Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


“အဆင့်ဆင့် အထပ်ထပ်” (ကိုစိန်သော့ရဲ့နောက်ကလိုက်ခြင်း………….အပိုင်း၂) ဝင်ဝင်ခြင်းတွေ့ရတဲ့ဆင်းတုကြီးအောက်ကနေကြည့်လိုက်တဲ့အခါ အထဲမှာစေတီတော်ကိုမြင်ရပါတယ်။ အထပ်ထပ်ငုံတည်ထားတဲ့ဘုရားဖြစ်ပါတယ်။ အခုအတွင်းထဲမှာမြင်ရတဲ့ဘုရားကို အရင်က အခုလိုမတွေ့ခဲ့ရပါဘူး။ ဒီဘုရားပလ္လင်တော်နဲ့ကွယ်ထားတာဖြစ်ပါတယ်။ တစ်ရက်ဘုရားသန့်ရှင်းရေးလုပ်ရင်း ဆင်းတုနောက်ဘက်ကနေ လင်းနို့တစ်ကောင်ထွက်လာတာကိုမြင်ကြရပါသတဲ့။ အဲဒါနဲ့လင်းနို့ထွက်တဲ့အပေါက်ကနေ ချောင်းကြည့်တော့ အခုမြင်ရတဲ့ ဓါတ်ပုံထဲကစေတီတော်ကိုမြင်ရပါတယ်တဲ့။ (ဒီပုံကတော့သူများပုံကို ကူးပြီးတင်ပေးတာပါ) ဘုရားလာဖူးသူတွေကိုဒီဘုရားရဲ့ရာဇဝင်ကိုမမောနိုင်မပန်းနိုင်ရှင်းပြနေတဲ့ သူရဲ့ပုံပါ။ လင်းနို့ထွက်လာတဲ့အပေါက်က အတော်လေးမြင့်တဲ့နေရာမှာရှိပါတယ်။ အပေါ်ဆုံးမှာမြင်ရတဲ့ဘုရားက အတွင်းထဲမှာရှိတဲ့တစ်ဆူုကိုငုံပြီးတင်ထားတာပါ။ ဒီဆင်းတုတော်တွေထူးခြားချက်က တစ်ဆူပြီး တစ်ဆူငုံပြီးတည်သွားကြတယ်လို့ဆိုပါတယ်။ အောက်ဆုံးမှာရှိတဲ့ဘုရားကတော့ အနော်ရထာဘုရားတည်ထားခဲ့တယ်လို့ပညာရှင်များက အကဲဖြတ်ကြပါသတဲ့။ နောက်ဒီဘုရားကိုတွေ့တဲ့ မင်းများက နုဂို်ရ်ကိုငုံပြီး အထပ်ထပ်တည်သွားခဲ့တဲ့အတွက် အခုလို့အဆင့်ဆင့်ဖြစ်နေတာပါ။ ပထမတစ်ဆင့်ကတော့ အလွယ်တကူဖော်လို့ရလိုက်ပါတယ်။ ပထမတစ်ဆင့်ပြိုကျသွားတော့အောက်မှတစ်ဆူထပ်ပေါ်လာပါတယ်။ ဒါနဲ့ဘဲအထဲမှာရှေးဘုရားရှိတော့ အပေါ်ကဆင်းတုတော်အောက်က ပလ္လင်ကိုဖျက်လိုက်တဲ့အခါ အထဲမှာ ဆင်းတုတော်ကိုတွေ့ရပါတယ်။ အဲဒီဆင်းတုတော်ကိုတွေ့တော့ ဖုန်တွေပိတ်ဆိုနေတာကိုရှင်းကြရင်း အထဲမှာကြွက်ဆွဲလို့ ရောက်နေတဲ့ပန်းခြောက်တွေကို ဖယ်လိုက်တဲ့အခါ ဆင်းတုရဲညာဘက်ခြမ်းက ပြိုကျသွားပြန်ပါတယ်။ အဲဒီအခါမှာ မှ ပထမမြင်ရတဲ့ဆင်းတုထဲမှာနောက်ထပ်ဆင်းတုတွေရှိတာကိုမြင်ရပြန်ပါတယ်။ အပေါ်ဆုံးမှာမြင်ရတဲ့ဘုရားက […]


