နံနက်ခင်းရူ့မဝ ညနေခင်း ငေးမဝ

















“နံနက်ခင်း ရူ့မဝ ညနေခင်း ငေးမဝ”
ခါတိုင်းနှစ်တွေတုံးက မနက်တိုင်း လမ်းလျောက်ဖြစ်ပါတယ်။
ဒီနှစ်တော့ အကြောင်းအမျိုးမျိုးပြပြီး အပျင်းထူလို့ လမ်းမလျောက်ဖြစ်။
သင်္ကြန်တွင်းပိတ်ရက် ဇိမ်ယူပြီးမလျောက်ဖြစ်ပါဘူး.။
မှတ်မှတ်ရရ နှစ်ဆန်းတစ်ရက်နေ့တော့လျှောက်ဖြစ်ပါတယ်။
24-4-2012 ရောက်တော့ အလုပ်ကိစ္စနဲ့ခရီးသွားရပါတယ်။
အဲဒီမှာတောင်ကြီး ရောက်တဲ့နေ့ကစလို့ မနက်တိုင်းပြန်လမ်းလျောက်ဖြစ်ပါတယ်။
အောင်ပန်းမှာရော ရန်ကုန်ရောက်တဲ့အထိ ပုံမှန်လမ်းလျောက်ဖြစ်ပါတယ်။.
အဲတော့ မနက်ခင်းပုံလေးတွေရပါတယ်။
အများအားဖြင့် ကျနော်ပုံမှန်အားဖြင့်ညနေခင်းအချိန်တွေက အလုပ်ထဲမှာကုန်သွားတာများပါတယ်.
ညနေခင်း နေဝင်ချိန်ကို မမြင်ရသလောက်ပါဘဲ။
ကျနော်ရဲ့ညနေခင်းတွေပျောက်ဆုံးကုန်တာကြာပေါ့။
ဥပုဒ်လို အလုပ်ပိတ်ရက်ရောက်ပြန်တော့လည်း ကျနော်က အင်တာနက်ဆိုင်ထဲမှာ။
အခု ခရီးထွက်တဲ့အခါ မုတ္တမဆိုတဲ့မြို့လေးကို ရောက်ဘူးတယ်ဆိုရုံလေးရောက်ခဲ့ရပါတယ်။
ည နှစ်ချက် တစ်ခါမှ မရောက်ဘူးတဲ့မြို့ကိုရောက်။
အားမနာနိုင်ဘဲသွားတွေ့ရမယ့်လူဆီသွား။
မနက် သုံးနာရီလောက်စကားတွေထိုင်ပြောနေရင်း မိုးတွေရွာ မီးတွေပျက်။
လေးနာရီလောက်ရောက်တော့ မိုးအရွာတိတ်တော့ မနက်လေးနာရီစွန်းစွန်း။
ခြင်မရှိပေမယ့် ဖြုတ်လိုအကောင်တွေက ကိုက်ပါတယ်။
အဲဒါနဲ့မထူးဘူးဆိုပြီးထလမ်းလျောက်တော့ အရှေ့တောင်ထောင့်မှာက တောင်ကုန်းလေးနဲ့စေတီ။
အနောက်ယွန်းယွန်းမှာက လွင်ပြင်။
အရုဏ်အတက်မှာလှပသောတိမ်လေးတွေကို ပိုင်ဆိုင်ခွင့်ရလိုက်ပါတယ်။
နောက်ရန်ကုန်ပြန်ရောက်တဲ့တစ်ရက် မန်းဂေဇက်ကအဖွဲ့သားတွေနဲ့ ထိုင်နေတုန်း
အနောက်ဖက်ကောင်ကင်မှာတိမ်တောက်တာကို လက်တို့ပြပါတယ်။
အဲဒီမှာလဲ လှသော ဆည်းဆာကို ရပြန်ပါတယ်။.
နောက်တစ်ရက် ညနေခင်း ထမင်းစားပြီး အိမ်ရှေ့အထွက် တိမ်တောက်လာတာကို မြင်ရတော့
အတော်လေးသဘောကျမိပါတယ်.
