“၁၃၀ဝ ပြည့်နှစ်က မန္တလေးက မြန်မာအာဇာနည်များခေါင်းချခဲ့တဲ့နေရာ”
“၁၃၀ဝ ပြည့်နှစ်က မန္တလေးက မြန်မာအာဇာနည်များခေါင်းချခဲ့တဲ့နေရာ”








မနက်က လက်ဖက်ရည်ဆိုင်ထိုင်တော့ ဂျာနယ်တွေချထားပေးတော့ ကောက်ဖတ်မိပါတယ်။
အခုခေတ်ဂျာနယ်တွေ အတော်အသင့်လွတ်လပ်ခွင့်ရလာပြန်တော့ အရင်က မမြင်ဘူးတာတွေမြင်ရ ၊
မဖတ်ဘူးတဲ့စကားလုံးတွေဖတ်ရ၊
မကြားဘူးတာတွေကြားရတာတော့ အမှန်။
အဲဒီအထဲမှာ တစ်နိုင်ငံလုံးကချစ်တဲ့ ကမ္ဘာကအသိအမှတ်ပြုတဲ့ မြန်မာ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို မှတ်တမ်းတင်ဂုဏ်ပြုတဲ့ရုပ်ရှင်ကားမှာ ဝင်ပြိးသရုပ်ဆောင်ချင်တဲ့ တိုက်တိုက်ဆိုင်ဆိုင် ဗိုလ်ချုပ်အောင်ဆန်းနဲ့မွေးနေ့ တူတဲ့
ဖေဖော်ဝါရီ13မှာမွေးတဲ့ကလေး ပုံကိုမြင်လိုက်ရပြန်ပါတယ်။
ထိုင်နေရင်းအတွေးဆက်သွားတာကတော့အင်မတန်အလုပ်လုပ်လို့ကောင်းတဲ့အရွယ်မှာ
သူများလက်ချက်ကြောင့်ကွယ်လွန်ခဲ့လို့ အာဇာနည် အဖြစ်အခုထက်ထိတည်ရှိနေတာပါဘဲ။
အာဇာနည်ဆိုတော့ တိုင်းပြည်အတွက်အသက်ပေးလို့ကာကွယ်ခဲ့သူများကိုထိုက်တန်စွာ
ပေးအပ်ထားတဲ့ နာမယ်ဖြစ်ပါတယ်။
မြန်မာပြည်ရဲ့ လွတ်လပ်ရေးသမိုင်းမှာ ကျဆုံးခဲ့တဲ့အာဇာနည်ပေါင်းများစွာရှိပါတယ်။
အထူးခြားဆုံးသော နှစ်ကတော့ မြန်မာတွေ နိုင်ငံအဝှမ်း နိုင်ငံရေးအသိစိတ်နိုးကြားခဲ့တဲ့ ၁၃၀ဝ ပြည့်နှစ်။
အဲဒီနှစ်မှာအရေးတော်ပုံတွေဖြစ်ခဲ့ နိုင်ငံရဲ့သားကောင်းတွေကျဆုံးကွယ်လွန်ခဲ့။
တကယ်မမေ့စကောင်းတဲ့အကြောင်းတွေဆိုတာအသေအချာပါဘဲ။
ဒီနှစ်မှာဘဲ မန်းလေးက အာဇာနည် (၁ရ)ဦးလဲ ကျဆုံးကွယ်လွန်ခဲ့တာကိုသတိရမိပါတယ်။
သတိရဆို ကျနော်တို့ ငယ်ငယ်က နေခဲ့တဲ့ ၈၀-၈၁ကြား ၂၅လမ်းက ခုံတော်မင်းဝင်း(ခ)ကြေးနန်းဝင်းထဲမှာ အဲဒီတုန်းက ကျဆုံးခဲ့တဲ့ အာဇာနည်ပုဂ္ဂိုလ်တစ်ဦးရှိခဲ့လို့ပါ။
ကျနော်သိပ်ငယ်တော့ အဲဒီအဖိုးရဲ့နာမည်ကိုမမှတ်မိခဲ့သလို ငယ်ငယ်က အိပ်ယာဝင်ပုံပြင်လိုအ ဖွားပြောပြခဲ့လို့ 26ဘီလမ်း အခုအော်တိုဖုန်းရုံးရှေ့မှာ မြန်မာ့မျိုးချစ်သူရဲကောင်း ရဟန်းရောလူပါ (၁၇)ဦးကျဆုံးခဲ့တယ်ဆိုတာထက်ပိုပြီးမမှတ်မိခဲ့တာတော့ ကျနော့ညံ့ဖျင်းမူ့ပါ။