“ရာဇဝင်ထဲကမယ်နုရဲ့ …………………”(အပိုင်းတစ်) မြန်မာရာဇဝင်အကြောင်းပြောမယ်ဆိုရင် အင်းဝ ကိုချန်ထားလို့မရပါဘူး။ အင်းဝ ပါမယ်ဆိုရင် သာမန်အရပ်သူကနေ မိဖုရားဖြစ်ခဲ့တဲ့မယ်နု မပါလို့မရပါဘူး။ မယ်နုပါမယ်ဆိုရင် သမိုင်းမှာ ပယ်ဖျက်လို့ မရခဲ့တဲ့ အမဲစက်တွေစွန်းပေနေတဲ့ မယ်နု ရဲ့ အုဌ်ကျောင်းမပါလို့မရပါဘူး။ သမိုင်းမှာ ဘယ်လိုဘဲ ဖြစ်ခဲ့ဖြစ်ခဲ့ မြန်မာ့အနုပညာလက်ရာတွေနဲ့ထုံမွှမ်းနေတဲ့ လှပတဲ့အဆင်တန်ဆာတွေနဲ့ရှိနေတဲ့ ဒီကျောင်းလေးကိုတော့ ဘယ်နှစ်ခေါက်ရောက်ရောက် ကြည့်စရာ မကုန်သလိုပါဘဲ၊။ ဒီကျောင်းကိုရောက်ပြီဆိုတာနဲ့ ရှေးရှေးတုန်းကဆိုတဲ့အတွေးဝင်လာရင် မယ်နုနဲ့ပါတ်သက်တဲ့ သူ့ဘဝအကြောင်းလေးတွေကို ပြန်သတိရမိတာအမှန်ပါဘဲ။ မယ်နုအကြောင်းတော့ ဖတ်ဘူးကြားဘူးကြမယ်ထင်တဲ့အတွက် ပြန်မပြောတော့ပါဘူး။ မရောက်ဘူးသူများအတွက် ပုံလေးတွေတင်ပေးလိုက်ပါမယ်။ ဟိုအရင်တုံးက “အင်းဝ” ကို မန်းလေးဘက်ကနေသွားမယ်ဆိုရင် အမရပူရ(တောင်မြို့)ကိုဖြတ် စစ်ကိုင်းတံတားနားရောက်ရင်စစ်ကိုင်းဘက်မသွားဘဲ တောင်ဘက်ကိုသွားတဲ့လမ်းလေးအတိုင်းလိုက်။ သာယာတဲ့တောတန်းလေးလိုဖြစ်နေတဲ့သစ်ပင်တွေအရိပ်အောက်မှာ ပါလာတဲ့စက်ဘီးတို့ ဆိုင်ကယ်တို့ကားတို့ ကိုအပ်။ ပြီးတာနဲ့လှေဆိပ်ကိုဆင်း။ ဒုဌဝတီမြစ်ကိုဖြတ်။ အင်းဝဘက်ရောက်တာနဲ့မြင်းလှည်းလေးတွေကအဆင်သင့်။ အခုခေတ်မှာတော့ တံတားဦးမြို့မှာလေယာဉ်ကွင်းပေါ်လာတော့ လမ်းအသစ်လဲဖောက်လိုက်ကြပါတယ်။ တောင်မြို့ကိုဖြတ် […]


အင်းလေး ကန်ရောက်တဲ့အခါ အလိုတော်ပေါက်ဘုရားကို လှေသမား ကပို့ပေးလို့ရောက်ခဲ့ရပါတယ်။ လှေပေါ်ကဆင်းပြီး ဘုရားရှေ့ကတံတားပေါ်လဲရောက်ရော ရေအောက်မှာရှင်သန်နေတဲ့အပင်လေးကိုြ့မင်ရပါတယ်။ ဒါကတော့ဆင်တူရိုးမှားနောက်တစ်ပုံ ဒါကတော့ အပင်လေးက ရေအောက်မှာရှင်သန်နေတာပါ.


