Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


Mr WorldWideAugust 14, 20131min4642
အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်ရှိ ပိုလီတက္ကနစ်တက္ကသိုလ်မှ သုတေသနပညာရှင်အဖွဲ့ တစ်ဖွဲ့သည် လေကြောင်းလိုင်းရှုပ်ထွေးမှုများကို အလွယ်ကူဆုံးဖြေရှင်းပေးနိုင်မည့် နည်းလမ်းတစ်ရပ်အား ရှာဖွေတွေ့ရှိခဲ့ကြသည်။ ၎င်းနည်းလမ်းမှာ လေယာဉ်များကို ပြန်လည်ပြုပြင် တီထွင်သွားရန်ပင်ဖြစ်ပါသည်။ လွန်ခဲ့သောငါးနှစ်ခန့်က သုတေသနအဖွဲ့သည် ပြေးလမ်းတိုတိုဖြင့် ပျံတက်၊ဆင်းသက်နိုင်ပြီး မြန်နှုန်း ပိုမိုမြင့်မားကာ ခရီးသည်ဦးရေ ၁၀ဝ အထိ တင်ဆောင်နိုင်မည့် Cestol ခရီးသည်တင်လေယာဉ်ကြီးကို ဒီဇိုင်းဆွဲ တီထွင်စမ်းသပ်ခဲ့ကြသည်။ ထိုလေယာဉ်ကြီးသည် ပေ ၃၀၀ဝ အရှည်သာရှိသည့် လေယာဉ်ပြေးလမ်းမှ လေထဲသို့ မတ်စောက်စွာ ထောင့်ချိုးပျံတက်နိုင်သလို လေထဲမှနေ၍လည်း ထိုလေယာဉ်ပြေးလမ်းသို့ မတ်စောက်စွာ ထောင့်ချိုးဆင်းသက်နိုင်ပါသည်။ အဆိုပါလေယာဉ်ကြီးသည် အရှိန်အနည်းငယ်ကို အသုံးပြုရုံဖြင့် လေပင့်အား  (Lift force) မြင့်မားစွာပင့်တင်ပေးနိုင်သည့် Circulation-Control Wing များကို အသုံးပြုကာ ဒီဇိုင်းရေးဆွဲ တီထွင်ထားကြောင်းနှင့် ယခုဆိုလျင်မိမိတို့အနေဖြင့် လေယာဉ်ကွင်းများရှိ လေယာဉ်ပြေးလမ်း အလျားများကို […]


Mr WorldWideAugust 13, 20131min4045
နှုတ်ခွန်းဆက်သလိုက်ပါ၏ သူကြီးနှင့်တကွ ရွာသူရွာသားများခင်ဗျာ။ ယခုအချိန်ကစပြီး ဘာသာပြန်သတင်းလေးများ ပြန်လည်ခံစားနိုင်ရန်စတင်လိုက်ပီ ဖြစ်ပါကြောင်း… အနာဂတ်ကာလတွင် ပင်လယ်သမုဒ္ဒရာထဲရှိ လျပ်စစ်စွမ်းအင်ထုတ် လေရဟတ်ကြီးများအတွက် အလုပ်ခေါ်စာများသည် အလုပ်သမားများအဖို့ အလွန်မျက်စိကျဖွယ်ရာခေါင်းစဉ်များ ဖြစ်လာပေဦးမည်။ ဘယ်လ်ဂျီယမ်ကုမ္ပဏီတစ်ခု၏ အဆိုအရ အလုပ်သမားများအတွက် အလွန်ခေတ်ဆန်၍ နေချင့်စဖွယ်နေရာများ တွဲဖက်ပါဝင် တည်ဆောက်ထားသည့် အလွန်ကြီးမားသော လေရဟတ်ကြီးများသည် အနာဂတ်ကာလ၌ အမှန်တကယ် ဖြစ်ပေါ်လာမည်ဟု ဆိုပါသည်။ ဥရောပ လေစွမ်းအင်ဆိုင်ရာအသင်းကြီး ( European Wind Energy Association ) ၏ အစီရင်ခံစာ၌ အဆိုပါ လေရဟတ်များမှာ ၂၀၃ဝ ခုနှစ်ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာမည်ဖြစ်ပြီး အလုပ်အကိုင်ပေါင်း ၃ သိန်းခန့် ဖန်တီးပေးနိုင်လိမ့်မည်ဟု ခန့်မှန်းထားသည်။ ထိုလေရဟတ်ကြီးများတွင်နေထိုင်မည့် ပြုပြင်ထိန်းသိမ်းရေးအဖွဲ့သားများနှင့် ပညာရှင်များသည် တာဘိုင်များပေါ်၌ တွဲဖက်တည်ဆောက်ထားသောနေရာများ၌ နေထိုင်ရမည်ဖြစ်ကာ အတိုင်းအဆမရှိ […]


Mr WorldWideJune 28, 20131min3765
ဆမ်ဆောင်း  Ativ Q Tablet တွင် Windows 8 နှင့် Android OS  နှစ်မျိုးစလုံးအား ယှဉ်တွဲအသုံးပြုနိုင် တော့မည်ဖြစ်ကြောင်း ဆမ်ဆောင်းကုမ္ပဏီက ထုတ်ဖော်ပြောကြားခဲ့ပါသည်။Ativ Q Tablet သည် ှScreen အကျယ် ၁၃.၃ လက်မရှိကာ စာရိုက်ပြီးခေါက်သိမ်းထားနိုင်သော ကီးဘုတ်အမျိုးအစားလည်း ပါရှိမည်ဖြစ်သည်။ ထို့အပြင် စာရိုက်ရန်နှင့် အခြားကိစ္စများတွင် အသုံးပြုနိုင်ရန် ဘောပင်ကဲ့သို့ အချောင်းတစ်ချောင်း ပါရှိပါသည်။ ၎င်း Tablet သည် Microsoft စနစ်နှင့် Google စနစ် နှစ်မျိုးစလုံးကိုအသုံးပြုနိုင်သော Laptop နှင့် Tablet နှစ်မျိုးပေါင်းစပ်ထားသည့်အရာပင်ဖြစ်ပြီး အခြားကုမ္ပဏီများကလည်း ယခုကဲ့သို့ နည်းပညာများကို ကြိုးပမ်းပြုလုပ်ကြတော့မည်ဟု ယူဆရကြောင်း လေ့လာသုံးသပ်သူတစ်ဦးမှ ပြောကြားခဲ့ပါသည်။ Ativ Q Tablet သည် ထုတ်လုပ်သူများအနေဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျော့ချနိုင်မည့်နည်းလမ်းဖြစ်ပြီး အသုံးပြုသူများအတွက်မူ […]


Mr WorldWideJune 28, 20131min2813
စက်ရုပ်များအနေဖြင့် လာမည့်ဆယ်စုနှစ်အနည်းငယ်အတွင်း၌ ရောက်ရှိရန်ခက်ခဲသည့်နေရာဒေသများ၊ ပင်လယ်သမုဒ္ဒရာများနှင့် ဝေဟင်ထဲတို့သို့ သွားလာလှုပ်ရှားနိုင်တော့မည်ဖြစ်ကာ အခြားစက်ရုပ်များနှင့် ဆက်သွယ်ခြင်း၊ သိပ္ပံပညာရပ်ဆိုင်ရာပြဿနာများကိုဖြေရှင်းရန် ပူးပေါင်းလုပ်ဆောင်ခြင်းများကိုလည်း အုပ်စုဖွဲ့၍ဆောင်ရွက်နိုင်တော့မည်ဖြစ်သည်ဟု ကနေဒါသိပ္ပံပညာရှင်တစ်ဦး၏အဆိုအရ သိရှိရသည်။ ကနေဒါနိုင်ငံ၊ မွန်ထရီယယ်မြို့ရှိ McGill University ၏ စက်ရုပ်ဓာတ်ခွဲခန်းမှ သုတေသန ဒါရိုက်တာတစ်ဦးဖြစ်သူ ဂရီဂိုရီဒူးဒက်က လူသားတို့ရောက်ရှိရန်ခက်ခဲသည့် မြေအခြေအနေများ၌ဖြစ်စေ ၊သို့မဟုတ် လေထုထဲတွင်ဖြစ်စေ ၊သို့မဟုတ် ရေအောက်မှ သန္တာကျောက်တန်းများတွင်ဖြစ်စေ စူးစမ်း လေ့လာမှုများ ပြုလုပ်ရာ၌ စက်ရုပ်များအနေဖြင့် လက်ရှိစက်များကဲ့သို့ပင် အားထားလာရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ စက်ရုပ်များအနေဖြင့် သတင်းအချက်အလက်အမြောက်အမြားကို ၎င်းတို့ဘာသာပင် ခွဲခြမ်းစိတ်ဖြာ နိုင်လိမ့်မည်ဖြစ်ကာ ခိုင်မာမှုအရှိဆုံးရလဒ်များကို လူသားများထံသို့ ဆက်သွယ်ပေးပို့မည်ဖြစ်သည်။ စက်ရုပ်တစ်ရုပ်ဟာ ပတ်ဝန်းကျင် အခြေအနေတစ်ခုကို ရောက်နေပြီဆိုပါစို့၊ မြေမျက်နှာပြင်ပေါ်မှာပဲဖြစ်စေ၊ ရေအောက်မှာပဲဖြစ်စေ၊ လပေါ်မှာပဲဖြစ်စေ၊ ဘယ်နေရာကို ရောက်နေပါစေ၊ သူ တွေ့မြင်နေရတဲ့အရာတွေကို ကျွန်ုပ်တို့ကို […]


Mr WorldWideJune 27, 20131min3043
သံဖြူဖြင့်ဖုံးအုပ်ထားသော ငွေရောင်သစ်သားများဖြင့် သေးငယ်၍ကြာရှည်ခံပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်သောဘက်ထရီကို ပြုလုပ်နိုင်ပါသည်။ မေရီလန်းတက္ကသိုလ်မှ သုတေသီများ စမ်းသပ်ထားသော ဘက်ထရီတွင်းရှိ အစိတ်အပိုင်းလေးများသည် စက္ကူတစ်ရွက်ထက် အဆပေါင်း ၁၀ဝ ပိုမိုပါးလွှားသဖြင့် ကျွန်ုပ်တို့အိမ်များတွင်မူ ကိုယ်တိုင်ပြုလုပ်နိုင်မည်မဟုတ်ပေ။ လီသီယမ် (Lithium) အစား ဆိုဒီယမ် (Sodium) ကို အသုံးပြုထားခြင်းကြောင့် အကြိမ်ပေါင်းများစွာ အားသွင်းအသုံးပြုနိုင်ပြီး ပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှုမရှိနိုင်ကြောင်း သိရှိရပါသည်။ ဆိုဒီယမ်သည် လီသီယမ်နှင့် စွမ်းအင် သိုလှောင်ပုံချင်း မတူညီသည့်အတွက် ၎င်းဘက်ထရီကို ကျွန်ုပ်တို့၏ဆဲလ်ဖုန်းများ၌ အသုံးပြုနိုင်မည် မဟုတ်သော်လည်း ကုန်ကျစရိတ်သက်သာခြင်းနှင့် လွယ်ကူစွာရရှိနိုင်သော ဒြပ်စင်ဖြစ်ခြင်းကြောင့် ဆိုလာဆဲလ်များကဲ့သို့ ၁ ကြိမ်အားသွင်းထားရုံဖြင့် စွမ်းအင်ပမာဏများစွာကို သိုလှောင်ထားနိုင်မည်ဖြစ်သည်။  ယခုအသုံးပြုလျက်ရှိသော ဘက်ထရီများသည် တောင့်တင်းခိုင်ခံ့မှုကို အခြေခံပြီး ပြုလုပ်ထားခြင်း ဖြစ်သော်လည်း ၎င်းဘက်ထရီများထဲတွင်ပါဝင်သည့် အီလက်ထရွန်များ ကျုံ့ခြင်း၊ ပွခြင်းကြောင့် အလွန်ပင် […]


Mr WorldWideJune 26, 20131min2533
