ကထူးဆန္းMay 4, 20133min18310
သူကြီး server တော့ ကျွန်တော့်လို အဆင့်မမီတဲ့ ဒါ့ပုံတွေ နဲ့ အတော် လေးသွားရှာတော့မယ် ။ ကားလမ်း အရှေ့ဘက် တောင်ကုန်းပေါ်က အခု ဘူဒိုဇာထိုး အကွက်တွေ ဖော်နေတဲ့ စီမံကိန်း မပါ ကားလမ်း အနောက် ရေကန်စပ်မှာ လက်ရှိ ဟိုတယ် စီမံကိန်း ၁၄ လုံး ရှိနေပါသည် ။ မိုင်းသောက်နှင့် အင်ကြင်းကုန်း ရွာ ပါတ်ဝန်းကျင်မှာပါ . ကားလမ်း အရှေ့ ဟိုတယ် စီမံကိန်းကတော့ တစ်ဧက ကို သိန်း ၈၅ဝ နဲ့ ရောင်းချပြီးပါပြီ ။ ၈ ဧက ၊ ၄ ဧက ၊ ၁ ဧက စသဖြင့် အကွက်တွေ […]


ကထူးဆန္းApril 1, 20131min48629
မပြောချင်ပေမဲ့ ပြောရတော့မှာပေါ့ နုတ်မဆက်ချင်ပေမဲ့ နုုတ်ဆက်ရတော့မှာဘဲ .. ဘာဖြစ်လို့ဆိုတာတော့လာမမေးနဲ့ .. မေးလည်း မပြောဘူး . ဂဇက်နှင့် ခွဲတော့မည် ။ အားလုံးကို နုတ်ဆက်ခဲ့ပါသည်။ XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXxx သူကြီးကိုတော့ ပြောပြစရာ ရှိနေလို့ အိတ်ဖွင့် ပေးစာ အဖြစ်ဘဲ ပေးလိုက်ပါသည် .။ သိရသလောက်ပေါ့ ။ အနော်တို့ မြန်မာပြည်ကြီးက ကြော်ညာ အမြန်ဆုံး အင်တာနက် နုံး နဲ့ ပေးရတဲ့ လစဉ်ကြေး ၊ တပ်ဆင်ခကြေးတွေပါ ။ Yadarpone Teleport 1. ADSL … speed 1 M .. Monthly fee .. US-100 , Installation fee Ks […]


ကထူးဆန္းMarch 27, 20131min20125
( ကျွန်တော် တို့ ရွာသားကြီး ကိုထွန်းဝင်းလတ် မှ တင်ပေးဖို့ အကူ အညီတောင်းလာသော ကြောင့် တင်ပေးလိုက်ခြင်းဖြစ်ပါသည် ။) ရွာကလေးက အနာဂတ်ကြယ်လေး၏ ရင်ဖွင့်သံ…. ကျနော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ ဖားပန်အေးချမ်းကျေးရွာက ကျောင်းသားလေးတစ်ယောက်ပါ… ကျနော်ဒီနှစ် ဂရိတ်တူးခေါ်တဲ့ ပထမတန်းစာမေးပွဲကို ဖြေဆိုထားပါတယ်…ကျနော့်နာမည်လေးကတော့ မောင်အောင်ဘုပါ… ကျနော်မှာ ညီလေးတစ်ယောက်နဲ့ ညီမလေးတစ်ယောက်ရှိတယ်…ညီလေးကတော့ ဒီနှစ် ဂရိတ်ဝမ်းခေါ်တဲ့ သူငယ်တန်းပေါ့…ညီမလေးကတော့ ငယ်သေးတယ်.. အဖေ့နာမည်ကတော့ ဦးပျဉ်းမောင်ပါ နာမည်ကြောင့် ဦးဦးဒေါ်ဒေါ်တို့က ကျနော့်အဖေကို လူပျင်းကြီးလို့ မထင်ကြပါနဲ့နော်…သားအဖေက ရွာမှာ ကျုံရာကျပန်းအလုပ်တွေလုပ်ပါတယ်…မိုးရာသီမှာ သူများလယ်တွေမှာ သူရင်းငှားလုပ်တယ်..လယ်တွေစိုက်ပြီးရင် တောထဲတောင်ထဲမှာ ဖားရှာငါးရှာတာပေါ့..အမေ့နာမည်ကတော့ ဒေါ်ပုလို့ခေါ်ပါတယ်…အမေကတော့ ကျနော်တို့ မောင်နှမသုံးယောက်နဲ့ အဖေအတွက် ချက်ရေးပြုတ်ရေးကို တာဝန်ယူတဲ့အပြင် အားလပ်တဲ့ အချိန်တွေမှာ တောထဲကို […]