သေချာတာတစ်ခုက ရန်ကုန်မြို့ရဲ့ ဆည်းဆာတိမ်တွေက တကယ်လှပတယ်ဆိုတာပါဘဲ။
(20-5-2012)နေ့ ညနေခင်း မိုးတွေရွာပါတယ်.။
ခဏလေးနေတော့ နေဝင်ချိန်လေးမှာတောက်လာတဲ့ တိမ်အခင်းကိုမြင်ရတော့တာပါဘဲ.။
မနက်ခင်းတိမ်လေးတွေက လူစိတ်ကိုကြည်နူးစေပြီး ရူ့မဝ။
ညနေခင်းဆည်းဆာ တိမ်လေးတွေက တော့ လွမ်းစေပြီး ငေးမဝ။
ကျနော်ခံစားချက်နဲ့ တူမတူဆိုတာ ပုံလေးတွေကို ကြည့်ပြီး ဖြေပေးနော်။
ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ
(21-5-2012)
27 comments
water-melon
May 22, 2012 at 8:22 am
အန်တီရေ
နံပါတ် ၈ ကို အကြိုက်ဆုံးပါဘဲ
သများအတွက် စိုင်လေးတွေရိုက်လာအုန်းနော်
ကိုပေါက်(မန္တလေး)
May 22, 2012 at 8:46 am
စိုင်တော့မပစ်တတ်ဘူးကွဲ့။
စိုင်လိုချင်ရင် မောင်ဂီကိုရှာခိုင်းပါ။
Ma Ei
May 22, 2012 at 9:32 am
ကိုပေါက်ရေ…
တိမ်တွေလှလိုက်တာ ပန်းချီကားအတိုင်းပါဘဲ…
ရန်ကုန်မြို့ရဲ့ ဆည်းဆာတိမ်တွေလှတယ်ဆိုလို့
ကျေးဇူးတင်ကြောင်းပြောပါရစေ…
windtalker
May 22, 2012 at 9:36 am
ကိုပေါက်
တစ်ဘက်လှည့်နဲ့ ချစ်သုဝေ လေးကို ရည်ညွှန်းနေသလိုလို
တိမ်တွေနေတဲ့အရပ် ဆိုကလား
weiwei
May 22, 2012 at 10:03 am
ရန်ကုန်က တိမ်တိုက်တွေ အရမ်းလှတယ် … ညနေဆည်းဆာအချိန်တွေ ပိုလှပါတယ် ..
ကျွန်မကတော့ အချိန်ရတိုင်း ငေးကြည့်ဖြစ်တယ် …
Moe Z
May 22, 2012 at 10:44 am
လေးပေါက်ရေ နေဝင်ချိန်နဲ့ နေထွက်ချိန်ဆိုတာကို ခရီးသွားတဲ့အချိန်ကလွဲရင် အတွေးထဲတောင်မစဉ်းစားမိလို့ တစ်ခါမှကောင်းကင်ကိုမော့မကြည့်ဖူးဘူး အဲဒီလို ကဗျာဆန်တာ 😀
နောက်တာပါ .. လေးပေါက်ရဲ့ပုံတွေကနေတစ်ဆင့် သဘာဝအလှတွေကိုခံစားနိုင်လို့ ကျေးဇူးတင်နေပါတယ်နော်
လေးပေါက် ဒီ့ထက်မက ရိုက်နိုင် တင်နိုင်ပါစေ ..
