“ရှိစေကောင်း၏ မကောင်း၏ “ ပြီးခဲ့တဲ့လ ရန်ကုန်ကို ကျနော် ရောက်တော့ အဝေးရောက်မန်းလေးသားတွေဆုံကြတာပေါ့။ ရန်ကုန်မှာလူတစ်ယောက်နဲ့တစ်ယောက်တွေ့ဘို့ဆိုတာ တယ်မလွယ်လှပေဘူး။ နာရီဝက် တစ်နာရီလောက်ထို်င်စကားပြောဘို့အရေးကို နှစ်နာရီလောက်ကြိုတင်ပြီး အိမ်ကဒါမှမဟုတ်တည်းတဲ့ဆီကထွက်လာမှ ချိန်းတဲ့နေရာကိုရောက်နိုင်တာပါ။ ကားကြပ် ကားဆက်ပြတ် လမ်းပိတ် ဆိုတဲ့ လမ်းခရီးကိုနှောင့်နှေးစေနို်င်တဲ့အကြောင်းတရားကအများကြီးကိုး။ အဲ့ဒီနေ့ က သူငယ်ချင်းတွေဆုံကြမယ့်နေရာရွေးတော့ တစ်ယောက်က ကြည့်မြင့်တိုင်ကလာမယ်။ ကျနော် ကလှိုင်သာယာကလာမယ်။ တစ်ယောက် မြို့ထဲဘက်ကလာမယ်။ တစ်ယောက်က တာမွေကလာမယ်ဆိုတော့ ၄ယောက်လုံးနဲ့ကြားကျတဲ့နေရာဘဲရွေးလိုက်ပါတယ်။ ရွှေဂုုံတိုင်တံတားနားက မယ်ညို ဆိုတဲ့ဆိုင်မှာထိုင်ကြဘို့ ချိန်းလိုက်ပါတယ်။ ဒါတောင်လှိုင်သာယာက လာတဲ့ကျနော်က ၁၅မိနစ်လောက်နောက်ကျပြီးမှရောက်လာပါတယ်။ အခုတွေ့တဲ့သူငယ်ချင်းသုံးယောက်က မန်းလေးတုန်းက တစ်ကျောင်းထဲ တစ်တန်းထဲ အတူတက်ခဲ့တဲ့သူတွေ။ ကျနော်ကသာမန်းလေးမှာအခုချိန်ထိ နေနေတာ သူတို့က မန်းလေးကိုစွန့်ပြီးရန်ကုန်ရောက်နေကြတာ ဆယ်စုနှစ်တစ်ခု စွန်းနေပြီ။ စတွေ့တွေ့ခြင်းဆိုတော့ တစ်ယောက်နဲ့တစ်ယောက်မာကြောင်းသာကြောင်းမေးကြ သားရေးသမီးရေးအကြောင်းပြောကြ စီးပွားရေး အလုပ်အကိုင်တွေအကြောင်း […]