Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


moonpoemFebruary 21, 20171min59513
မိသားစု၂စုခန့်နေလို့ရသော အိမ်ကျယ်ကျယ်တစ်လုံးရှိရာ ဌာနေသို ့ရုံးပြောင်းပြီး သကာလ ပထမဆုံး ရင်ဆိုင်ရသည်ကအိမ်သာပြဿနာဖြစ်သည်။ အိမ်အတွင်းတွင် အိမ်သာ၄လုံးရှိပြီး အပြင်တွင် အိမ်သာတစ်လုံးရှိသော်ငြား ကျွန်မတို ့ရုံးပြောင်းပြီး လူသစ်များ ထပ်ခန့်သောအခါ ရုံးဝန်ထမ်းအားလုံးပေါင်း အယောက်၆ဝကျော်သွားလေသည်။လူ၁ဝယောက်နေစဉ်က သာသာယာယာရှိဟန်တူသော အိမ်သာတို့သည် နေ့စဉ်နှင့်အမျှ လူ၆ဝကျော်ဝုန်းသော ဒဏ်ကို ခံနိုင်ရည်မရှိတော့ပဲ ဆန္ဒပြကြသည်။တခါတရံ ရေမကျတော့ခြင်း၊ ရေဆွဲလည်း မြစ်ထဲရှိရေဝဲပမာ ကလည်ကလည်ဖြစ်နေခြင်း၊အိမ်သာအသုံးကြမ်းသူအချို့ကြောင့် မောင်းတံမကျတော့ခြင်း စသည်တို ့ဖြစ်လာသည်။ဖြစ်စက မသိသာသော်ငြား တဖြည်းဖြည်း အိမ်သာဒုက္ခကအတော်သိသာလာလေသည်။ အိမ်သာက ၂ခါ၊၃ခါ ဆွဲလည်း မကျသဖြင့် စိတ်ရှည်သည်းခံ လမ်းကြောင်းမှန်ဖြင့် အသုံးပြုသူများရှိသလို၊ တချိ ု့ကျ စိတ်မရှည် ကိုယ့်ကိစ္စကိုယ်ပြီးအောင် မရှင်းကြ။ထို့ကြောင့် မကြာခဏဆိုသလိုတော်ကြာ အမလေး… ငါတော့ ဗုံးမိပြန်ပြီ ဟူသော အသံများကြားရလေ့ရှိသည်။နောက်တော့လည်း ဆန္ဒပြမှုများလာပြီး အိမ်သာရေးရာ လှုပ်ရှားမှုများ၊ […]


moonpoemSeptember 3, 20161min4525
မေမေနဲ့ ဖုန်းပြောရင် ကြာတတ်လွန်းလို့ လိုရင်းကို ပြောဖို့ပဲ မှာမိတယ်။သူနေမကောင်းဘူးဆိုရင်တောင် ဆေးခန်းသွားဖို့ ကျန်းမာရေး ဂရုစိုက်ဖို့ပဲ ပြောတာခပ်များများ။အိမ်ကို တစ်နှစ်တစ်ခေါက်ပြန်ရင် နွေးနွေးထွေးထွေး ရှိကြပေမယ့် ရန်ကုန်ပြန်ရောက်ရင်တော့ သိပ်အချိန်မပေးမိ။ ဖုန်းပြောရင် မေမေပြောသမျှ အင်းလိုက်ပြီး နားထောင်ရုံကလွဲလို့ ဘာမှလည်း ပြန်မပြောဖြစ်တော့ သူစိ်မ်းဆန်တယ်လို့ ရံဖန်ရံခါ အဲလိုအတွေးတွေ ဝင်မိပေမယ့် မိဘနဲ့ သားသမီး ဒီလိုပါပဲလေလို့ ဖြေတွေးနဲ့ပဲ ရှိနေတတ်ခဲ့တယ်။တခါတလေ အလုပ်ရှုပ်ရင် မေမေ့ကို ပြန်အော်မိတာတွေလည်း ရှိခဲ့တယ်။ နောက်တော့ အားနေရင်တောင် ကျင့်သားရနေတော့ မေမေနဲ့ ဖုန်းပြောရင် ပြီးပြီးရောတွေ များလာတယ် 🙁 အရင်လကတော့ မန်းလေးမှာ ရာသီဥတု ဖောက်ပြန်တာတွေကြောင့်ရော မေမေက မိုးမိပြီးဖျားနေတာနလန်မထူသေးဘူးဆိုတာကြောင့်ရော ဖုန်းခဏခဏဆက်နေမိတယ်။ ဒီနေ့လည်း မေမေနဲ့ ဖုန်းပြောတယ်။မေမေ နေပြန်ကောင်းပြီလား မကောင်းသေးရင် ရုံးမတက်နဲ့ဦးနော် […]