အဲဒါနဲ့ငါတို့မန်းလေးမှာလည်း အာဇာနည်တွေရှိခဲ့ဘူးတာဘဲလို့ တွေးမိတာနဲ့သူတို့လဲလျောင်းရာနေရာကိ ုသတိရမိပါတယ်။
ဒါနဲ့ဘဲလက်ဖက်ရည်ဆိုင်ကထ ပြီး မန်းလေးအာဇာနည်ဗိမ္မာန်ရှိတဲ့နေရာကို အရောက်သွားခဲ့တဲ့အခါ…………………………………………..
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
(24-12-2011)
34 comments
koyinmaung
December 24, 2011 at 5:14 pm
မေ့မေ့ပျောက်ပျောက်ရှိနေတဲ့
တကယ့်သမိုင်းဝင်နေရာလေးပါဘဲ
ကျေးဇူးဘဲဆရာပေါက်…
ငပေါက်ဖော်
December 24, 2011 at 6:07 pm
လေးပေါက် သမိုင်းတစ်ချို ့တူးဆွနေသည်
windtalker
December 24, 2011 at 7:32 pm
ကိုပေါက် တို ့ရပ်ကွက် နဲ ့ အခု အာဇာနည် ဗိမ္မာန် နဲ ့က နီးတာကလား ဗျ
ဆိုတော့က
ကိုပေါက် တို ့ရပ်ကွက်ထိပ်မှာ မဏ္ဍပ်ဆောက် ၊ လော်တပ် ၊ စပီကာ တွေ နဲ ့မိုက်ခဲပြီး
အာဇာနည် ဗိမ္မာန် ပြန်လည်ပြုပြင်ရေး ဆိုပြီး ၊ ရပ်ကွက်လူကြီးများကသာ ဦးဆောင် အလှူခံပြီး ပြုပြင်သင့်ကြပါကြောင်း ။
blackchaw
December 24, 2011 at 8:54 pm
ကိုပေါက်ရေ။
မန်းလေးက အာဇာနည်ကုန်းကို လုံးဝမသိဘူးဗျို့။
ဓါတ်ပုံလေးတွေနဲ့ တင်ပေးတာ ကျေးဇူးပါဗျာ။
zaw min
December 24, 2011 at 9:09 pm
ကိုပေါက်ရေ…ကျေးဇူပါ..မန္တလေးမှာလည်း အာဇာနည်ဗိမ္မန်ရှိတာ အခုမှသိရတယ်…စိတ်မကောင်းစရာက ချုံနွယ်တွေပိတ်ဖုံးနေတာမြင်တွေ့ရတာပါ၊
မန္တလေးမြို့သူ၊မြို့သားများစုပေါင်းပြီး၊မြို့တော်ဝန်ကို ပြန်လည်ပြုပြင်ဖို့တင်ပြသင့်တယ်ထင်တယ်။ဒါမှ သမိုင်းဆိုတာ ဆက်လျှက်တည်ရှိပြီး နောင်လာမယ့်မျိုးဆက်တွေပါသိခွင့်ရနိုင်မယ်လို့မြင်ပါတယ်။
MaMa
December 24, 2011 at 9:14 pm
ကိုပေါက်ရေ-
သမိုင်းဝင်ဓာတ်ပုံများအဖြစ် မှတ်တမ်းတင်ထားလိုက်တယ်။
အခုလို သမိုင်းဝင် နေရာတွေကို အမှတ်တရ ရိုက်ထားတာကြောင့် အချိန်တွေ ကြာလာတာနဲ့အမျှ တန်ဖိုးရှိလာလိမ့်မယ် ထင်တယ်။
ကိုပေါက်(မန္တလေး)
December 24, 2011 at 9:27 pm
ရိုက်ထားတဲ့ပုံက တင်မယ်ဆိုရင် ဆယ့်ငါးပုံထိတင်လို့ရပါတယ်။
ဒါပေမယ့် အားလုံးမြန်မြန်ကြည့်နိုင်အောင်ကော်နက်ရှင်ခွင့်ပြုသလောက်။
