“ဖုံးသုံး………………….” တွေ့ရာ မြင်ရာ အရုပ်ထင် မြင်မြင်သမျှ မှတ်တမ်းတင် အခုရက်ဒီမှာ တစ်ပါတ်လုံးလုံးမုးိတွေရွာပါတယ်။ နေသာတဲ့ တစ်ရက် အပြင်ထွက်ကြည့်တော့ အဝေးမှာမုးိငွေးတွေ။ အဲ့ဒီတောင်တန်းတွေက မြန်မာပြည်ပိုင်တဲ့ နယ်ပါ။ မိုးဆက်တိုက်ရွာတော့ ရွှေလီမြစ်တောင်ရေပြည့်လာပါတယ်။ ဒါပေမယ့် ရေက အောက်ဖက်ကို ဆက်တိုက်ဆင်းသွားတော့ ဒီမှာရေမကြီး။ ဒီကဆင်းတဲ့ရေတွေက ကသာဘက်ကိုရောက်သွားမှာပါ။ ကန့်ဘလူဘက်ရေကြီးတယ်ဆိုတာ ဒီရေတွေရောပါသလားလို့တွေးမိပါတယ်။ ရေတွေပြည့်လာတယ်ပြောပေမယ့် တံတားနဲ့ထိဘို့အများကြီးလိုပါသေးတယ်။ သစ်ပင်တွေရှိတော့ မိုးမှန်လေမှန်။ မိုးမှန်လေမှန်တော့ သစ်ပင်တွေ စိမ်းစို။ ဒါကသဘာဝရဲ့ ဆက်စပ်မူ့တွေပါဘဲ။ ရာသီဥတု သာယာတော့ လူတွေလဲနေရတာ စိတ်အေးချမ်းသာရှိသပေါ့။ နောက်ရက်ညနေ မိုးတစ်နေကုန်တိတ်တော့ လမ်းလျောက်ထွက်ခဲ့ပါတယ်။ ကိုယ့်ဆီမှာမိုးမရွာပေမယ့် ဟိုဘက်မှ မိုးက ရွာလိုက်တိတ်လိုက်ဖြစ်နေတယ်ထင်ပါရဲ့ သက်တန့်တွေပေါ်လာတယ်။ ကျနော်ဓါတ်ပုံရိုက်တဲ့သက်တမ်းတစ်လျောက် သက်တန့်ကို ပီပီပြင်ပြင်မဖမ်းဘူးသေးပါဘူး။ တက်သိမ်းအင်းညနေစောင်းလေးမှာတစ်ခါတောွရဘူးပါတယ်။ အခုပြန်ကြည့်တော့စိတ်တိုင်းမကျ။ ဓါတ်ဆရာများကလဲ သက်တန့်ဖမ်းရင်သက်တန့်အကွေးကြီးသက်သက်ထက် အထင်ကရ […]


ကျနော်ရိုက်ပြီး ကြိုက်ခဲ့သောပုံများ  အမှတ် တစ် ( ဓါတ်ပုံပိုစ်)   ကျနော်ရိုက်ခဲ့တဲ့ ပုံများထဲမှာ ကျနော်ကိုယ်တိုင် နှစ်သက်တဲ့ပုံလေးတွေရှိပါတယ်။ ဟိုးအရင်ကတော့ ဆရာ့ ဆရာတွေရိုက်တဲ့ ပုံတွေကိုကျနော့် တို့ကြည့်ပြီး မှတ်ရ သဘောကျ ခဲ့ ရပါတယ်။ ကိုယ်တိုင်ရိုက်တော့ မယ်ဆိုချိန်မှာ အစကတော့ ကိုယ်ရိုက်ချင်သလိုရိုက်ရာကနေ သူများဝေဖန်တာကိုနားထောင်ပြီး ကိုယ်မသိတာကို ကိုယ့်ထက်သိသူထံမှာ မေးရ မြန်းရ တပြည့် ခံရပါတယ်။ ဒါပေမယ့် လည်း ပြည့် စုံလုံလောက်တဲ့ အနေအထား တတ်ကျွမ်းတဲ့အနေအထား ကို ရောက်မလာသေးတာကတော့ အမှန်ပါဘဲ။ အခုထိလည်း သင်ယူနေရဆဲ ဖြစ်ပါတယ်။ အတတ်ပညာတစ်ခုဆိုတာ သင်ယူ လေ လေ ပိုခက်ခဲလေ လို့ ကျနော်စိတ်မှာ ခံယူလို့ ထားပါတယ်။ အခုပုံလေးတွေက ပြည့်စုံ ခြင်းတော့ […]