မွန်းပိုအမ်ရဲ ့မကောင်းတရောင်း တပေါင်းတမ်းချင်း

moonpoemMarch 3, 20151min34614

နေ့ပူလို ့ညချမ်း တပေါင်းလ သရမ်းတဲ့။အဲဒီ ဆိုရိုးစကားက မန္တလေးမှာတော့ မှန်ပေမယ့် ရန်ကုန်မှာကတော့ နေ့လည်းပူလို ့ညလည်း မအေးလှပါဘူးလေ။တစ်နှစ်ပတ်လုံး ခေါင်းရမ်း ကိုယ်ရမ်း ဟိုရွေ ့ဒီရွေ ့နဲ ့လများတို ့ရဲ ့နောင်တော်ကြီး တပေါင်းလကိုတောင် ပြန်ရောက်လာပြန်ပါပေါ့။တပေါင်းလကြောင့်ပဲလားတော့ မသိ။ တခုခုကို လွမ်းသလို ဆွေးသလိုလိုနဲ့။အတိတ်ကို လွမ်းကြည့်တဲ့အချိန် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်ကတော့ တပေါင်းလကိုရောက်ပြီဆိုရင်……..။
ဟေး နင်တို ့တမာပင်ပေါ်ကနေ ကြွေကျလာတဲ့ တမာရွက်တွေကို အကျင်္ ီနဲ ့အပြည့် ခံပြီးယူနိုင်ရင်စာမေးပွဲအောင်တယ်ဆိုတာ သိလား။အဲဒီ သူငယ်ချင်းလာပြောတော့ စာမေးပွဲကို အောင်ဖို ့အပြင် ဆုတွေပါ ရအောင်ဆိုပြီး ကြွေတဲ့ တမာရွက်တွေကိုရော၊ မကြွေသေးတဲ့ တမာရွက်တွေရောကိုပါ ခဲနဲ ့ပေါက်ပြီး အကျင်္ ီနဲ ့အပြည့် လိုက်ခံကြတယ်လေ။ တမာရွက်တွေ အပြည့်ရပေမယ့် ကျွန်မတို ့တွေ အဲဒီနှစ်က ဆုမရခဲ့ပါဘူး။ဆုရတဲ့သူတွေက တခြား တမာပင်တွေကနေပါ
သွားပြီး တမာရွက်ထုလို ့ရတာနေမှာလို ့တောင် တွေးမိသေးရဲ ့။
တက္ကသိုလ် ကျောင်းသူဘဝရဲ ့တပေါင်းလမှာ ဆိုရင်တော့ မန္တလေး တက္ကသိုလ်ထဲက တမာပင်အောက်တွေမှာ သူငယ်ချင်းတွေနဲ ့အတူထိုင်ပြီး စာမေးပွဲအပြီး လျှောက်လည်ရမယ့် နေရာတွေကို ဆွေးနွေးသူတွေက ဆွေးနွေး၊အချို ့သူငယ်ချင်းတွေကတော့ တပေါင်းအပြီး ခဏတာ ခွဲခွာရမယ့် ချစ်သူနဲ ့ပြောဖို ့စကားတွေ မကုန်နိုင်ကြတာလည်း ရှိလို ့တမာပင်တွေကို သက်သေထားလို့ပေါ့။
နောက်ပိုင်းတော့ ဖာသိဖာသာနဲ ့တပေါင်းလကို လွမ်းစရာမရှိ၊ ပျော်စရာမရှိ ဖြတ်သန်းခဲ့ရတာတွေကသာ များလာခဲ့တယ်။ဒါပေမယ့်လည်း တပေါင်းလ ရောက်ပြီဆိုရင် တွေးမိတာက သိပ်မကြာခင် ကျရောက်လာမယ့် တန်ခူးလပွဲတော်ကျရင် အိမ်ကို ပြန်ရတော့မယ်။လပေါင်းများစွာ ခွဲခွာခဲ့ရတဲ့ကိုယ့်ရဲ ့မိဘ၊ ကိုယ်ရဲ ့ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေ၊ ကိုယ့်ရဲ ့ ငယ်ဘဝက အတူတူ ကြီးပြင်းလာခဲ့တဲ့ တမာပင်တွေရဲ ့ပုံပြင်တွေဆီ ပြန်ရတော့မယ်လို ့တွေးကြည့်ရင်တော့ စိတ်တွေ ကြည်နူးပြီး အလုပ်လုပ်ရတာ အင်ပြည့်အားပြည့်နဲ ့ပေါ့။
အင်း….ဒီနှစ် သင်္ကြန်မန္တလေးပြန်ရောက်လို ့ရှိရင် သူငယ်ချင်းတွေနဲ ့အတူ အရင်ကလို တမာရွက်တွေနဲ ့ဆော့ကြဖို ့ခေါ်ဦးမှပါပဲ။ ဒါပေမယ့်တမာပင်
တွေအောက်ရောက်ရင်တော့ ကျွန်မတို ့သူငယ်ချင်းတွေက မကြီးမငယ်နဲ ့တမာရွက်တွေကို အကျင်္ ီနဲ ့အပြည့် လိုက်ခံမယ်ဆိုရင်တောင် အရင်ကလိုတော့ စာမေးပွဲအောင်ဖို ့ ဆုတောင်းတော့ ဟုတ်မယ် မထင်တော့ဘူး။ အလုပ်မှာ လခတိုးမှာလားတို ့၊ ပိုက်ဆံ တွေ အများကြီး ဝင်အောင်လို့ဆိုတဲ့ ဆုတောင်းတွေပဲ ဖြစ်မယ်နဲ ့တူပါရဲ ့။
ပြီးတော့ တမာပင်အောက်မှာ အလွမ်းတွေသယ်ခဲ့ကြတဲ့ သူငယ်ချင်းတွေလည်း
အခုတော့ တမာပင်အောက်မှာ၊ အလွမ်းမသယ်ဘဲနဲ ့ တချိန်က သူတို ့ချစ်သူ ၊ အခုတော့
သူတို ့ခင်ပွန်းသည်တွေနဲ ့အတူ အလွမ်းတွေအစား ကလေးတွေကိုပဲ ချီပိုးပြီး သယ်လာမယ်နဲ ့တူပါရဲ ့လေ။

