ဦးကောက်May 3, 20111min36811
ရှေးဟောင်း တရုတ်ရိုးရာ လေ့ကျင့်ခန်း တစ်မျိုးဖြစ်သည့် ထိုက်ချိ လေ့ကျင့်ခြင်းအားဖြင့် နာတာရှည် နှလုံးရောဂါရှိသူများ၏ ကိုယ်စိတ်ကျန်းမာရေး အခြေအနေကို တိုးတက် ကောင်းမွန်စေနိုင်ကြောင်း အမေရိကန်တွင် ပြုလုပ်ခဲ့သော လေ့လာမှု တစ်ခုက ဧပြီလ ၂၅ ရက်နေ့၌ ဖော်ထုတ်ခဲ့သည်။ တစ်ပတ်လျှင် တစ်နာရီကြာ လေ့ကျင့်သင်ကြားပေးသည့် အဖွဲ့နှစ်ဖွဲ့ကို လေ့လာသုံးသပ်ခြင်းအားဖြင့် စိတ်နေစိတ်ထားနှင့် ယုံကြည်မှုတွင် ထူးခြားကောင်းမွန်သည့် တိုးတက်မှုများ ပြသနိုင်ခဲ့သည်ဟု အမေရိကန် ဆေးပညာအသင်း၏ ဂျာနယ်တစ်ခု ဖြစ်သော Archives of Internal Medicine တွင် ဘော်စတွန်အခြေစိုက် လေ့လာမှု ရလဒ်များက ဖော်ပြခဲ့သည်။ နှလုံးရောဂါရှင် ၅ဝ ဦးကို ထိုက်ချိ လေ့ကျင့်ခန်းများ သင်ကြားပေးသည့် ဆရာတစ်ဦး၏ သင်တန်းတွင် လေ့ကျင့်စေပြီး သင်တန်းဆရာ က ပြေပြစ်ကျော့ရှင်းသော […]


ဦးကောက်May 3, 20111min1702
မြန်မာနိုင်ငံမှ မြင်တွေ့ခွင့်ရနိုင်သော ကြယ်မိုးရွာသွန်းမှုလာမည့် မေလ ၆ ရက်နေ့၌ ဖြစ်ပေါ်ရန် ရှိကြောင်း နက္ခတ်ပညာရှင် အသိုင်းအဝိုင်းမှ သတင်းရရှိပါသည်။ ကြယ်မိုးရွာသွန်းမှုသည် တစ်နှစ်လျှင် ပျမ်းမျရှစ်ကြိမ်ခန့် ဖြစ်ပေါ်တတ်သော်လည်း ယင်းသို့ဖြစ်ပေါ်မှုကို ရာသီဥတု အခြေအနေနှင့် လအလင်းရောင်ပေါ် မူတည်၍ ရံဖန်ရံခါမှ မြင်တွေ့ရလေ့ရှိကြောင်း သိရသည်။ နွေရာသီကာလတွင်သာ အဓိက မြင်တွေ့ခွင့် ရရှိနိုင်ကာ လအလင်းရောင် မရှိသော လကွယ်နေ့၌ ဖြစ်ပေါ်မှသာ သေချာစွာ မြင်ရနိုင်ကြောင်း သိရသည်။ ”ဧပြီလ ၂၂ ရက်နေ့က ကြယ်မိုးရွာခဲ့ပေမယ့် အဲဒီနေ့တုန်းက လမင်းရဲ့ အလင်းရောင်က ၈ဝ ရာခိုင်နှုန်းလောက် ရှိနေတဲ့အတွက် ဖြစ်စဉ်ကို မြန်မာနိုင်ငံကနေ မြင်တွေ့ခွင့် မရှိခဲ့ဘူး။ အခုဖြစ်မယ့်ဖြစ်စဉ်မှာတော့ လအလင်းရောင်က နှစ်ရာခိုင်နှုန်းလောက်ပဲ ရှိတဲ့အတွက် မြင်တွေ့နိုင်ပါတယ်။ ကြယ်မိုးရွာတဲ့ အဓိက […]


