“ဖုံးသုံး…………………..”
“ဖုံးသုံး………………….”
တွေ့ရာ မြင်ရာ
အရုပ်ထင်
မြင်မြင်သမျှ
မှတ်တမ်းတင်

အခုရက်ဒီမှာ တစ်ပါတ်လုံးလုံးမုးိတွေရွာပါတယ်။
နေသာတဲ့ တစ်ရက် အပြင်ထွက်ကြည့်တော့ အဝေးမှာမုးိငွေးတွေ။
အဲ့ဒီတောင်တန်းတွေက မြန်မာပြည်ပိုင်တဲ့ နယ်ပါ။

မိုးဆက်တိုက်ရွာတော့ ရွှေလီမြစ်တောင်ရေပြည့်လာပါတယ်။
ဒါပေမယ့် ရေက အောက်ဖက်ကို ဆက်တိုက်ဆင်းသွားတော့ ဒီမှာရေမကြီး။
ဒီကဆင်းတဲ့ရေတွေက ကသာဘက်ကိုရောက်သွားမှာပါ။
ကန့်ဘလူဘက်ရေကြီးတယ်ဆိုတာ ဒီရေတွေရောပါသလားလို့တွေးမိပါတယ်။

ရေတွေပြည့်လာတယ်ပြောပေမယ့် တံတားနဲ့ထိဘို့အများကြီးလိုပါသေးတယ်။
သစ်ပင်တွေရှိတော့ မိုးမှန်လေမှန်။
မိုးမှန်လေမှန်တော့ သစ်ပင်တွေ စိမ်းစို။
ဒါကသဘာဝရဲ့ ဆက်စပ်မူ့တွေပါဘဲ။
ရာသီဥတု သာယာတော့ လူတွေလဲနေရတာ စိတ်အေးချမ်းသာရှိသပေါ့။

နောက်ရက်ညနေ မိုးတစ်နေကုန်တိတ်တော့ လမ်းလျောက်ထွက်ခဲ့ပါတယ်။
ကိုယ့်ဆီမှာမိုးမရွာပေမယ့် ဟိုဘက်မှ မိုးက ရွာလိုက်တိတ်လိုက်ဖြစ်နေတယ်ထင်ပါရဲ့ သက်တန့်တွေပေါ်လာတယ်။

ကျနော်ဓါတ်ပုံရိုက်တဲ့သက်တမ်းတစ်လျောက် သက်တန့်ကို ပီပီပြင်ပြင်မဖမ်းဘူးသေးပါဘူး။
တက်သိမ်းအင်းညနေစောင်းလေးမှာတစ်ခါတောွရဘူးပါတယ်။
အခုပြန်ကြည့်တော့စိတ်တိုင်းမကျ။
ဓါတ်ဆရာများကလဲ သက်တန့်ဖမ်းရင်သက်တန့်အကွေးကြီးသက်သက်ထက်
အထင်ကရ အဆောက်အဦတစ်ခုခုနဲ့တွဲပြီးရိုက်ထားမှ တန်ဘိုးကြီးတယ်လို့ ယူဆကြပါတယ်။

အဲတော့ ကျနော်လဲ အနီးအနားမှာရှိတဲ့ မနောတိုင်နဲ့ဓါတ်ဖမ်းကြည့်မိပါတယ်
ဒါပေမယ့် သိပ်တော့လဲအပီအပြင်ကြီးမဟုတ်ပါဘူး။
ပါတယ်ဆိုရုံလေး။
ကင်မရာနဲ့သာဆိုရင်တော့ဒီထက်ကောင်းအောင်ဖမ်းနိုင်မယ်ထင်မိပါတယ်။

အဲလိုနေရင်မိုးဖွဲတွေကျလာတော့ ပြန်လာခဲ့ပါတယ်။
မိုးဖွဲအောက်မှာ တိမ်တွေကလှတော့ ကျယ်ခေါင်ဈေးနားရောက်တော့
ဓါတ်ပုံရိုက်မိပြန်ပါတယ်။

သွားနေရင်းတဖြည်းဖြည်းနှဲမှောင်လို့လာပါတယ်။
ထီးပါလို့တော်သေးတယ်ဆိုနိုင်ပါရဲ့။

ဓါတ်ဖမ်းချင်ပေမယ့် မိုးကနည်းနည်းသဲလာရင်ခက်မယ်တွေးမိတော့ရသလောက်နဲ့ဘဲကျေနပ်ပြီးပြန်ခဲ့ပါတယ်။

ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ
2-8-2015
12 comments
မြစပဲရိုး
August 3, 2015 at 1:03 pm
အာဏာရှင်ချင်း တူတာတောင် မှ တွေးခေါ်တာခြင်း ကွဲ သေးတာ ကို သိလိုက်မိတယ် ကိုပေါက်ကြီး။
ချက်ခြင်းပြောင်းသွားတဲ့ တိမ်တွေ ရဲ့ မှတ်တမ်း က ကြည့်ကောင်းလိုက်တာ။
ကိုပေါက်(မန္တလေး)
August 3, 2015 at 2:04 pm
ဈေး ဘက်က ပုံက အရှေ့ဘက်လှည့်ရိုက်ပြိး မှောင်မဲနေတဲ့ပုံက အနောက်ဘက်လှည့်ရိုက်တာ
တစ်နေရာထဲ ရပ်နေတာတောင်မှ အရှေ့ နဲ့အနောက် ကွာတာနဲ့ အနေအထားတွေကွာသွားပါတယ်
kai
August 3, 2015 at 2:55 pm
မြစ်ဆိုတာ.. ဆည်ရှိရမယ်..
လူသားကရေချိုကို.. လိုရင်..လိုသလိုသုံးဖို့.. ပိုရင်ပိုသလိုလွှတ်ဖို့.. ထိမ်းချုပ်ထားရမယ်..။
တောတောင်ဆိုတာ.. သစ်ပင်ရှိရမယ်..
လူသားက .. ပိုရင်ခုတ်ရမယ်.. လိုရင်စိုက်ရမယ်..။
မဟာလူသားထိမ်းချုပ်မှုအောက်မှာသာရှိရမယ်..။
ကပေါက်ပုံတွေ.. စာတွေဖတ်ကြည့်ပြီး.. အဲဒီလို အထပ်ထပ်တွေးနေမိ..။
ကိုပေါက်(မန္တလေး)
August 3, 2015 at 3:57 pm
မြန်မာပြည်မှာ လက်ရှိအုပ်ချုပ်မူ့ ယန္တယားမျာ မှားနေတာတွေအများကြီးရှိပါတယ်။
ဒါပေမယ့် လုပ်သင့်လုပ်ထိုက်တာတွေကို ဝိုင်းကန့်ကွက်နေတာကလဲ မှားနေတယ်လို့ထင်ပါတယ်။
အခုဒီမှာရေကြီးရတဲ့အကြောင်းရင်းတစ်ခုထဲမှာ
ရေသွားလမ်းကြောင်းတွေပိတ်ထားတာ
ရေ ခေတ္တခဏနားရမယ့် နေရာမရှိတာ
မြစ်ကမ်းနံဘေးမှာရွှေတူးကျောက်ရှာလုပ်ပြီး ကိုယ်တူးလိုက်တဲ့မြေကို စနစ်တကျ
စွန့်ပစ်တာမရှိဘဲ ဖြစ်ကတတ်ဆန်းလုပ်ထားခဲ့တော့ မြစ်ကြောင်းတွေပြောင်းကုန်ပြန်ပါတယ်။
သစ်ပင်တွေကိုစည်းမဲ့ကမ်းမဲ့ခုတ် ပြန်မစိုက်
သစ်တောတွေခုတ် လူနေအိမ်တွေဆောက်
အဲတော့ မိုးရွွှာအောင်ကြိုဆိုပေးသူဖိတ်ခေါ်သူမရှိ
မြေသားနံရံကို သဘာဝအတိုင်းထိန်းပေးတာမရှိတော့
ခံပေအုံးတော့ မြန်မာပြည်ပါဘဲ
kai
August 3, 2015 at 4:43 pm
“In a democracy, people get the government they deserve,” – Alexis de Toqueville
ဘယ်သူမဆို.. ကိုယ်တန်ရာပဲရမယ်..။
ဆိုတော့..
အခု.. မြန်မာမြစ်ဝကျွန်းပေါ်.. ရေကြီးရေလျှံဖြစ်နေစေတာရဲ့.. အဓိကတရားခံများဟာ..
၁။ သစ်ကို ဗရမ်းဗတာထုတ်ခဲ့သူတွေ..
၂။ ဆည်စီမံကိန်းတွေကို.. ဆန္ဒပြတားဆီးသူတွေ..
၃။ ကျောက်၊ရွှေ တူးသူတွေ..
အဲလိုပြောချင်တာ..။
သစ်ထုတ်ခဲ့သူတွေနဲ့.. ကျောက်..ရွှေနဲ့ ချမ်းသာနေသူတွေဟာ.. ကိုယ့်အလုပ်ရဲ့အကျိုးဆက်ကြောင့်ဖြစ်လာတာတွေကို.. တာဝန်ယူသင့်တယ်..။
