Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ရာဇဝင်ထဲကမယ်နုရဲ့ …………………”(အပိုင်းတစ်)

“ရာဇဝင်ထဲကမယ်နုရဲ့ …………………”(အပိုင်းတစ်)
မြန်မာရာဇဝင်အကြောင်းပြောမယ်ဆိုရင် အင်းဝ ကိုချန်ထားလို့မရပါဘူး။
အင်းဝ ပါမယ်ဆိုရင် သာမန်အရပ်သူကနေ မိဖုရားဖြစ်ခဲ့တဲ့မယ်နု မပါလို့မရပါဘူး။
မယ်နုပါမယ်ဆိုရင် သမိုင်းမှာ ပယ်ဖျက်လို့ မရခဲ့တဲ့ အမဲစက်တွေစွန်းပေနေတဲ့
မယ်နု ရဲ့ အုဌ်ကျောင်းမပါလို့မရပါဘူး။
သမိုင်းမှာ ဘယ်လိုဘဲ ဖြစ်ခဲ့ဖြစ်ခဲ့ မြန်မာ့အနုပညာလက်ရာတွေနဲ့ထုံမွှမ်းနေတဲ့ လှပတဲ့အဆင်တန်ဆာတွေနဲ့ရှိနေတဲ့
ဒီကျောင်းလေးကိုတော့ ဘယ်နှစ်ခေါက်ရောက်ရောက် ကြည့်စရာ မကုန်သလိုပါဘဲ၊။
ဒီကျောင်းကိုရောက်ပြီဆိုတာနဲ့ ရှေးရှေးတုန်းကဆိုတဲ့အတွေးဝင်လာရင်
မယ်နုနဲ့ပါတ်သက်တဲ့ သူ့ဘဝအကြောင်းလေးတွေကို ပြန်သတိရမိတာအမှန်ပါဘဲ။
မယ်နုအကြောင်းတော့ ဖတ်ဘူးကြားဘူးကြမယ်ထင်တဲ့အတွက် ပြန်မပြောတော့ပါဘူး။
မရောက်ဘူးသူများအတွက် ပုံလေးတွေတင်ပေးလိုက်ပါမယ်။

ဟိုအရင်တုံးက
“အင်းဝ” ကို မန်းလေးဘက်ကနေသွားမယ်ဆိုရင် အမရပူရ(တောင်မြို့)ကိုဖြတ်
စစ်ကိုင်းတံတားနားရောက်ရင်စစ်ကိုင်းဘက်မသွားဘဲ တောင်ဘက်ကိုသွားတဲ့လမ်းလေးအတိုင်းလိုက်။
သာယာတဲ့တောတန်းလေးလိုဖြစ်နေတဲ့သစ်ပင်တွေအရိပ်အောက်မှာ ပါလာတဲ့စက်ဘီးတို့
ဆိုင်ကယ်တို့ကားတို့ ကိုအပ်။
ပြီးတာနဲ့လှေဆိပ်ကိုဆင်း။
ဒုဌဝတီမြစ်ကိုဖြတ်။
အင်းဝဘက်ရောက်တာနဲ့မြင်းလှည်းလေးတွေကအဆင်သင့်။