ကမ္ဘာ့ကာဗွန်ထုတ်လွှတ်မှုအများဆုံးဖြစ်သော တရုတ်နိုင်ငံသည် ကာဗွန်ထုတ်လွှတ်မှုဆိုင်ရာလုပ်ငန်းများကို ထိန်းချုပ်ရမည့် လုပ်ငန်းများအဖြစ် သတ်မှတ်သည့်စီမံချက်ကို Shenzhen တွင် ပထမဆုံးအနေဖြင့် ရေးဆွဲခဲ့ပါသည်။ ၂၀၁၄ ခုနှစ်အထိ ပြည်နယ် ရ ခုတွင် စမ်းသပ်လုပ်ကိုင်မည့် ၎င်းစီမံချက်ကို ၂၀၁၅ ခုနှစ်အကုန်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။ ပေကျင်းအစိုုးရအနေဖြင့် ၂၀၀၅ ခုနှစ်မှ ၂၀၂ဝ ခုနှစ်အတွင်း ပြည်တွင်းရှိ စက်မှုလုပ်ငန်းများမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို ၄ဝ မှ ၄၅ ရာခိုင်နှုန်းအထိ လျော့ချနိုင်ရေး မျော်မှန်းထားပေသည်။   ယခုအခါ အစိုးရအနေဖြင့်လည်း မြို့တော်အတွင်း လေထုညစ်ညမ်းမှုလျော့ချရေးဆိုင်ရာ ဖိအားများနှင့် ရင်ဆိုင်နေရလျက်ရှိပြီး ကာဗွန်ထုတ်လွှတ်မှု လျော့ချရေးစီမံချက်သည် ကုမ္ပဏီများကို ၎င်းတို့၏လုပ်ငန်းများမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုပမာဏအား အဆင့်လိုက်လျော့ချသွားစေရန် တွန်းအားပေးထားခြင်းဖြစ်သည်။ ကုမ္ပဏီများအား ကာဗွန်ထုတ်လွှတ်မှုပမာဏ ၁ နှစ်လျင် ၁ […]


Mr WorldWideJune 24, 20131min3917
    တောင်ကိုရီးယား အီလက်ထရောနစ်ကုမ္ပဏီဆမ်ဆောင်းမှ Samsung Galaxy S4 အား ပိုမိုလျင်မြန်လာအောင် အဆင့်မြှင့်တင်မည်ဖြစ်ပြီး ယခင်ကထက် ပိုမိုလျင်မြန်စွာ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ  J.K.Shin က ပြောကြားခဲ့ပါသည်။ ထိုသို့အဆင့်မြှင့်တင်ပြီးနောက် တောင်ကိုရီးယားနိုင်ငံတွင်ပင် ထုတ်လုပ်ရောင်းချသွားမည်ဟုလည်း Reuters သတင်းဌာနသို့ ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ စမတ်ဖုန်းတွင် LTE (Long Term Evolution) ဟုခေါ်သည့် အဆင့်မြင့်နည်းပညာအသုံးပြုထားသော Qualcomm Processorအသစ်ကို အသုံးပြုမည်ဖြစ်ကာ ယခုခေတ်စားနေသော 4G LTE  ဖြင့် သတင်းအချက်အလက်များ ပေးပို့ခြင်းထက် ၂ ဆ ပိုမိုလျင်မြန်စွာ ပေးပို့လုပ်ဆောင်နိုင်တော့မည်ဖြစ်ပါသည်။   Download ပြုလုပ်ရာတွင်လည်း ပိုမိုလျင်မြန်စွာ Download  ချနိုင်တော့မည်ဖြစ်ပြီး ယခင် Samsung Galaxy S4    ဖြင့် ဗွီဒီယိုဖိုင်တစ်ဖိုင်ကို Download […]


Mr WorldWideJune 19, 20131min3615
