“မုိုးညှင်းသမ္ဗုဒ္ဓေ” လွန်ခဲ့တဲ့ လေးလ လောက်က မုံရွာကိုနေ့ခြင်းပြန်သွားတော့ ငယ်ငယ်က မကြာခဏရောက်ဘူးတဲ့ “သမ္ဗုဒ္ဓေ”ဘုရားကို ဝင်ဘို့စိတ်ကူးရပါတယ်။ ဒါပေမယ့်အဲဒီနေ့ မုံရွာက ပြန်ထွက်လာတော့ ည(7)နာရီ ကျော်နေတော့ မဝင်ခဲ့ရပြန်ပါဘူး။ ဗောဓိတစ်ထောင်စေတီကြီးကို အခုတစ်ခေါက်သွားမှ ဖူးရပါတယ်ဆိုရင် ကျနော်မရောက်တာ အတော်ကြာပြီလို့ တွက်လို့ရနို်င်ပါတယ်။ မန်းလေးကအသွား လမ်းမြောက်ဘက်ခြမ်းမှာ ကြီးမားတဲ့ရပ်တော်မူ ရုပ်ပွားတော်ကြီုးကို ဖူးမြင်ရတာပါ။ သိပ်မကြာခင်“သမ္ဗုဒ္ဓေ”ကိုဝင်တဲ့လမ်းကလေး ကိုချိုးဝင်လိုက်တော့အရင်လွန်ခဲ့သောအနှစ်(၂၀)လောက်က ချောင်းဦးမှာရှိတဲ့သူငယ်ချင်းဆီကိုလာရင်း မြင်းလှည်းကလေးနဲ့ ဒီဘုရားကိုလာခဲ့ကြတာကိုပြန်သတိရမိပါတယ်။ ဒီကြားထဲမှာမုံရွာကို အကြိမ်ပေါင်းများစွာသွားခဲ့ပေမယ့် “သမ္ဗုဒ္ဓေ”ကို မဝင်ဖြစ်ခဲ့တာပါ။ ဟိုအရင်ကျနော် ၁၆နှစ်လောက်တုန်းက အရပ်ထဲကလူတွေနဲ့ကားစုငှား ပြီး ဖိုဝင်တောင်ရွှေဘတောင်ဖက်ထိ ခရီးစုသွားကြတော့ ဒီ“သမ္ဗုဒ္ဓေ”ရင်ပြင်တော်ပေါ်မှာ ကျနော်တို့ ဘုရားဖူးအဖွဲ့တွေဖျာတွေခင်းပြီးအိပ်ခဲ့ကြတာ ဒီဘုရားထဲမှာရှိတဲ့ငါးကန်ထဲကိုခြေချော်ကျမလိုဖြစ်တာတွေကို အတိအကျမဟုတ်ပေမယ့် ခပ်ရေးရေးမှတ်မိနေသလိုပါဘဲ။ အခုတစ်ခေါက်ကျနော်ရောက်တော့ အတော်လေးကိုမှောင်နေပါပြီ။ အချိုးကျနဲ့လှတဲ့ဆင်ရုပ်ကြီးနှစ်ကောင်က အရင်အတိုင်းမပြောင်းမလဲ။ တောင်ဘက်က ဆင် မြောက်ဘက်ကဆင် ဘုရားထဲဝင်တော့ […]