” အနှစ်မပါ “
“အနှစ်မပါ ”
အခုရက် စကိုင်းနက်ကလာနေတဲ့
မန္တလေးသင်္ကြန်မဏ္ဍပ်မှာ
သံချပ်ထိုးနေတာကိုမြင်ရတော့
အားလုံးသိပြီးသား
မွတ်မွတ်ညက်ညက်ကြေ နေတဲ့
အကြောင်းအရာတွေချည်းဘဲဆိုတော့
နားထောင်ရတာ
ဟိုးအရင်ခေတ်တွေကလိုအနှစ်သာရမရှိတော့
သလိုပါဘဲ။
ကောင်းသောခေတ်ကိုရောက်ဘို့ဆိုတာ
ကျနော်တို့ အားလုံးအကျင့်ဟောင်းတွေပြောင်းမှ
ဖြစ်မယ်လို့ယုံကြည်ပါတယ်။
အခုတော့ပြောင်းလဲချိန်တန်ပြီလို့
ပြောလာချိန်မှာ
ဟိုဟာပြောင်းတယ်
ဒီဟာပြောင်းပြီပြောနေကြပေမယ့်
ကိုယ်တိုင်တော့ဘာမှ
မပြောင်းလဲကြသေးဘူးလို့ထင်မိပါတယ်။
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
၁၅၄၂၀၁၆
5 comments
Thint Aye Yeik
April 15, 2016 at 10:01 pm
.အတွေးအခေါ်တွေ
.ခံယူချက်တွေ
.စိတ်နေသဘောထားတွေကအစ. . .
အစစအရာရာ ကောင်းသောပြောင်းလဲခြင်းဘက်ကို ရောက်အောင်
ကိုယ်တိုင်ကိုယ်စီ လိုက်ပါ ပြောင်းလဲဖို့ အချိန်တန်ပြီ ဆိုပါတော့. . .လေးပေါက်ရေ
ယမကာကျော်စွာ အူးမြောက်မြောက် (B.E)
April 16, 2016 at 1:54 pm
ပြောင်းလဲဖို့အတွက်
အရည်ချင်းရှိသူတွေ နေရာများများရကြပါစေ ဟုသာ
ဝင့်ပြုံးမြင့်
April 16, 2016 at 11:11 pm
ဦးနှောက်ကမပြောင်းတော့ ဘာမှ မပြောင်းဘူးပေါ့နော်
uncle gyi
April 17, 2016 at 3:11 pm
ပထမဆုံးခြေလှမ်းအဖြစ်ကိုယ်တိုင်ကစပြောင်းကြပါစို့
အောင် မိုးသူ
April 27, 2016 at 2:47 pm
အနှစ် နဲ့ အကာ
အကာနဲ့ အနှစ်