မန္တလေးမြို့ တောင်ဘက်အထွက် မှာတံခွန်တိုင်အရပ်ဆိုတာရှိပါတယ်။ ရန်ကုန်မန်းလေးလမ်းမကြီး ပေါ်မှာပါ။ အရင်က တံခွန်တိုင်ဈေးကျော်လို့ တောင်ဘက်နည်းနည်းလေးဆက်သွားရင် လယ်ကွင်းပြင်ကျယ်ကြီး တွေ့ရမှာပါ။ အနောက်ဘက်ကြည့်ရင် လယ်ကွင်းတွေဆုံးရင်တောင်သမန်အင်းဘက်ကိုရောက်မယ် မိုးခါဆိုရင်တော့ ရေပြင်ကျယ်ကြီး။ အရှေ့ဘက်ကလဲ ကွင်းပြင် အဝေးမှာ ရှေးဘုရား အပြိုအပျက်တွေရှိခဲ့ပါတယ်။ အဲဒီနားမှာဟိုအရင်က တံတားသေးသေးလေးရှိပါတယ်။ သေးတာမှ ကားတစ်စင်းဘဲဖြတ်ရတော့ စောင့်ပေါ့ တစ်စီးပြိးမှတစ်စီးသွား။ နောက်တော့တံတား အသစ်ဆောက်တဲ့ အခါ အကျယ်ကြီးဖြစ်သွားပါတယ်။ ဟောအခုအခါမှာတော့ လမ်းကျယ်ကနေ သူ့အနောက်ဘက် တောင်သမန်ရွာကနားကဖြတ်လို့ ရန်ကုန်မန်းလေး အမြန်လမ်းမကြီးဖောက်လိုက်တာနဲ့အတူ အဝိုင်းပါတ်ကြီးလည်း အသစ်ဆောက်လိုက်ပါတယ်။ လောလောဆယ် မန်းလေးမှာတော့ အတော်ကြီးတဲ့ အဝိုင်းပါတ်လို့ယူဆရင်ရပါတယ်. ကဲပုံတွေကြည့်လိုက်ကြရအောင်။ ဒါကတော့တောင်ဘက်ကို ရောက်အောင်ပါတ်သွားတဲ့ဘက်ပေါ့ ဒါကတော့ ပန်းပင်တွေစိုက်ထားတဲ့ မုဒ်ဦးအတက် ဒါကတော့ လမ်းအနောက်ဘက်မှာ နောင်အသုံးပြုတော့မယ့် ရန်ကုန်မန်းလေးအမြန်လမ်းမ ကို လှမ်းမြင်ရတာ ဝိုးတဝါး အဝိုင်းပါတ်ကိုတောင်ဘက်ကနေပြန်ဝင်တော့ […]


1 နန်းမြို့ရိုးနဲ့ပြဿဒ်တော် ကျုးံရေပြင်ပေါ် ရေသောက်ဆင်း။ 2ကရဝိက်ပုံသွင် မြူမှုံမသဲမကွဲ ရေပြင်ထဲမှာအရိပ်ထင် 3အာရုဏ်ဦး နေထွက်ချိန် ရေပြင်ထက် ဝိုးတဝါးထင် ပုံရိပ်မြင် 4မိုးရွာလို့ရေအိုင်နေတဲ့အထဲကို ဘေးနားကသစ်ပင်က ဝင်လို့ခိုနေတာပါ။ 5 တကယ်တော့ ချမ်းသာကြီးဘုရားနဲ့ ရေပြင်အဝေးကြီးရယ် ပထမပိုင်းတုံးက တင်တုံးကပုံမှားတင်မိလိုပြန့်တင်ပေးတာပါ။ 6ရေမရှိတဲ့ကန်ထဲမှာ တစ်ပင်ထည်းအဖော်ကွဲနေတာ အရိပ်ကလေးရှိလို့သာအဖော်ရတာရယ်။ 7 ရေပြင်မှာအရိပ်ထင်နေတဲ့ယာယီတံတား နဲ့ကစားစရာ ဘဲရုပ်လှေလေးတွေ 8 မိုးလင်းစနံနက် တစ်ပင်ထဲအဖော်ကွဲလို့အထီးကျနေပါတယ် အရိပ်ကလေးကတော့ မပီတပီ 9 ထန်းပင်စုစုလေးရဲ့အရိပ် မှုံရီရီနေ့လေးဆိုတော့ ကျုံးရေပေါ်ကျတဲ့အရိပ်က မဆိုစလောက်ကလေးရယ် 10 နှင်းမူံတဲ့အာရုံတက် ရေပြင်ထက်မှာ အရိပ်ထင်တဲ့ ပြည်ကြီးမွန် 11 မိုးရွာလို့ရှိတဲ့ရေအိုင် မှာ ခဏဝင်နားတဲ့ ပင်ညီနောင် 12 လှတော့ မလှဘူးလမ်းဘေးရေအိုင်မှာကျနေတဲ့အရိပ် မိုးရွာလို့တင်ကျန်နေတဲ့ရေအိုင်မှာ အရိပ်ထင်နေတဲ့ကုက္ကိုလ်ပင်။ မလှပါဘူး အမှတ်တရပေါ့။ […]


ကျနော်ငယ်ကတည်းက စဉ်းစားလို့အဖြေမရတာ တစ်ခုရှိပါတယ်။ သဘာဝအတိုင်း ပွင့်ဖူးနေတဲ့ပန်းကလေးတွေကို လှအောင်ဘယ်သူပုံဖော်သလဲ။ အရောင်တွေစိုနေအောင်ဘယ်သူတွေကဆေးခြယ်သလဲပေါ့။ နောက်လူ့ဘဝနဲ့တိုင်းတာရင် ပန်းခြင်းတူတာတောင်မှ တစ်ချို့က ပိုင်ရှင်ကတယုတယ တစ်ချို့ကျပြန်တော့လမ်းဘေးမှာဖြစ်သလို့။ ဒါပေမယ့် အလိုလို သူနည်းသူ့ဟန်နဲ့လှတာချည်းပါဘဲ။ ဒါကတော့ရွှေဘို နန်းတော်ထဲမှာစိုက်ထားတဲ့ စကားဖြူပင်ကပန်း။ စကားပန်းလေးတွေကတော့လှတော့ ပိုပြီး တင်ပေးချင်ပါတယ်။ စကားပန်းကတော့ ကျနော်နှစ်သက်တဲ့ပန်းမို့လားတော့မသိ ဘယ်လိုကြည့်ကြည့်လှနေပါတယ်. ခြံထဲမှာ တယုတယထားတဲ့သစ်ခွပန်း။ သူကတော့လမ်းနံဘေးနားက ဒေစီပန်း ဒီပန်းခင်းလေးက လမ်းဘေးမှာပေမယ့် ပြုစုယုယတဲ့ပိုင်ရှင်ရှိပုံရပါတယ်။ ဒေစီတော့ ဒေစီ ဒါပေမယ့် သူကတော့ ခရေဇီကာလာနဲ့။ သူကလဲခရေဇီကာလာ ဒါပေမယ့် ပန်းခေါ်မလား အရွက်ခေါ်မလား ဆန်းတော့ အဆန်းသား။ ရွှေဘိုမြို့ က ကျုံးကို ကားထားတဲ့ သံတိုင်တွေအနားမှာတွေ့ခဲ့တာပါ။ ဒီအပွင့်လေးပါပဲ နောက်ထပ်နှစ်ပင်တွဲလေး။ ဒါကတော့ အပင်အစုလိုက်ကြီး ပေါက်နေတဲ့ပုံပါ။ ဒီအပင် ကတော့ ဂမုန်းအမျိုးအနွယ်ထင်ပါရဲ့ […]


