Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လျှပ်တပြတ် တိုက်ခတ် Snap Tactics

လက်ပံတန်းကနေ သပိတ်စစ်ကြောင်း ပြန်ထွက်ဖို့ ကြိုးစားတဲ့ ကျောင်းသားတွေနဲ့ လုံထိန်းတွေ ထိပ်တိုက်တွေ့နေပါပြီ။ ရန်သူလုံထိန်းဖက်က အသေအချာ ပြင်ဆင်ထားတယ်၊ အင်အား ထောင်ချီရှိကြောင်း ဖဘမှာတက်လာတဲ့ သတင်းတွေအရ သိရတယ်။ ညဖက် သပိတ်စခန်းကို ဝင်စီးမည်လို့လည်း ပြောနေကြတယ်။ လုံထိန်းတွေ အင်နဲ့အားနဲ့ ပိတ်ဆို့ထားလျင် ကျောင်းသားတွေ ရှေ့ဆက်ဖို့ မလွယ်ဘူး.. လက်ရှိအနေအထား တည်ငြိမ်အောင် မနည်းကြိုးစားရမည်နဲ့တူ၏။ မြို့လူထု ဝန်းရံပေး၊ ဝိုင်းဝန်းဖောက်ထွက်ပေးမှ ရှေ့ခရီးဆက်နိုင်လိမ့်မည်။

အရေးကြီးပြီ ညီနောင်အပေါင်းတို့
အရေးကြီးပြီ ညီနောင်အပေါင်းတို့

စစ်အာဏာရှင်ဖက်က သွေးတိုးစမ်း ရှေ့တိုးနေတယ်လို့ မြင်တယ်။ အခြေအနေကောင်းလျင် သပိတ်တပ်ကို ဖြိုခွင်းဖို့အထိ ကြိုးစားလိမ့်မည်။ ကျောင်းသားဖက်က ပျော့သွားတာနဲ့ အပြတ်လုပ်မှာမို့ ကိုယ့်ဖက်က တင်းခံနိုင်ဖို့ အရေးကြီးသည်။ ပိုအရေးကြီးတာ ပိတ်ဆို့မခံနေဘဲ ဖောက်ထွက်နိုင်မှ ဖြစ်မည်။ သေချာတာတောင် ဆုတ်ပေးလိုက်တာနဲ့ အတင်းလိုက်တိုက်တော့မည်။ လူထုနှင့်ဘုန်းကြီးများ လက်ပိုက်ကြည့်မနေ ယူဆပါ၏။ နောက်ဆုံး တက်လာတဲ့ သတင်းအရ ကျောင်းသူတွေ အရိုက်ခံရ ဆံပင်စောင့်အဆွဲခံရတယ်။

လက်ပံတန်းမှာ သပိတ်တပ်သား ကျောင်းသူကိုရိုက်တဲ့ လုံထိန်း
လက်ပံတန်းမှာ သပိတ်တပ်သား ကျောင်းသူကိုရိုက်တဲ့ လုံထိန်း