ဦးကောက်May 3, 20113min1561
ဘိုကလေးမြို့နယ် ကြိမ်ချောင်းကြီး ကျေးရွာအတွင်းရှိ တောင်သူများအားဧပြီလ ၂၆ ရက်နေ့က တွေ့ရစဉ် လပွတ္တာမြို့နယ်အတွင်းရှိ သင်္ကန်းကြီးကျေးရွာအစား အသစ်ပြန်တည်ထားသော စံပြကျေးရွာကို ဧပြီလ ၂၄ ရက်နေ့ကတွေ့ရစဉ် လပွတ္တာမြို့ပေါ်ရှိ ငါးပုစွန်ဒိုင်များအား ဧပြီလ ၂၄ ရက်နေ့က တွေ့ရစဉ် ဟိုင်းကြီးကျွန်းမြို့နယ်ခွဲ စံပြကျေးရွာမှ ငါးဖမ်းစက်လှေများအား ဧပြီလ ၂၆ ရက်နေ့က တွေ့ရစဉ် ပြင်ခရိုင် ချောင်းဝကျေးရွာအပိုင်အတွင်း မိုးရွာသွန်းသည့်အတွက် နေလှမ်းဆားများအား ရသလောက် သိမ်းယူနေသည်ကို ဧပြီလ ၂၅ ရက်နေ့ကတွေ့ရစဉ်   လပွတ္တာမြို့နယ် ပျဉ်တောင်တွင်းကျေးရွာ၌ သောက်သုံးရေခပ်နေသူ တစ်ဦးအား ဧပြီလ ၂၄ ရက်နေ့ကတွေ့ရစဉ်   ဖျာပုံမြို့၊ ၁၉ ရပ်ကွက်မှ နာဂစ်ဒဏ်ခံအိမ်များအစား ပြန်လည်တည်ဆောက် ပေးထားသည့် နေအိမ်များအား တွေ့ရစဉ်   ဇင်ရွဲလေးကျေးရွာရှိ […]


ဦးကောက်May 2, 20111min2738
မေလ ၁ရက်၊ အရှေ့ဖက်ကမ်း စံတော်ချိန် ၁၁ နာရီခွဲ ညဖက်အချိန်တွင် အိမ်ဖြူတော်တွင် အမေရိကန်သမ္မတ အိုုဘာမားကုိုယ်တိုုင်က ထုုတ်ဖော် အတည်ပြုပြောကြားလိုုက်သည်။ မိမိတိုု့ အမေရိကန်တပ်များ၊ လုုံခြုံရေးတပ်ဖွဲ့ဝင်များကိုုယ်တိုုင်က ဘင်လာဒင်ကိုု စစ်ဆင်ရေးဖြင့် အသေပစ်သတ်နှိမ်နင်းနိုုင်ခဲ့သည်ဟုု ဆိုုသည်။ ပစ်သတ်ဖမ်းဆီင်္းသည့် နေရာမှာ ၎င်းပုုန်းခိုုနေသည်ဆိုုသော ၎င်းအကြမ်းဖက်တပ်ဖွဲ့များရှိသော တာလီဘန်များ၊ အယ်ကိုုင်ဒါများ အခြေစိုုက်ရာ အာဖဂန်နစ္စတန်ပြည်တွင် မဟုုတ်ဘဲ ပါကစ္စတန်ပြည်၊ မြိ်ု့ကြီး အစ္စလံမာဘတ်မြို့အနီး၊ ခြံဝိုုင်းတခုုအတွင်းတွင် ဖြစ်သည်ဟုု ဆိုုသည်။ ဘင်လာဒင်နှင့် အပေါင်းအပါများ ပုုန်းခိုုနေသော နေရာကိုု ထောက်လှမ်းရေးက သတင်းထောက်လှမ်းပြီး လျိူ့ဝှက်စစ်ဆင်ရေးကိုု လပေါင်းများစွာ ပြင်ဆင် ဆင်နွဲခဲ့သည်ဟုု သမ္မတကိုုယ်တိုုင် ထုုတ်ပြောခြင်းဖြစ်သည်။ သတင်းထွက်ပေါ်ချိန်မှာ သမ္မတကြီးအတည်ပြုမပြောခင် ၂ နာရီခန့်စောသည်။ ထိုုသတင်းကြောင့် ဝါရှင်တန်ဒီစီ အိမ်ဖြူတော်ရှေ့တွင် ပရိသတ်တိုု့ စုုဝေးပြီး […]