ကထူးဆန္းMarch 21, 20132min24114
ဒီတစ်ခါတော့ လမ်းဘေး ကားလမ်း မီးပွိုင့် နား မသွားပါဘူး ဆယ်အိမ်ခေါင်းရယ် .. မမြင်အပ်တာ မြင်လိုက်ရပြန်တော့ လေက ပွ လာပြန်တာ မို့ ခွင့်လွှတ် နော် .. ဒီတစ်ခါတော့ မြန်မာတိုင်း ဂျာနယ် . မတ်လ ၂၂-၂၈ ထုတ် စာမျက်နာ ၅၂ မှာပါတဲ့ ကြော်ငြာ လေး တစ်ခု ကြောင့်ပါ ကွယ်ဝှက်ပြီး လဲ မပွလို ဒဲ့သာ ပွ မှာ မို့ ပွရလားဆိုပြီး ရိုက်မယ်ဆို လည်း တတ်နိုင်သလောက် ထွက်ပြေးပါ့မယ် ။ သတ်မယ် ဆိုရင်တော့ မန်းဂဇက် ကနေ သတ်နေပါပြီဆို အော်ပေးနော် … ကြော်ငြာ က အခြားသူ ကြော်ငြာ […]


ကထူးဆန္းMarch 19, 20132min25721
၁၆-၃-၂၀၁၃ က တွေ့ခဲ့တာ ကို လေပွ နေပေမဲ့ တစ်ဘူဘူ မဖြစ်ရအောင် ထိန်းချုပ်ခဲ့ ပေမဲ့လည်း ဒီနေ့ Traders Hotel နား ကိုရင်ဝတ်တွေ ၁ဝ ပါး( ယောက်) လောက် တွေ့ တော့ သံသယ ဖြစ်လာတာ နဲ့ စောင့် ကြည့် လိုက်တော့ ထင်တဲ့ အတိုင်းပါဘဲ ။ နိုင်ငံခြားသားများကို စောင့်စား နေတာ တွေ့တော့ အိုလျှောက်ပူ လေပွ လိုက်တာ ခွင့် လွှတ် ကြပါ ကုန် ။ သာသနာ အရောင် ထွန်းလင်းပြောင်နိုင်ပါစေ။


ကထူးဆန္းMarch 17, 20131min33214
credit to : Spring Flowers , http://www.facebook.com/spring.flowers.14 Aung San Suu Kyi : The Choice ဆိုတဲ့ documentary ကို ကိုဗညား Ba Nyar က စာတန်းထိုးလို့ ပြီးသွားပါပြီ ။ တကယ်တော့ ဘာသာပြန်ပြီး သူ့ကို ပေးထားတာ အတော်ကြာပြီ …..သူလည်း အလုပ်တွေပိနေတာနဲ့ ပေါ်မလာပေါ်မလာ…. ကြာတော့ မေ့တေ့တေ့တောင် ဖြစ်နေပြီ ။ ဒီနေ့မှ ဆိုင်းမဆင့်ဘုံမဆင့် ပြီးပြီလို့ သိလိုက်ရတော့ အတော်လေး ဝမ်းသာသွားမိပါတယ် ။ မအားတဲ့ ကြားက သတိတရ စာတမ်းထိုးပေးတာကို အလွန်တရာ ကျေးဇူးတင်မိပါတယ် ။ အရင်က ဒေါ်စုရဲ့ Rule of Law […]