ရန်ကုန်မြို့တွင်း တိုက်ပွဲ နည်းဗျူ ဟာ အရေးပါလာပြီ။ ဘယ်လို တုံ့ပြန်မလဲ.. အယင်တခါလို စစ်ကြောင်းအသွင် ချီတက်တာလဲတက်…။ ထပ်လုပ်ရမှာ မြို့တွင်းပျောက်ကျား နည်းဗျူ ဟာ… မြို့တွင်း လူစည်ကားရာ နေရာအနှံ့မှာ ကြေငြာချက်စာတွေကြဲ၊ လူထုကိုရှင်းပြတဲ့ လျှပ်တပြတ် တိုက်ပွဲတွေ ဆက်တိုက်လုပ်ပါ။ လူလေးငါး ဆယ်ယောက် အဖွဲ့လေးတွေ ဖွဲ့လှုပ်ရှား။ အချိန်သိပ်မကြာစေနဲ့… စာထုတ်ဖို့ အချိန်မရ ကြွေးကြော်သံတွေနဲ့ လူထုကို အသိပေး၊ ပူးပေါင်းဖို့ ဖိတ်ခေါ်။ မျက်နှာ မဖော်နဲ့ လက်ကိုင်ပုဝါစည်း လှုပ်ရှားပါ။ ဖြစ်နိုင်လျင် ညဖက် အိမ်ပြန်မအိပ်နဲ့။ နောက်တနေ့ နေရာပြောင်းလုပ်ရမည်။ ကိုယ့်နယ်မြေကိုရှောင်. ခပ်လှမ်းလှမ်း မြို့နယ်မှာ လှုပ်ရှား။ သိရမှာ တပွဲထိုး တိုက်တာမဟုတ်ဘူး။ လူထုကို အသိပေးနေတာ။ ရန်သူက  ပြောမည် ဆူပူ အဖျက်အမှောင့် လုပ်ရပ်.. ဖွင့်နေကြ ဓာတ်ပြားဟောင်း ဖွင့်လိမ့်မည်။ တန်ပြန်တဲ့အနေနဲ့ ကျောင်းသားတွေ အလျှော့အတင်း လုပ်ပေးတာ၊ နောက်ဆုံး အချက်ရှစ်ချက်နဲ့ ပြန်လှန်ညှိတောင်းဆိုတာ လူထုထဲ အရောက်ပို့။ ရန်ကုန်လူထုကို အသင့်အနေအထား ဖြစ်နေအောင် စည်းရုံးထားကြ။

လက်ပံတန်းမှာ ရဲက တားဆီးတာ ခံနေရတဲ့ သပိတ်မှောက် ကျောင်းသားတွေက ပဲခူးတိုင်း နယ်လုံဝန်ကြီးနဲ့ ညှိနှိုင်းဆဲ ဖြစ်တယ်လို့ သိရပါတယ်။

– သာယာဝတီထိလမ်းလျှောက်မယ်
– သာယာဝတီကနေ ရန်ကုန် ကားစီမယ်
– ရန်ကုန်သွားရာလမ်းမှာအလံထောင်မယ်
– ရန်ကုန်သွားရာလမ်းမှာသီချင်းဖွင့်သွားမယ်
– ရန်ကုန်သွားရာလမ်းမှာကားကိုပုံမှန်မောင်းမယ်(မနှေးမမြန်)
– ရန်ကုန်သမဂ္ဂရင်ပြင်နှင့်ရွှေတိဂုံကျောက်တိုင်မှာဂါရဝပြုမယ်
– ပြီးရင်လူစုခွဲမယ်ရဲအာဏာပိုင်တို့ကအတင်းအကျပ်ပြန်မပို့ရဘူး
– လုံခြုံရေးကားတန်းကိုခွာလိုက်ရမယ်

ဆိုတဲ့ အချက် ၈ ချက် ညှိနှိုင်း နေတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့တွင်း သပိတ်စစ်ကြောင်း ဝင်မလာနိုင်လဲ ညီနောင်ကျောင်းသားစိတ်ဓာတ် နေရာအနှံ့ရှိကြောင်းပြနိုင်လျင် ရည်ရွယ်ချက် အောင်မြင်တယ်။ တော်လှန်ရေး ရင့်မှည့်နေပြီ ရဲဘော်တို့.. ရန်ကုန်ကို သိမ်းကြ.. ကျောင်းသားထုကို အထင်သေးတဲ့ စစ်တပိုင်းအစိုးမရ အာဏာထိုင်ခုံကို လှုပ်ရမ်းခါပစ်လို်က်ကြ။

 

အရေးတော်ပုံ အောင်ရမည်… အရေးတော်ပုံ အောင်ရမည်…. အရေးတော်ပုံ အောင်ရမည်။

 

16 comments

  • Wow

    March 3, 2015 at 2:42 pm

    ဒါနဲ့ အရီးဒေါ်ပုံ အောင့်ပါဘီဒဲ့ ဘာဆက်လုပ်ရမလဲ…
    ကြောင်သတ်ပီး အောင်ပွဲခံရမားးး :mrgreen:

