မိုးညှင်း သမ္ဗုဒ္ဓေ

“မုိုးညှင်းသမ္ဗုဒ္ဓေ”
လွန်ခဲ့တဲ့ လေးလ လောက်က မုံရွာကိုနေ့ခြင်းပြန်သွားတော့ ငယ်ငယ်က မကြာခဏရောက်ဘူးတဲ့ “သမ္ဗုဒ္ဓေ”ဘုရားကို ဝင်ဘို့စိတ်ကူးရပါတယ်။
ဒါပေမယ့်အဲဒီနေ့ မုံရွာက ပြန်ထွက်လာတော့ ည(7)နာရီ ကျော်နေတော့ မဝင်ခဲ့ရပြန်ပါဘူး။
ဗောဓိတစ်ထောင်စေတီကြီးကို အခုတစ်ခေါက်သွားမှ ဖူးရပါတယ်ဆိုရင် ကျနော်မရောက်တာ
အတော်ကြာပြီလို့ တွက်လို့ရနို်င်ပါတယ်။

မန်းလေးကအသွား လမ်းမြောက်ဘက်ခြမ်းမှာ ကြီးမားတဲ့ရပ်တော်မူ ရုပ်ပွားတော်ကြီုးကို
ဖူးမြင်ရတာပါ။

ပုံကြီးချဲ့ရင်တော့ ရပ်တော်မူကိုယ်တော်ကို ဖူးမြင်ရမှာပါ

သိပ်မကြာခင်“သမ္ဗုဒ္ဓေ”ကိုဝင်တဲ့လမ်းကလေး ကိုချိုးဝင်လိုက်တော့အရင်လွန်ခဲ့သောအနှစ်(၂၀)လောက်က
ချောင်းဦးမှာရှိတဲ့သူငယ်ချင်းဆီကိုလာရင်း မြင်းလှည်းကလေးနဲ့ ဒီဘုရားကိုလာခဲ့ကြတာကိုပြန်သတိရမိပါတယ်။
ဒီကြားထဲမှာမုံရွာကို အကြိမ်ပေါင်းများစွာသွားခဲ့ပေမယ့် “သမ္ဗုဒ္ဓေ”ကို မဝင်ဖြစ်ခဲ့တာပါ။
ဟိုအရင်ကျနော် ၁၆နှစ်လောက်တုန်းက အရပ်ထဲကလူတွေနဲ့ကားစုငှား ပြီး ဖိုဝင်တောင်ရွှေဘတောင်ဖက်ထိ
ခရီးစုသွားကြတော့ ဒီ“သမ္ဗုဒ္ဓေ”ရင်ပြင်တော်ပေါ်မှာ ကျနော်တို့ ဘုရားဖူးအဖွဲ့တွေဖျာတွေခင်းပြီးအိပ်ခဲ့ကြတာ
ဒီဘုရားထဲမှာရှိတဲ့ငါးကန်ထဲကိုခြေချော်ကျမလိုဖြစ်တာတွေကို အတိအကျမဟုတ်ပေမယ့် ခပ်ရေးရေးမှတ်မိနေသလိုပါဘဲ။
အခုတစ်ခေါက်ကျနော်ရောက်တော့ အတော်လေးကိုမှောင်နေပါပြီ။
အဝင်က အချိုးအစားကျနတဲ့ဆင်နှစ်ကောင်

အချိုးကျနဲ့လှတဲ့ဆင်ရုပ်ကြီးနှစ်ကောင်က အရင်အတိုင်းမပြောင်းမလဲ။
တောင်ဘက်က ဆင်
တောင်ဘက်ကဆင်ကြီး

မြောက်ဘက်ကဆင်
မြောက်ဘက ဆင်ကြီး

ဘုရားထဲဝင်တော့ ရှေးဟောင်းကျောင်းကြီးကလဲ နည်းနည်းလေးအိုသွားတာထက်စာရင်
မပြောင်းမလဲ။
ကျောင်းကြီးရယ်အို

ကျောင်းအိုကြီးကို ဓါတ်ပုံရိုက်။
ရှေ့တည့်တည့်ကအမြင်

သူ့နံဘေးနားမှာရှိတဲ့ ရုပ်လုံးကြွ အရုပ်တွေကို လက်ဆော့။
ငယ်ငယ်တုန်းက ကြည့်ပြီးကြောက်ခဲ့ရတဲ့ကျားရုပ်

ကျောင်းဘေးက စကြ်န်လေးအတိုင်းသွားတော့ ကျောင်းအနောက်ဖက်ကိုရောက်သွားပါတယ်။
ဒီကျောင်းက ကျားကျောင်းဖြစ်မယ်ထင်ပါရဲ့ နံရံမှာလဲကျားရုပ်နဲ့

