ဂျေကေ & I
လောကကြီး ထဲမှာ သူများတွေထက် အောင်မြင်နေ တဲ့ သူ တွေ ရဲ့ အတွေးအခေါ်တွေ၊ သူတို့ ဘဝဖြတ်သန်းခဲ့ရပုံတွေ ဟာ လိုက်ကြည့်ရင် အတော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။
အဲဒီလို တွေထဲမှာ တစ်ယောက်နဲ့ တစ်ယောက် ကြိုးစားအားထုတ်ရမှု တွေ၊ ကြီးပျင်းလာရပုံ တွေလဲ ကွဲကြပါတယ်။
ဒါပေမဲ့ အားလုံး မှာ တူတာကတော့ သူများ နဲ့ ကွဲပြားတဲ့ တီထွင်စိတ်ကူး ရှိကြခြင်း နဲ့ ပြင်းပြသောဇွဲ လုံ့လ နဲ့ ကြိုးစားကြခြင်း တို့ပါဘဲ။
အဲဒါတွေကဘဲ သူတို့ ကို သူမတူ တဲ့ အောင်မြင်ခြင်း တွေ ပေးတာ ထင်ရဲ့။
မနေ့က Post တင်ထား တဲ့ “ဂျေကေ ရိုးလင်း ၏ ၂၀၀၈ ခုနှစ် ဟားဗာ့(ဒ်) ဘွဲ့နှင်းသဘင် မိန့်ခွန်း” ထဲမှာ လဲ သူဖြတ်သန်းရ တဲ့ ဘဝလမ်း နဲ့ အရှုံးတွေကြား က ရုန်းထပြီး ကြိုးစားခဲ့တာ တွေ ကို ပြောခဲ့တာပါ။
. ကျောင်းပြီးလို့ လက်တွေ့ဘဝ ထဲ ဝင်တော့ မဲ့ ကျောင်းသားတွေ အတွက် အဲဒီလို ကြိုးစားရတယ် ဆိုတာသိအောင်၊ အရှုံး ကို မကြောက်အောင် ဒီလို လူ တွေဆီက မိန့်ခွန်း တွေ ကို လက်နက် လို ထည့်ပေးလိုက်တာနေမှာပါ။
သူတို့ စကားတွေ က တော့ အောင်မြင် နေပြီးသူ ဖြစ်လို့ ဘာဘဲ ဖြစ်ဖြစ် ပြောအား ရှိနေတာပေါ့။
တစ်ချို့ စကား တွေ ကို မအောင်မြင်တဲ့ သူ တစ်ယောက် သုံး ရင် ငြင်းစရာ တွေ အများကြီး ရှိနေတော့ မှာ။
ဥပမာ ပြောရရင် သူ့ စကား တွေထဲ က။
{{{
ဟယ်ရီပေါ့တာထဲက အချိန်လှည့် နာရီဆွဲသီးသာ ရမယ်ဆိုရင် အသက် ၂၁ နှစ်အရွယ် ကျွန်မကို ပြန်သွားတွေ့ပြီး လူတစ်ယောက်ရဲ့ ပျော်ရွှင်မှုဟာ အချက်တစ်ချက်ကို သိခြင်းပေါ်မှာ တည်နေတယ် လို့ပြောချင်ပါတယ်။
အဲဒီအချက်က ဘာလဲဆိုတော့ ဘဝဆိုတာ ပိုင်ဆိုင်မှုတွေ အောင်မြင်မှုတွေကို ပြန်ပြီး တိုက်ကြည့်စရာ စာရင်းမဟုတ်ဘူး ဆိုတာပါ။
ရထားတဲ့ ဘွဲ့လက်မှတ် နဲ့ ကိုယ်ရေးမှတ်တမ်း စာရွက်ဟာ ကိုယ့်ရဲ့ ဘဝ မဟုတ်ပါဘူး။
အဲဒါကို မကွဲပြားတဲ့ ကျွန်မနဲ့ သက်တူရွယ်တူတွေ ကျွန်မထက် အသက်ကြီးတဲ့လူတွေ အများကြီးကို မောင်တို့မယ်တို့ တွေ့ပါလိမ့်မယ်။
ဘဝဆိုတာ ခက်ခဲပါတယ်။ ပြီးတော့ ရှုပ်ထွေးပါတယ်။ လုံးဝ ထိမ်းကြောင်းပဲ့ကိုင် ထားနိုင်သူရယ်လို့ မရှိပါ။
အဲဒီလို နားလည်နိုင်အောင် ကိုယ့်ကိုယ်ကို နှိမ့်ချတဲ့စိတ်က မောင်တို့မယ်တို့ ကံဆိုးမိုးမှောင်ကျတဲ့ အခါမှာ လွတ်မြောက်အောင် လုပ်ပေးပါ လိမ့်မယ်။
(ဂျေကေ ရိုးလင်း ၏ ၂၀၀၈ ခုနှစ် ဟားဗာ့(ဒ်) ဘွဲ့နှင်းသဘင် မိန့်ခွန်း)
}}}
