ဇာတ်လမ်းများလား ကံဇာတ်ဆရာရေ
( ကျွီ ကျွီ ဒုန်း )
ဘရိတ်အုပ်သံ ကားဘော်ဒီချင်းတိုက်မိသံတို့နဲ့အတူ ကျနော့်ကိုယ်ပေါ် ပစ်ကျလာတာက
အိစက်နွေးထွေး မွှေး နေတဲ့ ခန္ဓာကိုယ်တစ်ခု ၊
ရုတ်တရက် သူ မထနိူင် ၊ သူ့မျက်နှာက ကျနော့်ပါးပေါ်မှာ ၊ ကျနော်ကလည်း မလှုပ်ရှားဖြစ် ၊
နောက်တော့ ကန်တော့နော် ကန်တော့ နွယ် တောင်းပန်ပါတယ် ဆိုတဲ့အသံလေး ထွက်လာပြီး သူ ကြိုးစားပြီး ရပ်လိုက်ရှာတယ် ၊
ကျနော် သူ့ကိုမော့ကြည့်တော့ ဒီမျက်နှာ ဒီယူနီဖေါင်း ၊ ဪ ငါတို့ အမ်အိုင်စီတီဝင်းထဲကပဲ ၊
ဒီလိုဗျ ဒီမနက် ရုံးအလာ ၂၂၆ ကားပေါ်မှာ ဒီလိုဖြစ်ခဲ့တာ ၊
ကားက အရှိန်တင်မောင်းနေချိန် သုခ နဲ့ သံလမ်းကြား ကွန်ဒိုကြီး ဆောက်နေတဲ့နားမှာ ဖြတ်ဝင်တဲ့အုတ်သယ်ကားနဲ့ ငြိတာ ၊
သိပ်အများကြီးထိသွားတာ မဟုတ်ပေမယ့် သူမှန် ကိုယ်မှန် ရှင်းနေကြတာမို့ ခရီးသည်တွေက နောက်ကားပြောင်းစီးဖို့ ဆင်းနေကြပြီ ၊
ကျနော်ကလည်း သံလမ်း နဲ့ နီးနေပြီမို့ ဆင်းလိုက်ပါတယ် ၊ အဲ သူလည်းဆင်းလာတယ် ၊
( ဦး ဟင်းတွေစွန်းသွားပြီ ) လို့ပြောမှ ကြည့်မိတော့ စတစ်ကော်လံအဖြူမှာ ဆီတွေစွန်းနေတာ တွေ့မိတယ် ၊
( ရပါတယ် ရုံးရောက်ရင် လဲလို့ရပါတယ် ၊)
( ဟုတ်လို့လား ဒါနဲ့ ဦးက အမ်အိုင်စီတီ ကပဲ မဟုတ်လား နွယ်မြင်ဘူးတယ် ၊)
( ဟုတ်ပါတယ် အဆောင် ၄ ကပါ ၊ နွယ်က အဆောင် ၃ ကမဟုတ်လား ၊)
( ဟင် ဦး ဘယ်လိုသိလဲ ? )
( ဒီယူနီဖေါင်းက အဆောင် ၃ က – – – ကုမ္ပဏီ ယူနီဖေါင်းလေ ၊ )
( ဪ အင်း ဟုတ်တယ် ၊ ဦး ဘယ်မှာ နေတာလဲ ဟင် ၊)
( လှည်းတန်းဘက် မှာပါ ၊ နွယ်က ဆင်ရေတွင်းက မဟုတ်လား ၊)
( ဟင် ဦး ဘယ်လို သိတာလဲ ? )
( ဪ ဒီလိုပဲ သိတာပေါ့ ၊ )
သူ တော်တော်အံ့အားသင့်သွားပုုံပဲ ၊ အဲဒီအချိန်မှာ ကျနော် ရုံးလာတိုင်း ထိုင်နေကျ လှိုင်မင်းကဖီးကို ရောက်လာတယ် ၊