တရုတ်နိုင်ငံသည် လူမောင်းနှင်သောအာကာသယာဉ်ကို လွှတ်တင်နိုင်ခဲ့သဖြင့် ၂၀၂ဝ ခုနှစ်တွင် အာကာသစခန်းတစ်ခုအား အပြီးတည်ဆောက်မည့် ၎င်းတို့ရည်မှန်းချက်နှင့် ပိုမိုနီးကပ်လာပြီဖြစ်သည်။ အာကာသယာဉ်မှူး သုံးဦးလိုက်ပါသွားသည့် အာကာသယာဉ်ကို ဇွန်လ ၁၁ ရက်နေ့ ဒေသစံတော်ချိန် ၉ နာရီ ၃၈ မိနစ်တွင် မွန်ဂိုလီးယားအတွင်းပိုင်းရှိ Jiuquan မှ လွှတ်တင်ခဲ့ပါသည်။ တရုတ်နိုင်ငံ၏ ဒုတိယမြောက်အမျိုးသမီး အာကာသယာဉ်မှူးဖြစ်သော Wang Yaping၊ အခြားအာကာသယာဉ်မှူး တစ်ဦးဖြစ်သည့် Zhang Xiaoguang နှင့် ဗိုလ်ချုပ် Nie Haisheng  တို့သည် လူလိုက်ပါမောင်းနှင်မှု အကြာဆုံးခရီးအဖြစ် ၁၅ ရက်ခရီးစဉ်အတွင်း၌ Tiangong-1 သုတေသနအာကာသယာဉ်နှင့် ထိန်းချုပ်ချိတ်ဆက်မည်ဖြစ်သည်။   ၎င်းခရီးစဉ်အား Shenzhou-10 ဟု နိုဝင်ဘာလက ကြေငြာခဲ့ပြီး တရုတ်နိုင်ငံ၏ ၅ ကြိမ်မြောက်လူလိုက်ပါသော အာကာသခရီးစဉ်လည်းဖြစ်ပါသည်။ Shenzhou-10  သည် အလျား ၁၀.၅ မီတာရှိ […]


Mr WorldWideJune 17, 20131min2741
  သိပ္ပံပညာရှင်များအနေဖြင့် အများပြည်သူနှင့်သက်ဆိုင်သောနေရာများရှိ ဖောက်ခွဲရေးပစ္စည်းများကို ရှာဖွေသည့်နေရာတွင် ၎င်းတို့၏ နည်းပညာများကို အသုံးချနိုင်ရေးအတွက် ကြိုးစားလျက်ရှိနေကြသော်လည်း ဗုံးရှာဖွေရေးခွေးများကိုမူ ယခုတိုင်အသုံးပြုနေရဆဲဖြစ်သည်။ အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့ရှိ ကော်နယ်လ် တက္ကသိုလ်မှ လက်ထောက်ပါမောက္ခ ဝီလီယမ် ဒစ်ချ်တဲလ် နှင့် ဘွဲ့ရကျောင်းသူ ဂိုပါလာ ခရစ်ရှ်နန် တို့သည် အနာဂတ်ကာလ၌ ဗုံးရှာဖွေရေးခွေးတပ်ဖွဲ့များနေရာတွင် အစားထိုးနိုင်မည့် ပေါ်လီမာစက္ကူတစ်မျိုးကို ဖန်တီးခဲ့ကြသည်။   အဆိုပါ အလင်းရောင်ထွက်သည့် ပေါ်လီမာသည် အလွန်ပြင်းအားကောင်းသည့် RDX အမည်ရ ယမ်း ရှိမရှိကို ထင်ရှားသိသာစွာ အချက်ပေးနိုင်သည်။ RDX ဆိုသည်မှာ အလွန်နိမ့်ကျသည့် ငွေ့ရည်ဖိအားတစ်ခု (Low vapor pressure)  ရှိပြီး ၎င်းကို တိုက်ရိုက်မြင်တွေ့ရမှုမရှိပါက ရှာဖွေရန်အလွန်ခက်ခဲသည့် ဓာတုဒြပ်ပေါင်းတစ်မျိုးဖြစ်သည်။ သာမန်အခြေအနေများ၌ အဆိုပါ ပေါ်လီမာအနေဖြင့် ပတ်ဝန်းကျင်ရှိအလင်းရောင်ကို စုပ်ယူ၍ စွမ်းအင်အဖြစ်သို့ […]