အခုခေတ်မှာတော့ တံတားဦးမြို့မှာလေယာဉ်ကွင်းပေါ်လာတော့ လမ်းအသစ်လဲဖောက်လိုက်ကြပါတယ်။
တောင်မြို့ကိုဖြတ် စစ်ကိုင်းလမ်းခွဲကိုရောက်ရင် အရှေ့ဘက်တက် ။
(အဲဒီလမ်းက မြစ်ငယ်တံတားထိရောက်ပါတယ်)
တောင်ဘက်လမ်းကျယ်ကိုပြန်ကွေ့သွား ဒုဌဝတီတံတားကိုကျော်ပြီးရင် အင်းဝ အဝင်လမ်းကိုရောက်ပါတယ်။
မြစ်ငယ်ဘက်ကလာမယ်ဆိုရင် မြစ်ငယ်တံတားထိပ်ရောက်ရင် စစ်ကိုင်းသွားတဲ့လမ်းအတိုင်းလာခဲ့။
လမ်းဆုံရောက်ရင်တောင်ဘက်ကွေ့တာနဲ့အင်းဝလမ်းကိုရောက်ပါတယ်။
အရင်ကကျောက်လမ်းမ ခပ်ကျဉ်းကျဉ်း ။
အခုတော့ ကွန်ကရစ်လမ်းမကျယ်ကြီး။
နှစ်လမ်းသွားကနေ လေးလမ်းသွားဖြစ်အောင်ခင်းနေပါပြီ။
တံခွန်တိုင်ဘက်ကလာမယ်ဆိုရင် အဝိုင်းပါတ်ကနေအမြန်လမ်းမကြီးအတိုင်းလာခဲ့ အင်းဝမရောက်ခင်မှာ
လမ်းလာဆုံပါတယ်။
အခုအချိန်မှာလမ်းက ကျယ်လဲကျယ် ။
လမ်းဘေးဝဲယာမှာက မရမ်းခြံတွေ သရက်ခြံတွေနဲ့အုပ်အုပ်ဆိုင်းဆိုင်း။
လမ်းမကလဲ ဟိုးအဝေးထိ တပြန့်တပြောကြီးမြင်နေရ။
ကိုယ့်ရှေ့ကကောင်းကင်မှာ တိမ်ပြာပြာ ကောင်းကင်ကြီးကတလွင့်လွင့်။
ဆိုင်ကယ်အမြန်စီးတော့ လေတိုးသံက တဟဲဟဲ။
အရမ်းကိုစိတ်ကြည်နူူးစရာကောင်းလှပါတယ်။

အဝိုင်းပါတ်ကလေးကနေမြောက်ဖက်ဖဲ့ဆင်းလိုက်ရင် တံတားဦးြုမို့အဝင်လမ်းရောက်ပါတယ်။
မြု့ိဝင်ကြေးကတော့ တစ်ရာကျပ်။
မြို့ထဲဝင်သွားပြီးသိပ်မကြာခင်မှာတံတားဦးသွားတဲ့လမ်းနဲ့အင်းဝဘက်ကိုဝင်တဲ့လမ်းခွဲလေးကိုရောက်ပါတယ်။
အရှေ့ဘက်ကို ဝင်တဲ့လမ်းကတော့ အင်းဝကိုသွားတဲ့လမ်း။
အင်းဝထဲအဝင်လမ်းက သံတံတားလေးကိုကျော်လို်က်တာနဲ့ မန်းကျီးပင်တွေနဲ့ ုအုပ်မိုးထားတော့
အေးစိမ့်လို့နေတဲ့ မြို့အဝင်လမ်းကိုရောက်သွားပါတယ်။
လမ်းဘေးဝဲယာမှာတော့ အုဌ်ရိုးလေးတွေကို တွေ့ရပါတယ်။
အခုခေတ်မှပြန်ပြင်ဆင်ထားတယ်လို့ ထင်ပါတယ်။
လမ်းမှာတော့ ကျုံးလို့ ယူဆရတဲ့ ရေပြင်ကြီးကိုတွေ့။
သူ့ကိုလွန်သွားတာနဲ့ လမ်းအကွေ့လေးအရောက်မှာရှေးဘုရားတွေကို စမြင်ရပါတော့တယ်။
တစ်ချို့ဘုရားစေတီက ရှေးမူမပျက်။
တစ်ချို့စေတီကတော့ ပြန်လည်ပြင်ဆင်ထားတဲ့လက်ရာ။

ပြိုပျက်နေတဲ့ကျောင်းတော်ကြီး

မဟာမုနိဆိုတဲ့ဘုရားနဲ့မျက်နှာခြင်းဆိုင်မှာတော့ ပြိုပျက်နေတဲ့အဆောက်အဦကြီးတစ်ခု။
ညောင်ရမ်းမင်းတရားကောင်းမူ့ ကျောင်းတော်ကြီးလို့ သိရပါတယ်။
မြင်ရတာကတော့ ပျက်စီးပြီး လဲပြိုကျတော့မယ်အနေအထား ။
ဘေးနားမှာတော့ခြုံနွယ်ပိတ်ပေါင်း။
စိတ်မကောင်းစရာ။
အင်းဝကျုံးနဲ့စေတီ