သူ့ကို ခေါ်တော့ အားနာပုံလေးနဲ့ လိုက်လာတယ် ၊
နှစ်ယောက်တွဲ ဝင်လာတဲ့ ကျနော့်ကို သိနေတဲ့ စားပွဲထိုးလေးက ဆရာ တစ်ယောက်တည်း မဟုတ်တော့ဘူးလား
လို့ နောက်ဖြစ်အောင် နောက်သေးတယ် ၊ ကျနော်က ထုံးစံအတိုင်း လဘက်ရည် ကျဆိမ့် ၊ သူက ကော်ဖီမစ် ၊
( ဦး စွန်းနေတာကြီးက တကယ် ရပါတယ်နော် )
( ဪ ရပါတယ်ဆိုမှ ၊ ဒါနဲ့ အောင်မြေသာစည်အိမ်ရာမှာ နေတာမဟုတ်လား ၊ )
( ဟင် ဦးက အကုန်သိနေတာပဲ ၊ )
အမှန်တော့ ရုံးအပြန် တစ်ခါတစ်လေ သူ နဲ့ ဆုံဘူးတယ် ၊ သူ ဆင်ရေတွင်းမှာ ဆင်းတာ မြင်ဘူးတယ် ၊
ရုုံးအလာ သူ ဆင်ရေတွင်းက တက်တာကိုလည်း မြင်ဖူးလို့ပါ ၊
ပြီးတော့ မိုးမေတ္တာဆေးရုံ ရှိတဲ့လမ်းထဲ ဝင်သွားတာ မြင်ဘူးတယ် ၊ အဲဒီလမ်းထဲမှာ လုံးချင်းအိမ်ရာတွေ ၊
အဲဒီကလို့ စိတ်ထဲမထင် ၊
အဲဒီတော့ အဲဒီလမ်း ဟိုဘက်က အောင်မြေသာစည်အိမ်ရာက တိုက်ခန်းတွေဘက်ကလို့ မှန်းလိုက်တာ ၊
ဖြစ်ချင်တော့ ဒဲ့ တိုးသွားတယ် ၊
သူ့ပုံစံက မြင်လိုက်တာနဲ့ အရမ်းလှတာပဲ ဆိုတဲ့ ပုံစံမျိုး မဟုတ်ဘူး ၊
အသားက နည်းနည်း ညိုချင်တယ် ၊ ဒါပေမယ့် ကျနော့်ထက် ဖြူတယ် ၊
ထူးခြားတာက ရိုးသားတဲ့ မျက်လုံးလေးတွေ ၊
စကားပြောပုံ လေယူလေသိမ်းက ရန်ကုန်လေသံ မဟုတ် ၊
( နယ်ကနေ လာ အလုပ်လုပ်တာလား ? ) နောက်တစ်ချက် ထပ်ပစ်လိုက်တယ် ၊ ဒီတစ်ခါလည်း ဒဲ့ပဲ ၊
( ဦး ဘယ်လိုသိလဲ ) တဲ့ ၊
အင်းးး ဟုတ်သား ငါသိတာ အတော်များနေပြီပဲ ၊
သူ့မျက်လုံးထဲမှာ ကျနော့်ကို အတော်စူးစမ်းနေသလိုပဲ ၊ အင်းလေ ကျနော်က လျှောက်သိနေတာကိုး
၊နောက်တော့ သူက မြန်အောင်ကြံခင်းဘက်ကဆိုတာရယ် အဆောင်မှာ နေတယ်ဆိုတာပါ သိခဲ့ရပါတယ် ၊
( နောက် တွေ့ရင် ဘယ်လိုခေါ်ရမလဲ ? နွယ် လို့ပဲ ခေါ်ရမလား )
( ရပါတယ် ) တဲ့ ၊
ရုံးတက်ချိန် နီးနေပြီမို့ ဆိုင်က ထ ၊ ဝင်းထဲအတူလျှောက်လာ ၊