အဲဒီမှာ ” ပြန်ပြီး တိုက်ကြည့်စရာ စာရင်း” ဆိုတာ မူရင်းစကားက “Checklist” ကို ပြောထားတာပါ။
ဒီလိုဘဲ ဘဝ မှာ ဒါတွေ လုပ်ရမယ်လို့ ရည်မှန်းချက်ထားပြီး Checklist ထား အကွက်တိုင်း က ဖြစ်မြောက် ပြီး လို့ Tick လုပ် လိုက်တာ နဲ့ ဘဝ ဟာ စိတ်ကျေနပ် ပျော်ရွှင်စရာ လို့ ခံယူသူများ လဲ ရှိနိုင်သလို
မဖြစ်သာလို့ (သို့) ကိုယ်ဘာလုပ်ရမယ် မသိလို့ ဘဝမှာ Checklist ကြီးထားပြီး သာ တစ်ခုပြီး တစ်ခု Tick လုပ်နေရ၊ ဒါပေမဲ့ စိတ်မပျော်ရွှင်နိုင်သူ တွေလဲ ရှိမှာပါ။
ကျွန်မတို့ ရွာသူ/သား တွေထဲ ခရီးမသွားခင် Checklist ထားပြီး ယူစရာ အားလုံး Checklist နဲ့ တိုက်ပြီး သွားတတ်သူများ ရှိကြလား?
အဲလို Checklist မလုပ်ဘဲ သွားလဲ အဆင်ပြေတာဘဲ လို့ ပြောနိုင်တဲ့ သူ ရှိသလို မေ့တတ်လွန်းလို့ Checklist သုံး မှ ခရီးစဉ် မှာ ချောမောနိုင်တဲ့ သူ ရှိပါတယ်။
ဒီတော့ သူပြောတာ မှန်တဲ့ သူ အတွက် မှန်မယ်၊ မှားတဲ့ သူ အတွက်လဲ မှားနိုင်သလို ရှိမယ်။
ဒါပေမဲ့ ကိုယ် နဲ့ အသုံးတဲ့ရာ စဉ်းစားနိုင်ဖို့ တစ်ချက်တော့ ရ လိုက်ကြမှာပေါ့။
အခု ကိုယ့်ဟာကို ပြန်စဉ်းစားကြည့် နေတယ်။
စာမေးပွဲ တစ်ခု အောင်ဖို့ ကို Checklist ထဲ ထားခဲ့တယ်။
ဒါပေမဲ့ စာကျက်နေတာကို တော့ မပျော်ဘူး။ စာမေးပွဲ အောင်လဲ သိပ်ပျော်စရာတော့ မရှိ။
လုတ်ချင်တာ ကို တစ်ဆင့် ထပ် မြှင့်ပြီး လုပ်နိုင်တာမို့တော့ စိတ်ထဲ Satisfied ဖြစ်ရင်ဖြစ်မယ်။
ရွာထဲ မှာ ပွိုင့်တစ်သိန်း ရဖို့ နဲ့ ရွာထဲမှာ စကားပြော ရတာ က ပျော်လို့ လုပ်နေတာ။
Checklist တစ်ခု အနေမဟုတ်ဘူး။
အဲဒီလို ပျော်တာ ကို လုပ်နေရပေမဲ့ ပျော်လား မေးရင် မပျော်နိုင်ဘူး။
တစ်ဖက်မှာ မဖြစ်မနေ လုပ်ကို လုပ်ရမဲ့ Checklist ထဲက Box တစ်ခု ကို Tick မလုပ်နိုင်သေးတာမို့ စိတ်ထဲ မပျော်ဘူး။
ဒီတော့ ပျော်တယ်ထင်တာ ကို လုပ်ပေမဲ့ အဲဒါက တစ်ခြား အချက် တစ်ခု နဲ့ ငြိနေပြီး စိတ်ကို satisfied ရအောင် မလုပ်ပေးနိုင်ရင်လဲ အဲဒီ ပျော်တာကလဲ မပျော်နိုင်ပါဘူး။
. ပြောချင်တာကတော့ Checklist ကမလိုပါဘူး။ ဒါပေမဲ့ Checklist ဆိုတာ ကိုယ့် ဘဝ ကို စိတ်ကျေနပ်ဖို့ ဖြစ်စေတဲ့ အရာ ဖြစ်ခဲ့ ရင် Checklist ကို Tick လုပ်နိုင် နေသမျှ ဘဝ က နေပျော်မလားလို့ ပါ။
ကိုယ့် စိတ်ထဲ တွေးမိလိုက် တဲ့ သဘောပြောတာပါ။
. ခေါင်းမရှုပ် သွား ကြပါနဲ့။
Ignore me….. lol:-))))
11 comments
@QUIL@
August 4, 2015 at 2:58 am
သည်လိုဗျ….