14 comments

  • Wow

    March 3, 2015 at 11:36 am

    တမာရွက်တွေထုပီးအိပ်အပြည့်သယ်မဲ့အစား၊ တမာတပင်လုံးခုတ်ပီး ထမ်းသွားရင် ပိုဆုတောင်းပြည့် မလားလို့ :mrgreen:

  • manawphyulay

    March 3, 2015 at 11:47 am

    တပေါင်းလဘွဲ့လူးတား (ဦးယာ)

    ရေနက်လေဆိုင်၊ တူပြိုင်ယှဉ်လျက်၊ ကြွက်နှင့်ကျားမင်း၊ စံခင်းသချင်္ာ၊
    ကျယ်စွာစက်ခန်း၊ မိန်မှန်းလေ။ ။
    မှိုင်းဝေမင်းလွင်၊ တောတပြင်မှာ၊ မြသွင်ရွက်ညောင်း၊ တချို့ပြောင်းက၊
    တပေါင်းခေါ်ညီ၊ မိန်ရာသီဟု၊ တလီရှေးက၊ ဒွေးဒေဟနှင့်၊
    နေလရောင်လျှပ်၊ ရာသီမြတ်တွင်၊အာပေါဓာတ်ဆန်း၊ ချင့်မှန်းတိုင်းထွာ၊
    နာရီမှာကား၊ နေ့သာရောက်ညား၊ ဟိုင်းနဲ့ကျားတို့၊ ပျော်ပါးစံနေ၊
    တထွေညဉ့်သွား၊ ကျားနှင့်ခြင်္သေ့၊ မွေ့မွေ့ဘာဘာ၊ သည်အခါ၌၊
    ရိုးညှာမြနု၊ ဝတ်မှုံစုတွင်၊ ငွေဥရောင်သွေး၊ ပျံ့မွှေးစီစီ၊
    သရဖီနှင့်၊ သိင်္ဂီမြညှောက်၊ ပန်းပျားတောက်တို့၊ ဖြိုးမောက်ရွှင်လန်း၊
    ထူးဆန်းလှတင့်၊ ရိုးတံမြင့်နှင့်၊ ပွင့်ကြကြိုင်သင်း၊ မြိုင်လုံးဝင်းမျှ၊
    သည်မာသတွင်၊ ငွေအပရံ၊ တွင်းစံပတ္တမြား၊ လရထားနှင့်၊
    လှည့်သွားထွန်းလှ၊ ဥတ္တရမှီ၊ ဘရဂုဏ္ဏီ၊ ပြည့်ညီတောက်ပ၊
    စူဠလိပ်နန်း၊ ယှဉ်သန်းတာရာ၊ ဝင်းဝါပြောင်ပြောင်၊ အရောင်စိုစို၊
    ဂဠုန်ဂြိုဟ်နှင့်၊ ရွှေကိုအတွင်း၊ ဖလ်ဖြင့်ကျင်း၍၊ နေမင်းသူရိယာ၊
    လှည့်ခဲ့လှာသော်၊ ပြုပ္ပာရောင်မြိုက်၊ ဘဒ္ဒပိုက်နှင့်၊ ရစ်ဝိုက်တူသွား၊