အဆောင် ၄ နဲ့ အဆောင် ၃ က ကပ်ရက် ၊
အင်းးးးး ၃ နဲ့ ၄ လိုတော့ မဖြစ်ပါစေနဲ့လို့ ဆုတောင်းရအောင်ကလည်း ဒါဟာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာမှာမို့လား ၊
ဗျို့ ကံဇာတ်ဆရာ ဒါ အစလား ကျုပ် သိချင်သဗျာ ၊ ကျီစားတာမျိုး ဆိုရင်တော့ ခင်ဗျား သေပြီ မှတ် ၊
35 comments
ခင်ဇော်
March 3, 2015 at 3:17 pm
ငင် 🙄
ဟယ် 🙄
အို တစ်ပင်တည်း ရင်ထဲက နွယ်~~~
ရစ်ပတ်တွယ်ဆဲ~~
:k:
တောင်ပေါ်သား
March 3, 2015 at 3:21 pm
ဘာဆိုဘာမှ မထင်ရသေးဘူးကွယ်
ပျဉ်ဘိုးတွေ နားလည်ရတာလည်း အကြိမ်ကြိမ် အခါခါ 🙁
sorrow
March 3, 2015 at 3:51 pm
စစချင်း နွယ်ပလိုက်လို့မရသေးဘူးလေ.. သမီးလောက်ပဲခေါ် … သူပြောတာတာပဲနားထောင်..အကြံပေးတဲ့ပုံစံနဲ့ တစ်ခွန်းတလေထောက်ပေး…အရက်သောက်တယ်..အိမ်ထောင်ပျက်..ကလေးသုံးယောက် သွားမပြောလိုက်နဲ့ ဦးနော်…. အနီးကပ်ရအောင်အရင်လုပ်..ပြီးမှတဆင့်ချင်းလုပ်ပါ ဆရာရဲ့ ..မပူနဲ့ .ကချင်တွေနားနေပြီး ခုထိ ခြုံခိုမတိုက်တတ်သေးဘူး …အဟိဟိ
တောင်ပေါ်သား
March 3, 2015 at 3:58 pm
နုထွားရေ
နီကသာ မြှောက်နေ
ဘာမှသိပ်သိရသေးတာမဟုတ်
ကိုဘလက်ကားကိုတော့ ရယ်ဒီလုပ်ခိုင်းထားနော် 🙂
ဂျက်စပဲရိုး
March 3, 2015 at 4:13 pm
ဦးနဲ့ သမီး ဆိုတော့ကာ
လက်ဖွဲ့ ပြင်ထားရမလား ငပိကြော် လာပို့ရမလား
တစ်ခုခု တော့ တစ်ခုခု ပဲ 😛 😛 😛
တောင်ပေါ်သား
March 3, 2015 at 4:19 pm
သမီးဟုတ်ဘူးကွ ၊ ၂၅ လောက် လို့ မှန်းမိတယ် ၊
ငပိကြော် ကြိုက်ဘူး 🙂
ဂျက်စပဲရိုး
March 3, 2015 at 4:50 pm
ဦး က သာမိ ကို သတိ ထားမိနေတာ ကြာဘာဘီ။
အာ့ကြောင့်မို့ သာမိ ဘယ်မှာနေ ဘာ အလုပ်လုပ် ဘယ်ချိန်ပြန် ဘယ်နေ့က ဘာလေးဝတ်လာတယ် (ယူနီဖောင်း ပဲကို) စတာတွေ ကို အမြဲ မှတ်မိနေတာပေါ့ကွယ် ဆိုပြီး စ လိုက်တော့ အာဟိ အာဟိ အာဟိ….
