images1.jpeg

zoxnetApril 27, 20101min882
WordPress banner တွေ၊ Theme တွေ ခဏခဏ ပြောင်းပြီး၊ ကလိချင်နေတဲ့ သူတွေ အတွက် ဒီပို့စ်လေးကို ရည်ရွယ်ပါတယ်။ ကျွန်တော့်ကို လမ်းညွှန်ပေးတာကတော့ ကျွန်တော့် ဆရာ မောင်သားဖြိုး ပါ။ ကျွန်တော်တို့လို ကလိတာ ဝါသနာပါ သူတွေအတွက် လွယ်ကူစေဖို့ ကျွန်တော် ပြန်လည် ဝေမျှပါမယ်။ ဖြတ်လမ်းနည်းလေး တစ်ခုပါခင်ဗျာ။ ကျွန်တော်တို့ အရင်က မိမိသုံးထားတဲ့ သီးမ်စ်တွေမှာ ဘန်နာပြောင်းချင်ရင် FTP ကို Run ဦး၊ ဟို့စ်တင်းကို သွားဦး၊ အဲဒီထဲမှာမှ Image ဖိုင်ကို ဝင်ဦးနဲ့ တဆင့်ပြီး တဆင့် အလုပ်ရှုပ်ရပါတယ်။ ဒီကြားထဲ ကော်နက်ရှင်က မကောင်းရင် FTP ကလည်း ဒုက္ခပေးတတ်ပါသေးတယ်။ ဒါကြောင့် အဲဒီလို ရှည်ရှည်ဝေးဝေး […]

rotating_wind_power_tower_dubai_05.jpg

zoxnetApril 27, 20101min981
တစ်ခေါက်ကပေါ့ဗျာ။ သဘောင်္ကျင်းတစ်ခုရဲ့ General Worker အလုပ်နဲ့လာမယ့် သူတစ်ယောက်ကို ဗီဇာတင်ပေးရပါတယ်။ နှစ်လလောက်အကြာမှာ ဗီဇာကျသွားတယ်ပေါ့ဗျာ။ အလုပ်တည်နေရာက Fujairah ဆိုတဲ့နေရာမှာပါ။ ဗီဇာကိုအီးမေးလ်ကနေတဆင့် အဲဒီကာယကံရှင်ရဲ့ အကောင့်ထဲကို ပို့ပေးလိုက်ပါတယ်။ ဗီဇာရတဲ့နေ့ကနေ တစ်လအတွင်းလာခွင့်ပေးထားပါတယ်။ ဒါပေမယ့် အဲဒီသူကလည်း ယူအေအီးကို မြန်မြန်သွားချင်တယ်ဆိုပြီး ပြင်ဆင်စရာရှိတာတွေကို အလျင်အမြန်ပြင်ဆင်ပါတော့တယ်။ ဒီလိုနဲ့ ပြင်လို့ဆင်လို့ပြီးလို့ (ငြုပ်သီးကြော်၊ အမဲကြော်နဲ့ ငါးခြောက်တွေ ပါကင်ပိတ်ပြီးလို့) အနီးကပ်ဆုံးရက်တစ်ရက်ကို ဘွတ်ကင်လုပ်ဖို့ Airticket ရုံးကိုသွားပါတယ်။ Ticket Agency တစ်ခုကိုသွားတာပါ။ ယူအေအီးက ပို့လိုက်တဲ့ Work Permit Visa ကိုပြပြီးတော့ YGN-BKK-DXB လတ်မှတ်တခြမ်းကို ဝယ်ပါတယ်။ ဒါပေမယ့် အဲဒီအေဂျင်စီက ဝန်ထမ်းကဒီဝေါ့က်ပါမစ်တစ်ခုတည်းနဲ့ လတ်မှတ်ရောင်းပေးလို့မရကြောင်း၊ ယူအေအီးဘက်က အလုပ်ဌာနရဲ့ တာဝန်ရှိသူတစ်ယောက်ယောက်က ဒူဘိုင်းမှာရှိနေတဲ့ TG […]

Image0771-888x666.jpg

zoxnetApril 27, 20101min1012
ဒီနေ့သူငယ်ချင်းတစ်ယောက်နဲ့ ဂျူတီအပြီးလမ်းလျှောက်ရင်း ဒူဘိုင်း Bus stand ကိုရောက်ခဲ့ပါတယ်။ တနေကုန် အလုပ်တွေနဲ့ပဲ နပန်းလုံးရင်း အလုပ်ပြီးချိန်မှာ အညောင်းအညာပြေ လမ်းလျှောက်ကြတာပါ။ ကျွန်တော်တို့အတွက်ကတော့ မြန်မာစကားကို အားရပါးရပြောရတဲ့ အချိန်လိုသတ်မှတ်ထားပါတယ်။ အဲဒီသူငယ်ချင်းက ကွန်ပျူတာဆက်စပ်ပစ္စည်းဆိုင်မှာ အလုပ်လုပ်တာပါ။ ကျွန်တော့်ဂျူတီက ညနေ ၅းဝဝ နာရီပြီးပေမယ့် သူ့အလုပ်ပြီးချိန် ည ၁ဝးဝဝ နာရီကိုစောင့်ရင်း သူနဲ့အတူတူ ၁ဝးဝဝ ကျော်မှ ထွက်လာဖြစ်ပါတယ်။ ဘတ်စတန်းကိုလည်းရောက်ရော ထူးထူးခြားခြား တခါမှ အားတယ်ဆိုတာ မတွေ့ရတဲ့ Taxi တွေ၊ အားလုံးခါလီနဲ့ လူခေါ်နေတာကို တွေ့လိုက်ရလို့ ကျွန်တော်တို့ ၂ ယောက်ကြည့်ပြီး အံ့ဩနေမိကြပါသေးတယ်။ ဘတ်စ်စတန်းကို လာတယ်ဆိုတာကလည်း ဘတ်စ်တန်းရဲ့ ဟိုဘက်မှာ Super Market အကြီးကြီးတစ်ခုရှိပါတယ်။ အဲဒီမှာ အအေးဝယ်သောက်၊ ဘယ်အီလက်ထရောနစ် […]

forblog-1.gif

zoxnetApril 26, 20101min34527
တစ်နေ့ ကျွန်တော်တို့ ရုံးခန်းကို ကျွန်တော့်သူငယ်ချင်းရဲ့ မိတ်ဆွေ အန်တီတစ်ယောက် ရောက်လာပါတယ်။ သူ့လက်ထဲမှာ စာရွက်စာတမ်း တထပ်ကြီးကိုပါ ကိုင်ထားပါတယ်။ သူ့မျက်နှာကတော့ သိပ်မကောင်းဘူး ခင်ဗျ။ သူက ကျွန်တော်တို့ကို နှုတ်ဆက်စကားပြောပြီး သူ့လက်ထဲက ပါလာတဲ့ စာရွက်တွေနဲ့ ပတ်သက်တဲ့ အကြောင်းတစ်ခုကို ကျွန်တော်တို့ကို ပြောပြရင်း အကူအညီ တောင်းလာပါတယ်။ သူပြောပြတဲ့ အကြောင်းအရာကို ကျွန်တော်အရင် တင်ပြပါ့မယ်။ အားလုံးသိတဲ့ အတိုင်း ဒီကနေ့ မြန်မာနိုင်ငံမှာ ချက်တင် ယဉ်ကျေးမှု တော်တော်ခေတ်စားလာပါတယ်။ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ချက်တင်ကို သုံးစွဲကြပါတယ်။ အဲဒီအထဲမှာမှ မိန်းကလေး တစ်ယောက်ဟာ အားလုံးနည်းတူ ချက်တင်ကို နေ့စဉ်ဂရုတစိုက် သုံးစွဲပါတယ်။ သူ့ရဲ့ ချက်ဘောက်စ် သူငယ်ချင်းလစ် ထဲမှာ သူငယ်ချင်းပေါင်း မြောက်မြားစွာကို ထည့်ပြီး […]

formyblog.jpg

zoxnetApril 26, 20101min1297
ဘယ်သူ့ကိုမှတော့ ထိခိုက်စေချင်တဲ့ ဆန္ဒမပါပါဘူး။ အကြံအပေးအယူနဲ့ ဖိတ်ခေါ်ချင်တဲ့ စိတ်ကလေးကြောင့်ပါ။ ပတ်ဝန်းကျင်မှာ တွေ့နေရတဲ့ အချို့အချို့ဖြစ်ရပ်တွေကို ကြည့်ပြီး သက်ပြင်းလည်း ခဏခဏချမိလို့ပါ။ ကျွန်တော်တင်ခဲ့တဲ့ ပို့စ်အဟောင်းလေးက အကြောင်းအရာလည်း အပါအဝင်ပါပဲ။ ဂျီတော့ခ် ချက်တင်နဲ့ ပတ်သက်ပြီး ဆွေးနွေးချင်လာလို့ပါ။ အခုနောက်ပိုင်းမှာ အင်တာနက်ဆိုင်တွေ ကျွန်တော်တို့ နိုင်ငံမှာ ပွထလာပြီး ဂိမ်းဆိုင်လေးတွေတောင် တော်တော်မှေးမှိန်သွားပါတယ်။ လူငယ်ယောက်ျားလေး နည်းနည်းပါးပါးလောက်ပဲ ဂိမ်းဆော့ကြတာ တွေ့ရတယ်။ တော်တော်များများက အင်တာနက်ဆိုင်ကို ရောက်နေကြပါပြီ။ အင်တာနက်နဲ့ နီးစပ်မှု ရှိလာတာ ကောင်းပါတယ်။ ယူတတ်ရင် အင်တာနက်ကနေ အများကြီးရတတ်ပါတယ်။ အသိပညာ၊ ဗဟုသုတ၊ စီးပွားရေးဆိုင်ရာ ကိစ္စ၊ အလုပ်အကိုင် အခွင့်အရေး အားလုံးလိုလို အင်တာနက်မှာ ရနိုင်ပါတယ်။ ဒါပေမယ့် များသောအားဖြင့် အခုခေတ်လူငယ်တွေ သုံးနေတဲ့ အင်တာနက်က […]

16.jpg

zoxnetApril 26, 20101min992
ကျွန်တော်တို့မြန်မာနိုင်ငံလို ယူအေအီးသံရုံးမရှိတဲ့ နိုင်ငံတွေအတွက် များသောအားဖြင့် ယူအေအီးဗီဇာကို အွန်လိုင်းကနေလက်ခံရယူရပါတယ်။ အရွယ်အစားကတော့ A4 ဆိုဒ်အရွယ်ပါ။ ဗီဇာလျှောက်ထားသူရဲ့ အချက်အလက်တွေနဲ့ ယူအေအီးလူဝင်မှုကြီးကြပ်ရေးရဲ့ တံဆိပ်တုံးပါဝင်ပါမယ်။ Visit Visa ဆိုရင်လျှောက်ထားသူအတွက် ယူအေအီးနိုင်ငံက Sponsor Company ရဲ့လိပ်စာပါရသလို Employment Visa ဆိုရင် အလုပ်လုပ်ရမယ့် Company နဲ့ လုပ်ရမယ့်မြို့ရဲ့လိပ်စာတွေ ပါဝင်မှာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ Visit Visa သမားတွေအတွက် Online ကရရှိလာတဲ့ဗီဇာစာရွက်ကိုယူပြီး ဒီကနေထွက်၊ ယူအေအီးလေဆိပ်ရောက်ရင် ပတ်စ်ပို့တ်စာအုပ်မှာတုံးထုပြီး နိုင်ငံထဲတန်းဝင်ရုံပါပဲ။ အရင်တုန်းကတော့ ယူအေအီးက Visa Section မှာ Original Visa နဲ့လဲရပါတယ်။ Employment Visa သမားတွေအတွက်ကတော့ ခုနကပြောသလို ယူအေအီးလေဆိပ်မှာ Original Visa နဲ့လဲပြီး အလုပ်ထဲဝင်ပြီးတဲ့နောက်မှ […]