Rose Minn
May 22, 2012 at 10:44 am
ကမာ္ဘာလောက ကြီး ဘာကြောင့်ဒီလောက်များလှပါလိမ့်လို့ ပုံတွေ ကြည့်ရင်းတွေးမိတယ်။ လောကကြီးနဲ့ အဆက်သွယ်ပျက်တာ ကြာပေါ့။ အမှုမဲ့ အမှတ်မဲ့နေလာတာ များပြီပေါ့။ ဒါမျိုးအေးအေးမခံစားရတာ ကြာပြီ။
လေးပေါက်ရေ လွမ်းပါတယ် ဆိုမှ ပုံတွေက လည်း လွမ်းလိုက်တာ။နေဝင်ဆည်းဆာ က လဲလွမ်းလိုက်တာ။ ပုံ12) ကြောင့် ဘဝင်ဆူသွားပါကြောင်း ဟီဟိ 🙂
ဆူး
May 22, 2012 at 11:24 am
တိမ်တွေတောက်နေတာ တိမ်ထဲမှာ မီးတောက်နေသလိုပဲ အရောင်တွေက လက်လက်ထနေတာပဲနော်။ အချိန်အခါကောင်းလည်း မြင်တတ်ပါပေတယ်။
Thel Nu Aye
May 22, 2012 at 11:42 am
ကျွန်မတို့ အမှတ်တမဲ့ကျော်ဖြတ်သွားလေ့ရှိတဲ့ သဘာဝ အလှတရားလေးတွေကို လေးပေါက်နဲ့တွေ့ မှ သေသေချာချာခံစားဖြစ်တော့တယ်။ အခုဆိုအပြင်သွားရင်တောင်တိမ်တွေက အစသေချာကြည့်ဖြစ်သွား တယ်။ အလှတရားကိုခံစားတတ်အောင် သင်ပြပေးတဲ့လေးပေါက်ကိုကျေးဇူးပါ။
အတိသဉ္ဖာ နာဂရချစ်သူ
May 22, 2012 at 1:00 pm
ကိုပေါက်ရဲ ့ ရှုမဝ၊ငေးမဝ အလှနှစ်ခုကို ခံစားသွားပါတယ်ဗျာ။
ရုပ်ဆိုးလှချိန်ပုံလေး အတော်လှပါတယ်ဗျာ
Mလုလင်
May 22, 2012 at 1:03 pm
ဖေ့ဘုတ် ပေါ်က ကျွန်တော် ကြိုက်တဲ့ ပုံလေးကော မပါ ပါလား ဗျ …
kyeemite
May 22, 2012 at 1:04 pm
ကျနော်ပြပေမဲ့ ရိုက်တဲ့လူတော်လို့
လှသွားတာပါ…အမြည်းပွဲ ဝိုင်းရိုက်တာတောင်သတိရသွားတယ်…
အရင့်ရောင်
May 22, 2012 at 1:29 pm
နံပါတ် 17 ကြည့်ပီးတော့
လွမ်းတယ်ဗျာ
အားပေးကြည့်ရှု ဖတ်၊ မှတ် သွားပါဂျောင်း
ဗိုက်ကလေး
May 22, 2012 at 1:31 pm
ချစ်သူရေ
တိမ်တွေစီးပြီး ကိုယ်ရှိရာဆီ ပြေးလို ့လှမ်းခဲ့ပါဦး..
မင့်ဆီလာဖို ့ ကိုယ့်မှာ လမ်းချရိတ် မချိတော့လို ့ပါ
may flowers
May 22, 2012 at 1:43 pm
အရမ်းလှတဲ့ ပုံလေးတွေကို အားပေးသွားပါကြောင်း..။
ကိုပေါက်(မန္တလေး)
May 22, 2012 at 4:19 pm
သဘာဝလောကကြီးက လှပြီးသား
ဒါကို အပူတွေများတဲ့ ကျနော်တို့တွေက မေ့ထား
အနုပညာသမားဆိုတာ ပေါင်းကူးတံတား……………………………….
ရွာစားကျော်
May 22, 2012 at 4:43 pm
နေညိုချိန် တိမ်တောက်တဲ့အခါ ရွာလမ်းနဘေးမှာ.. စာဥတို့ သူငယ်ချင်းမတွေ ရေခပ်ဆင်းလို့လာ..
ဪ.. လေးပေါက်ရဲ့ တိမ်ပန်းချီတွေ ခံစားပြီး ..ငယ်ငယ်တုန်းက သူငယ်ချင်း စာဥလေး ကိုဖြင့် သတိရလိုက်တာဂျာ..
ကိုပေါက်(မန္တလေး)
May 22, 2012 at 5:24 pm
အင်းရွာစားကျော်တော့ ရွာစချုပ်များဒီဇာတ်လမ်းသိသွားရင် နာမယ်နော်။
ရွာစားကျော်
May 22, 2012 at 9:45 pm
အဟီး
ကျနော်က ရိုးရိုးတားတား တတိရတယ်လို့ ကျောတာပါ လေးပေါက်ရ
ငယ်ငယ်တုန်းက အဖြစ်လေးတွေပေါ့နော်..