ဦးကောက်April 29, 20111min1393
ယခုနှစ်အတွင်း ပထမနှစ်စီမံကိန်းအဖြစ် စတင် ချထားပေးမည့် GSM ဖုန်း လုံးရေ လေးသန်း ဝန်းကျင်ကို ငွေကျပ်ငါးသိန်းအောက် လျော့နည်းသည့် ဈေးနှုန်းဖြင့် သုံးစွဲခွင့်ပြုဖွယ် ရှိကြောင်း သိရသည်။ ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်း၍ GSM မိုဘိုင်းဖုန်း လိုင်းအား သန်း ၃ဝ တိုးချဲ့ တပ်ဆင်သွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ တယ်လီဖုန်း သုံးစွဲမှု မြင့်မားလာစေရေးအတွက် ငါးနှစ်စီမံကိန်းအဖြစ် GSM မိုဘိုင်းဖုန်း လိုင်းအင်အား သန်း ၃ဝ တိုးချဲ့ တပ်ဆင်နိုင်ရေးကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီများ ပူးပေါင်းကာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ ”ပထမနှစ် စီမံကိန်းကတော့ ဒီနှစ်အတွင်းမှာ ဖြစ်မှာပါ။ […]


ဦးကောက်April 26, 20111min1485
‘အနိမ့်ကျဆုံးသော ကုသိုလ်အလုပ်မျိုးကို မြင့်မြတ်သော စိတ်ထားရှိသူတို့သာလျှင် လုပ်ဆောင်နိုင်ကြသည်’ ဆိုသည့် ဆောင်ပုဒ်ကို လက်ကိုင်ပြုကာ အယူသည်းမှုများအား တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားပြီး ပပျောက်အောင်ပြုလုပ်ခဲ့ပြီး လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ မရွေး၏ နာရေးကိစ္စအဝဝကို ကူညီဆောင်ရွက် ပေးလျက်ရှိသော နာရေးကူညီမှုအသင်းသည် ယခုအခါတွင် ၁ဝ နှစ်ပြည့် အကျော်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ ခေတ်ကာလ အခြေအနေအရ နာရေးစရိတ်များ မြင့်တက်လာမှုကြောင့် အများပြည်သူ၏ ယုံကြည်အားထားမှု ပိုမိုလာကာ အကူအညီတောင်းခံလာသည့် နာရေး အရေအတွက်မှာလည်း ယခင်ထက် သိသာစွာ များပြားလာမှုကြောင့် ကူညီပေးခဲ့ရသည့် နာရေးအရေအတွက်မှာ ယခုဆိုလျှင် တစ်သိန်းကျော် သွားပြီဖြစ်သည်။ ယင်း ၁ဝ နှစ်တာကာလအတွင်း နာရေးကူညီမှုအသင်းသို့ အများပြည်သူ၏ ယုံကြည်အားကိုးမှုအား အခိုင်အမာ ရယူလာအောင် ပြုလုပ် ကြိုးစားနိုင်ခဲ့သည့်အပေါ် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ဘဏ္ဍာရေးမှူး […]


ဦးကောက်April 26, 20111min1595
ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာမရွေး၏ နာရေးကိစ္စများကို ကူညီဆောင်ရွက်ပေးလျက် ရှိသော နာရေးကူညီမှုအသင်း၏ (၁၀)နှစ်ပြည့် အခမ်းအနားကို ဧပြီလ ၂၃ ရက်နေ့က ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းရှိ အဆိုပါ အသင်းတွင် ပြုလုပ် ကျင်းပခဲ့ကြောင်း သိရသည်။ ယင်းအခမ်းအနားသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တာဝန်ရှိသူများ၊ အခြား ပြည်နယ်နှင့်တိုင်း ဒေသကြီးများတွင် ဖွင့်လှစ်ထားသည့် နာရေးကူညီမှု အသင်းခွဲများမှ တာဝန်ရှိသူများအပြင် ဒေါ်အောင်ဆန်းစုကြည်ပါ တက်ရောက်ခဲ့ပြီး အသင်းမှ တာဝန်ရှိသူများနှင်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကာ အလှူငွေများ လှူဒါန်းခဲ့ကြောင်း သိရပါသည်။ နာရေးကူညီမှုအသင်း(၁၀) နှစ်ပြည့် အခမ်းအနားတွင် ဦးသုခ၏ ပုံတူကျောက်ရုပ် ဖွင့်လှစ်ခြင်း၊ အမှတ်တရပစ္စည်းများ ရောင်းချပေးခြင်း၊ တိုင်းရင်းသားရိုးရာ အကများဖြင့် ဖျော်ဖြေခြင်း၊ ကလေးငယ်များမှ ကပြဖျော်ဖြေခြင်း၊ မြန်မာ့ရိုးရာမုန့်ပဲ သရေစာများ ရောင်းချပေးခြင်းတို့ အပြင် […]