တောင်ပေါ်သား
March 3, 2015 at 4:53 pm
အေးပါ နီ မြှောက်ပေးတာနော်
ဒီညနေ မှတ်တိုင်မှာ ဆုံမယ်ထင့်
ဂျက်စပဲရိုး
March 3, 2015 at 4:59 pm
စေတနာ တွေပါလေ။
ဟို တဂျားလေး ပြောသလိုဆို chance တော့ ရောက်လာပြီ choice သာ လုပ် လိုက်ပေရော့
•*¨နန်းတော်ရာသူ •*¨
March 3, 2015 at 4:47 pm
ရေးးး
ဒီခါနွှယ်ဖြစ်သွားပြီကွ
🙂
တောင်ပေါ်သား
March 3, 2015 at 4:54 pm
🙂
kai
March 3, 2015 at 5:04 pm
အနောက်တိုင်းဆန်ဆန်.. ဇတ်လမ်းလေးလုပ်ပါဗျို့…။
မလိမ်ကြေး.. မညာကြေး.. (ကိုယ့်ကိုယ်ကိုယ်) :k:
sorrow
March 4, 2015 at 1:54 pm
ကျော်လေ…လေယဉ်မယ်လေးကို အလွန်ကြွေဗျ… သူကလဲအင်းမလုပ်အဲမလုပ်..စိတ်မရှည်တာနဲ့.တရက်သားချစ်တယ်ကွာ ဆိုပြီး ရင်ဘတ်ထဲဆွဲထည့်ပစ်တာ လူမြင်ကွင်းမှာ..မတောင်းပဲအဖြေရရော. သူဘာဆိုဘားမှမတတ်နိုင်…. အစ်ကိုလဲ ..ဘတ်စ်ကားမှတ်တိုင်မှာ လူရှုပ်ရှုပ်အချိန်စောင့်ပြီး အဲ့အကွက်သုံးကြည့်ပါလား… ကျော့်တုန်းကအောင်မြင်တယ်..အဟိဟိ
ရာမည
March 4, 2015 at 2:05 pm
376 – 377
ချဲဂဏန်းပေတာပါခင်ဗျာ
ဟီဟိ
sorrow
March 4, 2015 at 2:11 pm
ဒီရဲနဲ့တော့…ခက်ပြီ..အဲ့တာနဲ့ ဟိုကကြောက်ပြီးမလုပ်ရဲတာနဲ့ ..အချုပ်ထဲမရောက်တော့ဘူး ..ဖေးဖေးမမ .အရောက်ပို့မယ် မရှိဘူး…ပုဒ်မတွေနဲ့လာခြောက်နေတယ်…
အစ်ကိုမကြောက်နဲ့ …ကျော်တောင်ဘာဆိုဘားမှမဖြစ်ဘူး …ပြေလည်နေတာတွေ့တယ်ဟုတ်….အငိငိငိ
ရာမည
March 4, 2015 at 2:21 pm
ဘယ်အချုပ်ခန်းကို ပဲဝင်ဝင်
မမြင်ကွယ်ရာမှာ ၅၀၀ဝ တန်တစ်ရွက်လောက်ဆောင်ထားပါ ဦးလေးတောင်တောင်ခင်ဗျာ
အချုပ်ခန်း အဝင်ဝမှာ မျက်နှာကိုအရိုက်မခံရအောင် တန်းစီးကိုပေးလိုက်ပါခင်ည
ဟီဟိ
Mr. MarGa
March 5, 2015 at 11:17 am
အဲဒါ
အဖြူ အမည်း ရာနှုန်းပြည့် ကွဲကွဲလွဲလွဲ သိရတဲ့နည်းပဲ :mrgreenn:
naywoon ni
March 3, 2015 at 6:02 pm
ဟေ့လူကြီး ကြည့်လုပ်နော် တော်ကြာမှ
ကံဆိုးလိုက်လေခြင်း ဆိုပြီး ကံကို အပြစ်ပုံ မချနဲ့ ။ ဒါမျိုးက သိပ်လောကြီးလို့မရသလို အေးတိ အေးစက်ကြီးလည်း နေလို့မရဘူး တစ်ဆင့်ပြီးမှ တစ်ဆင့် မှန်မှန်လေးတက်သွား ကိုယ်စိတ်ဝင်စားနေတာ ဖွင့်မပြောပဲ နဲ့ သူသိအောင်လုပ် ။ အတင်းကာရော ဇွတ်ရောခိုင်းနေတာမဟုတ်ဘူးနော် ။ ကျုပ်အတွေ့ အကြုံ အရပြောရရင် သိပ်ပြီး အတင်းဇွတ်ကပ်မိတဲ့ အခါ နှစ်ရက် သုံးရက်လောက်နဲ့ ပြောစရာ စကားက ကုန်သွားပြီး ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားတတ်တယ် ။ ပြီးတော့ သူ့အကြောင်းကို သိနိုင်သမျှ သိအောင်လုပ် ။ အဲ့ဒိလို သိတာတွေကို သူအကုန်မသိစေနဲ့ဗျ ။ တစ်ချို့ကောင်မလေးတွေက စတွေ့တွေ့ချင်း သူတို့အကြောင်း တော်တော်များများသိ နေတာ သဘောမကျတတ်ဘူး ။ ပါးပါးနပ်နပ် ချဉ်းကပ်ပါဗျာ ။ ကံကောင်းပါစေ 🙂