အဲ့ အာလဖွားဂျီး ပြောသွားတဲ့အထဲ မပါတာတခုက ပါရမီအကြောင်းပဲ…
သူဘွဲ့တခုရတယ်… အဆင်မပြေခဲ့ဘူး…
သူပြန်ကျုံးထတယ် .. ကျုံးမထခင် အစိုးရ ထောက်ပံ့မှုတောင် ခံယူရသေးတယ်..
အစိုးရထောက်ပံ့မှုခံ သာမန် ဘွဲ့ရ အသက် အနည်းငယ်ကြီး မိန်းမတယောက်အနေနဲ့
ကမာ္ဘ့ဘက်စ်ဆဲလ်လာ ဖြစ်သွားတယ် ဆိုတဲ့ ကိစ္စရပ်မှာ…
အရှုံးတွေထဲက သင်ယူတယ်… စိတ်ခွန်အားတွေ ဘယ်လိုမွေးတယ် တို့
ဘယ်လို ခံယူချက်နဲ့ ဘယ်လိုကြိုးစားတယ် တို့ ဆိုတာထက်…
သူစာရေး အလွန်ကောင်းတာ (ဒါမှမဟုတ်လည်း အလွန်ကောင်းလာအောင် ဘယ်လို ကြိုးစားလေ့ကျင့်တာ) မပါဘူးဗျ…
အဓိက သိချင်တာ အဲ့သည့်ကိစ္စပဲ (သူကတော့ အခြားအခြားသော အခမ်းအနားတွေမှာ ဟောဖူးလို့ ထည့်မပြောတာဖြစ်ကောင်းဖြစ်မယ်)
သို့သော် သူ့ဖြစ်စဉ်ကို လေ့လာရင် သူအင်မတန် စာရေးပါရမီ ရှိကြောင်း အစောပိုင်း သူ့ဟာသူလည်း သိမနေဘူး
သိနေရင် ခပ်ငယ်ငယ်ကတည်းက ရေးတော့မပေါ့ ထ-လုပ်တော့မပေါ့…
သူ့ကိုယ်သူ ငါစာရေးပီး စာအုပ်ထုတ်ရင် ကမာ္ဘကျော်ကြီးဖြစ်ပြီး ချမ်းသာမှာပဲ ဆိုတဲ့အချက်ကို
အစောပိုင်းက သိမနေခဲ့ဘူးဆိုတာ ပေါ်လွင်သဗျ…. အဲ့ပါရမီ ဆိုတဲ့အပေါ်မှာ
နောက်တခု ပါဝင်လာတာက အပေါ်မှာ သုံးထားတဲ့ သာမန်ဘွဲ့ရလောက် ဆိုတဲ့ စကားပါ…
(ဘယ်သူမှ မွေးကတည်းက စာမရေးတတ်ဘူးလေ)
ဒီနဲ့ စနစ်တွေ ခေတ်တွေ ကွာလေတော့ သူတို့ဆီက သာမန်ဘွဲ့ရတယောက် ဆိုတာ…
ကျုံးထမယ် ဆိုရင် ထနိုင်လောက်တဲ့ အသိ အတတ် ရှိပြီး ရပြီး ဆိုတာပါပဲ…
သည်မှာလည်း အစိုးရ စားရိတ်စားနေရတဲ့ သာမန်ဘွဲ့ရလူငယ်တွေ တပုံကြီးပဲလေ…
မိဘ ပင်စင် တို့ … တိုက်ပွဲကျ ဇနီးသည်တို့…. စသည်ဖြင့်ပေါ့..