    • CharTooLan

      March 5, 2015 at 2:22 pm

      အူးကြောင်ထိဒါးကျိ အာတီဝေါင်း
      ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင် အူးကြောင်ဂိုထိယင် သက်မဲ
      မကျောက်နဲ့ အူးကြောင် များကယ်မယ် အားတင်းထား 😀
      (မစဲရဝူးနော် လိန်မားးးးးးးးးးးဒယ်​~) 😛

  • တောင်ပေါ်သား

    March 3, 2015 at 3:07 pm

    အဝေးက အော်မနေပဲ ခီညား လာခဲ့ပါလား

  • ခင်ဇော်

    March 3, 2015 at 3:13 pm

    သူတို့ တကယ် နှိမ်နင်းခံရတာမြင်ရင် ရင်နာတယ်။
    😥

    ဒီလောက် အင်အားကို လောက်ကိုင်ဘက်ပို့ရင် ဖုန်ကြားရှင် ငိုနေရလောက်ပြီ။
    အနောက်ဘက် စည်းရိုးကို ဒီလိုကာရင် ခိုးဝင် ဘင်္ဂါလီ မရှိလောက်ဘူးးး

    ခု ဘာမှ မပါတဲ့ လက်နက်မရှိတဲ့ ကလေးတွေ ကို သေဟ သတ်ဟ လုပ်နေသူတွေ …
    သူတို့ သားသမီးတွေ လက်ထက် ဒီ အပူမျိုး ခံစားရပါစေ။

    😥

  • kai

    March 3, 2015 at 5:00 pm

    အကြမ်းဖက်တဲ့ဖက်က ..အရှုံးဟေ့…။ :k:

  • Ma Ma

    March 3, 2015 at 6:52 pm

    ကိုယ့်စိတ်နဲ့ နှိုင်းရရင်…
    ငယ်ငယ်ကတည်းက လူကြီးတွေက မလုပ်နဲ့ ရိုက်မယ်ဆို အသားနာမခံဘူး။ မလုပ်ဘူး။

    စာမဖတ်ရင် ရိုက်မယ်ဆိုရင် စာဖတ်တယ်။ အိပ်ပျော်သွားကာမှ သွားရော။ အသားတော့ အနာမခံဘူး။

    ကိုယ့်အသားကို ကျန်းမာရေးအတွက် အပ်သေးသေးလေးနဲ့ ထိုးတာကအစ ကြောက်တယ်။ :'(

  • naywoon ni

    March 3, 2015 at 7:33 pm

    ကွန်​မြူနစ်​​ကြောင်​နဲ့ လာ​တွေ့​နေရပြန်​ဘာဘီ 🙂

  • မြစပဲရိုး

    March 4, 2015 at 12:53 am

    ကြောင်စုတ် အဝေးကနေ ညောင် မနေနဲ့။
    ဒီ အစိုးရ ဒီလောက်မတုံးတော့ဘူး။
    အပစ်အခတ် လုပ်ပြီး အကြမ်းမဖက်ဘူး။
    ဖြစ်နိုင်ရင် ဒီကလေး တွေ ကို တောင် ဆုချ ချင်နေမှာ။
    လောင်းမလား။
    ဒီအချိန် သူတို့ နာမည်ဆိုး ယူဖို့ မဟုတ်ဘူး။
    နာမည်ကောင်း ယူပြီး တစ်ဖက် ကို အပုပ်ချဖို့ ဂွင်ဖန်နေတာ။
    ကြည့်ပါ။
    မကြာခင် မင်းသား လုပ်ပြပါလိမ့်မယ်။

    တကယ်က ကျုပ်တို့ရဲ့ ဘုရင်မ ကို ပူးသတ်ဖို့ လုပ်နေတာ။
    ကျောင်းသား ဆိုတာတွေကလဲ သိသိ နဲ့ ဝင်တိုး နေတာမို့ စေတနာမမှန်တဲ့ ပွဲ ဘဲ။
    ၈၈ နဲ့မတူဘူး။
    မနှိုင်းနဲ့။
    နာတယ်။

