“အထဲထဲသို့တိုးဝင်ရွှေဥမင် စေတီ ကျောက်ပန်းဆွဲအလှအပများ………အပိုင်းသုံး” မဒမ်ပေါက်ကိုခေါ်ပြီးအထဲကိုနောက်တစ်ခေါက်ထပ်သွားပါတယ်။ အတွင်းကပိုပြီး ကျယ်ဝန်းတာကိုတွေ့ရတဲ့အပြင် ခန်းမကြီး သုံးခန်းရှိတာကိုလဲတွေ့ရပါတယ်. ဝင်ဝင်ချင်းအခန်းကကျောက်ပန်းဆွဲတွေကြားမှာ စေတီလေးတစ်ဆူ။ ရေတွေစိမ့်နေတာရယ် ခင်းထားတဲ့ကျောက်ပြားရယ်ပေါင်းလိုက်တော့ ချော်မလဲအောင်အတော်လေးသတိထားရ။ အပေါ်ကိုမော့ကြည့်တော့လဲလှ။. ဘေးဘက်ကြည့်တော့လဲလှ။ အဝေးကြည့်တော့လဲလှ။ ချော်လဲမှာလဲကြောက်ရနဲ့ အတော်လေးကို ဗျာများခဲ့ရပါတယ်။ အောက်ခြေကိုထိနေတဲ့ကျောက်တုံးကြီးတွေ ခေါင်မိုးပေါ်မော့်ကြည့်မိပြန်တော့ အမွှာမွှာနဲ့ဇောင်းထနေတဲ့ ကျောက်ပန်းဆွဲတွေ ကိုမြင်ရပါတယ်။ အဲဒီကနောလျျောက်ရင်း တောင်ဖက်ထဲကို တိုးဝင်လိုက်တော့ နောက်ထပ်အခန်းကျယ်ကြီးတစ်ခုထဲကိုရောက်သွားပါတယ်။ ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ (30-5-2012)