သူတို့ကို အနှီ စိတ်ခွန်အားပေးပြီး ကျုံးထခိုင်းမယ် ဆိုရင်တောင် ကျုံးထလို့ မရနိုင်သေးတာတွေ ဒုနဲ့ဒေး..
ကမာ္ဘကျော်ဖို့ မပြောနဲ့ မြန်မာတောင်မကျော်နိုင်ဘဲ ဘဝပျက်သူတွေ တပုံတပင်
ဆိုတော့ဗျာ… ဒီ success story က အရှုံးကနေလဲထဖို့ သင်ခန်းစာ ယူဖို့ထက်
အရှုံးကနေ လဲထနိုင်ဖို့ ဘာအင်ဖရာတွေ ဘယ်လိုအချက်အလက်တွေ လူငယ်တိုင်းကိုပေးနိုင်ဖို့ လေ့လာဖို့ကောင်းတဲ့ ကိစ္စရပ်ဗျ။
ဥပမာ ချို့တဲ့သူတွေအတွက် အခမဲ့ စာကြည့်တိုက်ကတ် တို့… စုပေါင်း ကွန်မျူနတီတို့… အခြား အားဖြည့် အဖွဲ့အစည်းတွေတို့ … စသည်ပေါ့
အောင်မြင်သူတိုင်းကတော့ အောင်မြင်ချိန်မှာ ပြောချင်တာပြောမှာပဲလေ…
ပြောတိုင်းလည်း ဟုတ်သလိုဖြစ်နေတာကိုး…
တကယ်ပဲ သူတို့ တကယ် အဲ့သည့်ကာလမှာ တကယ်အဲ့စိတ်နဲ့ ရုန်းထခဲ့သလား
လူကြားကောင်းအောင်ပဲ ရွှီးသလား… တကယ်အမှန်ပြောသလား..
ကံပဲလား ဒါမှမဟုတ် တခြားကြောင့်လားတော့ ကာယကံရှင်တွေ ပဲသိလိမ့်မယ်….
success story ထက် failure story ကို ပိုစိတ်ဝင်စားသဗျ…
ဘာကြောင့်တုန်းဆို… နာမည်ကျော် အဆိုအမိန့်တွေကြောင့် တိုးတက်သွားသူတွေရှိသလို အဲ့အတိုင်း လိုက်လုပ်လို့ ဂွမ်းသွားတာတွေလည်း ရှိတယ်ခည
ဖေလယျာစတိုရီကတော့ ရှင်းတယ်…. ဒါမိုးလုပ်ရင် ဒါမိုးဖြစ်မယ်ဆိုတာ ….
သဘောပါရဲ့လား မာမီမားမားခြစ်မေမေ…
😛
ပုံ
မစ်စတီရီရယ်လစ်စတစ်
မင်နီမယ်လစ်ဇင်
မိုက်တီးမေးလ်
မားဗားလပ်စ်
မြန်မာ မာကတ္တာ
မိမိဂီ
kai
August 4, 2015 at 5:45 am
ကျုပ်ကတော့..
ခရီးသွားရင်.. ချက်ခ်လစ်မရှိ..။
ခုနောက်ပိုင်းများ.. ၃-၄ရက်ခရီးသွားဖို့.. အချိန် ၁နာရီလောက်ပဲပြင်ဆင်တယ်..
ဆိုတော့…
ဖြစ်လာတာကို.. ဖြစ်တဲ့အချိန်မှာ.. မျက်မှောက်ပြုရင်ဆိုင်ဖြေရှင်းတာကြိုက်တယ်…။
ပြီးရင်မေ့ပလိုက်တယ်..