united-arab-emirates-dubai-property.jpg

zoxnetApril 26, 20101min912
ကျွန်တော်ရောက်ခါစကပေါ့ဗျာ။ ကျွန်တော်အလုပ်လုပ်ရမယ့် ဟိုတယ်ကမဖွင့်သေးဘူးဗျ။ ဟိုတယ်အသစ်အတွက်ကျွန်တော့်ကို ခေါ်လိုက်တာ။ ဒီအလုပ်ကိုလုပ်ရဖို့ ကျွန်တော်တော်တော် ရင်မောခဲ့ရတယ်။ ကျွန်တော်လည်းဒီကို Visit Visa နဲ့လာခဲ့တာပါ။ ရောက်ပြီးတစ်ရက်နှစ်ရက်လောက်နေတော့ ကိုယ်နဲ့အပ်စပ်မယ့် အလုပ်ကိုရှာရတာပေါ့ဗျာ။ သတင်းစာလဲဖတ်၊ အလုပ်ခေါ်စာတွေလည်း ကြည့်ပေါ့။ ဒီလိုနဲ့တစ်နေ့မှာ ဟိုတယ်တစ်ခုကမန်နေဂျာက ကျွန်တော့်ကိုခေါ်ပြီး အင်တာဗျူးတယ်။ အဆင်ပြေတယ်ဗျာ။ ကျွန်တော့်ကို လက်ခံလိုက်တယ်။ Receptionist Position မှာပါ။ ဒါပေမယ့် လက်ရှိဟိုတယ်အတွက်မဟုတ်ဘူးဗျ။ သူတို့နောက်ဖွင့်မယ့် ဟိုတယ်အတွက်ခန့်တာ။ အဲဒီအချိန်က ကျွန်တော်လုပ်ရတဲ့ဟိုတယ်က ဆောက်နေတုန်း။ အလုပ်ရပေမယ့် ဟတ်ကော့ကြီးပေါ့ဗျာ။ တစ်ခုကံကောင်းတာက လက်ရှိဖွင့်ထားတဲ့ အဲဒီဟိုတယ်ရဲ့ Receptionist ကလည်း မြန်မာနိုင်ငံသား ကျွန်တော့်သူငယ်ချင်းဖြစ်နေတယ်။ သူ့ကူညီမှုတွေလည်း အများကြီးပါတာပေါ့ဗျာ။ သူကကျွန်တော့်ကို Recommand ပေးတယ်။ အလုပ်နဲ့ပတ်သက်တဲ့ အသိပညာတွေလည်း အများကြီးပေးပါတယ်။ သူ့အကူအညီနဲ့ ကျွန်တော် Training […]