moonpoemAugust 21, 20161min5596
ဦးပြုံး​မောင်​​မောင်​ဆိုတဲ့ နာမည်​က ကျွန်​မဂျပန်​တစ်​​ယောက်​ကို ပေးခဲ့တဲ့ နာမည်​​​။ကျွန်​မအဖေကို မ​တွေ့ချင်​ဘူးလို့ ​ပြောလို့ငိုရတာ လည်​း သူ့​ကြောင်​့​ပဲ။ရယ်​ရင်​ မလှဘူး ငိုရင်​ ပိုဆိုးတယ်​လို့ ​ပြောလို့ ဗြဲခနဲ ကျွန်​မရန်​​ထောင်​ခဲ့တာလည်​း သူ့​ကြောင်​့ပါပဲ။ …. ၂၀၁၄ခုနှစ်​ကနဲ့ တူပါရဲ့ရုံးက​ပေးတဲ့တာဝန်က မြန်​မာပြည်​ကို ရုံးခွဲလာဖွင်​့မယ်​့ ဂျပန်​စီးပွား​ရေး သမားတစ်​​ယောက်​ကို ကူညီဖို့တဲ့။သာမာန်​​လေ့လာရုံသက်​သက်​မဟုတ်​ဘဲ ရုံးခွဲဖွင်​့ဖို့ လာတာဆို​တော့ မြန်​မာပြည်​ကို သူလာတိုင်​း အမြဲတမ်​း ကျွန်​မနဲ့ပဲသွားရာက ​ခင်​သွား ကြတယ်​။မြန်​မာနာမည်​ သူ့ကို​ပေးပါလား ဆို​တော့ သူ့ပုံစံက ပြုံး​နေတတ်​တာ​ရော၊ကြာသပ​တေးသားတ​ယောက်​ ဖြစ်​​နေတာ​ရော​ကြောင်​့ ကိုယ်​့ဟာကိုယ်​​ဗေဒင်​ဆရာ လုပ်​ပြီး ဦးပြုံး​မောင်​​မောင်​လို့ နာမည်​​ပေးဖြစ်​ခဲ့တယ်​။ ရုံးဖွင်​့ဖို့ ရန်​ကုန်​၊​နေပြည်​​တော်​အစုံသွားရာက တခါက​တော့ မန္တ​လေးကို ​နေ့ချင်​းပြန်​သွားဖို့ ဖြစ်​လာတယ်​။အလုပ်​အားလုံးပြီးသွား​တော့ အချိန်​က ပြန်​ဖို့ ၂နာရီ​လောက်​​စော​နေ​သေးတယ်​။သူက နင်​ဘာလုပ်​ချင်​​သေးလဲလို့ ​မေးတဲ့အခါ ​ပျော်​ပြီး ကျွန်​မက ​ဖေ​ဖေကို […]