အမေ့များပြီး.. အတိတ်တောင်.. မေ့ချင်ချင်..။ :k:
ဇီဇီခင်ဇော်
August 4, 2015 at 8:12 am
ခရီးစဉ်မှ မဟုတ်
ဘာမဆို ချက်လစ် ရှိဝူးးး
ဟိုကွေ့ဟိုတက်နဲ့လှော်၊
ဒီကွေ့ ဒီတက်နဲ့လှော်၊
ဘာမဆို မီးစင်ကြည့်ပြီး က တယ်။
ကိုယ့်မြင်း ကိုယ့်စိုင်း စစ်ကိုင်းလည်း ရောက်ပြီးပြီ။
ကိုယ့်လှေနဲ့ကို ပဲခူးလည်း ရောက်ပြီးပြီ။
ငါကွ။
မကောင်းတဲ့ အကျင့်တွေပါ အရီးရေ။
အာ့ကြောင့်လည်း မအောင်မြင်တာများပါတယ်။
အဲ ပိုက်ဆံရတဲ့ အလုပ်မှာတော့ ချက်လစ် သုံးတယ်။
ဟိဟိ
:mrgreenn:
မြစပဲရိုး
August 4, 2015 at 1:00 pm
. မောင်ဂီ ပြောတာ က အရီးပြောချင်သလိုပါဘဲ။
သူ့ speech ထဲမှာ အရှုံးထဲ က ထ နိုင်ဖို့ လိုတာ
“ကျွန်မ အကြီးအကျယ် ဒုက္ခရောက်နေချိန်တွေမှာ အားကိုးလို့ရတဲ့ သူတွေပါ။”
လို့ ပါနေခဲ့တယ်။
သူငယ်ချင်းကောင်း လို တယ်ပေါ့။
ဒီမှာ ပြသနာ က သူငယ်ချင်း ကောင်း နဲ့ တွေ့လိုက်ဖို့ ကို ကိုယ်တကယ်ဘဲ ရွေးချယ်လိုက်နိုင်ခွင့် ရမရ ပါဘဲ။
သူ့ရဲ့ စိတ်ကူး စိတ်သန်း ကောင်း လွန်း တဲ့ ပါရမီ ကလဲ သူ့ ရဲ့ ရွေးချယ်ခဲ့မှု မဟုတ်ဘူး။
ဒါတွေ က “ကံ” ကြောင့် ရလာတာမျိုး။
ဒါပေမဲ့ တစ်ခု တော့ ရှိတယ်။
သူငယ်ချင်းကောင်း မတွေ့ လဲ ဆိုး ပြီး ကိုယ့်အပေါ်ကို မကောင်းတဲ့ ဂျောက်ချ နေမဲ့ သူ ကို တော့ ကိုယ့်ကိုယ်ပိုင် အသိ နဲ့ ဖြတ် ထား နိုင်တတ် ရမယ်။
ကောင်း တဲ့ လူ ရဲ့ စကား ဆိုလဲ နားထောင်တတ်ရမယ်။
သူ့ ရဲ့ ထဲ နောက်တစ်ချက်က
” မောင်တို့မယ်တို့ ဘယ်နိုင်ငံရဲ့ နိုင်ငံသား ဖြစ်တယ် ဆိုတာကပဲ တခြားသူတွေနဲ့ ကွာသွားပါပြီ။” တဲ့။
ဒါဟာလဲ လူငယ်များ ရဲ့ ကံကြမ္မာ ဖန်တီး မှု တွေထဲ က တစ်ခု ပါဘဲ။
ဘယ်မှာ လူ ဖြစ်ရမယ် ရွေးလို့မရတာ။ ကြိုးစားမှုချင်းတူဦး။ ရလာဒ်ကွာနေတာ အသေအချာဘဲ။
ဒါပေမဲ့လဲ ကိုယ့်ဟာကိုယ် ဘယ် အခြေဘဲ ရောက်နေ ရောက် နေ
အရှုံးထဲက ထွက်ချင်တဲ့၊ ကိုယ့်ဘဝ ကို တိုးတက်ချင်တဲ့၊ မှားတာ သိရင် ပြင်နိုင်တဲ့ စိတ် စွမ်းအား သာရှိ။
အနည်း နဲ့ အများ တော့ အောင်မြင်မှာပါဘဲ။