မြို့ရဲ့အရှေ့ဖက်ဆုံးကိုလဲရောက်ရောကျုံးရဲ့တစ်ဖက်ကမ်းမှာ မြို့ရိုးနဲ့ပြဿဒ်တွေကိုမြင်ရပါတော့တယ်။
ဒါပေမယ့် ရှေးလက်ရာအစစ်မဟုတ်တဲ့အသစ်တွေပါ။
အောက်ကိုဆင်းသွားတဲ့လမ်းကလေးကနေဝင်မယ်ဆိုရင် မြေနီလမ်း ကျဉ်းကျဥ်းကလေးရှိပါတယ်။
ဆိုင်ကယ်တော့ သွားလို့ရပါတယ်။
ဇီးပင်လေးတွေရှိတဲ့လမ်းကလေးကဆက်သွားရင် တော့ပြိုကျလုဆဲပဟိုရ်စင်ကိုရောက်ပါတယ်။
ဒီတစ်ခေါက် အဲဒီလမ်းက ဗွက်တွေထနေတော့သွားမရလို့ပဟိုရ်စင်ကို မရောက်ခဲ့ရပါဘူး။

ကျုံးရဲ့ဘောင်လေးက လမ်းအတိုင်းတောင်ဘက်ကိုဆက်သွားလမ်းဆုံးရင် အရှေ့တက်
လက်ပန်ပင်ကြီးတွေကြားက သွားမယ်ဆိုရင် အသစ်ပြန်ဆောက်ထားတဲ့မြု့ိအဝင်ဝကိုရောက်မှာပါ။

အသွားလမ်းကညောင်ပင်ကြီး

ပြုပျက်နေတဲ့အုဌ်ရိုးအဟောင်း
ပြိုနေတဲ့ ုအုတ်ရိုးဟောင်း

အဲဒီကနေ မြေလမ်းကလေးအတိုင်းဆက်သွားရင်တော့ နာမယ်ကျော်မယ်နုအုဌ်ကျောင်းလို့သာအလွယ်ခေါ်တဲ့
“မဟာအောင်မြေဘုံစံကျောင်းတော်ကြိး “ကိုရောက်ပါတယ်။
ဘုရားပေါ်တက်တဲ့လမ်းကလေး နည်းနည်းလေးစီမြင့်သွာတယ်

ရောက်တာနဲ့ဘုရားသမိုင်းပြောပေးရမလားဆိုတဲ့ကလေးတွေလာမယ်။
ခေါင်းငြိမ့်ရင် ဘေးနားကလိုက်ပြီး ဟုတ်တာမဟုတ်တာအပထား သူသိသလောက်ကလေးကို
စိတ်ဝင်စားလာအောင်ပြောပြမယ်။
အဲမခေါ်ဘူးဆိုရင်လဲ လိုက်လာမယ်။
“သမီးကို မုန့်ဘိုးပေးနော် ဘယ်လောက်ပေးပေး ရတယ်”လို့ပြောမယ်။
ပေးလိုက်ရင်ဖြစ်ဖြစ် မပေးလောက်ဘူးလို့ ထင်ရင်ဘဲဖြစ်ဖြစ်လမ်းမှာနေခဲ့ပြီး
နောက်ဝင်လာမယ့်ဧည့်သည်ကိုထပ်စောင့်မယ်။
ဒါသူတိုု့ရဲ့ ဘိဇိနက်စစ်စစ်ပါဘဲ။
ကဲကျောင်းထဲကိုဝင်ကြည့်လိုက်ကြရအောင်နော်။
အဝင်မုဒ်ဦး

ကျောင်းအဝင်ဝမှာတော့ ခဲခြစ်ပန်းချီဆရာရှိပါတယ်။
တောင်ဘက်က ဘုရားအဝင်

ကျောင်းဝင်းထဲမှာတော့အေးမြခြင်းတွေကိုပေးနေတဲ့မန်ကျီးပင်တွေကိုမြင်ရ။
အေးငြိမ်းတဲ့အရိပ်တွေပေးတဲ့မန်ကျည်းပင်

အုဌ်ခင်းလမ်းကလေးကနေသွားရင်တော့ အဝါခြောက်ရောင်မှာရေညှိကြောင့် အချို့နေရာတွေမှာမဲနေတဲ့
အုဌ်ကျောင်း။
အဝါရောင် ထဲ့က အမဲစက်နဲ့ဘုရား

(ဒီကျောင်းကို စစ်ကိုင်းတံတားပေါ်ကလှမ်းကြည့်ရင်မြင်ရပါတယ်)
ဘာမှန်းမသိတဲ့ကျောက်တုံးကြီး

လှေခါးအတက်နားမှာတော့ ကျောက်တုံးကြီးတစ်တုံးရှိပါတယ်။
ဘာလဲတော့ မသိခဲ့ရပါဘူး။
မယ်နုအုဌ်ကျောင်းအရှေ့ဘက်မြင်ကွင်း