ရွှေစာရံစေတီတော်ရဲ့အနောက်ဘက်တည့်တည့်မှာ ပုဂံခေတ်ကလက်ရာမွန်လို့ယူဆနိုင်တဲ့ ရှေးဘုရား ဘွဲ့အမည်ကတော့ ဖိုးကုလားပါ။ ဒါကတော့ ဖိုးကုလားဘုရားကို အဝေးကမြင်ရတာလေးပါ။ ဖိုးပေါ်ဘုရားမြင်ကွင်းကျယ်ပုံပါ။ ဖိုးကုလားဘုရားဘေးဖက်က ပန်းတမော့လက်ရာ။ ဘုရားတောင်ဘက်ခြမ်းက လက်ရာ တစ်ချို့ဆို ပျက်စီးနေတာ နှမျောစရာကြီးဗျာ။ ဘုရားရှေ့ကျောက်စာတိုင် သုံးတိုင် အလယ်တိုင်က စာ ရသလောက်ရိုက်ထားတာ။ တောင်ဘက်အစွန်ဆုံးတိုင်က စာ။ ေြ့မာက်ဘက်ဆုံးတိုင်က ကျောက်စာ။ စပါပြီလှပသော ရှေးနံရံပန်းချီလက်ရာ ကွာတဲ့နေရာက ကွာကျ အရမ်းနှမျောဘို့ ကောင်းပါတယ်။ နံရံဆေးရေးပန်းချီအနီးကပ်မြင်ကွင်း သူတို့သုံးတာအနီရောင်များပါတယ်။ အခုရေးဆွဲထားတဲ့ပန်းချီလက်ရာများကအရောင်အတော်လေးကို စုံလင်ပါတယ်။ ဒါကတော့ အနီးကပ်မြင်ကွင်းနဲ့နှမြောစရာ ကွာကျလို့ အောက်ခံအုဌ်သားတွေပေါ်နေတာ။ ဒါကတော့ အနီးကပ်မြင်ကွင်းနဲ့နှမြောစရာ ကွာကျလို့ အောက်ခံအုဌ်သားတွေပေါ်နေတာ။ မြောက်ဘက်နံရံထက်က ရှေးဟောင်း ပန်းချီ။ ခေါင်မိုးထက်က ဆေးရေးပန်းချီများပါ။ နံရံထက်က ဘုရားနဲ့ ဆေးရေးပန်းချီ ဒီနံရံဆေးရေးပန်းချီရှေးလက်ရာတွေက ပျက်စီးတာတွေကလဲပျက်စီးကုန်ပါပြီ။ ကျန်နေသေးတဲ့အကောင်းလေးတွေကို ထပ်မပျက်အောင်ထိန်းသိမ်းသင့်ပြီလို့ […]


မိုးကုတ်ကိုရောက်တော့ မနက်အိပ်ယာထလို့လမ်းလျှောက်တဲ့အချိန် ကျနော်တည်းတဲ့မိုးကုတ်မိုတယ်ရဲ့ အရှေ့ဘက်က တောင်ပေါ်မှာ အလွန်သပ္ပါယ်လှတဲ့စေတီကို တွေ့ရပါတယ်။ ပတ္တမြားစေတီဖြစ်ပါတယ်။ အဲဒီတောင်ရဲ့တောင်စောင်းမှာ လူနေအိမ်ကလေးတွေဆောက်ထားတာကို ချစ်စဖွယ်တွေ့ရပါတယ်။ အောက်ခြေမြေပြင်ကနေစလို့ တစ်ဆင့်စီတစ်ဆင့်စီမြှင့်ပြီး အိမ်လေးတွေတည်လို့ထားပါတယ်။ အိမ်လေးတွေက အုဌ်ခံအိမ်လဲပါတယ်။ ထရံကာသွတ်မိုးရောပျဉ်ကာသွတ်မိုးရော။ တစ်ထပ်အိမ်ရော နှစ်ထပ်အိမ်ပုံစံအမျိုးမျိုးပါဘဲ။ တစ်အိမ်နဲ့တစ်အိမ်ဆင့်စီပြီးဆောက်ထားသလိုပါဘဲ။ ဒါကတော့အောက်ခြေကနေ အိမ်တွေပေါ်ကိုတက်ဘို့လမ်းအဝင်တံတားလေး။ ဒါလေးကတော့ အဆင့်ဆင့်မြင့်တက်သွားတဲ့အိမ်လေးကို သွားရာ အုဌ်လှေခါးလေးပေါ့။ အိ်မ်တွေရဲ့အပေါ်မှာတည်ထားတဲ့ဘုရားလေးပါ။ ဒါကတော့ မိုးကုတ်မြို့အနောက်တောင်ဘက်ခြမ်းမှာရှိတဲ့ ဖောင်တော်ဦးဘုရားပေါ်ကနေမြင်ရတဲ့မြင်ကွင်းပါ။ အဲဒီဘက်မှာလဲ အိမ်ကလေးတွေက တောင်နံရံမှာအနီမ့်အမြင့်စီလို့ဆောက်ထားတာ လှတပတ။ ဒါကတော့မြို့အနောက်မြောက်ဘက်ခြမ်းကအိမ်လေးတွေပေါ့. သူတို့ကလဲတောင်ကုန်းပေါ်မှာပါဘဲ။ မြို့ရဲ့မြောက်ဘက်ခြမ်းကို ဖောင်တော်ဦးဘုရားပေါ်ကနေစီးမြင်ရတဲ့ပုံလေးပါ။ မိုးကုတ်မြို့ကတောင်ပါတ်လည်ဝိုင်းတဲ့မြို့လေးဖြစ်တော့ တောင်စောင်းအဆင့်ဆင့်မှာ လူနေအိမ်တွေဆောက်လို့နေကြပါတယ်။ သူတို့နေတဲ့အိမ်အထက်မှာတော့ တောင်ရှိပြီး တောင်ပေါ်မှာတော့ ဘုရားစေတီတွေကို တည်ထားပါတယ်။ စေတီတွေတောင်ပေါ်တည်တော့ ဘာလုပ်မှာလဲလို့ အငေါ်တူးပြီး မေးလို့ရပေမယ့်။ ကျနော့်အမြင်ပြောရရင် စိတ်ကြည်နူးစရာကောင်းတယ်လို့ခံစားရပါတယ်။ လူတစ်ယောက်မှာအဓိကအကျဆုံးအချက်ကတော့ စိတ်ကြည်နူးတယ်ဆိုတာလဲ တစ်ခုပါဝင်ပါတယ်။ […]


ဒီနေရာလေးက ဟိုးအရင် က ခြုံပုတ်တွေနဲ့ပြည့်နေတဲ့နေရာလေးပေါ့။ ဒီဘက်နှစ်တွေမှာ တောင်သမန်အင်းကို ပြုပြင်တော့ မြေနီလမ်းအသစ်ကလေးပေါ်လာမှ ဒီအုတ်ရိုးလေးကိုတွေ့တာ။ ကန်စပ်က အမှိုက်ပုံတွေနားမှာပေါ့။ ဘာအတွက်လဲ ဘာကြောင့်လဲ ဆိုတာကို မေးလဲ မမေးတော့ပါဘူး။ တစ်ခါတစ်လေ ဘာမှ မသိတာက ပိုခံစားလို့ကောင်းတယ်လို့ ထင်ရလို့ပါ။ ကဲဒီအတိုင်းသာကြည့်ကြပေတော့ဗျာ။