ညနေက တင်ရင်းတန်းလန်းကော်နက်ရှင်ပြုတ်ကျသွားတော့ ရသလောက်အမြန်တင်ပေးလိုက်ရတာပါ။
ဒီနေရာလေးအတွက်ပိုစိတ်မကောင်းစရာက လူပြတ်တဲ့ညဘက်မှာ
မသူတော်ူတွေက မလျှော်တဲ့အလုပ်တွေကိုလုပ်နေကြတယ်လို့ သိရလို့ပါဘဲ။
ဝိုင်းဝန်းပြီး ပြင်ဆင်သင့်ပြီလို့ယူဆပါကြောင်း……………………
zaymdy
December 25, 2011 at 9:41 am
လေးပေါက်ရေ လေးပေါက်ပြောမှ သိရတော.တယ်ကျေးဇူးဗျာ.. ဘယ်လို.ကြောင်.အသက်ပေးခဲ.ရတယ် ဆိုတာလေးကို… အချိန်ရရင် ပြောပြပေးပါဗျာ..
ကိုပေါက်(မန္တလေး)
December 25, 2011 at 10:00 am
ကျနော်မှတ်မိသလောက်(သိပ်အသေချာကြီးတော့မဟုတ်ဘူး)
ရန်ကုန်မှာဗိုလ်အောင်ကျော်တို့ ကျဆုံးတဲ့အခါ မန်းလေးမှာလဲ ရဟန်းရှင်လူ ကျောင်းသားအားလုံးဆန္ဒပြပါသတဲ့။
အခု26ဘီလမ်း 80-81လမ်းကြားမှာ အင်္ဂလိပ် မြင်းစီးပုလိပ်တွေလက်ချက်ကြောင့်
ကျဆုံးခဲ့ရတဲ့ အာဇာနည် (17)ဦးပါတဲ့။
နောက်ပိုင်းမှာတော့ လွတ်လပ်ရေးမော်ကွန်းဝင်တွေအဖြစ် ဂုဏ်ပြုခဲ့ပါတယ်။
(သမိုင်းသုတေသီများ အတိအကျဖော်ထုတ်ပေးစေလိုပါတယ်)
ဒါပေမယ့် ဒီနေရာလေးကို အကြောင်းအမျိုးမျုးိကြောင့် အခုလိုပိတ်ထားခဲ့ပါတယ်။
ဖြစ်သင့်တာကတော့ ခြံနွယ်တွေရှင်းလင်းအစောင့်ထား နိုင်ငံခြားဧည်သည်များကို
ဝင်ရောက်လေ့လာဘို့နေရာလေးအဖြစ်ဖန်တီးပေးစေချင်ပါတယ်။
ဒီနေရာလေးမှာကျဆုံးခဲ့ရတဲ့ အကြောင်းကို ရေး
ကျဆုံးသူတွေရဲ့ ဓါတ်ပုံတွေကိုယ်ရေးအချက်အလက်တွေကို ချိတ်ဆွဲထား။
ဝင်ကြေးတောင်း ဘယ်လောက်ကောင်းလိုက်မလဲနော်………
ကဲသူကြီးရေ အမေရိက က သူဌေးက ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက်ကူညီမယ်ဆိုတော့
ဒီနေရာလေးကိုရော မကူညီချင်ဘူးလားလို့ ပြောပေးနော်
Zaw Wonna
December 25, 2011 at 11:40 am
ဓါတ်ပုံတွေကို တကူးတကရိုက်ပြီး စိတ်ရှည်စွာ တင်ပေးလာတဲ့ ကိုပေါက်ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ …. ဒါဟာလည်း အာဇာနည်တွေအပေါ် တာဝန်သိတတ်ခြင်း တမျိုးပါ … ဖြစ်နိုင်ရင် မန်းလေး မြို့တော်ဝန်ကို မေးလ်ပို့ ပြီး အသိပေးစေချင်ပါတယ် … ဒါမှမဟုတ်လည်း မန်းတောင်ရိပ်ကနေ ဖွလိုက်စေချင်ပါတယ် ….
winkyawaung
December 25, 2011 at 1:14 pm
ဆရာပေါက်လို သမိုင်းကိုရှာဖွှေပြီး အများသိအောင် ဖော်ထုတ်ပေးတာ အလွန်တန်ဘိုးကြီးပါတယ်ဆရာ။
ကိုပေါက်(မန္တလေး)
December 25, 2011 at 1:23 pm
မဖွပါဘူး ဇဝနေရေ
တစ်ဆင့်စကား တစ်ဆင့်နား
ပန်းသတင်းလေညှင်းဆောင်သွားမယ်လို့ ယုံကြည်လို့ ဒီပုံကိုတင်ပါတယ်။
Sonny
December 25, 2011 at 3:56 pm
ကိုပေါက်ရေ…..
အားထုတ်မှု့(ခက်ခက်ခဲခဲ)
စေတနာ
အချိန်
ဒီသုံးမျိုးလုံး
ကိုပေါက်ရင်ထဲမှာ မြင်ရပါတယ်။
ဒီအာဇာနည် တွေ ခေါင်းချ ခဲ့တဲ့နေရာလေးကိုမြင်လိုက်ရတော့
ရင်ထဲမှာ နင့် နေအောင် နိုင်ငံသားတစ်ယောက် အနေ နဲ့ တာဝန်မကျေသလိုခံစားရပါတယ်။
ကိုပေါက် ဒီပုံတွေကို လျက်တစ်ပျက်(ဓါတ်ပုံဦးစားပေးလို့ပါ) မှာ ပို့ပေးပါလား
ဒါမှမဟုတ် ပြည့်သူ့ခေတ် ဖြစ်ဖြစ်ပေါ့။မြန်မာတိုင်းမစ်ဖြစ်ဖြစ်။ ရန်ကုန်တိုင်းမစ်ဖြစ်ဖြစ်။
သူတို့ ဂျာနယ်တွေက ပြည်သူ့ပါးစပ် ဖြစ်နေကြတယ်။
များများအော်ပေးနိုင်မယ်ထင်ပါတယ်။
ချစ်ခြင်းအားဖြင့်…ကိုဆန်နီ……..
ကိုပေါက်(မန္တလေး)
December 25, 2011 at 5:10 pm
ကြိုးစားပါမည်
ကိုဆန်နီရေ………………………
kai
December 25, 2011 at 5:17 pm
အမှန်ကတော့.. ဆိုင်ရာမြို့နယ်က..သူ့ဘတ်ဂျက်နဲ့..ပြုပြင်ပြီးကောင်းအောင်လုပ်ပေးရမှာပါ..။
ဘတ်ဂျက်မရှိရင်တော့.. လူထုကအလှူငွေထည့်ပြီး လုပ်ရတာပါ..။
စေတီပုထိုးတွေ အသစ်အသစ်တွေဆောက်.. ရှိပြီးသားတွေ.. လိုအပ်တာထက်ပိုပိုပြီးမွန်းမံ လုပ်ကြတာထက်စာရင်.. လူထုက.. လှူနေတဲ့..ငွေတွေ.. အဲဒီလိုနေရာမျိုးတွေမှာဦးစားပေးလှူသင့်လှပါတယ်..။
ကိုပေါက်(မန္တလေး)
December 25, 2011 at 6:06 pm
ခက်တာက ကျနော်တို့ ဆီမှာက ဒီလိုက်ိစ္စမျုးိဆိုရင် အလှူခံရတာခက်တယ်။
kai
December 26, 2011 at 7:28 am
တိုင်းပြည်တိုးတက်စေပြီး..နိုင်ငံတော်သစ်တည်ထောင်ချင်ရင်.. ဘာကိုဦးစားပေးလုပ်ရမယ်ဆိုတာ.. မသိသာလွန်းဘူးလား..။ 😆

ဖီးကျူ
December 26, 2011 at 2:59 am
မန္တလေးကိုလာတိုင်း အာဇာနည်ကုန်းဘေးနားက ဖြတ်သွားနေကျပါ
ဘယ်လို အာဇာနည်လဲတော့ ကောင်းကောင်းမသိခဲ့ဘူး ။
ခုတော့ သိပါပြီ ကိုပေါက်ရေ …………..