moonpoemMay 18, 20161min6837
မွန်းပိုအမ်ဆိုသူသည် နှယ်နှယ်ရရ မဟုတ်။ကားတွေ ထည်လဲစီးနေသည်။ သူမ၏ သတ္တိ၊ သူမ၏စွမ်းရည်ရှိမှုတို့ကို အားလုံးက ငေးကြည့်နေရသည်။သူ မသိခင် သူ့အကြောင်း သင်တို့အား ဖွင့်ဟပြောပါမည်။ တစ်နေ့က သူမ ကားပေါ်ကနေဆင်းလာသည်။ရုပ်ရှင်တွေထဲကလို ဒေါက်ဖိနပ်အမြင့်ကြီးကို မြေကြီးပေါ်ချနင်းပြီး စတိုင်အပြည့်နှင့် ဆင်းလာတာမျိုး..လုံးဝ မဟုတ်ပါ။မိုးတွင်းစီး ရာဘာဖိနပ်တစ်ရံကို စီးပြီး ၄၈အထူးကားပေါ်ကနေ စွေ့ခနဲ ခုန်ဆင်းလာတာသာ ဖြစ်သည်။ ခုန်ဆင်းပြီး ပြေးလေသော သူမ၏ ပညာရပ်၊ သူမ၏ သတ္တိကိုလေးစားမိရပြန်သည်။ ထို့နောက် ဆိုက်ကားပြောင်းစီးသည်။ နေပူပူ ရာသီဥတုပူပူတွင် သူမ စီးနေသော ဆိုက်ကားသည် ပြင်ပ အပူချိန်ကို မခံနိုင်သည့် အားလျော်စွာ စီးနေရင်း ဝုန်းခနဲ ပေါက်ထွက်သောအခါ အသံနှင့် တပြေးညီ သူမ ကြောက်လန့်တကြား ဆိုက်ကားအမြင့်ပေ ၃ပေခန့်မှ ခုန်ချလေသည်။ဂုဏ်ယူစရာ ပညာရပ် […]


moonpoemMarch 24, 20161min4685
လွဲချက်ကယ် နာပုံများ မပြောချင်ဘူးမပြောချင်ဘူး ပြောကို မပြောချင်ဘူးလို့ ဆိုပြီးပဲ အော်လိုက်ချင်တော့တယ်…။ ဖြစ်ပုံက အဲဒီနေ့က အဖွဲ့ထဲက ဧည့်သည် တစ်ယောက်ရဲ့ မွေးနေ့ဖြစ်နေပါရောလား။ပုဂံက ဟိုတယ်က မေးလာတယ်။သူတို့က သူတို့ ဟိုတယ်မှာ တည်းတုန်း မွေးနေ့နဲ့ ကြုံတဲ့ ဧည့်သည်အတွက် မွေးနေ့ကိတ်လုပ်ပေးပါတယ် တဲ့။ ညကျ ဒင်နာစားပြီး ပြန်လာချိန်အခန်းထဲပဲ ပို့ထားရမလား။ဒါမှမဟုတ် ဘာလုပ်ချင်ပါသလဲ ဆိုပြီး ကိုယ့်ကိုမေးလာပါလေရောလား။ အဲဒါနဲ့ပဲ Suprise သဘောမျိုးလုပ်ကြမယ်ဆိုပြီး တခြားဧည့်သည်တွေနဲ့ တိုင်ပင်ပြီး ဟိုတယ်ကို ပြန်ပြောလိုက်ပါတယ်။ ကျွန်မတို့ ညစာစားပြီး ပြန်လာခါနီးရင် ဟိုတယ်ကို ဖုန်းဆက်လိုက်ပါမယ်။ပြီးတော့ ကားပေါ်ကနေ အားလုံးဆင်းပြီးချိန် Lobbyမှာ မီးပိတ်ပေးပါ။ မှောင်နေတဲ့ အချိန် ဖယောင်းတိုင်ထွန်းထား တဲ့ ကိတ်မုန့်ကို ယူလာပေးတဲ့အခါ မွေးနေ့ရှင် ဧည့်သည်လည်း အိုမို […]