    ဘဝါးဇယ၊ မာသခါကောင်း၊ လတပေါင်းဟု၊ မနှောင်းစေရ၊
    ငွေသောင်ဝဝယ်၊ ဖြူလွစီစီ၊ သဲစေတီကို၊ ပြည့်ညီတည်ထား၊
    ညွှတ်တွားကြည်လင်၊ ရှိစုံဆင်၍၊ သဘင်ပျော်မြဲ၊ ရာသီပွဲဟု၊
    မြစ်ထဲသီတာ၊ ကျွန်းသောင်သာ၌၊ သာယာဖိုမ၊ ငှက်တို့ကလည်း၊
    မြူးကဖန်ဖန်၊ ငါးရွှေတန်လည်း၊ ဆုန်ဆန်တက်ဆင်း၊ ငါးကြင်းတလိုက်၊
    တတိုက်တသန့်၊ ငါးရန့်ပျော်ရွှင်၊ မြိုင်ခွင်တောင်တော၊ ဥဩရင့်ကြွေး၊
    ကြူးသံပေးလျက်၊ လွမ်းရေးဖြာဖြာ၊ အူသည်းညှာတို့၊ ကြွေရှာလိမ့်ဘွယ်၊
    လှမျိုးကြွယ်ကို၊ မိမယ်ယဉ်နု၊ ပန်းရည်စုသို့၊ နုနုရွရွ၊
    ရွှေဦးစသို့၊ အလှပျောင်းအိ၊ ယှဉ်ဇာတိနှင့်၊ တရှိတူစုံ၊
    ချစ်ငွေ့လှုံ၍၊ စက်ခြုံပိုက်လွှမ်း၊ ယုယကမ်းလျက်၊ ကြောင်းလမ်းထွေထွေ၊
    မိသံခြေနှင့်၊ လယ်ဗွေထက်တွင်၊ စံပျော်ရွှင်သည်။ ။ လွမ်းကြင်ငှက် ပမာသို့လေ။
    နွေခါတည့် ပိုက်နွဲ ဇာပန်းပွဲ။ ။ ရှူလဲမဝလို။ ။
    ချိုချိုတည့် ပျံ့မွှေး သံသာသေး။ ။ ရွှေရေးနုလိမ္မာ။ ။
    ကွမ်းယာတည့်ခန့်သုံး ယဉ်မှုဆုံး။ ။
    **************************************

    တပေါင်းညှာကျင် (ဦးယာ)

    တပေါင်းငယ်မှ ညှာကျင်
    နွေဦးဆန်းသစ်၊ ရွက်ရော်လှစ်လို့
    ပုရစ်ကယ်ရွှေဥ၊ ပင်တိုင်းစုကြသည်
    နုညိုစင်ငယ်တဲ့လေ။

    ဝန်းကျင်ငယ်မှ ပတ်ကုံး
    တွန်ထူးဘာသာ၊ ငှက်တို့မှာလည်း
    စုကာရုံးလို့၊ ခြိမ့်အုန်းငယ်ကျူးသီ
    အမသံညောင်း၊ သိုက်နန်းငယ်အောင်းလို့
    သာပေါင်းငယ်ချီသည်
    သရဖီရွှေခိုင်က၊ လှိုင်ရှာလေကော။

