“၁၃၀ဝ ပြည့်နှစ်က မန္တလေးက မြန်မာအာဇာနည်များခေါင်းချခဲ့တဲ့နေရာ” မနက်က လက်ဖက်ရည်ဆိုင်ထိုင်တော့ ဂျာနယ်တွေချထားပေးတော့ ကောက်ဖတ်မိပါတယ်။ အခုခေတ်ဂျာနယ်တွေ အတော်အသင့်လွတ်လပ်ခွင့်ရလာပြန်တော့ အရင်က မမြင်ဘူးတာတွေမြင်ရ ၊ မဖတ်ဘူးတဲ့စကားလုံးတွေဖတ်ရ၊ မကြားဘူးတာတွေကြားရတာတော့ အမှန်။ အဲဒီအထဲမှာ တစ်နိုင်ငံလုံးကချစ်တဲ့ ကမ္ဘာကအသိအမှတ်ပြုတဲ့ မြန်မာ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို မှတ်တမ်းတင်ဂုဏ်ပြုတဲ့ရုပ်ရှင်ကားမှာ ဝင်ပြိးသရုပ်ဆောင်ချင်တဲ့ တိုက်တိုက်ဆိုင်ဆိုင် ဗိုလ်ချုပ်အောင်ဆန်းနဲ့မွေးနေ့ တူတဲ့ ဖေဖော်ဝါရီ13မှာမွေးတဲ့ကလေး ပုံကိုမြင်လိုက်ရပြန်ပါတယ်။ ထိုင်နေရင်းအတွေးဆက်သွားတာကတော့အင်မတန်အလုပ်လုပ်လို့ကောင်းတဲ့အရွယ်မှာ သူများလက်ချက်ကြောင့်ကွယ်လွန်ခဲ့လို့ အာဇာနည် အဖြစ်အခုထက်ထိတည်ရှိနေတာပါဘဲ။ အာဇာနည်ဆိုတော့ တိုင်းပြည်အတွက်အသက်ပေးလို့ကာကွယ်ခဲ့သူများကိုထိုက်တန်စွာ ပေးအပ်ထားတဲ့ နာမယ်ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ လွတ်လပ်ရေးသမိုင်းမှာ ကျဆုံးခဲ့တဲ့အာဇာနည်ပေါင်းများစွာရှိပါတယ်။ အထူးခြားဆုံးသော နှစ်ကတော့ မြန်မာတွေ နိုင်ငံအဝှမ်း နိုင်ငံရေးအသိစိတ်နိုးကြားခဲ့တဲ့ ၁၃၀ဝ ပြည့်နှစ်။ အဲဒီနှစ်မှာအရေးတော်ပုံတွေဖြစ်ခဲ့ နိုင်ငံရဲ့သားကောင်းတွေကျဆုံးကွယ်လွန်ခဲ့။ တကယ်မမေ့စကောင်းတဲ့အကြောင်းတွေဆိုတာအသေအချာပါဘဲ။ ဒီနှစ်မှာဘဲ မန်းလေးက အာဇာနည် (၁ရ)ဦးလဲ ကျဆုံးကွယ်လွန်ခဲ့တာကိုသတိရမိပါတယ်။ သတိရဆို […]


၅“ မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓါတ်ရှင်အကြောင်း” (အပိုင်းငါး မကြည့်ကြတော့တဲ့ရုပ်ရှင်နဲ့ ပျောက်ဆုံးသွားသောဘဝများ………………) (ဝေဖန်လို့လေကန်ရင်း ဝေးသွားခဲ့တဲ့ရုပ်ရှင်) ကျနော်ငယ်ငယ်ကနှစ်သက်ခဲ့တဲ့သီချင်းလေးတပုဒ်ရှိပါတယ်။ “ရုပ်ရှင်သွားဘို့ အလှပြင်ရန်ပင် မှန်တင်ခုံနှင့်ကျမ မျက်နှာချင်းဆိုင် ကို်ယ်ဟန်ကျော့ကျော့မော့မော့လေးထိုင်…………. တို့ပတ်ကလေးနဲ့ဘီးကလေးတကိုင်ကိုင်………………………. ရုပ်ရှင်ချိန်နီးသည့်အခါတိုင် ကျမကလဲမပြီးသေးပါနိုင်….. လာစမ်းပါအုံးမောင်ရဲ့ ပျို့ချစ်တဲ့သက်ပိုင် သက်ပိုင် အပြာရောင်ဆွယ်တာလေး ရှာပေးစမ်းပါ့ချစ်တဲ့သူကေခိုင်” ရုပ်ရှင်သွားကြည့်ခါနီးအလှပြင်နေတဲ့မိန်းကလေး တစ်ယောက် ရုပ်ရှင်ချိ်န်နီးတာတောင်အလှပြင်မပြီးနိုင်တဲ့အကြောင်းလေးကို လှပစွာဖွဲ့ဆိုထားတဲ့ မြန်မာသံစဉ်သီချင်း လေးပါ။ သီဆိုသူကတော့ မြင့်မြင့်စိန်လို့ထင်မိပါတယ်။ နောက်တပုဒ်က တော့စတီရီယိုသီချင်းနာမယ်ကြီးတာလေးပေါ့၊ “ကြာတယ် ကြာတယ် မြန်မြန်လာကွာ…………………..