moonpoemJanuary 6, 20161min61611
ယခု Tour Leader သည် ကိုယ်နှင့် အသက်မတိမ်းမယိမ်း။ သို့သော် သူသည် စလာကတည်းက Gentleman စတိုင်နှင့်။သည်တော့ ကိုယ်လည်း ပျာယာခတ်နေသော Jungle Girl ပုံစံနှင့်တော့ မဖြစ်။ ဟာသဖြစ်ဖြစ် ဖန်စီဖြစ်ဖြစ် Drama ဇာတ်လမ်း ရေးလို့ ရနိုးနိုးဖြင့် ချက်ချင်းလက်ငင်း မွန်းပိုအမ် ပုံစံ ပြောင်းပစ်လိုက်သည်။ လမ်းလျှောက်တာကို ဆင်မယဉ်သာ မလျှောက်နိုင်ဦးတော့ ဆင်မ စိတ်ကောက်သလောက်တော ့လျှောက်ပစ် လိုက်၏။(ဖိနပ်တော့ နည်းနည်းပွန်း၏) ဟိုတယ်သို့အရောက် နယူးရီးယား အထိမ်း အမှတ်ဖြင့် ရေခဲရုပ်ထုပုံစံ ပြင်ထားသည်ကို မြင်ရသည။် ဧည့်သည်များ ခေတ္တနားချိန်တွင် ရေခဲရုပ်ကြီးကို ဘေယောင်ဂျွန်းပမာ မြင်ယောင် ရင်းWinter Sonata ဇာတ်ကားထဲက ဇာတ်ကွက်များ၊ နှင်းတောထဲမှာ လမ်းလျှောက် ကြသည်များကို ခံစားမိလေရာ […]


moonpoemMay 21, 20151min74212
အိမ်က အစ်ကို လူပျိုကြီး သီချင်းညည်းနေသည်။သူ ့ကိုမှ ချစ်မိနေပါတယ် မျက်စိထဲ တဝဲလည်လည် တူနယ်တဲနယ်ဆိုသော တွံတေးသိန်းတန်၏ ဖိုးလမင်းကို အောင်သွယ်ခိုင်းရမယ် သီချင်းဖြစ်၏။မွန်းပိုအမ် ဘဝင်မကျသဖြင့် ဆက်မဆိုရန် မေတ္တာရပ်ခံလိုက်သည်။ အဘယ်ကြောင့်ဆိုသော် လေခွန်ကောက်နေသော မြန်မာပြည်တွင် ဖိုးလမင်းလည်း အရင်ကလို အောင်သွယ်ချင်တော့မှာ မဟုတ်မှန်း သိနေခြင်းကြောင့် ဖြစ်၏။ သည်တွင် အစ်မ အပျိုကြီးကတစ်စခန်းထလာပြန်သည်။ထမင်း ဆီဆမ်းတွေပေးပါနော် ရွှေလင်ဗန်းကြီးနဲ့ကွာ ဘာညာဘာညာဆိုသော လေးလေးဝါး သီချင်းကို ဆိုနေခြင်း ဖြစ်သည်။မွန်းပိုအမ် ရင်ထဲတွင်​လမင်းကြီးအတွက် စိတ်မကောင်းသဖြင့် အငယ်ပီပီ ပြောရပေဦးမည်။ အပျိုကြီးအား ဆန်ဈေးကကြီး ဆီဈေးကကြီးရတဲ့အထဲ ရွှေလင်ဗန်းနဲ့ပါ အဆစ်တောင်းတာသည် မဖြစ်သင့်ကြောင်း။လပေါ်တွင်​ဝပ်နေသည် ့ယုန်တောင်ထမင်းတစ်နပ်လျှော့စားနေရတာ သနားစရာကောင်းလို့ ဆက်မဆိုသင့်ကြောင်း ပြောလိုက်ရပြန်သည်။ သူတို့နှစ်ယောက်က လအကြောင်း ဆိုကြတော့ မွန်းပိုအမ်လည်း လအကြောင်းညည်းမိသွားသည်။လရောင်ထဲ ကိုယ်လမ်းလျှောက်ချင်တယ် […]