    တဖြုတ်ထ ဉာဏ်မပါတဲ့ အရေခြုံ ဥပဒေ က လဲ ပေးတောင် အလုပ်ဖြစ်မှာ မဟုတ်ဘူး။
    ဒါကိုရော လောင်းမလား။
    ကလေးများ ထက် နောက်က သွေးထိုးနေတဲ့ အသက်ကြီးပြီး ငါစွဲစွဲ နေသူများ ဟာလဲ စစ်အစိုးရ လို စိတ်ဓာတ် အတူတူ တွေ ပါဘဲ။
    ကိုယ့်ဘို့ဘဲ ကြည့်တတ်တဲ့ တစ်ကိုယ်ကောင်းသမားတွေ။
    ဒီ သပိတ် အားပေးသူ တွေထဲ အစိုးရ က ပစ်ပါစေ၊ ခတ်ပါစေ၊ အကြမ်းဖက်ပါစေ ဆုတောင်းနေသူ တွေ ရှိနေမလား တောင် မှန်းမိတယ်။
    အဲလို မလုပ် မှာ စိုးနေတာ နေမှာ။

  • kai

    March 4, 2015 at 5:04 am

    ကျောင်းသားတွေလုပ်တာ.. မှန်ချင်မှန်မယ်..။ မှားချင်မှားမယ်..။
    ဒါပေမယ့်.. ချီတက်နေသူတွေက.. သူတို့အပေါ်သက်ရောက်နေတဲ့.. ပညာရေးဥပဒေက.. မသင့်တော်ဖူးထင်လို့.. သပိတ်မှောက်ကြတာဖြစ်ပါတယ်….။

    တယောက်မဟုတ်.. ၂ယောက်မဟုတ်.. အုပ်စုကြီးပြီး.. အတိုင်းအတာက.. တနိုင်ငံလုံးသွားနေတာမို့..
    အင်အားများတယ်ဆိုရပါမယ်..။

    ပြောချင်တာက..
    ကျုပ်ကတော့.. သူတို့ရဲ့.. မကျေနပ်တာရှိရင်.. အကြမ်းမဖက်သပိတ်မှောက်ဆန္ဒပြခြင်းဆိုတဲ့ အပြုအမှုကို ထောက်ခံသဗျ…။
    ဆန္ဒပြကြရတဲ့.. ပညာရေးဥပဒေပြင်ရေးကတော့.. ကျုပ်နဲ့တိုက်ရိုက်မဆိုင်သမို့.. လောလောဆယ်…မဝေဖန်လို…။

    ဒေါ်စုကတော့.. အောက်ကအတိုင်းပြောထားသဗျ…။
    ဒါလည်းထောက်ခံတာပဲ.။ သူကသူ့အလုပ်သူလုပ်တာမို့ပါ…။
    ပုံမှန်အတိုင်းဆိုရင်တော့.. ယူအက်စ်မှာ သမ္မတအိုဘားမားကအစ.. သူ့အမိန့်..သူလုပ်ချင်တာတွေကို ဥပဒေပြုခိုင်းဖို့.. ဥပဒေကြမ်းကိုကွန်ဂရက်ကိုတင်တဲ့အခါမှာ.. . ကွန်ဂရက်နဲ့.. ဆိုင်ရာနယ်ကအမတ်တွေကို.. လူထုကဖိအားပေးကြဖို့.. ဥပဒေအဖြစ်ပြုခိုင်းကြဖို့တောင်းဆိုလေ့ရှိပါတယ်..။

    လွှတ်တော်အပေါ် ဖိအားမပေး ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော
    2015-03-02

    အမျိုးသားပညာရေးဥပဒေ ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို လွှတ်တော်မှာ အတည်ပြုဖို့အတွက် ဖိအားမပေး ဘဲ ဆွေးနွေးညှိနှိုင်းသင့်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်မြို့ က တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေကို ပြော ကြားလိုက်ပါတယ်။