    ညှာကြောငယ်မှဖူးသစ်
    ရဂုံတစ်ခွင်၊ သာပေါင်းငယ်ရှင်သည်
    မင်းလွင်လှစ်လို့၊ မူးမြစ်ကယ်ကမ်းယံ
    ငါးထွေငါးမြင်း၊ ငါးပူတင်းတို့
    သောင်ရင်းငယ်ဆန်သည်၊ ငါးတန်းငယ်ဝဲခိုလို့
    ပိုက်ခြေတိုဆင်း။

    ပျော်ခင်းငယ်မှသာလှ၊ သည်ချိန်ကျလျှင်
    တောဝဂနိုင်၊ စုံသာမြိုင်မှာ
    မခိုင်ရွက်ညောင်း၊ ကြွေကျပြောင်းလို့
    ထောင်းထောင်းကယ်လျှံငွေ့၊ လောင်ဓလေ့နှင့်
    လွမ်း၍ငယ်တစေ၊ အလိုသေရချည့်
    စိတ်ဖြေလို့မရနိုင်၊ ဘယ့်နှယ်လူခိုင်ပါ့မယ်
    ယုဂန်ပိုင်ရှင်သိကြားတို့၊ မာန်ထားရင်းလေ။

    အဲချင်း
    ဦးယာ

    *************************************

    တပေါင်းဘွဲ့ လေးချိုးပုလဲ

    နွေရာသီ မိန်ဓလေ့ပေမို့၊
    ဆွေသာကီ မသိမ်မွေ့နိုင်ဘု၊
    ဣန္ဒြေ့ရင်မို့နော်။

    အပူဖြိုးသော်ကော၊
    မြူခိုးရယ် တဝေဝေကြောင့်၊
    အထွေထွေ ရွှေရင်ထုပါလို့၊
    တင်ပုဆွေ မြေမှာလဲချင်ပေါ့၊
    ကွဲရနှစ်ဘော်။

    ရွက်ဟောင်းဝါ ဈာန်ယာဉ်ပြောင်းပါလို့၊
    ရွက်သစ်ဖြာ ညာလက်မောင်းငယ်နှင့်၊
    တပေါင်းလသည်အမော်၊
    ကြည်တော်မြနိုင်ဘူး။

    သာခုခါ၊
    ကာဠုဒါ ရွှေဂါထာကြောင့်၊
    ဒေသစာ ကပ္ပီနန်းကိုကွယ်၊
    မြန်းကြလို့ကူး။ ။

    (အချုပ်တန်းဆရာဖေ)

  • ခင်ဇော်

    March 3, 2015 at 1:09 pm

    ကျောင်းမှာ တမာတောကြီးရှိတယ်။
    နွေဝင်တာနဲ့ အရိုးပြိုင်းပြိုင်း ရွက်ခြောက်ကြွေတွေက အောက်မှာ လေတိုက်တိုင်း တရှဲရှဲ။
    လေပူတွေကလည်း အရမ်းတိုက်
    ဥဩသံ နဲ့ အညာနွေကို တအားချစ်။
    ဘယ်လောက် ပူပူ သည်းခံနိုင်တယ်။
    :k:

  • naywoon ni

    March 3, 2015 at 1:23 pm

    ညည်​း မန်​း​လေး တမာပင်​​ကော ရှိ​သေးရဲ့လားဟယ်​ ။ 🙂

  • moonpoem

    March 3, 2015 at 2:36 pm

    တမာပင်​​တွေက အမရပူရဘက်​မှာ​တော့ ကျန်​​သေးတယ်​။ကျွန်​​တော်​တို့ အိမ်​မှာတင်​၂ပင်​ရှိတယ်​ အဟီး 🙂

  • မွသဲ ( 17082011 )