ပြီးပါပြီ အိုကြာတယ်ကွာ” ဆိုတဲ့ သီချင်းလေးပါဘဲ။ မြန်မာပြည်သိန်းတန်နဲ့ဇာခြည်လင်းတို့ဆိုထားကြတာပါ။ ဒီသီချင်းလေးကလဲရုပ်ရှင်သွားကြည့်ခါနီး အလှတွေပြင်တာကြာလွန်းတာကို သည်းမခံနိုင်တဲ့ယောက်ျားကလောတာပေါ့။ မိန်းကလေးကလဲပြီးပါပြီပေါ့။ အရင်ကခေတ်က မိန်းကလေးများခဗျာမှာအခုခေတ်က မိန်းကလေးများလို ကိုယ်စိတ်ထဲရှိသလိုအပြင်ထွက်ခွင့်မရပါဘူး။ အခုခေတ်မှာတော့လွတ်လွတ်လပ်လပ်စိတ်တိုင်းကျသွားလာခွင့်ရလာပါတယ်။ အဲတော့လဲအပြင်ထွက်ခွင့်ကြုံတဲ့အထဲမှာတစ်ခုအပါအဝင်ဖြစ်တဲ့ ရုပ်ရှင်သွားကြည့်မယ်ဆိုရင် မိန်းကလေးများကလှနေအောင် ရှယ်ပြင်ကြ အလန်းဇယားတွေဖွင့်ကြပါတော့တယ်။ […]


(5)“ရှေးရှေးက ကဗျာများထဲမှ တောသူတောင်သား များရဲ့ဘဝ”(ဦးကြီ်း) “ဆယ်အိမ်မင်းစည်းစိမ် “ စည်းစိမ်ကြီးပါဘိ ရုတ်သီးတောင့်ကိုင်၊ နှစ်ယောက်ကယ်ထို်င် ယှဉ်လက်ပြိုင်ကျယ်စပျစ်ကယ်နှင့်၊ ဖွယ်သစ်မြေအင်ရံလို့ ဇွန်းမတန် ကန်ယောက်သွားငယ်နှင့်၊ ကြွက်နဖား ပုန်းရည်ကျိုသည်၊ အလိုဗျာ စားပုံတင့်ပါဘိ၊ ခေါင်းမင့်ဆယ်အိမ်ပေမို့ အခြေကြီးလှတောင်းကိုလေး။ စားသောက်ဖွယ်ရာ ပြီးသောခါဝယ်၊ ရသာချမ်းငြိမ် အခြင်မြေသက်၊ ပင်ထန်းရွက်နှင့် ခေါင်ပျက်အိမ်တွင်၊ စည်းစိမ်ကြီးရင် ခြေလိ်မ်တင်လို့၊ ကုတင်ကြမ်းပေါက် သုံးချောင်းထောက်မှာ၊ မှောက်ချည်လှန်ချည် အဆီရယ်ဖိန်း၊ မှိန်းတဲ့ချည်နှင့် မကြည်သမ်းဝေ ထယ်မင်းပုံ နေလိုက်တယ်၊ နွားရေပြန့်အပေါ်မှာ ခေါင်းကတော်ကိုယ်တိုင်နှိပ်ခါမှ သူအိပ်တယ်လေး။ “ဒြပ်ကြီးသည့် သမီးပျိုခင်” သာလွန်းလှသယ် အစ်မမယ်တို့ရွာ၊ အကာမှာ ပင်ဝါးရိုးငယ်နှင့်၊အမိုးမှာထန်းရွက်တင်၊ ကြမ်းပြင်မှာအင်ပေါက်ခင်းပါလို့၊ကာဝင်းမှာတော့နွယ်ဘူးလိမ်၊ ဆယ်အိမ်ခေါင်းတဲ့ မအေလေး၊ သမီးငယ်ပျိုခင်၊ဥစ္စာများလို့၊ဝတ်စားငယ်ဆင်သယ်၊ အလိုမမြင်ဝံ့ပါလားနော်အဝေး။ အဘိုးတန်ရာ ဆင်သည်မှာလဲ၊ ခပ်ပြာညွှန့်ပေါင်း တွင်းနားတောင်းနှင့်၊ရောင်မောင်းရိုးခံ ။ ရွှေချည်ဝတ်မှာ […]