    ပြည်နည်းပညာတက္ကသိုလ်၊ ပြည်ကွန်ပျူတာ တက္ကသိုလ်နဲ့ ပြည်ဝိဇ္ဇာ-သိပ္ပံတက္ကသိုလ်တွေက ကျောင်း သား ကျောင်းသူ ၄၅ ယောက်နဲ့ ပြည်မြို့ မင်္ဂလာဥယျာဉ် ခန်းမမှာ ဒီနေ့မနက်တွေ့ဆုံခဲ့စဉ် ပြောတာဖြစ်တယ် လို့ တွေ့ဆုံပွဲကိုတက်ရောက်ခဲ့တဲ့ ပြည်နည်းပညာ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုသန့်စင်ထွန်းက ပြောပါတယ်။

    “အန်တီက အဓိကပြောတာက လွှတ်တော်ကို ဘယ်နှစ်ရက်အတွင်း အပြီးလုပ်ရမယ်ဆိုတဲ့ ဖိအားပေးမှုမျိုးကတော့ မသင့်တော်ဘူးလို့ပြောတယ်၊ ဥပဒေတစ်ခုဟာ အမြန်ဆုံးဖြစ်လာတယ်ဆိုတာထက် အကောင်းဆုံးဖြစ်အောင် ဆွေးနွေးညှိနှိုင်းအဖြေ ရှာပြီးတော့ ဥပဒေတစ်ခုပြဌာန်းတာက ပိုပြီးတော့သင့်တော်တဲ့ ဥပဒေဖြစ်လိမ့်မယ်လို့ အန်တီကပြောပြတယ်၊ ကျနောတို့ကို အကြံပေးသွားတာက လွှတ်တော်ထဲက ဘယ်နှစ်ရက်အတွင်းမှာ အပြီးပေးရမယ်ဆိုတဲ့ပုံစံမျိုးဟာ ဒီမိုကရေစီမဆန်ဘူးလို့ ပြောသွားတယ်”

    အမျိုးသားပညာရေးဥပဒေ ပြင်ဆင်နိုင်ဖို့အတွက် နိုင်ငံတကာပညာရှင်တွေရဲ့ အကူအညီတွေရရှိအောင် ဆောင် ရွက်ပေးမှာဖြစ်ပြီး လွှတ်တော်ရဲ့လုပ်ငန်းစဉ်တွေကို စောင့်ကြည့်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

    ပြည်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုသန့်စင်ထွန်းကို RFA သတင်းထောက် မစန်းမော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

    အဲဒါလေး..။ :k:

    • ​နောက်​လိုက်​​ကျောင်​းသား​တွေ မဆင်​ခြင်​တတ်​​သေးတဲ့အရွယ်​ပါ ဖြူစင်​ပါတယ်​
      ဘာမှကို နားမလည်​တဲ့လူ​တောင်​ပါနိုင်​တယ်​။
      နားမလည်​တာ နဲ့ သံသယဝင်​တာက သပိတ်​အစနဲ့ ​ခေါင်​း​ဆောင်​တစ်​ချို့
      အစိုးရက​တော့ ထည်​့ကိုမ​ပြော​တော့။

  • kai

    March 4, 2015 at 6:20 am

    ပင်မသပိတ်စစ်ကြောင်းက အချက်ရှစ်ချက်ကို သဘောထားကြေညာချက်အဖြစ် ထုတ်ပြန်ခဲ့သည်။
    (၁) ပင်မသပိတ်စစ်ကြောင်းသည် မတ် ၃ ရက် နံနက်ပိုင်းတွင် လက်ရှိ တည်းခိုနေသော လက်ပံတန်းမြို့ အောင်မြေဗိမာန်ကျောင်းတိုက်မှ သာယာဝတီမြို့နယ်အထိ လမ်းလျှောက် ချီတက်မည်၊ ချီတက်ရာတွင် သပိတ်ပုံစံဖြင့် ချီတက်မည်၊ ကြွေးကြော်သံများဖြင့် ချီတက်မည်၊

