ဓာတ်ဆီဆိုင်က ကိုချူချာ ဆီထည့် ရာတွင်ပညာပါ ၊ ဆီမလာခင် နံပါတ်တက် ပိုက်ဆံများများထွက် ။   လမ်းတွေဆိုးလို့ ပြုပြင်မယ် ကွန်ကရစ်လမ်း ခန့်ခန့်ထည၊် မိုးရွာတော့မှ လမ်းကိုခင်း ဘိလပ်မြေတွေရေပျော်ဆင်း ။   စည်ပင်သာယာ ကိုမေတ္တာ မြောင်းတူးရာတွင် သူဆရာ ၊ ရေစီးရေလာ သွက်လက်ဖို့ ကိုမေတ္တာကို ရေ လောင်းစို့ ။   လျှပ်စစ်ဌါန ကိုမဲမှောင် မီတာခတောင်း ခတ်ပြောင်ပြောင် ၊ မီးပျက်တဲ့ခါ ရှောင်လို့ပြေး ဖုန်းပိတ်ပြီးပြေး ခတ်ဝေးဝေး ။   မ ထ သ ကဆရာတွေ ကြီးကြပ် စည်းကြပ် ညံ့လှပေ ၊ စပယ်ယာတွေ လူမိုက်မွေး ခရီးသည်ကို ရိုက်ကြသေး […]