uae-hotels-sharjah.jpg

zoxnetApril 25, 20101min681
ဟိုတယ်အလုပ်အကိုင်တွေ ခေတ်စားနေတဲ့ဒီအချိန်မှာ မြန်မာလူငယ်တော်တော်များများ ဟိုတယ်သင်တန်းတွေဘက်ကို အာရုံစိုက်လာကြပါတယ်။ ဟိုတယ်သင်တန်းတွေကလည်း ဝန်ဆောင်မှုအမျိုးမျိုးနဲ့ ဖိတ်ခေါ်လာတယ်။ လျှော့ဈေးတွေ အပြိုင်အဆိုင်ချပြီး သူတို့သင်တန်းကိုသာတက်ဖို့ ကြော်ငြာလာကြပါတယ်။ နိုင်ငံခြားဟိုတယ်အဖွဲ့အစည်းတွေရဲ့ အသိအမှတ်ပြုသင်တန်းတွေကလည်း သူထက်ငါအပြိုင်အဆိုင် ပေါ်ထွက်လာပါတယ်။ကျွန်တော်တို့ ယူအေအီးမှာတော့ ရောက်လာကြတဲ့သူတိုင်းလိုလို (ဟိုတယ်နဲ့ပတ်သက်ပြီး) ဟိုတယ်သင်တန်းတစ်ခုမဟုတ်၊ တစ်ခုကဆင်းလာကြတဲ့ သူတွေချည်းပါပဲ။ တစ်ချို့ကရန်ကုန်မှာ အင်တာဗျူးအောင်ပြီး ရောက်လာကြတယ်။ တချို့ကတော့ ပတ်သက်ရာပတ်သက်ကြောင်းနဲ့ ရောက်လာကြပါတယ်။ ဒီရောက်လို့လုပ်ငန်းခွင်ဝင်တဲ့ အချိန်မှာ စပြီးအခက်အခဲတွေ့တော့တာပါပဲ။ တကယ်တမ်းလုပ်ငန်းခွင်မှာ လက်တွေ့လုပ်ခို်င်းတော့ အစိမ်းသက်သက်သဘောမျိုးဖြစ်နေကြပါတယ်။ မေးကြည့်တော့ သင်တန်းမှာက များသောအားဖြင့် စာတွေ့ပဲသင်တယ်လို့ ပြောပါတယ်။ ON JOB TRAINING ဆင်းဖို့လွှတ်တဲ့ဟိုတယ်မှာကလည်း တောက်တိုမယ်ရလောက်ကိုပဲ လုပ်ခိုင်းတယ်လို့ ပြောပါတယ်။ (F&B PRODUCT သမားဆိုရင် ကြက်သွန်ပဲလှီးခိုင်းတယ်တဲ့ ခင်ဗျ) သင်တန်းနံမည်ကိုမေးကြည့်တော့… ရန်ကုန်က နံမည်အကြီးဆုံးသင်တန်းတစ်ခု ဖြစ်နေပါတယ်။ကျွန်တော်တို့ […]

bldingnightview.jpg

zoxnetApril 24, 20101min821
ဒူဘိုင်းမှာပဲဖြစ်ဖြစ်၊ တခြားဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် Hotel life အပါအဝင် အလုပ်တိုင်းလိုလိုဟာ မန်နေဂျာရဲ့ လက်အောက်မှာပဲ လုပ်ကြရပါတယ်။ (အကုန်လုံးသိပြီးသားဟာကို)။ အဲလိုလုပ်ကြရတဲ့အခါမှာ ကိုယ့်အလုပ်ရဲ့မန်နေဂျာနဲ့ အဆင်ပြေသူတွေဟာ အခွင့်အရေးတွေလည်း ပိုရတတ်ကြပါတယ်။ အလုပ်မှာလည်း လွယ်ကူမှုရရှိကြပါတယ်။ များသောအားဖြင့် ကုမ္ပဏီတော်တော်များများမှာလည်း ကုမ္ပဏီရဲ့စီမံခန့်ခွဲမှုတွေကို ပိုင်ရှင်ထက် မန်နေဂျာကပဲ ပြုလုပ်လေ့ရှိပါတယ်။ ကျွန်တော်တို့ဟိုတယ်မှာလည်း ကိစ္စတော်တော်များများကို ကျွန်တော်တို့ဟိုတယ်သူဌေးထက် ဟိုတယ်မန်နေဂျာကပဲ တာဝန်ယူဆုံးဖြတ်လေ့ရှိပါတယ်။ ကျွန်တော်တို့ မန်နေဂျာနဲ့ စတင်တွေ့ဆုံပုံကို ကျွန်တော်တစ်ခေါက်ရေးပြဖူးပါတယ်။ အခုကျွန်တော်ပြောချင်တာက ကျွန်တော့် မန်နေဂျာကို ကျွန်တော်ဘယ်လို (ချုပ်) ခဲ့သလဲဆိုတာကိုပါ။ နိုင်ငံခြားမှာ အလုပ်လုပ်သွားလုပ်မယ့်သူများရှိရင် ကျွန်တော်နည်းလမ်းလေးက အထောက်အကူ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အဟဲ။ ကျွန်တော် မန်နေဂျာနဲ့ စတင်သိကျွမ်းပြီးတဲ့ အချိန်ကစပြီး သူနဲ့ရင်းနှီးဖို့ ကျွန်တော်ကြိုးစားပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဟိုတယ်မှာက မြန်မာဆိုလို့ ကျွန်တော်တစ်ယောက်တည်း […]