ဦးကောက်April 23, 20111min33439
တစ်ရက်ကျနော့်မိတ်ဆွေအိမ်မှာ သံဃာတော်များဆွမ်းပင့်ကြွေးတာကို ကူညီလုပ်ကိုင်ဘို့အတွက်ရောက်သွားပါတယ်။ သံဃာတော်တွေကို ဆွန်းဘုန်းပေးနေတော်မူကြတဲ့အချိန် လိုအပ်ချက်ရှိရင် ဖြည့်ဆည်းပေးဘို့ ကျနော်အသင့်စောင့်နေပါတယ်။ သံဃာတော်တွေထဲမှာ အသက်တော်ရှစ်ဆယ်ကျော်တဲ့ ဆရာတော်ကြီးတစ်ပါးလည်းပါ ပါတယ်။ ဆရာတော်ကြီးဆွမ်းဘုန်းပေးနေချိန်မှာ ဆီပြန်အသားဟင်းတွေကိုလုံးဝမထိဘဲအသီးအရွက်ကြော်လေးနည်းနည်း အသုတ်လေးနည်းနည်း အသီးအရွက်အတို့အမြုတ်လေးနဲ့ဘဲ ဘုန်းပေးတော်မူတာတွေ့ရပါတယ်။ဒါနဲ့ဘဲ “အရှင်ဘုရား သတ်သတ်လွတ်ဘုန်းပေးတော်မူပါသလားဘုရား”လို့လျှောက်လိုက်တော့ အသာအယာခေါင်းယမ်းပြတော်မူပါတယ်။ နောက် သံဃာတော်များဆွမ်းဘုန်းပေးပြီး အချိုပွဲကပ် တဲ့အချိန်မှာ ဆရာတော်ကြီးက ကျနော်ကို့ သူ့အနားလာဘို့လက်ယပ်ခေါ်ပါတယ်။ ကျနော်အနားရောက်တော့ ဆရာတော်ကြီးက ဒီလို့မိန့်ပါတယ်။ “ဒကာလေး ရေ ဘုန်းဘုန်းက အသက်ကြီးပြီဆိုတော့ တတ်နိုင်သလောက် ဆီပါတဲ့အစားအစာကို ရှောင်ပါတယ်။ အထူးသဖြင့် ဆီပြန်ဟင်းတွေကိုပေါ့၊ခုခေတ်မှာပိုဆိုးတာက ဘာကိုမှ သန့်သန့်လေးမရနိုင်တာကိုတွေ့နေရတယ်။ ဘုန်းဘုန်းတို့ငယ်ငယ်ကဆို နှမ်းဆီဆိုလဲခပ်သက်သက်နဲ့ သန့်သန့်လေး ပဲဆီဆိုလဲ ဆုံဆီမွှေးမွှေးလေး အခုခေတ်မှာတော့ စားအုန်းဆီ ဆိုတာကပေါ်လာပြန်ရော။ ဘုန်းဘုန်းတို့ကအသေးစိတ်တော့မသိပါဘူးကွယ် စားအုန်းဆီလို ဆီမျိုးက လူကို သိပ်ကောင်းကျိုးမပေးဘူးလို့ကြားမိတော့လဲ တတ်နိုင်သမျှရှောင်တာပေါ့ကွယ်။ […]


