နေ့၌ ဖြစ်ပေါ်မည်ဖြစ်ကြောင်း  စုံစမ်းသိရှိရသည်။ အဆိုပါ လအပြည့်ကြတ်မှုဖြစ် စဉ်သည် ဇွန်လ ၁၅ ရက်နေ့ ညဉ့်သန်းခေါင်ကျော် အပြီး ဇွန်လ ၁၆ ရက်နေ့ မြန်မာစံတော်ချိန် ဝဝ နာရီ ၅၆ မိနစ်၌ စတင်ဖြစ်ပေါ်မည်ဖြစ်ပြီး နံနက် ၂ နာရီ ၄၃ မိနစ် တွင် ဖမ်း လယ်ဖြစ်ပေါ်မည်ဖြစ်ကာ နံနက် ၄နာရီ ၃၂ မိနစ်တွင် လကြတ်မှုပြီးဆုံးမည် ဖြစ်ကြောင်း သိရသည်။ လကြတ်မှုဖြစ်စဉ်သည် တစ်နှစ်လျှင်နှစ်ကြိမ် ဖြစ်ပေါ်လေ့ရှိပြီး အပြည့်ကြတ်ဖြစ်စဉ်၊ တစ်စိတ်တစ် ပိုင်းကြတ်ဖြစ်စဉ်နှင့် အရိပ်ဖျော့ဖြစ် စဉ်ဟူ၍သုံးမျိုးရှိကာ လအပြည့် […]


ဦးကောက်May 25, 20111min143
ယခုနှစ်အတွင်း စတင်ချထားပေးမည့် GSM ဖုန်းများကို ကနဦး ပေးသွင်းခ ငွေကျပ် သုံးသိန်း ဝန်းကျင်ဖြင့် ချထားပေးနိုင်ရန် အစီအစဉ် ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် နီးစပ်သော အသိုင်းအဝိုင်းမှ သိရှိရသည်။ ယခုနှစ်အတွင်း ပထမနှစ် စီမံကိန်းအဖြစ် စတင် ချထားပေးမည့် GSM ဖုန်း လုံးရေ လေးသန်းဝန်းကျင်ကို ငွေကျပ် ငါးသိန်းအောက် လျော့နည်းသည့် ဈေးနှုန်းဖြစ်သည့် ငွေကျပ် သုံးသိန်းဝန်းကျင်ဖြင့် အသုံးပြုခွင့် ပေးနိုင်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။ ”ပထမနှစ် စီမံကိန်းကတော့ ဒီနှစ်အတွင်းမှာ ဖြစ်မှာပါ။ ပထမနှစ် စီမံကိန်းက ဘယ်နှစ် အတိုင်းအတာထိလဲ ဆိုတာတော့ မသိပါဘူး။ ဘယ်ကုမ္ပဏီတွေနဲ့ ပူးပေါင်းမယ် ဆိုတာကိုလည်း ဒီအချိန်မှာ အတိအကျ မပြောနိုင်သေးပါဘူး။ ဒါပေ မယ့် […]


ဦးကောက်May 25, 20111min40013
  ရန်ကုန်တိုင်းဒေသကြီး၌ ဧပြီလနှင့် မေလအတွင်း ရန်ကုန်တိုင်းဒေသကြီး ဗီဒီယိုအခြေခံအဖွဲ့နှင့် တာဝန်ရှိသူများ ပူးပေါင်းကာ တရားမဝင်ကူးခွေ ရောင်းချသူများအား ဖမ်းဆီးမှုပြုလုပ်ခဲ့ရာ အချပ်ရေ ၆၀၀ဝကျော် ဖမ်းဆီးရမိခဲ့ပြီး အဆိုပါအချပ်များ အနက် အချပ် ၃၅၀ဝမှာ ညစ်ညမ်းခွေများဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဗီဒီယိုအခြေခံအဖွဲ့မှ သတင်းရရှိပါသည်။ ရန်ကုန်တိုင်းဒေသကြီး ဗီဒီယို အခြေခံအဖွဲ့သည် အဆိုပါကာလအတွင်း တရားမဝင်ဖမ်းဆီး အရေးယူမှုများကို မင်္ဂလာတောင်ညွန့်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ တာမွေမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်နှင့် သင်္ဃန်းကျွန်း မြို့နယ်တို့တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။ “မြို့နယ်ခြောက်မြို့နယ်မှာ ဖမ်းဆီးအရေးယူမှု ၁၂ မှု ပြုလုပ်ခဲ့ပါ တယ်။ အဲဒီ ၁၂ မှုကနေ အချပ်ရေ ၆၀၀ဝ ကျော် ဖမ်းဆီရမိခဲ့ပါတယ်။ လမ်းဘေးရောင်းချသူအများစု ဖမ်း ဆီးခဲ့ပြီး ဖမ်းဆီးရမိတဲ့အချပ်ရေ […]