forpost2.jpg

zoxnetApril 23, 20101min1756
တစ်ခါတစ်ခါ စိတ်ထဲမှာ နည်းနည်း ယူကျုံးမရ ဖြစ်တာရှိတယ်ဗျာ။ အဲဒါကလည်း နိုင်ငံခြား ခရီးစဉ်တွေသွားပြီး အဲဒီမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကြောင့်ပါ။ အဲဒီ အကြောင်းတွေကို ပြောပြလို့ ကျွန်တော့်ကို အမြင်တော့ မကတ် လိုက်ပါနဲ့။ နေရာတကာ လျှောက်ပြောနေတာပဲ ဆိုပြီးတော့လည်း အပြစ်မမြင်ပါနဲ့ဗျာ။ ကျွန်တော့် စိတ်ထဲက ဖြစ်ချင်တဲ့ ဆန္ဒလေးကလည်း ဘယ်လိုမှ တားမရလို့၊ နောက် မိတ်ဆွေ အပေါင်းအသင်းတွေကို တိုက်တွန်းချင်စိတ်ရှိလာလို့ ပြောရတာပါ။ ကျွန်တော် ဆော်ဒီ နိုင်ငံကို ရောက်တုန်းက ဆော်ဒီနိုင်ငံလေဆိပ်ကို ခြေချရင်ပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေရဲ့ ဘင်္ဂါလီစကားကို စကြားရပါတယ်။ အမှိုက်သိမ်း၊ သန့်ရှင်းရေး နဲ့ တောက်တိုမယ်ရ လူတွေအားလုံးဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေချည်းပါပဲ။ အိန္ဒိယ၊ ပါကစ်စတန် နိုင်ငံသားတွေကတော့ အနည်းအကျဉ်းရှိပါတယ်။ ဒါက လေဆိပ်မှာပါ။ […]


zoxnetApril 23, 20101min1246
G- talk Friend List တွင် လူဦးရေ များခြင်းသည်၊ မိမိအသိထဲတွင် ပညာများခြင်းထက် ပိုမို မွန်မြတ်သည်ဟု ယခုခေတ် လူငယ်တွေ ယုံကြည်နေကြသည် ထင်သည်။ နှစ်နဲ့ချီကာ ဂျီတော့ခ် သုံးရင်းဖြင့် တိုးတက်လာသော အသိပညာများ ရှိမရှိ သူတို့ မစိစစ်မိခဲ့ကြပေ။ ငါ့မှာ လူ ၁၀၀ဝ ကျော်ရှိတယ်၊ နင့်မှာ လူ ၇၀ဝ လောက်ပဲ ဟူ၍သာ အချင်းချင်း ဂုဏ်တု၊ ဂုဏ်ပြိုင် လုပ်နေကြပေသည်။ တော်တော် အတုယူစရာ၊ အားကျစရာ ကောင်းသည်ဟု သူတို့ထင်နေကြပါသည်။ အင်တာနက် ကွန်ယက်တွင် ရယူစရာ အသိပညာများ အနှိုင်းအဆမရှိ ရှိပါသည်။ ကွန်ယက်ကို အကျိုးရှိစွာ သုံးသူများအားလုံး သိနှင့်ပြီးသားပင် ဖြစ်ပါသည်။ သို့ပေမင့် ထိုအရာများကို သူတို့ […]