ကထူးဆန္းMarch 9, 20132min18516
အန်တီပဒုမ္မာ နောက်လိုက်လို့ ရပ်နိုင်ပေ ရပ်နိုင်ပေ့ အော်လို့ လှိုက်လှိုက်လှဲလှဲ အားပေးလိုက်ပါတယ် ။ ငပလီ ကမ်းခြေ ဟိုတယ်တွေ စုပေါင်းပြီး ဟိုတယ် ဝန်ထမ်းများမှ Green Ngapali Day လှုပ်ရှားမှု့ ဆိုပြီး စုပေါင်း အမှိုက်သိမ်း ၊ ကြွပ်ကြွပ်အိတ် ကောက် ကြတာတွေ ကို ငပလီ လေဆိပ်က စလို့ လမ်းတစ်လျှောက် လုပ်ခဲ့ ကြပါတယ် ။ ဒါ ဟာ ဒုတိယ အကြီမ်မြောက်ပါ ။ ပထမ အကြိမ်တုန်းက ဖေဖော်ဝါရီ လထဲ မှာ ပြုလုပ်ခဲ့ကြပါသည်။ ပထမ အကြီမ်တုန်းက ဂေဇက်ပေါ် မှတ်တမ်း မတင်ခဲ့ပါဘူး ။ ဆက်လုပ်နိုင်ကြမလား ၊ တစ်ခါ ထဲ နဲ့ […]


ကထူးဆန္းFebruary 28, 20131min30424
ဘေးထိုင် ဘိုင်ကျ ဘုပြော တယ် တော့ မပြောပါနဲ့ဗျာ .. ကထူးဆန်း ဘေးထိုင်တာလည်း မှန်ပါတယ်။ ကထူးဆန်း ဘိုင်ကျတာလည်း မမှားပါဘူး ။ ကထူးဆန်း ဘုတော့ မပြောတတ်လို့ ဘေးထိုင်ဘိုင်ကျ ဘုပြောတဲ့ အထဲ က တစ်ချက်ကြီးများတောင် ကင်းလွတ်နေတာမို့ အဲ့ဒီလို ပြောနဲ့ ပေါ့ဗျာ ။ မျက်စီရှေ့ ရောက်ရောက်လာတော့လဲ အဟဲ .. ဘု မပြောပါဘူး ။ ရိုရိုသေသေလေးဘဲပြောတာပါ ။ ကြည့်ပါလားဗျာ ။ ကျွန်တော်တို့ ဘဘကြီးတွေ က ရန်ကုန်မြို့ကြိးကို စကာင်္ပူ မှီအောင် လုပ်မယ်ဆိုပြီး လုပ်တာပေါ့ ဗျာ ။ မီးပွိုင့်တွေမှာ လူကူး မီး စိမ်း မီးနီတွေ တပ် တာပေါ့ […]


ကထူးဆန္းFebruary 26, 20131min21014
ဦးဦးစည်ပင် ကို သားသား ပြောချင်တာပြောလို့ ရမလား ဟင် .. ဦးဦးက ဘာမှ ပြန်မပြောတော့ သားသား ပြောတာ ဦးဦးစည်ပင် စိတ်ဆိုးရဘူးနော် .. ဦးဦးရေ ..သားသား ပြောချင်တာ ကြာပြီ .. ဖေကြီး က နောက်မှ နောက်မှ နဲ့ အချိန်တွေ ဆွဲနေလို့ .. အချိန်တော့ မမှတ်မိတော့ဘူးပေါ့ ဦးဦးရယ်.. ဒါပေမဲ့ သားသား မှတ်မိတာတော့ ကားလှလှ သစ်သစ် လေးတွေ ရန်ကုန် က လမ်းတွေပေါ်မှာ တွေ့လာရတဲ့ အချိန်နားမှာပေါ့ ဦးဦးရယ်.. xxxx xxxx ဪ ပြောဖို့ မေ့ နေလို့ ဦးဦးရဲ့ .. သားသားက ရွာမ ကျောင်းလမ်း နဲ့ […]