အောင်ပင်လယ်ကန်ဘက်ရော ပုံတွေ တင်ထားရင် ကြည့်ချင်ပါတယ်။
ကနောင်မင်း ရေမြုပ်ဗုံးစမ်းခဲ့တာဆိုတော့ စိတ်ထဲမှာ အာသီသရှိနေတယ်။
ကိုပေါက်(မန္တလေး)
December 26, 2011 at 8:04 am
အောင်ပင်လယ်ပုံတွေလဲတင်ဘူးပါတယ်။
ရေမြုပ်ဗုံးစမ်းတဲ့နေရာကတော့ သိသူမရှိလောက်တော့ပါဘူး။
လှပသောလယ်ကွင်းကြီးဖြစ်နေတာတော့ အမှန်ပါဘဲ။
အောင်ပင်လယ်ပုံတွေအများကြီးတင်ဘူးပါတယ်။
ဆူး
December 26, 2011 at 9:23 am
တိကျတဲ့ သမိုင်းကြောင်းတွေနဲ့ မှတ်တမ်းတွေ အများကြီး ရှိတာပဲ.. အထိန်းအမှတ်တွေကလည်း ပိန်းပိတ်နေတာတော့ မလှဘူး။ နောက်ပိုင်းအဲဒါတွေကို ပြစားလို့ ရတယ်။
ကိုပေါက်(မန္တလေး)
December 26, 2011 at 9:22 pm
နိုင်ငံခြားသားတွေ စိတ်ဝင်စားစရာ သမိုင်းနောက်ခံနေရာလေးဖြစ်လာနိုင်သလို၊
ကျနော်တို့နောက်ကမျိုးဆက်တွေမှာလဲ ကျနော်တို့နို်င်ငံလွတ်လပ်ဘို့အတွက်
ကြိုးစားပေးခဲ့ကြတဲ့ရှေးလူတွေရဲ့ဆောင်ရွက်ချက်ကို မြင်သိကြားလာကြတဲ့အခါ
သူတို့ကိုယ်တိုင်လဲ တိုင်းပြည်အတွက်အလုပ်လုပ်ချင်စိတ်တွေပေါ်လာနိုင်တယ်လို့
ယူဆပါတယ်။
ရှင်းလင်းပြီးအများဝင်လေ့လာစရာနေရာဖြစ်အောင်ဖန်တီးသင့်ကြောင်း……….
တင်ပြလိုက်ရပါတယ်။
unclegyi1974
December 27, 2011 at 10:13 pm
ကောင်းအောင်ပြုပြင်ထားလိုက်ရင်ပန်းခြံကလေးလည်းဖြစ်
လူတွေလည်းအပန်းဖြေစရာတနေရာတိုး
နိုင်ငံခြားသားတွေဆီကဒေါ်လာတွေလည်းကျ
ထိမ်းသိမ်းပြီးရာလည်းရောက်
မပြုမပြင်လုံးဝပစ်ထားတာသေချာပေါက်အကြောင်းရင်ရှိရမယ်
ကိုရင်ပေါက်လိုက်လေ့လာပြီးဖွင့်ချလိုက်ရင်
တိုင်းမဂ္ဂဇင်းမျက်နှာဖုံးမှာပါလာရင်…..