ကျန်တာ က တော့ “ကံ” ကို ပုံပေါ့။
ဝီရိယ မပြတ်ဖို့ အသိမှန်ရ ဖို့ ကို မပြတ်သော သတိ နဲ့တော့ ကိုယ့်ကိုယ်ကို စောင့်ရှောက်နိုင်ပါတယ် မဟုတ်လား။
သူကြီးမင်း နဲ့ ဇီကလေး ရဲ့ ဝန်ခံချက် က ကိုယ့်လိုဘဲ။ lol:-)))
ဒါပေမဲ့ checklist ထားတတ်တဲ့ လူ နဲ့ လဲ တွေ့ဖူးတယ်။
အချိန်တော့သက်သာ ပြီး စနစ် ကျတာအမှန်ဘဲ။
ဒါပေမဲ့ အဲဒါ ကို ပြုစု ပေါ့ အချိန် ကို မပေးနိုင်ကြတာ က ခက်တာ။
သူကြီး ကိုတော့ ပြောချင်ရဲ့။
ရွာ ကို လဲ ဖြစ်လာတာကို.. ဖြစ်တဲ့အချိန်မှာ..” မှ လှည့်ကြည့်မယ် ဆိုရင်တော့ ကျီးတစ်ဖုတ်ဖုတ် ကို သာ မှန်းထားပေတော့။
ကံ ကို မျှော်နေရင်တော့ တစ်မျိုးပေါ့။
@QUIL@
August 4, 2015 at 1:09 pm
အရီးက မသိသေးဝူးကိုး…
သဂျီးက အရင်လိုမအားဒေါ့ဘူး
အမတ်ဖြစ်တော့မှာ ဒါကြောင့်ရွာကို လှည့်မကျိနိုင်ဘု
တူက တသီးပုဂ်ဂလ အရွေးခံမလို့ မဲဆွယ်စည်းရုံးရေး ပြင်ဆင်နေတယ်
နယ်မြေတောင်ရွေးပီးဘီဗျ
ဘာတဲ့ .. သာကေတ မိကျောင်းမွေးမြူရေးစခန်း ဒေသကြီးကနေ ဆိုပဲ….
သူ့ကိုမဲမထည့်ရင် သူမွေးထားတာတေ လွှတ်ပေးလိုက်မဒဲ့
မီလုပ်ဘာနဲ့ ရေတေက ကြီးနေပါတယ်ဆိုမှဖြင့်….
အားးဟိ
မြစပဲရိုး
August 4, 2015 at 1:17 pm
ဒါဆို မိချောင်းသားရေ နဲ့ အိတ် လုပ်ဖို့ ဘိဇနက် စဉ်းစား ရမလားမသိ။ lol:-)))
kai
August 4, 2015 at 1:20 pm
ဒီချုပ်က ဝင်အရွေးခံပြိုင်မှ အနိုင်ရမယ်..။
ဟိုမှာဖက်ကပြိုင်ရင်တော့..တသီးပုဂ္ဂလ.. ၁ဝသီးပုဂ္ဂလ..ဒေါက်တာ.. ပါမောက္ခ..ဘာဖြစ်ဖြစ်.. မလွယ်ရေးချ…မလွယ်..။
အမတ်ဖြစ်ကြပြီးနောက်… အစိုးရဖွဲ့ကြမယ်…
၂၀၁၅အလွန်…
ဒန်….တန်….တန်…
တိုင်းရင်းသားတွေ နယ်မြေတောင်းမယ်..။
ပရောဂျက်ကြီးတွေ လုပ်ခွင့်တောင်းမယ်..။ ဝင်လာသူတွေနဲ့.. နယ်ခံလူထုတွေ ပြဿနာတွေတက်မယ်..။
အစိုးရဝန်ထမ်းတွေ.. လွှတ်တော်စကား.. အစိုးရအမိန့်.. နားမထောင်.. ပြဿနာတွေတက်မယ်..။
ဘုန်းကြီးတွေ အကြီးအကျယ်…စခန်းထကြမယ်..။
အဓိကရုဏ်းတွေဖြစ်မယ်..။
ဘာတွေများကျန်သေးလည်း..