ကျောင်းတောင်ဘက်က အဆောင်အဦ

ကျောင်းတောင်ဘက်ကအဆောင်အဦကို တောင်ဘက်ခြမ်းကနေကြည့်တော့ ဒီလိုမြင်ရပါတယ်။
ကျောင်းတောင်ဘက်က အဆောင်အဦ

တောင်ဘက်ဘုရားကိုလှေခါးအတက်

အောက်ခြေမှာတော့ ကျောက်စာလေးတစ်ချပ်ရှိပါတယ်။
အောက်ခြေမှာအပေါက်တွေနဲ့ အထဲဝင်ရအောင်

အနီးကပ်မြင်ကွင်းလေး။
တိမ်ပြာပြာအောက်က အရောင်ညိုညိုနဲ့ဘုရား

တောင်ဘက်ကဘုရားကိုတောင်ဘက်ကမြင်ရတာလေ။
ခန့်ညားတဲ့ အဆောက်အဦး

တောင်ဘက်ကနေ အရှေ့ဘက်ကိုသွားတဲ့လမ်းကလေး။

အရှေဘက်ကု ဘုရားကိုသွားတဲ့လမ်း

အနုစိတ်လက်ရာတွေနဲ့ကျောင်းဆောင်
အနုစိတ်မြင်ကွင်းလေးပါ

အဝေးမှာမြင်ရတဲ့ စစ်ကိုင်းတံတားနှစ်စင်း မြင်ကွင်းကတော့သိပ်မရှင်းပါဘူး။
အဝေးက မြင်ရတဲ့စစ်ကိုင်းတံတားနှစ်စ်း

အပေါက်ကလေးတွေရဲ့အောက်ကနေဝင်ကြည့်မယ်ဆိုရင်တော့……….
အဝေးကမြင်ရတဲ့ အုဌ်ကျောင်း

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(6-11-2011)

6 comments

  • windtalker

    November 8, 2011 at 11:49 am

    ကိုပေါက် ရဲ ့“ ဘာမှန်းမသိတဲ့ ကျောက်တုံးကြီး ” ဆိုတဲ့ ပုံကို ကြည့်ပြီး အဖြေပေးချင်လာတယ်ဗျာ
    ကိုပေါက်ရေ အဲဒီကျောက်တုံးကြီးဟာ ကျောက်စိမ်းတုံး မဟုတ်ဘူး ဆိုတာ အသေအချာပဲလို ့ဖြေပါရစေဗျို ့
    ဟီဟိ

  • pooch

    November 8, 2011 at 12:15 pm

    လောက်ပေးရေ ကျောက်တုံးနောက်မှာ အမှိုက်တွေ တွေ့တယ်..
    တိုးတွေ အများအားဖြင့်သွားလေ့ရှိတာကို အမှိုက်ပုံးတွေ အခုထိ မထားပေးသေးဘူးလား ဟင် 🙁
    ဒီလောက်ထိ အပြောအဆို ခံနေရတာကို လုပ်မပေးကြသေးဘူး.. 🙁

    အနော်လည်း တခေါက်လောက်တော့ သွားအုန်းမယ် .. ပုံတွေကြည့်ပြီး သွားချင်စိတ်ပေါက်သွားလို့ ..

  • Shwe Ei

    November 8, 2011 at 3:33 pm

    သမိုင်းကြောင်းလေးပြောပါအုံး ဦးပေါက်ရဲ့။ ကိုယ်တွေနဲ့က အလှမ်းဝေးတော့ သေချာမသိဘူး။

  • ဆူး

    November 8, 2011 at 3:56 pm

    မယ်နု ထမိန် လေတိုက်လို့ လွင့်တာက စတယ်ဆိုလား ဟိဟိ.. သမိုင်းလေးကို ပုံပြင်လေးလို ပြောပြပါလား

  • Diamond Key

    November 8, 2011 at 4:01 pm

    နော်လည်း အမဲစက်တွေစွန်းပေနေတဲ့ မယ်နု ရဲ့ အုဌ်ကျောင်းဆိုတာလေးကို သိချင်ပါတယ်နော်။

  • ရာဇဝင်အကြောင်းတော့ ရာဇဝင်တွေအရေးကောင်းတဲ့
    pooch ကိုအရေးခို်င်းတော့နော်။
    သူက ပိုပြည့်စုံတယ်။

Leave a Reply