moonpoemMay 7, 20151min70113
ပဲခူးမြို့​ရွှေမော်ဓော ဘုရားသို့ ဂျပန်ဧည့်သည်များနှင့်အတူ​​ရောက်ရှိချိန် မွန်းပိုအမ် တစ်ယောက်၏ရင်ထဲတွင် လှူချင်တန်းချင်​ စိတ်များ တဖွားဖွားပေါ်ပေါက်လာသည်။လက်တွေ့ အကောင်အထည်​ဖော်သည့် အနေဖြင့်တစ်ထောင်တန်တစ်ရွက်တိတိကို သွားလှူ လိုက်သည်။ဘုရားဂေါပကဦးလေးကြီးမှလည်း ယခုလို လှူရခြင်း အကျိုးကြောင့်ဘယ်ဘက်က တစ်ဆုပ်ကြဲလို့ ညာဘက်ကတစ်လှည်း ဝင်ပါစေဗျားဟု လော်စပီကာမှ ကြေညာလေသည်။ စူးစမ်းတတ်သော ဧည့်သည်တစ်ယောက်က ဂေါပကမှ ဘာကြေညာသွားသလဲဟု လာမေးလေသည်။လျှာလည်းရှည်သလို စိတ်လည်းရှည်သော(ကြော်ငြာဝင်သည်) မွန်းပိုအမ်ကလည်း အနည်းငယ်မျှသာလှူသည်​ဖြစ်သော်ငြား သဒ္ဓါစိတ်အပြည့်နဲ့ လှူရသောအကျိုးကြောင့် ပိုက်ဆံကို လှည်းတစ်စီးစာဝင်ပါစေလို့ ဆုတောင်းပေးတာဖြစ်ကြောင်း တိတိကျကျ ပြောပြလိုက်သည်။ ဧည့်သည်က ​ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်သော်လည်း အဆုံးသတ်​ကောက်ချက်ချသွားသည်က ပိုက်ဆံက ဝင်လာမှာပေမယ့် လှည်းကြီးနဲ့ဆိုတော့ ကြာနေမှာပေါ့နော်တဲ့။သူ့အတွေးနဲ့သူကတော့ ဟုတ်နေပေ၏။ မွန်းပိုအမ်လည်း ဪငါနောင်တစ်ချိန် ဘုရားဂေါပကဖြစ်သော အခါမှ လာလှူတဲ့သူတွေကို ဘယ်ဘက်ကတစ်ဆုပ်ကြဲလို့ ညာဘက်က ဒုံးပျံတစ်စီးစာဝင်ပါစေဟု ဆုတောင်းပြင်ပေးမည်ဟု အကြံရချေ သည်တော့ […]


moonpoemMarch 3, 20151min62614
နေ့ပူလို ့ညချမ်း တပေါင်းလ သရမ်းတဲ့။အဲဒီ ဆိုရိုးစကားက မန္တလေးမှာတော့ မှန်ပေမယ့် ရန်ကုန်မှာကတော့ နေ့လည်းပူလို ့ညလည်း မအေးလှပါဘူးလေ။တစ်နှစ်ပတ်လုံး ခေါင်းရမ်း ကိုယ်ရမ်း ဟိုရွေ ့ဒီရွေ ့နဲ ့လများတို ့ရဲ ့နောင်တော်ကြီး တပေါင်းလကိုတောင် ပြန်ရောက်လာပြန်ပါပေါ့။တပေါင်းလကြောင့်ပဲလားတော့ မသိ။ တခုခုကို လွမ်းသလို ဆွေးသလိုလိုနဲ့။အတိတ်ကို လွမ်းကြည့်တဲ့အချိန် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်ကတော့ တပေါင်းလကိုရောက်ပြီဆိုရင်……..။ ဟေး နင်တို ့တမာပင်ပေါ်ကနေ ကြွေကျလာတဲ့ တမာရွက်တွေကို အကျင်္ ီနဲ ့အပြည့် ခံပြီးယူနိုင်ရင်စာမေးပွဲအောင်တယ်ဆိုတာ သိလား။အဲဒီ သူငယ်ချင်းလာပြောတော့ စာမေးပွဲကို အောင်ဖို ့အပြင် ဆုတွေပါ ရအောင်ဆိုပြီး ကြွေတဲ့ တမာရွက်တွေကိုရော၊ မကြွေသေးတဲ့ တမာရွက်တွေရောကိုပါ ခဲနဲ ့ပေါက်ပြီး အကျင်္ ီနဲ ့အပြည့် လိုက်ခံကြတယ်လေ။ […]