ဦးကောက်April 21, 20111min1664
နာရေးကူညီမှုအသင်း (၁၀)နှစ်ပြည့်အခမ်းအနား ဖိတ်ကြားလွှာ။ ဖိတ်ကြားအပ်ပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)အား ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစတင်၍ အခမဲ့ နာရေးကူညီမှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် (၁၀) နှစ်တင်းတင်း ပြည့်မြောက်ပြီး ဖြစ်ပါသည်။ ထို့ကြောင့် ၂၃.၄.၂၀၁၁ (စနေနေ့)၌ ၁ဝ နှစ်ပြည့် နှစ်ပါတ်လည် အခမ်းအနားပွဲအား အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် နံနက် (၉းဝ၀)နာရီ မှ ညနေ (၄းဝ၀)နာရီ အချိန်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ် အဆောက်အဦးသစ်ဖွင့်လှစ်ခြင်း၊ မျိုးစေ့ချပြုစုပျိုးထောင်ပေးခဲ့သော ကျေးဇူးရှင်ဘဘဦးသုခ၏ ရုပ်ထုကျောက်တိုင်ဖွင့်လှစ်ခြင်း၊ လူမှုရေးဂီတသူရဲကောင်းများ၏ သီဆိုဖျော်ဖြေခြင်း၊ […]


ဦးကောက်April 21, 20111min1581
မန္တလေးမြို့တွင် ဧပြီလ ၁၉ ရက်နေ့ ညနေ ၃ နာရီခန့်က လေပြင်းကျ မိုးရွာသွန်းခဲ့သောကြောင့် အချို့နေရာများရှိ ကြော်ငြာဆိုင်းဘုတ်များ ပျက်စီးကာ တချို့လမ်းပိုင်းများ၌ ရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ အထူးသဖြင့် လမ်း ၈ဝ နှင့် ၇၈ လမ်း စသည့် လမ်းများရှိ ကြော်ငြာဆိုင်းဘုတ်များ ပျက်စီးခဲ့ကြောင်းလည်း သိရှိရပါသည်။ ထိုသို့ လေပြင်းကျ မိုးရွာသွန်းမှုကြောင့် မန္တလေးမြို့ရှိ ကျုံးတောင်ဘက်လမ်း၊ လမ်း ၈၀၊ ၇၈ လမ်း၊ ၃၅ လမ်းများတွင် ရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး မိုးရွာနေစဉ်တွင် မန္တလေးမြို့ အနောက်ဘက်ခြမ်း ရပ်ကွက် တစ်ချို့တွင်လည်း မိုးသီးများ ကျဆင်းခဲ့ကြောင်း သိရှိရသည်။ ”ဧပြီလ ၁၉ ရက်နေ့က မိုးထစ်ချုန်း ရွာသွန်းမှုမှာ မိုးရေချိန် အများဆုံးကတော့ […]


ဦးကောက်April 19, 20111min1552
အမျိုးသမီး အလုပ်သမားများ အား ပြည်ပနိုင်ငံများသို့ စေလွှတ်ခြင်း မပြုရန် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနက တားမြစ်ချက် ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း တရားဝင် ထုတ်ပြန်ထားချက်များ အရ သိရသည်။ ယင်းကဲ့သို့ အမျိုးသမီးများ၊ အမျိုးသမီး အလုပ်သမားများအား ပြည်ပနိုင်ငံများသို့ စေလွှတ်ခြင်း မပြုရန် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက တားမြစ်ချက် ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ အမိန့် ကြော်ငြာစာအမှတ် ၄၉/၂၀၁ဝ နှင့် ၅၁/၂၀၁ဝတို့တွင် ဖော်ပြပါရှိချက် များအရ သိရသည်။ အလုပ်သမား ညွှန်ကြားမှုဦးစီး ဌာန၏တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ခဲ့သည့် ပြည်ပအကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သည့်ကုမ္ပဏီ များကိုလည်း ဖျက်သိမ်းအရေးယူမှု ရှိခဲ့ကြောင်းနှင့် တားမြစ်ချက် ဖောက်ဖျက်မှုများကို စုံစမ်းဖော်ထုတ်သည့် ဝန်ကြီးဌာနမှာ ပြည်ထဲရေးဝန်ကြီး ဌာနဖြစ်ကြောင်း သိရသည်။ နိုင်ငံရပ်ခြားမှာ […]


ဦးကောက်April 19, 20113min1563
ကက်ကင်းကုသိုလ်   နာရေးကူညီမှုအသင်း(ရန်ကုန်)သည် သင်္ကြန်အကြိုနေ့၊ အကျနေ့၊ အကြတ်နေ့၊ အတက်နေ့ စသည့် သင်္ကြန်တွင်းကာလတွင် နာရေးကူညီမှုပေါင်း (၁၇၅) ဦးတို့အားအခမဲ့ ကူညီဖေးမသင်္ဂြိုလ်ပေးခဲ့ သည်။ သင်္ကြန်အတက်နေ့ည (၁၂းဝ၀) နာရီအချိန်ထိကူညီမှုများကို ပြုလုပ်ပေးခဲ့သည်။ သင်္ကြန်တွင်းကာလတွင် နာရေးကူညီမှုများထမ်းဆောင်ပေးဆပ်ရာ၌ နာရေးလမ်းကြောင်းကားလမ်းမပေါ်တွင် သင်္ကြန်ရေကစားမဏ္ဍပ်များဆောက်လုပ်ထားမှုကြောင့် နိဗ္ဗာန်ယာဉ် ဝင်/ထွက် သွားလာရာ၌ အခက် အခဲရှိခြင်း၊ စင်တင်တေးဂီတဖျော်ဖြေပွဲများကြောင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်စေသောကြောင့် ကူညီမှုအချိန် နှောင့်နှေးကြန့်ကြာခြင်းများ ရှိခဲ့သည်။ သို့သော် မြန်မာပြည်သူလူထုတို့၏  လူသားချင်းစာနာစိတ်ဓါတ်ကြောင့် ဝိုင်းဝန်းကူညီကာ လမ်းရှင်းပေးခြင်း၊ ပိတ်ဆို့မှုများအားဖယ်ရှားပေးခြင်းတို့ကြောင့် အခက်အခဲများချောမွေ့စေခဲ့သည်။   သင်္ကြန်တွင်းကာလအတွင်းအများပြည်သူတို့ ပျော်ပါး၊ ရေကစား၊ ကခုန်နေချိန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၊ ဝန်ထမ်းများသည် အများပြည်သူအတွက် မိမိတို့၏ ပျော်ရွှင်မှုများကိုစွန့်လွှတ်ကာအများအကျိုးအတွက် ထမ်းဆောင်ပေးဆပ်လျှက်ရှိကြသည်။သင်္ကြန်ရက်အတွင်းတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသား/သူတစ်ဦးချင်း (သို့) […]


ဦးကောက်April 18, 20111min1652
မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကူးစက်ရောဂါမဟုတ်တဲ့ရောဂါတွေ ဖြစ်ပွားနှုန်း သိသိသာသာမြင့်တက်လာတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးလာကြပါတယ်။ မြို့ပြနေထိုင်မှုပုံစံတွေ၊ စားသောက်မှုပုံစံပြောင်းတာစတဲ့ ကျန်းမာရေးနဲ့ မလျော်ညီတဲ့ နေထိုင်မှုပုံစံတွေကြောင့် ကူးစက်ရောဂါတွေထက် ဆီးချို၊ သွေးချို၊ နှလုံး၊ သွေးတိုး၊ နာတာရှည်၊ အဆုတ်ရောဂါစတဲ့ ကူးစက်ရောဂါမဟုတ်တဲ့ ရောဂါဖြစ်နှုန်းတွေ မြင့်လာတယ်။ တစ်ကမ္ဘာလုံး လူသေဆုံးမှုရဲ့ ၆ဝ ရာခိုင်နှုန်းဝန်းကျင်က ကူးစက်ရောဂါမဟုတ်တဲ့ ရောဂါတွေကြောင့် သေဆုံးရတာလို့ ဆိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ လက်ရှိ ကူးစက်ရောဂါမဟုတ်တဲ့ ရောဂါဖြစ်ပွားမှုအခြေအနေတွေကို ဆေးတက္ကသိုလ်(၂)ပါမောက္ခချုပ် ဒေါက်တာတင့်ဆွေလတ်အား တွေ့ဆုံမေးမြန်းခဲ့ရာ . . .  . . မေး    – လူတွေရဲ့ နေထိုင်မှုပုံစံပေါ် မူတည်ပြီး ဖြစ်ပွားနိုင်တဲ့ ရောဂါတွေကို သိပါရစေ။ ဖြေ    – ဒီရောဂါတွေကို ကူးစက်ရောဂါ […]