lu ta loneJune 5, 20101min741
ကိုယ့်အိမ်မှာပဲ သစ်သီးတွေနဲ့ အသားအရေထိန်းသိမ်းမှုတွေလုပ်နိုင်ဖို့ ကျွန်တော်သိသလောက်ဝေမျှလိုက်ပါတယ်။ ကိုယ်တိုင်ပြင်ဆင် အလှဆင် (၁)မျက်နှာပေါင်းတင် လိုအပ်ပစ်စည်းများ ထောပတ်သီးမှည့် – ၁လုံး သံလွင်ဆီ – ၁ဇွန်း ငှက်ပျောသီးမှည့် – ၁လုံး လိမ်မော်သီး -၁လုံး(အရည်ညှစ်ယူထားပါ) ပြုလုပ်နည်း ထောပတ်သီးမှည့်၊သံလွင်ဆီတစ်ဇွန်း၊လိမ်မော်ရည်နည်းနည်းနဲ့ ငှက်ပျောသီးမှည့်တို့ကို ရောသမအောင် နယ်ရပါမယ်။ပြီးတဲ့အခါပါးစပ်နဲ့ မျက်လုံးတွေကိုချန်ပြီးလိမ်းပေးရပါမယ်။လိမ်းပြီး မိနစ်(၂၀)လောက် ကြာတဲ့ အခါ မျက်နှာသစ်လိုက်ပါ။ဝင်းဝါချောမွတ်သွားတဲ့ မျက်နှာပိုင်ရှင်လေးဖြစ်သွားပြီပေါ့နော်။ ပိုမိုချောမွေ့ခင်ရင် တော့ မျက်နှာပေါင်းတင်ဖို့ ရောမွှေထားတဲ့ ပစ်စည်းတွေထဲကို အပူပေးအရည်ဖျော်ထားတဲ့ ပျားဖယောင်း ထည့်သုံးနိုင်ပါတယ်။ (၂)ဆံပင်ပေါင်းတင် လိုုအပ်ပစ်စည်းများ ထောပတ်သီးမှည့် -တစ်လုံး ငှက်ပျောသီးမှည့် -တစ်လုံး သံလွင်ဆီ – တစ်ဇွန်း ကြက်ဥ – အကာရည် ပြုလုပ်နည်း လိုအပ်ပစ်စည်းအားလုံးကို သမအောင်မွှေပြီးတဲ့အခါ ဆံနွယ်အနှံ့ကို ညင်သာစွာ […]