မျိုးစောင့် အုပဒေကြမ်းကို အောက်လွှတ်တော်မှာ လွှတ်အမတ် အများစုမဲနဲ့ အတီပြုလိုက်ကြောင်း မနေ့ဂ ဖတ်ရတယ်။ အန်အယ်လ်ဒီက လွှတ်အမတ် အာလုံး ထောက်ခံမဲပေးသတဲ့။ ကြားနေလို့ ရလျက်နဲ့ ဘာကြောင် ရက်ဆား လုပ်ရသလဲ.. နားမီလည်။ ကျောင်းသားသပိတ် အကြမ်းဖက် နှိမ်နင်းခံရတယ်.. လွှတ်တော်ထဲ ဘာသံမှ မထွက်၊ လက်ပံတောင်း အရေးအခင်းမှာ လယ်သူမကြီးဒေါ်ခင်ဝင်းသေတယ်.. တုပ်တုပ်မျှ မှီလှုပ်.. အလုပ်သမားတွေ အဆော်ခံရတော့လည်း စောင်းငဲ့မကြည့်..။ အဲ… ထောက်ခံမဲ ပေးတာတော့ရှိတယ်၊ ဖွတ်အမတ် ဦးအောင်တောင်းကို ယူအက်စ်က မလိုလားအပ်သူစာရင်း ကြေငြာတော့ ကန့်ကွက်ကြောင်းအစို ထောက်ခံပေးသဗျ။ ခုလည်း မှောက်ခံ (မှားလို့) ထောက်ခံပြန်ပီ။ အမတ်၃၅ယောက်စလုံး ထောက်ခံစိုဒေါ့ အားလုံးသဘောလား တယောက်ထဲသဘောအတိုင်း လိုက်လုပ်ပေးခဲ့သလား၊ စဉ်းစားမိအိ။ အုပဒေကြမ်းကို ဖွတ်၊ ၉၆၉နဲ့မဘသတွေ […]