ကိုပေါက်(မန္တလေး)
December 27, 2011 at 10:54 pm
ဒါလေးကိုဖတ်မိတဲ့ လုပ်ပိုင်ခွင့်ရှိသူ လုပ်နိုင်သူက အကောင်အထည်ဖော်လိုက်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါဘဲ။
Rose Minn
December 28, 2011 at 9:36 am
ကိုပေါက်ရေ အဲဒီနေရာ ရှိတယ်ဆိုတာ ကြားတောင်မကြားဖူးဘူး။ ကိုပေါက်တင်ပေးတာကျေးဇူးပါ။ ကွန်ပျုတာတစ်လုံးရှိရင် မြန်မာနိုင်ငံ အနှံ ဗဟုသုတရှိရုံမက။ နိုင်ငံတကာပါသွားနိုင်တယ်ဆိုတာ သိသွားတယ်။ တကယ်တကယ်။ မန်းလေးရောက်ရင် အဲဒီနေရာလေးကို သူငယ်ချင်းတွေလိုက်ပြခိုင်းမယ်။
ကိုပေါက်(မန္တလေး)
December 28, 2011 at 9:54 am
ဒါပေမယ် မြန်မာနိုင်ငံက ခေတ်မမှီတဲ့လူကြီးတွေက အင်တာနက်ဆိုတာနဲ့
နာမယ်ပျက်စာရင်းသွင်းပြီးနှာခေါင်းရှုံ့ချင်ကြတာကို ပြင်ပေးရအုံးမယ်
ကြောင်ကြီး
December 28, 2011 at 10:20 am
နယ်ချဲ့ဆန့်ကျင်ရေး ထစ်ခနဲရှိ အော်တတ်တဲ့ စစ်တပ်လက်ထက် မစစ်တပ်လက်တွေမှာ ဒီလိုသံဃာ့အာဇာနည်အုတ်ဂူများကို ပစ်ပယ်ထားတာ တိုက်ဆိုင်မှုတခုတော့ မဖြစ်တန်ရာဘူး။ ကျောင်းသားတွေနဲ့ ပတ်သက်ရင် သမဂ္ဂအဆောက်အအုံ၊ လူတွေနဲ့ပတ်သက်ရင် ခေတ်အဆက်ဆက် သမိုင်းဝင်လူထုလှုပ်ရှားမှုများ၊ စစ်တပ်နဲပတ်သက်ရင် ဗိုလ်ချုပ်အောင်ဆန်း ဒါတွေအားလုံးကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်မေ့ဖျောက်ထားကြတာ….။
tt lay
December 28, 2011 at 11:41 am
ကိုပေါက်ရေ မန္တလေးမှာ ဒီလိုသမိုင်းဝင်နေရာ ရှိတယ်ဆိုတာကို အခုမှ ကြားဖူးတာပါ။ မန္တလေးကို ခဏခဏ ရောက်ပေမယ့် ဒီလိုနေရာ ရှိတယ်ဆိုတာ တကယ်မသိတာပါ။ နောက်တစ်ခါရောက်ခဲ့ရင် သွားဖြစ်အောင် သွားလိုက်ပါဦးမယ်။ အခုလို ဖော်ပြပေးတဲ့အတွက် ကျေးဇူးတင် လေးစားစွာဖြင့်……………..။
ကိုပေါက်(မန္တလေး)
February 5, 2012 at 10:01 am
“မန်းအာဇာနည် ၁ရ ဦး ဗိမာန် သန့်ရှင်းသပ်ရပ်ရေး ပရဟိတအသင်းများ ပူးပေါင်း ဆောင်ရွက်သွားမည်” by Popular Myanmar News Journal
ကဲ ဝမ်းမြောက်စရာပါဗျာ။
amatmin
February 8, 2012 at 1:05 pm
“၁၃၀ဝ ပြည့် အရေးတော်ပုံတွင် ကျဆုံးခဲ့သော အာဇာနည် ၁ရ ဦး၏ အထိမ်းအမှတ် ဗိမာန်အား ပြန်လည်သန့်ရှင်း သပ်ရပ်ရေး ဆောင်ရွက်မည်” by eleven news journal
ကိုပေါက်ရေ..အလဲဗင်းမှာ ဒီသတင်းလေးဖတ်လိုက်ရတော့ ဝမ်းသာအားရလာမန့်တာ.ဆရာသမားကသိပြီးသားကိုးး 🙂
ပို့စ်ကိုမနည်းပြန်ရှာထားတာဆိုတော့ မန့်လိုက်ပြီ..
ကိုပေါက်စိတ်ကူးလေးနဲ့ တထပ်တည်းကျသွားတာကြည်နူးစရာပဲဗျ..
ဒါနဲ့ ဘာကြောင့်အနီတွေပေးထားတာလဲ နားမလည်နိုင်ဘူးဗျာ.. 🙁
ကိုပေါက်(မန္တလေး)
February 8, 2012 at 1:13 pm
ကျနော်ကြောင့်လို့ မဆိုနိုင်ပေမယ့် ကိုယ် စိတ်ကူးနဲ့ကိုယ်လုပ်တာလေးနဲ့
တကယ်အကောင်အထည်ဖော ်နိုင်သူ တိုက်ဆိုင်သွားကြတာပါ
အနီပေးထားတဲ့ကိစ္စကိုတော့ ထပ်မပြောတော့ပါဘူး။
မင်းကြိုက်သလို လုပ်လိုက်ပါတော့……………………………………………………
အမတ်မင်းရေ
အခုလို သတိတရနဲ့သတင်းပေးတာ ကျေးဇူးပါ။
ကျနော်လဲ သူများလာပြောပေးလို့ သိလိုက်ရတာပါခင်ဗျာ။
blackchaw
February 8, 2012 at 1:21 pm
ကိုပေါက်ရေ။ အမတ်မင်း ရဲ့ ကွန်းမန့်လေးက နည်းနည်းစောသွားတယ်ဗျာ။
မည်သို့ပင်ဆိုစေကာမူ။
ကိုပေါက်ရဲ့ ဓါတ်ပုံလေးတွေကလည်း
သက်ရောက်မှု တစ်စုံတစ်ရာ ရှိမှာပါဗျာ။
ကိုပေါက်အတွက် အင်အားသစ်တစ်ခု ဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။
ဂုဏ်လည်း ယူမိပါတယ်။
အနီတွေကတော့ ….. ။
lu nyo chaw
February 8, 2012 at 1:52 pm
ဘယ်လိုဖြစ်တာလဲဗျ ရဲရဲတောက် တို့မန်ဘာတွေဖြစ်နေပါလား။ ကျွန်တော်မနေ့က ကျောဘက်ကပြန်လာ
တော့ တွေ့ခဲ့တာတော့ ခြုံတွေရှင်းနေတယ်ဗျ။စည်ပင်ယူနီဖောင်းတွေနဲ့။ပြန်လည်ထိန်းသိမ်းကြတော့မယ်ထင်တယ်။
kai
February 8, 2012 at 2:56 pm
ဆရာပေါက်ကိုတော့.. အာဇာနည်တွေရဲ့ကျန်ရစ်သူမိသားစုတွေ.. အနွယ်တွေ.. သာဓုခေါ်မှာသေချာတယ်..။
ကျုပ်လည်း သာဓုခေါ်တယ်ဗျာ..
ကျေးဇူးလည်း တင်တယ်ဗျာ..။ 🙂
ကိုပေါက်(မန္တလေး)
February 8, 2012 at 4:22 pm
နောင်ဒါမျုးိလေးတွေဖြစ်လာအောင် ရှာဖွေတင်ပြပါအုံးမည်။
ကြည်နူးမိပါ၏။