Foreign Resident
March 3, 2015 at 6:10 pm
အားရတယ် ။ အားကျတယ်ကွယ် ။
ဟီ ဟိ ။ အိမ်က မဟေသီကသာ ခွင့်ပြုရင် ၊
ဒါမျိုး တစ်ပွဲလောက် စမ်းလိုက်ချင်သေး ။
အင်းးးးး ၊ မဟေသီကတော့ ခွင့်ပြု မယ် မထင်ဘူး ။
စည်းနဲ့ ကမ်းနဲ့ လစ်ဘရယ် ယောကျာ်း
March 3, 2015 at 6:24 pm
ဘာများလဲလို့ဗျာ
သဂျီးကိုမေးကျိ
Rush hour မှာ တိုကီယို ရထားစီးဖီလင်ဂို
🙂
မွသဲ ( 17082011 )
March 3, 2015 at 6:48 pm
ခီများသိဒါဒေအတော်များနေဘီ အရှင်ထားလို့မီဖစ်တော့ဘူး ငွင်းငွင်းငွင်း ရုပ်ရှင်ထဲမာ အိုက်လိုပေါဒါဘဲ
Kaung Kin Pyar
March 3, 2015 at 10:01 pm
အသက်က သိပ်မကွာပါဘူး အူးမျိုးရယ်။ ဟိုဆိုရိုးတောင် ရှိသေးတယ်၊ ဒွေးချိုး လေးတိုးဆို မဟုတ်လား။ ဒွေးသာချိုးလိုက်ပါ၊ လေးလဲတိုးမနေပါနဲ့တော့ အဟွတ်!
အသက်မေးလဲ ၄ဝကျော်လောက် ဖမ်းပြောလိုက်ပေါ့။ အူးမျိုးစတိုင်လ်နဲ့ဆို ယုံလောက်ပါတယ်။ (မှတ်ပုံတင်တော့ မမြင်စေနဲ့ပေါ့လေ…)
Step by step ပေါ့ အူးမျိုးရယ်။ သို့သော် အချိန်နဲ့ဒီရေသည် လူကိုမစောင့်ဆိုတာလဲ ရှိသေးတယ်။
ချ ချ!
ရာမည
March 4, 2015 at 11:45 am
နိုင်ငံရေးတွေ သိပ်မငြိမ်ဘူးခင်ဗျ
ကမာရွတ်အချုပ်ခန်းမှာ နေရာကြပ်နေတယ်ကြားမိပါတယ် ခင်ဗျာ
ဟီဟိ
သူကျေနပ်လို့ အဝှါပြုလဲ ပြုံးပြုံးပါခင်ဗျ
မကျေနပ်ချိန်မှာ အွန်လိုင်းမက်ဆေ့လေးတစ်ကြောင်းနဲ့လဲ ဦးလေးအဝှါဖစ်သွားနိုင်ပါတယ်ခင်ဗျာ
ဒဒိထားနော် မပြောမိဘူးမဖစ်စေနဲ့
အာဟိ အာဟိ
Alinsett@Maung Thura
March 4, 2015 at 2:42 pm
အဲ… ဇာတ်လမ်းလေးကပဲ… ရိုးရိုးလေးနဲ့ ဆန်းနေသလား..
ရေးထားတာလေးကပဲ..ရိုးရိုးလေးနဲ့ ဆန်းနေသလားမသိ…
ဘာတွေ ဆက်ဖြစ်လာလေမလဲ…ဆက်လက် သိချင်စိတ်…ဖြစ်မိ…
.နောက်ပိုင်း ဘာတွေ ဆက်ဖြစ်သေးလဲ..ငင်
တောင်ပေါ်သား
March 5, 2015 at 9:31 am
နုထွား ၊ ကောင်းကင်ပြာ ၊ အဘဖော ၊ အဘနီ ၊ မွသဲ
အားလုံးစိတ်ချပါ ၊ ဟိုရဲကြီးခြောက်တာလောက်က အေးဆေးပါ ၊
ကမာရွတ်က ကျုပ်နယ်မြေလေ ၊
အလင်းဆက်ရေ
ဟိုညနေက တွေ့တယ်ကွ ၊ အတူကားစီးတယ် ၊ ငါ ကားခပေးလိုက်တယ် ၊
စကားနည်းနည်းပဲ ပြောဖြစ်ပါတယ် ၊
ဒီမနက်တော့ တွေ့သေးဘူး ၊
Foreign Resident
March 5, 2015 at 1:06 pm
့တောင်ပေါ်သား says:
” ဟိုညနေက တွေ့တယ်ကွ ၊ အတူကားစီးတယ် ၊ ငါ ကားခပေးလိုက်တယ် ”
ဟဲ ဟဲ ၊ အခြေနေ ကောင်းနေတယ်ပေါ့ ။
Fighting, U Myo !!!