နောက်တော့ ဖွဲ့တည်ပုံထူးခြားလှတဲ့ ဘုရားစေတီအဆူဆူကို ဓါတ်ပုံရိုက်ရပါတယ်။
ကျနော်တို့ရောက်တော့ ကျောင်းတော်က ပိတ်ထားပါပြီ။
အဲတော့ အပြင်ကဘဲလှည့်ပါတ်လို့ မှတ်တမ်းတင်နိုင်ပါတော့တယ်။
အရှေ့တောင်ဒေါင့်ကမြင်ကွင်း

တောက်ပတဲ့အရောင်နဲ့ စေတီ

ဆက်လျောက်သွားတော့ အရှေ့ဖက်မှာ တံခွန်တိုင်ကိုတွေ့ပါတယ်။
တံခွန်တိုင်နံဘေးက စေတီလေးတွေ

တံခွန်တိုင်တွေအများကြီးကြားကစေတီ
တံခွန်တိုင်များကြားက စေတီ

ထူးခြားသောဗိသုကာပုံ့စံရှိတယ်လို့ထင်မိပါတယ်။
စေတီနဲ့ တံခွန်တိုင်

တံခွန်တိုင်မြင့်မြင့်မြင်ရတာ အမြင်ဆန်းဆန်းနောက်လေးဒေါင့်လဲဖြစ်နေပြန်ရော။
တံခွန်တိုင်မြင့်မြင့်

ဘုရားပုရဝုဏ်ထဲမှာတွေ့ရတဲ့ အရုပ်တွေနဲ့ ဆင်းတုတော်တွေပါ။
ထူးခြားတဲ့ရုပ်လုံးကြွတွေငယ်ကတော့ ကြောက်ခဲ့ပါတယ်။

တောင်ဘက်ကမြင်ကွင်း။
တပုံစံတည်းရှိနေတဲ့ စေတီတော်နဲ့ တံခွန်တိုင်

နောက်တော့ငယ်က ချော်ကျဘူးတဲ့ငါးကန်လေးကို သွားကြည့်တော့ အရင်အတိုင်းမပြောင်းမလဲ။
ရေညိစိမ်းစိမ်း အမိူက်သရိုက်တွေနဲ့ ကန်ကလေးက ညစ်ပတ်မြဲ။
ရေကန်လေးထဲမှာမှော်အပြည့် ငါးတွေလဲရှိတယ်

မှောင်နေတဲ့ရေကန်နားက ဇရပ်မှာ အတွဲလေးတွေက ထိုင်လို့ကောင်းဆဲ။
ဘုရားတရားရိပ်က တယ်အေးချမ်းတယ်လို့ ယူဆလို့ဒီအချိန်ထိနေတာဖြစ်မှာပါ။
ပုရဝုဏ်ထဲမှာတော့ ကျနော်လို့နောက်ကျမှရောက်လာတဲ့ဘုရားဖူးအဖွဲ့တွေကို
တွေ့ရပါတယ်။
အနောက်ဘက်ခြမ်းကစေတီတွေ

မိုးရွာထားတော့ စိုစွတ်စွတ်ကျောက်ပြားပေါ်မှာချော်မလဲအောင်တော့ သတိထားရပါတယ်။
နောက်တော့ ဘုရားကိုလှည့်ပါတ်ကြည့်ပြီ း အာလိ်န်ငါးဆင့်ဘက်ထွက်ခဲ့ပါတယ်။

အာလိန်ငါးဆင့်

အမြင့်ကနေစီးပြီးရိုက်ချင်တော့ အပေါ်တက်ဘို့လုပ်ရပါတယ်။
တက်ရတဲ့အုဌ်လှေခါးလေးက ကျဥ်းပြီးမတ်တော့ အတော်လေးဝတဲ့ကျနော်
တော်တော်လေးကို သတိထားပြီးတက်ရပါတယ်။
ပထမအဆင့်ကျော် အာလိန်ငါးဆင့်သံလှေကား အတက်ကို မတက်တော့ဘူးလို့ စိတ်ကူးပြီး
ဘုရားကိုဓါတ်ပုံရို်က်တော့ ကျနော်လိုချင်တဲ့ပုံကို မရပါဘူး ။
သစ်ပင်တွေက ကွယ်နေပါတယ်။
အပေါ်မြင်ကွင်း