Mr WorldWideJune 11, 20131min2572
၁၉၆၈ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သော လပေါ်မှနေရာဒေသတစ်ခုသည် ယခုအခါ၌ သာမန်မျက်စိဖြင့် မမြင်နိုင်သည့် မူမမှန်သောဆွဲငင်အား အတိုးအလျော့များရှိနေကြောင်း သိရှိခဲ့ရပါသည်။ နာဆာမှ  GRAIL (Gravity Recovery and Interior Laboratory)   အဖွဲ့သည် ဆွဲငင်အားနှင့်ဆိုင်သော အချက်အလက်များကို စုစည်းပြီး ကွန်ပျူတာမော်ဒယ်ပုံစံများကို ပေါင်းစပ်အသုံးပြု၍ လပေါ်၌ ဆွဲငင်အားများ ယုတ်လျော့သွားခြင်းကို ကွန်ပျူတာဖြင့် သက်သေပြနိုင်ခဲ့သည်။ GRAIL အဖွဲ့သည် လပေါ်၌ မူမမှန်သောဆွဲငင်အားများ ပိုမိုတိုးပွားလာရခြင်းအကြောင်းများကို ရှာဖွေမှတ်တမ်းတင်ခဲ့ပါသည်။ ယင်းမှာ ရှေးယခင်က ကြီးမားသောဥက္ကာပျံများ၊ သို့မဟုတ် အခြားဂြိုလ်ငယ်များ၏ ဝင်တိုက်ခံရမှုဒဏ်ကြောင့် လ၏အတွင်းပိုင်း၌ ပိုမိုအပူရှိန်မြင့်မားလာပြီး ဆွဲငင်အားများ မူမမှန်ဖြစ်လာရကြောင်းကို GRAIL အဖွဲ့တွင် ရင်းနှီးမြုပ်နှံထားသူ သိပ္ပံနှင့်နည်းပညာဂျာနယ်၏ စာရေးသူအရာရှိ Jay Melosh က ရှင်းပြခဲ့သည်။  GRAIL အဖွဲ့မှရရှိသော အချက်အလက်များအရ […]


ရုံပိတ်ရက်လေးမို့နားနားနေနေအိမ်ထဲမှာပဲဒီဗီဒီလေးနှင့်အပမ်းဖြေနေရသည်။ မီးကလဲလာနေတာပျက်ဖို့မေ့လျော့နေသည်လားမသိ။အကြီးကောင်နဲ့စပိုက်တာမန်း ကြည့်နေသည်။ကြည့်ပြီးသားပေမဲ့အဖန်တလဲလဲကြည့်ရလောက်အောင်ကြိုက်လို့ လည်းကြည့်မိသည်။အငယ်ကောင်က သူတို့အခေါ် ဒိုတာလားဘာလားမသိခုတ်နေသည်။ လယ်ဗယ်တတ်သွားတိုင်ထထအော်သည်။ဒီလိုနဲ့ဇာတ်ရှိန်အပြိုင်တတ်နေတုန်းလေတချက်ဝှေ့ သည်။လေတချက်အဝှေ့မှာပျက်ဖို့မေ့နေဟန်တူသောမဟာမီးကသတိတရားဝင်၍ပျက်ပါလေတော့ သည်။သားအဖတွေတော်တော်စိတ်ပျက်စွာအသံမျိုးစုံထွက်လာသည်။အိမ်ရှင်မကြီး ကတော့’ဝမ်းသာလိုက်တာမီးတာခမတတ် နားညီးသက်သာတယ်’ ဟုထအော်သည်။ မည်သူမှစောဒကတတ်ရန်စိတ်ပင်မကူးကြ။အကြီးကောင်ကတော့လေတိုက်လို့မီပျက်ခြင်း ဖြစ်မည်ဟုယူဆပုံရသည်။’အဖေဘာလို့လေတိုက်ရတာလဲ’ဟုမေးသည်။ တဆက်တည်း ‘ရာသီဥတုတွေကဘာလို့အချိန်မှန်မှန်ပြောင်းလဲနေရတာလဲ’ဟုမေးပြန်သည်။’သိချင်လား’ ‘သိချင်ရင်ဆံပင်ဖြူနုတ် ပြောပြမယ်’သားကြီးမျက်နှာအီလည်လည်ဖြစ်သွားသည်။မေးမိတာ အမှားဟုယူဆပုံထင်သည်။’တကယ်တော့ရာသီဥတုဆိုတာ စင်္ကြာဝဋ္ဌာ နဲ့လဲပတ်သတ်တယ်ကွ’ အကြီးကောင်သာမကအငယ်ကောင်ရောအနားရှိတူတွေပါစိတ်ဝင်စားသွားကြသည်။ ဒိုတာမခုတ်ရလည်းအပျင်းပြေစကားနားထောင်ရတော့မည်ဟုထင်ကာ’နုတ်ပေးမယ်ပြောပြ’ ဆိုကာဇာကနာတချောင်းဆီဆွဲကာအနားသို့ရောက်လာကြလေတော့သည်။ ‘ဒါဆိုလည်းအပြင်မှာသွားမယ်ကွာလင်းလင်းကျင်းကျင်းနဲ့’ ဆိုပြီးအပြင်ဘက်ထွက်ကာ သူတို့ကဆံပင်ဖြူနုတ် ကိုယ်ကစကားပြောနှင့်ဟန်ကြ နေလေသည်။ ရာသီဥတုဆိုတာကြီးကိုအဓိကဖြစ်စေတာကဘာလည်းဆိုတော့နေမင်း ကြီးကြောင့်ပေါ့။နေမင်းဆိုတာကလည်းစင်္ကြာဝဋ္ဌာကြီးရဲ့အစိတ်အပိုင်းတခုပဲ။ဒီစင်္ကြာဝဋ္ဌာ မှာနေအဖွဲ့အစည်းဆိုတာတွေအများကြီးရှိတယ်လို့ယူဆကြတယ်။ခုသားတို့မြင်နေရတဲ့နေ ကအဖေတိုှုနေထိုင်တဲ့ကမ္ဘာဂြိုလ်ကြီးကိုသူရဲ့ပါဝါနဲ့လှမ်းဆွဲတယ်။ကမ္ဘာကလည်းသူထက်ပါဝါ ကြီးတဲ့နေမင်းဆွဲတာကိုမလွန်ဆန်နိုင်ဘူး။ဒါပေမဲ့စွမ်းအားရှိသလောက်ရုန်းထွက်တယ်။ ဆွဲတယ် ရုန်းတယ် ။ အဲဒီလိုကနေကမ္ဘာကနေဆီကိုမရောက်ပဲအကွာအဝေးတခုထိ ကိုရောက်သွားတယ်။ဆွဲတယ်ရုန်းတယ်ကနေ လူပ်ရှားမူ့တခုနဲ့တန့်နေရတယ်။ဒါပေမဲ့ လဟာနယ်ဆိုတော့ဒီးအတိုင်းမတန့်ပဲနေကိုကမ႓္ဘာကပတ်သလိုဖြစ်သွားတယ်။ ဒါကအလိုအလျောက် ကမ္ဘာကနေကိုပတ်နေတာမဟုတ်ဘူးဆိုတာသိစေချင်လို့ပြောတာနော်။သက်ရောက်မူ့ တခုဆီတိုင်ကနေတန်ပြန်သက်ရောက်မူ့သဘောတရားတခုပေါ့ကွာ။ အဲနေဆိုတာကလည်း အလွန်ပုူပြင်းစွာတောက်လောင်နေတဲ့အမျိုးအမည်တိတိကျကျမသိနိုင်တဲ့အရာကြီးပေါ့ကွာ။ ကမ္ဘာကြီးဆိုတာကလည်းမိမိမှာရှိတဲ့ကိုယ်ပိုင်ဆွဲအားတွေနဲ့အနားမှာရှိတဲ့အရာတွေကိုစင်္ကြာဝ ထဲကနေပြန်ဆွဲတယ်။အဲဒီမှာညအချိန်မင်းတို့မြင်နေရတဲ့လကိုရတယ်။ဒါပေမဲ့ခုနကနေနဲ့ကမ္ဘာ လိုမဟုတ်ပြန်ဘူး။လကပါဝါကနည်းတယ်။ကံကောင်းတာကကမ္ဘာကအနားထိဆွဲနိုင်တဲ့ပါဝါမရှိပြန်ဘူး။ နေကိုတုန့်ပြန်ရ လကိုလည်းဆွဲရ။ပါဝါကခွဲသုံးနေရတာကိုး။ကမ္ဘာကနေကိုပတ်တဲ့အရှိန်ရဲ့သက်ရောက် မူ့ကြောင့်အဟုန်တခုဖြစ်လာပြီးလက ကမ္ဘာကိုပြန်ပတ်သလိုဖြစ်ပြီး လက ကမ္ဘာကိုပတ်တယ်။ […]


Wai Aung Chan MyoJune 11, 20131min5266