ယူအက်စ်မှာ.. ပင်လယ်ကွေ့ထဲ.. ကမ်းလွန်ရေနံဖိတ်စင်မှုဖြစ်တော့.. အဲဒီဒေသတဝိုက်လုံး ရေထုညစ်ညမ်းပြီး.. စီးပွားရေးတွေပျက်..သဘာဝဝန်းကျင်ထိခိုက်သပေါ့..
အဲဒီတော့.. ကွန်ဂရက်(လွှတ်တော်) က.. အစိုးရ(အိမ်ဖြူ)နဲ့ပေါင်းပြီး.. အဲလိုဖြစ်အောင်လုပ်တဲ့ကုမ္မဏီ BP ကို ဒေါ်လာ ၁၈ဘီလီယန်မကလျှော်ခိုင်းတယ်..။
မြန်မာပြည်လည်း.. သေသေချာချာ ကော်မရှင်ဖွဲ့.. စစ်သင့်..။
အရေးယူ.. လျှော်ခိုင်းသင့်..။
=
Gulf states reach $18.7 billion settlement with BP over 2010 …
http://www.usatoday.com/story/…/gulf…bp…oil-spill/29611451/
USA Today
Gulf states reach $18.7 billion settlement with BP over 2010 oil spill. Rick Jervis, USA TODAY 10:03 p.m. EDT July 2, 2015 …
ကိုပေါက်(မန္တလေး)
August 3, 2015 at 9:47 pm
ဒီနေရာမှာတော့ ကိုခိုင်နဲ့ကျနော် သဘောခြင်းညီမှာတယ်
သစ်ခုတ် ရွှေတူး ကျောက် ထုတ် လုပ်နေသူတွေက တရား ဝင်လုပ်သူလဲရှိ ခိုးလုပ်သူလဲရှိ။
တကယ်တော့ သူတို့ က ငွေထုတ်ပိုက်ပြန်သွားတာ
လက်တွေ့ခံရတာက ပြည်သူအများ
ပြီးခဲ့တာ ပြီးပြီ
ကျန်နေတာလေးနဲ့ ဘယ်လိုရှေ့ဆက်ကောင်းအောင်လုပ်မလဲဆိုတာ
နည်းလမ်းရှာထားဘို့လိုပြီ
ကိုယ်ဒီဘဝ မခံစားရတောင် နောင်လာမယ့် မျိုးဆက်များအတွက်ပေါ့
aye.kk
August 4, 2015 at 10:12 am
ကိုပေါက်ရေ
မြင်မြင်ရာအရုပ်ထင်
တိမ်တွေကိုမြင်နေရသလိုအတူတူ။
ကြည်လင်ပြတ်သားလှပနေတဲ့ဒါ့ပုံတွေကစိတ်ကိုကြည်လင်စေတယ်။
သူကြီးပြောတာတွေက၊ဖြစ်သင့်ဖြစ်ထိုက်တာအမှန်ပါဘဲလို့..။
ကိုပေါက်(မန္တလေး)
August 4, 2015 at 3:44 pm
ကျေးဇူးပါ မမအေးရေ
မတွေ့တာအတော်ကြာပြီနော်
aye.kk
August 4, 2015 at 4:17 pm
ကိုပေါက်ရေ
သတိရတယ်။
တိမ်တွေလိုပေါ်လိုက်ပျောက်လိုက်နဲ ့
ဖြစ်နေမိတာ,အားနာမိရပါတယ်။။။။။။။။။။။။
အောင် မိုးသူ
August 5, 2015 at 4:32 pm
ဪလို့သာ ရေရွတ်မိပါရဲ့
Alinsett @ Maung Thura
August 5, 2015 at 8:03 pm
.ဒါဆို…လေးပေါက် ဖုန်းထဲမှာ…တိမ်တွေ ရှိနေတယ်..
ကိုပေါက်(မန္တလေး)
August 5, 2015 at 10:11 pm
ကျနော်ဖုန်းထဲမှာရော
မင်မိုရီစတစ်ထဲမှာရော
အိပ်စတာနယ်ဟာဒ်စ်ထဲမှာရော
ကျနော်အလုပ်လုပ်နေတဲ့ကွန်ပြူတာထဲမှာရော
တိမ်တွေချည်းပါဘဲ
ကျနော်က တိမ်ကို ကြိုက်လဲကြိုက်တယ်
ရိုက်လဲ ရိုက်တယ်
ကျနော်ရောက်သမျှ နေရာက တိမ်ပုံမျိုးစုံရှိပါတယ်။