moonpoemDecember 18, 20141min53810
ရိုက်ရန်လက်ခံထားသည်ကတာဝန်ကြီးသည်။နေပြည်တော်ကို သွားပြီး ခေတ်နှင့်အကိုက်ညီဆုံး သီချင်း ရိုက်ခဲ့ပါရန် ဒါရိုက်တာအစည်းအရုံးမှ မွန်းပ်ိုအမ်ကို တာဝန်ပေးကြခြင်း ဖြစ်သည်။ စဉ်းစားသည်။အမြန်လမ်းမဘေးပဲ သွားပြီး ဝိုင်းစု၏ လမ်းမကြီးရဲ့ဘေးသီချင်းပဲ ရိုက်ရမလား ဘာလား စသဖြင့်ပေါ့လေ။ နောက်ဆုံးတော့ အကြံရပြီး ဘယ်နှစ်ပွင့်တွေ ဘယ်နှစ်ပေါက်တွေနှင့် ချိန်းတိုင်းလွဲနေသည့် လွှတ်တော်သို့သွားပြီး မဒီတို့ စုံတွဲဆိုထားသည့် လွဲနေတဲ့ ဆုံမှတ်များ သီချင်းကို ရိုက်ပြီးပြန်လာခဲ့သည်။ မွန်းပိုအမ်၏ MTV ဟုန်းဟုန်းတောက် နာမည်ကြီးသွားပြီး အဆိုတော်တွေက VCDရိုက်ရန် အပ်ကြသည်။ အဲလက်စ်က ၎င်း၏ အချစ်သီချင်း အစဖြစ်သော မွန်းကြပ်တဲ့ နေ့ရက်များမှာ ငါ့ကိုယ်ငါပြန်သုံးသပ်ခဲ့ဟု ကောင်းမြတ်ဆိုထားသော Rapစာသားကို ပုံဖော်ပေးပါရန် အဲလက်စ်နှင့်ကောင်းမြတ်က ပြောလာသည်။ ထို့ကြောင့် ခေတ်နှင့် ကိုက်ညီသော ဒိုင်နာလိုင်းကားပေါ်တွင် ကားစီးရင်း မွန်းကြပ်ရင်း အသက်ရှူကြပ်ရင်း လွမ်းနေရှာသော […]


moonpoemDecember 16, 20141min54910
ဒီဇင်ဘာ ဖြစ်သော်ငြား ပူအိုက်နေသကဲ့သို့ တနင်္ဂနွေသားသမီးများလတ်တလောအပူများနေတတ ်သည်။တစ်နေ့၂ခါ ရေမှန်မှန်ချိုးပါ။ နိုင်ငံရေးတွင် လှည့်ကွက်များ သောအတိုက်အခိုက်များသော ကာလ ဖြစ်သကဲ့သို့ တနလာင်္သားသမီးများ လည်းရန်သူများတတ်သည်။ သိုင်းပြောင်းပြန်ကျင့်ထားပါ။ လက်နက်ပုန်းသုံးပါ။ ဆန္ဒပြသူများကို အသံချဲ့စက်များ ဖွင့်၍ နှိမ်နှင်းခြင်းသည် အင်္ဂါသားသမီးများအတွက် ရှေ့ဆက်လုပ်သင့်သော စီးပွားရေးလုပ်ငန်းကို နမိတ် ပြခြင်းဖြစ်သည်။DJစက်ရောင်းပါ။အဝယ်လိုက် လိမ့်မည်။ ဗုဒ္ဓဟူး သားသမီးများ ယခုနှစ် မကုန်မချင်း မလိုအပ်ဘဲ အခွန်ဆောင်ရကိန်း မြင်သည်။ ထို့ကြောင့်ငှက်ပျောသီးစားပြီးပါက ငှက်ပျောအခွန်သိမ်းထားခြင်းရှောင်ပါ။ ကားများကြပ်နေသဖြင့်စိတ်ပိုညစ်တတ်သောကြာသပတေးသားသမီးများကားချောင်လိုပါကရထားသံလမ်းအတိုင်း ဘေးမှလမ်းလျှောက်ပါ။ ကားအလွန်ချောင်မည်ဖြစ်သည်။ သောကြာသားသမီးများ စိတ်မွန်းကြပ်နေတတ်သည်။ သိပ်ပြီးထိန်းချုပ်မထားပါနှင့်။ လွတ်လပ်စွာ ထားပါ။အားရပါးရ အီးပေါက်ပစ်လိုက်ပါ။ ပြေလည်သွားလိမ့်မည်။ ၄ပွင့်ပင် ဖြစ်စေ ၆ပွင့်ပင် ဖြစ်စေ မတွေ ့ဆုံနိုင်သကဲ့သို့ စနေ သားသမီးများ အချစ်ရေးတွင် လမ်းလွဲနေတတ်သည်။လမ်းမလွဲစေရန် မြေနီကုန်းတံတားဆောက်နေသော […]