အဲဒီလို နေဝင်ချိန်ဆို.. သူကလည်း အိုးသေးသေးလေးနဲ့ ကျနော်ကလည်း သေးသေးလေးနဲ့ (ရေပုံး) ရေခပ်သွားကြ.. ငယ်သေးတာကိုးဂျ..။ ရွာလမ်းဘေးက ဘကြီးမှုံတို့ ကောက်ရိုးပုံကြီးဘေးရောက်ရင် ဟိုလေ.. ဟို
ရေပုံးတွေ အိုးတွေ ပစ်ထားပြီး.. ဟိုလေ ဟို ကစားကြတာပေါ့နော်
ငယ်တော့လည်း မှားကြတာပေါ့နော်.. ထမင်းမေ့၊ ဟင်းမေ့၊ အမေခိုင်းလိုက်တာမေ့ပြီး ကစားကြတာပြောပါတယ်.။ ဟိုလေ ဟို တူတူပုန်းတမ်းတို့၊ ကျွမ်းထိုးပြိုင်တမ်းတို့ ကုန်းပိုးတမ်းတို့ ကစားကြတာပါ… ငယ်သေးတာကိုးဂျ.. အဟီး။ အဲ.. အဲဒါတွေ သတိရတယ်လို့ ပြောတာပါဗျ လေးပေါက်ရ အဟီး။
Gipsy
May 22, 2012 at 8:53 pm
သဘာဝကောင်းကင်ကြီးကို ဆေးဆိုးလိုက်လေသလားကိုပေါက်ရေ..
အရောင်အသွေးစုံလင်လွန်းလို့ပါ.. လိုက်မမှိီအောင် ဖြစ်နေရပါပြီ….။
ညလေး
May 22, 2012 at 9:15 pm
“ဦးပေါက်”ရဲ.ပုံတွေကတော့ရှယ်ပဲတော်……….
ပုံ 16 ကိုအကြိုက်ဆုံးပါပဲ……..
အားပေးရင်း……
ငေးရင်း……တွေးရင်း….
pan pan
May 22, 2012 at 9:42 pm
လေးပေါက်ပီသပါပေ့။ ကဗျာဆန်တဲ့ ပုံတွေပဲ။ 🙂
ကိုပေါက်(မန္တလေး)
May 22, 2012 at 10:53 pm
ပန်ပန်ရေ စိတ်ကသာ ကဗျာတွေဆန်နေတာ
လူကတော့ ဖက်တီးဘုတ်ထိုင်းကြီးပါအေရယ်…………………
pooch
May 22, 2012 at 11:50 pm
အားပါး ပုံတွေက တကယ့်ကို မာစတာပိစ်တွေ ပါလား … ရွာမဝင်ဖြစ်လို့ နောက်ကျမှ လာအားပေးသွားပါတယ်နော်
TTNU
May 23, 2012 at 12:37 pm
ကိုပေါက်ရေ…
တိမ်စွန်လေလျှင် ဖူးရောက်ချင်သည်….
ဆိုလားဘာလား…
ဟဲ့မောင်ပေါက်ရေ ပျံသွားတဲ့ငှက်ကလေးမြင်လိုက်လား။
ကိုပေါက်(မန္တလေး)
May 23, 2012 at 4:51 pm
မာမီရေ ပျံသွားတဲ့ငှက်ကလေးတွေကိုတစ်ရက်လောက်ရိုက်အုံးမယ်။
ဒီပုံမျုးိလေးတွေက ဟိုအရင်ကဆို ကျနော် ကွန်ပြူတာ ဒက်စတော့ပေါ်တင်ဘို့
သူများဆီက လိုက်ယူရတာပါ။
အခုတော့ မိတ်ဆွေတွေကို ကျနော်က လက်ဆောင်ပြန်ပေးခွင့်ကြုံလို့ ဝမ်းသာပါ၏။
ကိုပေါက်(မန္တလေး)
May 28, 2012 at 4:43 pm
ဒီမှာလဲ အနီတွေရဲတာပါဘဲ။
ဘယ်လိုစိတ်ဓါတ်မျိုးနဲ့ နီနေတယ်တော့ မသိတတ်နိုင်အောင်ပါဘဲသူကြီးရေ။