    (၂) သာယာဝတီတွင် ညအိပ်နားနေပြီး နောက်နေ့နံနက်တွင် ရန်ကုန်သို့ ထွက်ခွာမည်၊ ရန်ကုန်သို့ ချီတက်ရာတွင် လမ်းလျှောက် ချီတက်မည်မဟုတ်ဘဲ ကားဖြင့်သွားမည်၊

    (၃) ရန်ကုန်သို့ ချီတက်သည့်ကားများတွင် သမဂ္ဂခွပ်ဒေါင်းအလံကို လွှင့်ထူသွားမည်၊

    (၄) ချီတက်သည့် ကားများတွင် လမ်းတစ်လျှောက်ဖွင့်လာသော သီချင်းများအား ဖွင့်သွားမည်၊

    (၅) ရန်ကုန်သို့ သွားမည့်ကားများအား အမြန်မောင်းနှင်မည် မဟုတ်ဘဲ ပုံမှန်အတိုင်း မောင်းနှင်မည်၊

    (၆) ရန်ကုန်သို့ရောက်ရှိပါက ရွှေတိဂုံရင်ပြင်တော်ပေါ်ရှိ ပထမကျောင်းသားသပိတ် ဖြစ်ပွားချိန်တွင် အထိမ်းအမှတ်အဖြစ် စိုက်ထူထားသော ကျောက်တိုင် (သို့မဟုတ်) ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ သမဂ္ဂရင်ပြင်ရှိ ဗိုလ်အောင်ကျော်ကျောက်တိုင်သို့ လည်းကောင်း သွားရောက်မည် ဖြစ်သည်၊

    (၇) အဆိုပါနေရာများသို့ ရောက်ရှိပါက အချိန်တိုအခမ်းအနားတစ်ခု ပြုလုပ်မည်၊

    (၈) ယင်းကဲ့သို့ အစီအစဉ်များ ပြီးဆုံးပါက မိမိတို့အစီအစဉ်ဖြင့် လူစုခွဲပြီး နေရပ်အသီးသီးသို့ ပြန်မည်ဟူ၍ ပါဝင်သည်။

  • Wow

    March 4, 2015 at 6:58 am

    အူးသေးစိန်နဲ့ဒေါ်စု အစည်းအဝေးလုပ်နေတာ ကျောင်းသားကိစ္စလို့ပြောဂျဒယ်..
    ပြည်မှာလဲ ကျောင်းသားတွေနဲ့ဒေါ်စုတွေ့ပြီး ဆွေးနွေးခဲ့သေးတယ်…

  • ရာမည

    March 4, 2015 at 2:31 pm

    ရဲတွေမှာလည်း ကျောင်းတက်နေတဲ့သားသမီးတွေရှိပါတယ်ဗျာ
    ရဲ တွေရတဲ့လစာက ဦးကျောင်ရီးဖိနပ်ဖိုးတောင်မရှိပါဘူးခင်ဗျာ

  • Alinsett@Maung Thura

    March 4, 2015 at 3:19 pm

    .လောလောဆယ်တော့…တက်လာသမျှ သတင်းတွေ လိုက်ဖတ်ပြီး.. ရင်ထဲ…လေးနေပါရော…

    ဟူးးး

  • မြစပဲရိုး

    March 5, 2015 at 12:27 am

    စဉ်းစားနေတာပါ။
    ရန်ကုန် ထဲ က ကျောင်းသား တွေ အားလုံးလဲ ရန်ကုန် အပြင် ကိုရောက်နေကြတယ်ထင့်။
    အထဲ က ဘယ်သူမှ မလှုပ်လို့။
    🙄

  • အဲ့ဥပဒေကြမ်းပြင်ပြီးသွားရင် သပိတ်မှောက်တဲ့ ကျောင်းသားတွေက ဆရာပြန်လုပ်ပြီး စာသင်ကြမှာလားဟင်င်…

Leave a Reply