အဲဒီအချိန် ဆူညံဆူညံအသံကြားလို့ကြည့်မိတော့ ကောင်လေးသုံးယောက်နဲ့ကောင်မလေးသုံးယောက်
တက်လာတာတွေ့ရပါတယ်။.
ဒီအပေါ်တက်တဲ့နေရာမှာ မိန်းကလေးများမတက်ရလို့ လူတိုင်းမြင်နိုင်အောင်စာရေးထားပါတယ်။
ဒါပေမယ့်ကောင်မလေးတွေကတော့ အပေါ်ထိရောက်လာပါပြီ။
တက်လာတာ ဘာမှ မဖြစ်ပေမယ့် တားမြစ်ထားတာကို လူလစ်ရင်ကျူးလွန်မယ်ဆိုတဲ့စိတ်ကလေးတွေကတော့
ပျောက်သင့်ဖျောက်သင့်ပြီလို့ ထင်ပါတယ်။
အပေါ်ဆုံးရောက်မှ ကျယ်ပြန့်လှပတဲ့ရူ့ခင်းကို အားရပါးရ ရူ့စားရပါတော့တယ်။
အမြင့်ဆုံးစေတီကတော့ပြင်ဆင်ဘို့အတွက် ဖျာနဲ့အုပ်ထားပါတယ်။
အမြင့်ဆုံးက မြင်ရတဲ့မြင်ကွင်း

လှပတဲ့သပ္ပါယ်လှတဲ့စေတီအဆူဆူကို ဓါတ်ပုံရိုက်ရင်း အဝေးက သစ်ပင်မှာဖွေးနေတာကိုတွေ့လို့
မေးကြည့်တော့ အနီးအနားကဗျိုင်းတွေက ဒီဘုရားနားက သစ်ပင်တွေမှာအိပ်တန်းတက်ကြပါသတဲ့။
သစ်ပင်ပေါ်မှာအိပ်တန်းတက်တဲ့ဗျိုင်းလေးတွေ

မြင်ရခဲသော အခုလိုမိုးချုပ်တဲ့အချိန်လာမှသာ မြင်ရခဲ့တဲ့ရူ့ခင်းကို လှပစွာမှတ်တမ်းတင်လိုက်ပါတယ်။
အောက်ရောက်တော့ ဘုရားပုရဝုဏ်ထဲက ခရေပင်အောက်မှာ ဘုရားတင်ဘို့ပန်းကောက်နေသူတွေကို
တွေ့ရပါတယ်။
ငှက်ကလေးတွေနားခိုရာ

မိုးလဲချုပ် ဘာမှလဲမမြင်ရတော့ ပြန်ခဲ့ကြပါတယ်။

အာလိန်ငါးဆင့်

နောက်တစ်ခေါက်ရောက်မှ အထဲမှာရှိတဲ့ဘုရားတွေကို မှတ်တမ်းတင်မယ်လို့ တွေးရင်းပြန်ထွက်လာတော့
ညနေခြောက်နာရီ။
မဲမဲမှောင်လို့။
မန်းလေးကို ညကိုးနာရီကျော်မှရောက်မယ်ထင်ပါရဲ့။

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(19-10-201)

7 comments

  • ပုံတွေတင်ရတာ ပင်ပန်းလို့ဆို ခဏနားမယ်လို့ စိတ်ကူးပေမယ့် ။
    အချိန်တန်တော့လဲ တင်မိပြန်ရောဗျာ။
    ညနေက တင်တာ ကော်နက်ရှင်မကောင်းလို့ ကော်မင်းပိတ်နေတာအခုမှပြန်ဖွင့်ပေးလိုက်ပါတယ်.

  • windtalker

    November 5, 2011 at 11:09 am

    နောက်ကို မကြောက်နဲ ့တော့နော်
    သိလား
    မဒမ်ပေါက် ကို သာ ဖက်ထား
    ဟီဟိ

  • blackchaw

    November 5, 2011 at 11:18 am

    မနေ့က ညနေထဲက ပို့စ်တစ်ခုလုံး တက်လာတယ်ကိုပေါက်ရေ။
    အောက်မှာ ကွန်းမန့်ပိတ်နေလို့ ကြည့်ရုံကြည့်ပြီးပြန်ထွက်သွားတာပါ။
    ကျေးဇူးပါ။

  • ဆူး

    November 5, 2011 at 11:19 am

    မိုးညှင်းလည်း ရောက်ခဲ့ပြီပေါ့.. ကိုပေါက် ခြေထောက် ဘီးတပ်ထားပုံရတယ်။
    နေရာစုံရောက်နေတယ်။ ဟိဟိ..

  • “ဘီလူးကြီး”ogre

    November 5, 2011 at 12:44 pm

    ကျေးဇူး..အစ်ကိုပေါက် ရေ
    ကျုပ်ရောက်ပြီးပုဆိန်ပေါက်ဖူးခဲ့ရတဲ့ဘုရားပေါ့
    အာလိန်ငါးဆင့်ဘက်တောင်မရောက်လိုက်ပါဘူး
    အခုလိုတင်ပေးတာကျေးဇူးပါဗျာ..။။

Leave a Reply