“Plant never eat, but they drink” ဆိုတဲ့ စကားအတိုင်း အပင်တွေဟာ အစိုင်အခဲတွေကို မစားနိုင်ပါဘူး။ ရေသောက်မြစ်၊ အစာသောက်မြစ်တွေကတဆင့်သော်၎င်း၊ အရွက်တွေမှာ အဓိကရှိတဲ့ stoma လို့ခေါ်တဲ့ အပေါက်တွေက တဆင့်သော်၎င်း အပင်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို စုပ်ယူပါတယ်။ (မှတ်ချက်၊ အရွက်မျက်နှာပြင် အပေါ်နဲ့အောက်မတူတဲ့ အရွက်များအတွက် အောက်မျက်နှာပြင်မှာ stoma အပေါက်တွေ ၉၅%ရှိပြီး အပေါ်မျက်နှာပြင်မှာ ၃%နဲ့ အပင်ရဲ့ကျန်နေရာများမှာ ၂%ရှိပါတယ်။ သစ်မွှေးဟာ အပေါ်နဲ့အောက် မျက်နှာပြင် မတူညီတဲ့အတွက် ရွက်ဖြန်ဆေးဖြန်းရာမှာ အောက်မျက်နှာပြင်ကို ဖြန်းမှသာ ပိုထိရောက်ပါတယ်။) ဒီတော့ အရည်ပဲ သောက်သုံးနိုင်တဲ့ အပင်တွေကို နောက်ချေးကဲ့သို့သော အစိုင်အခဲ မြေဩဇာများကို ကျွေးရာမှာ အဓိက သတိပြုသင့်တာကတော့ ရေများများလောင်းပေးဖို့ပါပဲ။ ဒါမှ […]


Mr WorldWideJune 10, 20131min2542
သုတေသီများသည် ဦးနှောက်မှလာသော လျပ်စစ်စွမ်းအင်ကိုအသုံးပြုကာ ရဟတ်ယာဉ်ပျံသန်းမှုကို ထိန်းချုပ်၍ အတားအဆီးများအား ရှောင်ကွင်းမောင်းနှင်ပြသခဲ့ပါသည်။ အစမ်းသရုပ်ပြပွဲ၌ စိတ်စွမ်းအင်ကို လျပ်စစ်စီးကြောင်းများအဖြစ် ပြောင်းလဲအသုံးပြု၍ စမ်းသပ်မောင်းနှင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့မောင်းနှင်ရန်အတွက် ဦးနှောက်မှ စွမ်းအင်ကိုပြောင်းလဲပေးသည့် ဦးထုပ်တစ်မျိုးအား ဆောင်းထားရန်လိုအပ်ပါသည်။   ယခုစမ်းသပ်မှုသည် အခြားသော လုပ်ဆောင်မှုများကဲ့သို့ပင် ဦးနှောက်မှလာသော စွမ်းအင်စီး ကြောင်းများကို နားလည်နိုင်ရန်အတွက် အီလက်ထရောနစ်စနစ်များအား လေ့ကျင့်ပေးရန် လိုအပ်ပါသည်။ စမ်းသပ်မှုတွင် ဘယ်ဘက်လက်အား ဆုပ်ကိုင်လိုက်ပါက လေယာဉ်၏ ရွေ့လျားမှုသည် ဘယ်ဘက်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ ယခုအခါ ဝှီးချဲလ်ထိုင်ခုံများကိုလည်း စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်ခြင်းများ ပြုလုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ဦးနှောက်မှ ထိန်းချုပ်နိုင်သော အကွာအဝေးအတွင်းတွင် မည်သည့်အရာကိုမဆို အသုံးချနိုင်လိမ့်မည်ဟု ယခုအဖွဲ့အား သုတေသနပြုလုပ်ခဲ့သူ ပရောဖက်ဆာ ဘင်မှဆိုသည်။ ယခုနည်းပညာနည်းတူ ဆမ်ဆောင်းမှလည်း စိတ်ဖြင့်ထိန်းချုပ်နိုင်သော Tablet အား ထုတ်လုပ်ခဲ့ပြီးပြီဖြစ်သည်။ […]