    March 3, 2015 at 7:00 pm

    ခုမန်းလေးမာ တမာပင်ကောရှိရှိသေးရဲ့လားဟင်

  • Mr. MarGa

    March 3, 2015 at 7:15 pm

    တမာပင် တင်မကဘူး
    တမာတန်း ပါ ရှိသေးရဲ့ ဗျာ
    မန်းလေးကိုများ အထင်သေးလို့
    (ပြောသာပြောရ ဘယ်အချိန် စည်ပင်လက်ချက်မိမယ်မသိ) 🙁

  • Ma Ma

    March 3, 2015 at 7:33 pm

    တပေါင်းအစား သင်္ကြန်ကိုတော့ မှတ်မှတ်ရရရှိတယ်။

    ဟိုးတုန်းက ပြက္ခဒိန်အသစ်ရောက်ပြီဆိုတာနဲ့ သင်္ကြန်ပိတ်ရက်ကြည့်ပြီး တစ်နှစ်တစ်ခါ ရက်ရှည်ပိတ်ရက်မှာ ဘယ်သွားလည်မလဲဆိုတာကို မိသားစုတွေ အစီအစဉ်ဆွဲတော့တာပဲ။

    ခုတော့လည်း …………
    အစီအစဉ်ဆွဲစရာမလိုတော့ဘူး။
    အထုပ်ဆွဲပြီး ရိပ်သာပဲ သွားရတော့တာပဲ။

  • moonpoem

    March 3, 2015 at 9:45 pm

    မန်​း​လေးမိန်​းထဲမှာ​ရော ကျွဲဆည်​ကန်​နားမှာ​ရော အမရပူရြမြိုထဲမှာ​ရော တမာတန်​းလို့ ​ခေါ် ်​တဲ့ရပ်​ကွ
    က်​တောင်​ ရှိ​သေးတယ်​ဗျား။

  • Courage

    March 4, 2015 at 2:38 pm

    တပေါင်း တန်ခူးမှား အကြောင်းထူးမယ့်လို့ပြောခဲ့တဲ့ သူကို သတိရမိလေရဲ့… … …

  • Alinsett@Maung Thura

    March 4, 2015 at 2:59 pm

    .ကျနော်တော့…. ကျနော့်ခလေးတွေကို လွမ်းနေတယ်ဗျာ..
    .အဲ… ကျနော့်ခလေးဆိုတာက… ကျနော်နဲ့ ဖွေးဖွေးနဲ့ ရပြီး မွေးလာမယ့် ခလေးတွေကိုပြောတာပါ။
    .မရသေးတဲ့ ခလေးတွေကို… လွမ်းနေတာပါ..

    :k:

  • pooch

    March 5, 2015 at 12:43 pm

    အိသက်ကတော့ တမာပင်အောင် ချစ်သူခေါ်လာမယ်ထင်တယ်
    အိသက်ကို သိတယ်ဟုတ် သူက အမညီမ ဝမ်းကွဲ အတူနေတာ
    စကားစပ်လို့ သူပြောပြတဲ့ သူ့သူငယ်ချင်းရေးတဲ့ စာထဲက အဖွားအကြောင်းပြောတော့ဒီစာငါဖတ်ဖူးတယ်ဆိုပြီး မေးကြည့်လို်က်မှ မွန်းပိုအမ်မှန်းသိတာ
    what a small world.. 🙂

    • moonpoem

      March 5, 2015 at 4:31 pm

      ဝိုးးတကယ်​ပါပဲ အမရယ်​ ကမ႓ာြကြီးက ကျဉ်​းလိုက်​တာ။ကျွန်​​တော်​တို့ တမာပင်​​အောက်​မှာ ပြန်​ဆုြံကြရ​အောင်​​လေ:)

  • Ma Ei

    March 5, 2015 at 1:23 pm

    အရင်က အိမ်ရှေ့မှာ တမာပင်ကြီးရှိခဲ့တယ်…
    အညွှန့်လေးတွေ ခူး မီးမြှိုက်တို့ ပြုတ်တို့ စားရတဲ့အပြင်
    အချဉ်ထည့် တဲ့သူကို ရောင်းရသေးတယ်…
    ဝေဇယန္တာလမ်းချဲ့တော့ အိမ်ရှေ့ကပန်းခြံလေးနဲ့အတူသူလဲ ….
    😥

Leave a Reply