မကောင်းဘူးထင်တာတွေအကုန်ပြော.. အစုံဖြစ်လိမ့်…။
ဒန်… တန်….တန်…။
အောင် မိုးသူ
August 4, 2015 at 3:10 pm
သူ ဟယ်ရီပေါ်တာကို စရေးဖို့ စိတ်ကူးဖြစ်လာတာ ရထားစီးရင်း အကြံရတာတဲ့။ စရေးတော့ အိမ်မှာ အနွေးစက် မပေးနိုင်လို့ ကော်ဖီဆိုင်မှာ ရေးခဲ့ရတယ်တဲ့။
မြစပဲရိုး
August 9, 2015 at 10:09 pm
တကယ်တော့ ဂျေကေ က နဂိုထဲ က ဇာတ်ကောင် ဖန်တီးရာမှာ ပါရမီ ပါနေပြီး ထင်တာပါဘဲ မောင်အောင်ရယ်။
သူက တက္ကသိုလ်မှာ ဝင်ငွေကောင်းမဲ့ ဘာသာ တွေ ကို မိဘ က တွန်းလို့ ယူချင်ယောင်ဆောင်ပြီး သူ ဝါသနာကြီးတဲ့ ဂန္ဓဝင်ဆိုင်ရာ ဘာသာ ကို ပြောင်းယူခဲ့တာ။
အဲဒီ ဘာသာ ကနေ သူ့ အတွက် ဒဏ္ဍာရီ တွေ ကို ပိုပြီး ရုပ်လုံးသွင်းခဲ့ ပြီး နေမှာပါ။
ရထားပေါ်ကျမှ ဝလုံး က စသလို စပြီး ဖန်တီးလိုက်တာတော့ ဟုတ်မယ် မထင်ပါဘူး။
ဘဝ မှာ ရှုံးပြီး အကျနာချိန် သူ့ရဲ့ အခံ ပါရမီ အား ကို ကောင်းကောင်း အသုံးချခဲ့လိုက်နိုင်လို့ ဒီလို အကြီးအကျယ်အောင်မြင်လိုက်တာပါ။
သေချာတာပေါ့။ “ကံ” ဆိုတာကလဲ ၃၅% နေရာ ရခဲ့မှာပါလေ။ :-)))
. ကျောက်စ် – ဟိုဘက် ပို့စ် မှာ လော်ဘီမြ အတွက် ကာဗာ လုပ်ထားပေးလို့ ကျေးဇူးကြီး။
FB ထဲ မှာ ကျောက်စ်စာ ကို သူငယ်ချင်း တစ်ချို့ မျှ နေကြတယ်။ 😉
Ma Ma
August 5, 2015 at 10:35 pm
Checklist နဲ့ လုပ်လေ့မရှိဘူးလို့ပြောရင်
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုဖြစ်နေမလားလို့ထင်မိတာ….
ရှေ့မှာကိုယ့်အရင်ဝန်ခံသွားသူတွေချည်းပဲ။ :k:
ခရီးသွားတာမျိုးလောက်ကတော့ မကြာခဏလုပ်နေကျအလုပ်မို့ Checklist မလိုဘူး။
ဒါပေမယ့် တခါတရံလုပ်ရတဲ့အလုပ် (သို့) ခက်ခဲသော (သို့) ကြီးကျယ်သော အလုပ်မျိုးဆိုရင်တော့ Checklist နဲ့ လုပ်တာလည်း ရှိတယ်။
မှတ်မှတ်ရရ ဒေသကောလိပ် ဒုတိယနှစ်ဖြေခါနီး ၂လ လောက်အလိုမှာ စာဖတ်ဖို့ time table ဆွဲလိုက်တော့ ၁ဘာသာအတွက်ရတဲ့ ရက်က ၁ဝ ရက်လောက်ပဲ ရှိတော့တာသိပြီး စာကျက်ဖို့အတွက် စိတ်ကို တွန်းအားရသွားခဲ့တယ်။
သူငယ်ချင်းတွေကိုပြောပြတော့မှ သူတို့လည်း မျက်လုံးပြူးသွားပြီး စာပိုဖတ်ဖြစ်ခဲ့ကြတယ်ပေ့ါ။ 🙂
ကိုပေါက်(မန္တလေး)
August 9, 2015 at 11:24 pm
ဒီမှာကတော့ အဲလိုလုပ်တဲ့ အလေပ အထ မရှိသလောက်ပါဘဲ
ရှိတော့လဲ ရှိမယ် နည်းပါမယ်
အားလုံးက ဖြစ်သလို စခန်းသွားခဲ့ကြရတာများပါတယ်