တောင်ပေါ်သား
March 5, 2015 at 1:13 pm
အဘဖော
သိပ်မမြှောက်နဲ့ဦးဗျ ၊ စ ရမှာ လန့်နေသလို
( လူငယ်လို ) စိတ်ကစားယုံမျိုးများ ဖြစ်နေမလား ကိုယ့်ကိုယ်ကို စဉ်းစားနေတာ ၊
ရင်းနှီးမှုကိုတော့ တည်ဆောက်နေရမှာပေါ့လေ ၊
တိုးသာ ဆုတ်သာပေါ့ 🙂
Ma Ei
March 5, 2015 at 1:14 pm
( ကျွီ ကျွီ ဒုန်း )
ဘရိတ်အုပ်သံ ကားဘော်ဒီချင်းတိုက်မိသံတို့နဲ့အတူ ကျနော့်ကိုယ်ပေါ် ပစ်ကျလာတာက
အိစက်နွေးထွေး မွှေး နေတဲ့ ခန္ဓာကိုယ်တစ်ခု ၊…..
…ဖတ်လိုက်တာနဲ့ မြင်မိတာက
…ပွင့် လောက်ကိုယ်လုံးလေးနဲ့ ပစ်ကျ သွားပုံလေး….
🙂
တောင်ပေါ်သား
March 5, 2015 at 1:23 pm
ပွင့်ဘော်ဒီမျိုးဆို ကျနော်အရိုးကျိုးပြီပေါ့ အမအိရယ်
အခုက နန်းခင်ဇေယျာ ဘော်ဒီမျိုးလေး အဟေး ဟေးးးး 🙂
ဦးကျောက်ခဲ
March 5, 2015 at 1:44 pm
အဟိ … အသက် ၅၀-ကျော်မှ ကံပေါ် စန်းထ…
ကိုမြိုးတော့ ဝက်သက်ပေါက်ပြီ…
♪ ♪ … ကြီးမှဝက်သက် ပေါက်ရင် သတိထား … ♪ ♪ ဟီ ဟိ
:k:
တောင်ပေါ်သား
March 5, 2015 at 1:52 pm
ဝက်သက်ပျောက်ဆေးလေး ဘာလေး ရှာထားပေးဦး ကိုကျောက်ရေ
မြစပဲရိုး
March 7, 2015 at 2:30 am
ကျွန်မ ငယ်တုန်းက သုမောင် သီချင်း တစ်ပုဒ် ရှိတယ်။
ရုံးသွားတိုင်း ဆုံတဲ့ မိန်းကလေး တစ်ယောက် က သူ့ကို မြင်တိုင်း ပြုံးပြုံး နေတာ တဲ့။
အဲဒါကို သူ့မှာ ရင်ခုံပီတိဖြစ်နေတာ။
တစ်နေ့ မိန်းကလေး က သူ့နား ကို ကပ်ပြီး စကားတစ်ခွန်း ပြောလိုက်တယ်။
?
?
?
😉 :))
တောင်ပေါ်သား
March 7, 2015 at 9:17 am
ဘာတဲ့လဲ ဟင် ?
🙁
မြစပဲရိုး
March 7, 2015 at 5:58 pm
“အန်ကယ့် ခေါင်းပေါ်က ဆံပင်ဖြူ တွေ က အတော် ရီစရာ ကောင်း အောင် ထောင် နေတာ။
နှုတ် မပစ် ဘူးလား” တဲ့။ lol:-)))))
Crystalline
March 8, 2015 at 2:06 pm
ကံတရားက အူမျိုးဖက်ရှိနေပုံရတယ်….. မိုးဒီလိုလူဝကြီးများပြိုကျပါလား…. :mrgreenn: