wunnakokoJune 4, 20101min930
ဝမ်းပျက်ဝမ်းလျောရောဂါသည် ရေမသန့်ရှင်းမှု၊ လက်မသန့်ရှင်းမှု၊ အစာမသန့်ရှင်းမှု၊ အိမ်သာမသန့်ရှင်းမှုတို့ကြောင့်ဖြစ်ပွားနိုင်သည်။ ရောဂါလက္ခဏာ ဝမ်းအရည် တစ်နေ့တည်း (၃)ကြီမ် အထက်သွားပါ ဝမ်းပျက်ဝမ်းလျောရောဂါဟု သတ်မှတ်သည်။ လက္ခဏာများမှာ ဝမ်းအရည်(၃)ကြီမ်အထက်သွားခြင်း၊ ဗိုက်နာခြင်းနှင့် တခါတရံအန်ခြင်း တို့ဖြစ်သည်။ ဝမ်းပျက်ဝမ်းလျောဖြစ်ပါက ရေဓာတ်ခမ်းခြောက်သော လက္ခဏာ တွဲဖက်ပါလာသည်။ သာမာန်ရေဓာတ်ခမ်းခြောက်ခြင်းနှင့် ပြင်းထန်ရေဓာတ် ခမ်းခြောက်ခြင်း တို့ဖြစ်သည်။ သာမာန်ရေဓာတ်ခမ်းခြောက်ခြင်းတွင် ရေငတ်ခြင်း၊ မျက်တွင်းချိုင့်ခြင်း၊ အရေပြားကိုဆွဲကြည့်ပါက ဖြည်းဖြည်းချင်းပြန်ကျခြင်းတိ်ု့ဖြစ်တတ်သည်။ ပြင်းထန်ရေဓာတ်ခမ်းခြောက်ခြင်းတွင် ရေမသောက်နိုင်တော့ခြင်း၊ မျက်တွင်းအလွန်အမင်းချိုင့်ခြင်း၊ အရေပြားကိုဆွဲကြည့်ပါက အလွန်အမင်းတွဲကျခြင်း ကုသခြင်း ဝမ်းပျက်ဝမ်းလျောဖြစ်ပါက ရေဓာတ်ခမ်းခြောက်မှုကို ဖြည့်ရန် ဓာတ်ဆားရည် သောက်ရမည်။ ဓာတ်ဆားတစ်ထုပ်လျှင် ရေတစ်လီတာဖြင့် ဖျော်ရမည်။ ရေတစ်လီတာထက် ပိုဖျော်လျင်သော်လည်းကောင်း၊ လျော့ဖျော်လျှင်လည်းကောင်း အာနိသင်မရှိရုံအပြင် ဝမ်းပျက်ဝမ်းလျော မပျောက်ရုံသာမက ပိုတောင်ဖြစ်နိုင်ပါသည်။ ဝမ်းပိတ်ဆေးများ၊ ပိုးသတ်ဆေးများ၊ ဆရာဝန်ညွှန်ကြားမထားသော ဆေးများ […]


wunnakokoJune 3, 20101min1373
ခုလို မိုးရာသီမှာ ဖြစ်တတ်တဲ့ရောဂါပါ။ ကလေးတွေအတွက် မိဘများသိထားသင့်တယ်လို့ထင်ပါ တယ်။ ဗဟုသုတအတွက် လည်းသိထားသင့်ပါတယ်။ လေ့လာရှာဖွေ တင်ပြထားပါတယ်။ သွေးလွန်တုပ်ကွေးရောဂါသည် ကလေးများတွင်အဖြစ်များသောရောဂါ ဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါသည် အေဒီးခေါ် ခြင်ကြားကိုက်ရာမှ ကူးစက်တတ်သော ရောဂါ ဖြစ်သည်။ အေဒီးခြင်ကြား အေဒီးခြင်ကြားသည် နေ့အချိန်တွင် ကိုက်လေ့ရှိသည်။ အိမ်တွင်းရှိမှောင်သော နေရာများတွင် ခိုအောင်းလေ့ရှိသည်။ ရေကြည်ရေသန့်တွင် ပေါက်််ပွားသည်။ အိမ်အတွင်းရှိ စဉ့်အိုး၊ သုံးရေအိုး၊ သောက်ရေအိုး၊ ဘုရားပန်းအိုး၊ အလှပန်းအိုး၊ ရေထည်íရသောအိုးခွက်များတွင် ပေါက်ပွားလေ့  ရှိသည်။ ခြင်သည် ဥဥပြီးလျှင် လောက်လန်းဖြစ်သည်။ ထိုမှ ပိုးတုံးလုံးဘဝသို့ ရောက်သည်။ ထိုမှတဆင့် ခြင်ဖြစ်လာသည်။ခြင်တစ်ကောင်သည် ဥမှအကောင်ဖြစ်ရန် (၈)ရက်မှ (၁၀)ရက် အထိကြာတတ်သည်။ သို့သော် အပူချိန်ပေါ်တွင် မူတည်သည်။ ပိုး သွေးလွန်တုပ်ကွေး ဖြစ်စေသောပိုးမှာ […]


wunnakokoJune 3, 20101min971
ငှက်ဖျားရောဂါသည် မြန်မာနိုင်ငံတွင် အဖြစ်အများသော ရောဂါတစ်မျိုးဖြစ်သည်။ ငှက်ဖျားရောဂါသည် ဆင်းရဲသူများကို ဆင်းရဲတွင်းထဲ ပို့နေသော ရောဂါဖြစ်သည်။ မြန်မာနိုင်ငံ လူဦးရေ ၏ ၇၀%သည် ငှက်ဖျားဒေသတွင်နေထိုင်ကြသူများဖြစ်သည်။ ငှက်ဖျားရောဂါသည် အနောဖလိခြင် အကိုက်ခံရ¨ခြင်းကြောင့် ဖြစ်ပွားနိုင်သည်။ အနာဖလိခြင်သည် တောတောင်များတွင် ပေါက်ပွား နေထိုင်သည်။၎င်းခြင်သည် ညနေပိုင်းနှင့် ညပိုင်းတွင် ကိုက်သည်။ ငှက်ဖျားရောဂါသည် ခြင်ကိုက်ခံရခြင်း၊ ငှက်ဖျားပိုးပါသော သွေးသွင်း မိခြင်း၊ မိခင်မှသနေ¨သားသို့ကူးစက်ခြင်းတို့ကြောင့်သာကူးစက်နိုင်ပါသည်။ စိမ့်စမ်းရေချိုးခြင်း၊ သောက်ခြင်း၊ ငှက်ပျောသီးစားခြင်း တို့ကြောင့် မကူးစက်နိုင်ပါ။ ငှက်ပျောသီးစားလျှင် သုံးနှစ် ငုတ် နေသော အဖျားပြန်ပေါ်သည်ဟု ပြောကြသည်။ ငှက်ဖျားရောဂါကို သေချာကုမထားပါက ငှက်ပျောသီးထဲတွင်ပါသော ပီအေဘီအေဟုခေါ်သည့် ဓာတ်တစ်မျိုးသည် ငှက်ဖျားရောဂါကို အားပေးနိုင်သောကြောင့် ပြန်ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ စိမ့်စမ်းရေချိုးနေ၊ သောက်နေချိန်တွင် ခြင်ကိုက်ခံရသည်ကို မသိဘဲ ပြန်လာသောအချိန် […]


wunnakokoJune 2, 20101min691
ဘဝအမောတွေ ခဏပြေစေဖို့အတွက်  ဟာသလေးတွေ ဖတ်ကြတာပေါ့။ ကြိုက်တာဝယ်စား အမေရိကန်နိုင်ငံရှိ ဝက်မွေးမြူသူတစ်ဦးထံသို့ တစ်နေ့သောအခါ လူကြီးလူကောင်းတစ်ဦး ရောက်ရှိလာပြီးစုံစမ်းလေ၏ ။ ” ခင်ဗျားရဲ့ဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ ” ” ကျွန်တော့်ဝက်တွေကို ထမင်းကျန်၊ ဟင်းကျန်တွေနဲ့ ဟင်းသီးဟင်းရွက်အပုပ်တွေ ရောစပ်ပြီးကျွေးပါတယ် ” ” ကြားရတာစိတ်မကောင်းစရာပဲ၊ ကျွန်တော်က ကမ္ဘာ့တိရိစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကအရာရှိပါ ။ အခုလိုကျန်းမာရေးနဲ့မညီညွတ်တဲ့အစာတွေ ကျွေးမှုအတွက်ခင်ဗျားကို ဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ရပါလိမ့်မယ် ” ဒဏ်ငွေဆောင်ပြီး ( ၃ ) လခန့်ကြာပြန်သော် နောက်ထပ်လူကြီးလူကောင်းတစ်ဦး ရောက်လာပြီး စုံးစမ်းပြန်၏ ။ “ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ ” ” ဟုတ်ကဲ့၊ ပေါင်မုန့်၊ ပူတင်း၊ ဒိန်ခဲ၊ အာလူး၊ ကြက်ပေါင်းနဲ့ ဗိုက်တာမင်အားဆေးတွေ ရောစပ်ပြီးကျွေးပါတယ်ခင်ဗျာ ” ” […]


wunnakokoJune 1, 20101min480
မေးထဲကရတာလေးပါ။ ဝေမျှပါတယ်။ အသက်ရှင်နေတဲ့ ဘဝမှာ လိုက်နာစရာ ကျင့်သုံးစရာတွေ ရှိသလို ကိုယ့်အတွေး ကိုယ့်ခံယူချက်နဲ့လည်း လျှောက်လှမ်းနိုင်ပါတယ်။ ဘဝကိုလေးလေးနက်နက် တည်ဆောက်နိုင်သလို ပေါ့ပေါ့ပါးပါးလေး ဖြတ်သန်းနိုင်ပါတယ်။ ဒီဂဏန်းလေးတွေနဲ့ အောင်မြင်တဲ့ ဘဝကို တည်ဆောက်နိုင်တာပေါ့။ (1) The most selfish one-letter world is’ I ‘ . Avoid it. အက္ခရာတစ်လုံးတည်းရှိတဲ့ တကိုယ်ကောင်းအဆန်ဆုံးစကားလုံးကတော့ “ ငါ ”ပါ။ အဲဒါကို ရှောင်ကျဉ်ပါ .။ (2) The most satisfying two-letter world is ‘ We ‘ . Use it. အက္ခရာ နှစ်လုံးပါတဲ့ စိတ်ကျေနပ်စရာအကောင်းဆုံး စကားလုံးကတော့ […]


wunnakokoJune 1, 20101min641
Forward Mail ထဲကပါ။ သာယာတဲ့အိမ်ထောင်ရေးအတွက် ပုံပြင်လေးနဲ့ တင်ပြထားတာပါ။ ဘာသာပြန်သူကလည်းကောင်းပါတယ်။ အေးချမ်းတဲ့မိသားစုဘဝအတွက် အဓိကအချက်လေး ကို ပုံပြင်လေးနဲ့တင်ဆက်ထားတာပါ။ တစ်ခါက ရွာတစ်ရွာမှာ ဆင်းရဲသား လင်မယားနှစ်ဦးရှိတယ်။ တစ်နေ့တော့ သူတို့ဟာ ပိုင်ဆိုင်သမျှထဲက တန်ဖိုးအရှိဆုံးဖြစ်တဲ့ မြင်းကိုရောင်းပြီး လိုအပ်တာတွေဝယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုနဲ့ အဘိုးအိုက ဈေးထဲမှာ မြင်းကို နွားတစ်ကောင်နဲ့ လဲလိုက်တယ်။ ခဏနေတော့ အဘိုးအိုက နွားကို ဆိတ်နဲ့ လဲလိုက်ပြန်တယ်။ ဆိတ်ကို ငန်းနဲ့ ငန်းကိုကြက်နဲ့ ကြက်ကို ပန်းသီးတွေနဲ့ လဲလိုက်ပြန်တယ်။ အဘိုးအိုက ပစ္စည်းတစ်ခုကနေ တစ်ခုလဲနေရခြင်း အကြောင်းရင်းက အဘွားအိုကို အံဩမှုတွေ ပေးချင်လို့ပဲဖြစ်တယ်။ အဘိုးအိုဟာ လဲလို့ရတဲ့ ပန်းသီးတွေကို ထမ်းပြီး အိမ်အပြန်လမ်းက အရက်ဆိုင်တစ်ဆိုင်မှာ နားနေတုန်း အင်္ဂလိပ်နှစ်ယောက်နဲ့ ဆုံခဲ့တယ်။ […]


wunnakokoJune 1, 20101min560
Forward မေးထဲက ရတာလေးပါ။ အသုံးချတတ်ရင် အသုံးကျမှာပါ။ ဘဝအတွက် ကိုယ်ကျွမ်းကျင်တဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ကိုယ်စီတိုက်ပွဲဝင်တဲ့အချိန်မှာ  ကိုယ်နဲ့ကိုက်ညီတဲ့ နည်းလမ်းတွေ့ရင် လိုက်နာကျင့်သုံးခြင်းဟာ ထိရောက်တဲ့ အောင်မြင်မှုကို အချိန်တိုအတွင်း ရမှာပါ။ အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။ အောင်မြင်ရေး နည်းလမ်း ၁ဝခုကို မှတ်ရလွယ်အောင် အင်္ဂလိပ်လို စီ-ဆယ်လုံးလို့ သတ်မှတ်ပေးထားပါတယ်။ အဲဒါတွေကတော့- ၁။ Construction = တည်ဆောက်ခြင်း ၂။ Competence = အစွမ်းအစရှိခြင်း ၃။ Courage = သတ္တိရှိခြင်း ၄။ Communication = ဆက်သွယ်မှုရှိခြင်း ၅။ Charm = ဆွဲဆောင်မှုရှိခြင်း ၆။ Compassion = စာနာရိုင်းပင်းတတ်ခြင်း ၇။ Confidence = ယုံကြည်မှုရှိခြင်း ၈။ […]


wunnakokoJune 1, 20105min692
ကွန်ပျူတာသုံးရင်းနဲ့ လွယ်ကူမြန်ဆန်တဲ့ shortcut/command များသုံးခြင်းဟာ အချိန်ကုန်သက်သာပြီး ထိရောက် မြန်ဆန်ပါတယ်။ သုံးရင်းနဲ့ မှတ်မိလာမှာပါ။ ဒီ command များကို Start>Run (or) window logo+r မှာ ရိုက်ပြီး သုံးနိုင်ပါတယ်။ ဒီcommand တွေဟာ windows> system32 မှာ အလုပ် လုပ် ကြပါတယ်။ ကိုယ်ပိုင် shortcut တစ်ခု ဖန်တီးချင်ရင်လည်း ရပါတယ်။ မိမိဖန်တီးချင်တဲ့folder, software ဘယ်အရာမဆို send to Desktop နဲ့  shortcutဖန်တီးပါ။ ပြီးရင်Rename ပေးလိုက်ပါ။ အဲဒီ shortcut ကို copy လုပ်ပါ။ C:\Windows\system32 (or) Run box မှာ system32 လို့ရိုက်ပါ။ အဲဒီမှာ […]


wunnakokoMay 26, 20105min811
IT နဲ့ပတ်သက်တဲ့ဆိုဒ်တွေပါ။ တကယ်တော့ ဆိုဒ်တစ်ခုရေးတယ်ဆိုတာမလွယ်ပါဘူး။ ဝါသနာတွေ စေတနာတွေ ပေးချင်တဲ့ အသိပညာတွေ ပါပါတယ်။ အချိန်တွေ ငွေတွေတော့ထည့် မပြော တော့ပါဘူး။ ယူတတ်ရင် အသုံးဝင်တဲ့ ပညာတွေပါပဲ။ လေးစားစရာကောင်းတဲ့ဘလော့ ဖန်တီး သူတွေပါ။ ကျွန်တော် ဖတ်မှတ်စုဆောင်းထားတဲ့ အိုင်တီဆိုဒ်တွေကိုဝေမျှပါတယ်။ အခု လည်းလေ့ လာလို့ မဆုံးပါဘူး။ သိပြီးသားရော မသိသေးတာတွေရော ပါမှာပါ။ ကျယ်ပျံ့ လှတဲ့ အိုင်တီလောကကြီးထဲမှာ မကုန်နိုင်တဲ့ ပညာတွေ လေ့လာစုဆောင်းကြ တာပေါ့။ IT Websites 1. www.myanmarengineer.org  2. www.mysteryzillion.org 3. www.myanmaritpros.com  4. www.mmitdevelopment.co.cc 5. http://forums.nativemyanmar.net  6. www.mmopenxteam.com 7. www.myanmarfamily.org 8. www.myanmarnetworknews.com 9. […]