moonpoemNovember 29, 20141min78314
အသက်၁၄နှစ် Valentine အသက်အရွယ် ဖြစ်သည်။ချစ်ခင်နှစ်လို ဖွယ်ရာကောင်း၏။ အသက်၂၅နှစ် Christmas အသက်အရွယ်ဖြစ်သည်။အများတကာ မျှော်လင့်နေကြသေးသော အရွယ် ဖြစ်၏။ အသက်၂၇ တော်လှန်ရေးအသက်အရွယ်ဖြစ်သည်။အနီးအနားတွင် ပတ်ဝန်းကျင်တွင် အိမ်ထောင် မပြုသေးဘူးလား ဘာလားအစရှိသော စကားများဖြင့် တိုက်ခိုက်ခြင်း ခံရစ ပြုလာပြီဖြစ်သော အရွယ် ဖြစ်၏။ အသက်၃၁ နုပျိုခြင်းတို့၏ အဆုံးစွန်သော year ending အသက်အရွယ် ဖြစ်သည်။သို့သော် New year ကဲ့သို့လည်း စိတ်ဝင်စားဖို့ကောင်းနေပြန်သည်။ အသက်၄၀ မိုးမိုးသီချင်းကဲ့သို့ပင် အပြုံးလေးနှင့် လိမ်ရသော အရွယ်ရောက်လာပြီး တွံတေးသိန်းတန်သီချင်းလိုလည်း ၄ဝကျော် အချစ်တွေ ဘာတွေဖြင့် ငယ်မူပြန်နိုင်သေး၏။ အသက်၆၆ မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရသွားပြီ ဖြစ်သည်။အားလုံးသင့်အား ဘာမှ မပြောကြတော့။လွတ်လပ်သွားပြီ ဘေးကင်းသွားပြီ။တောထွက်လို့ ရပြီဖြစ်လေသည်။ ပြီးပါပြီ။ ကြားကြားသမျှ […]


moonpoemNovember 28, 20141min5198
“ခေတ်သစ် စကားပုံနှင့်စကားထာများ” ၅နှစ်တစ်ခါ ပေါ်လို့လာ ငါသာမင်းလောင်း ထီးဖြူဆောင်း။ အဖြေ။ ။ ၂၀၁၅ရွေးကောက်ပွဲကို ဆိုလိုသည်။ နွားနို့တစ်ပန်းကန် တစ်ပြည်လုံးလျှံ အဖြေ။ ။လမင်းကြီးကို ဆိုလိုခြင်း မဟုတ်ဘဲ သမ္မတကြီးပြောကြားသော မိန့်ခွန်းကို ဆိုလိုခြင်း ဖြစ်သည်။ တစ်တိုင်ဆီမီး ထိန်ထိန်ငြီး အဖြေ။ ။ ဖယောင်းတိုင်တစ်တိုင်ဖြင့် နာမည်ကြီးသွားသော ဟိုလူကြီးကို ဆိုလိုသည်။ ပျက်အစဉ် ပြင်ခဏ မြန်မာပြည်ရှိလမ်းများကို ဆိုလိုသည်။အစဉ်အမြဲပျက်နေသည်ကများပြီး၊ လာပြင်သည့်အခါ ခဏသာ ဖြစ်၏။ တစ်ပင်လဲမူ တစ်ပင်ထူ လမ်းဘေးရှိ ဓာတ်တိုင်များကို ဆိုလိုသည်။ မည်မျှပင် မီးမလင်းသည် ဖြစ်စေ၊ တိုင်ဆွေးသည် ဖြစ်စေ မပြုပြင်ဘဲ လဲကျသွားမှ နောက်တစ်တိုင်ထူခြင်းကို ပြောခြင်းဖြစ်၏။ ဟိုဘက်ကမ်းက မီးထိန်ထိန် ဒီဘက်ကမ်းက မီးမှိန်မှိန်။ အဖြေ။ ။ […]