ကထူးဆန္းFebruary 22, 20131min18816
တိုး … တိုး……. နဲ့ တိုး………………… နေကြတော့ တိုးဟ .. တိုးဟ အခန်းတွေ တိုးကြ ဆိုပြီး ဟိုတယ ်တွေလည်း အသဲအသန် တွေ ဆောက်ခိုင်း နေပါတယ် .. ဟိုတယ် ဇုန်တွေ ဆိုတာလည်း ဖော်မဟဲ့ ဆိုပြီး ..ဒေသ တိုင်း အပြိုင် အဆိုင်ပေါ့ … ဧက တွေ ဆိုတာလည်း ရာချီပေါ့ ။ မန္တလေးဆိုရင် ထောင် တောင် ချီလိုက်သေး .. ဘယ်နှစ်လုံးများ ဆောက်မလဲ မသိ ။ ဟိုတယ် ဇုန် ၊ ကထူးဆန်းတို့ က ခပ်ဒုံဒုံ ဆိုတော့ ဘယ်လို မှ စဉ်းစားလို့ ကို မတတ်တာ […]


ကထူးဆန္းFebruary 21, 20131min23920
ကိုနိုဇိုမိ ဖွကြည့်မိခြင်း ဖတ်ရတော့ ကျွန်တော် ငယ်ငယ်က အဖြစ်ကို ရေးချင်လာပါတယ် ။ ငယ်ငယ်က ကြုံ ခဲ့တဲ့ အဖြစ်လေးပါ။ ကျွန်တော် ငယ်ငယ်က သဘောင်္သီး ဖြစ်ခဲ့ဖူးပါတယ်။ စင်္ကာပူ ကျွန်းမှာ အလုပ် သွားရှာ ဖူးခဲ့ပါတယ် ။ အဲ့ဒီ့ အချိန်က မြန်မာ သဘောင်္သားတွေ နံမည်ရကာစ ပျက်ကာစ အချိန်လို့ ပြောရမယ် ထင်ပါတယ်။ ၁၉၈၂ မှာပါ ။ နံမည်ရကာစ လို့ ဘာလို့ ပြောရလဲ ဆိုတော့ အချို့ သဘောင်္လိုင်းတွေ မှာ မြန်မာ တစ်ဦးစ နှစ်ဦးစ လိုက်ဖြစ်ကြပြီး မြန်မာတွေ အလုပ်ကြိုးစားတယ် ဆိုပြီး သဘောင်္ကုမ္မဏီတွေက နှစ်သက်ကြ သလို မြန်မာတွေ လက်မှတ် အတုတွေလုပ် […]


ကထူးဆန္းJanuary 23, 20131min34631
ခရီးသွား … ခရီးသွား နဲ့ တသွား ထဲ သွား တစ်ခရီးထဲ ခရီး နေကြတဲ့ အချိန် .. ဘက်စုံ ဒေါင့်စုံ က လုပ်ဖို့ မလွယ်ဘူး ဆိုတာ လည်း သဘောပေါက်မိပါရဲ့ .. အဲ့ဒီ့ အထဲ က တစ်ခု ..ဘယ်သူမှ ဟ တာ မတွေ့မိသေးလို့ .. နဲနဲ လေး တော့ လျှာရှည် ကြည့် ပါရစေ။ ခရီးသွား ကျန်းမာရေး အာမခံ ပါ ။ နိုင်ငံခြားသားတွေ ခရီးသွားရင် အများစု က အာမခံ မထား မရှိဘဲ မလာကြ ။ မသွားကြပါဘူး ။ အဲ မြန်မာပြည် သွားကြမယ်ဆိုတော့ […]