“ပန်းသစ်ခွဝါဝါ…………..” 18-4-2012 နေ့မှာ မေမြို့ကိုရောက်သွားပါတယ်။ ရောက်ရောက်ခြင်း ပြည်တော်ချစ်ဘုရားကိုသွားပါတယ်။ ဒီတစ်ခါတော့ ရေတံခွန်ဘက်မသွားဘဲ ကန်တော်ကြီးထဲကိုသွားပြီးနားပါတယ်။ အေးမြတဲ့အရသာကိုခံစားပြီး တည်းတဲ့အိမ်ကိုပြန်လာပါတယ်။ နောက်နေ့မနက် 6း00နာရီလောက်ထပြီး ပိတ်ချင်းမြောင်သွားဘို့ပြင်ပါတယ်။ အခန်းဘေးက ပြူတင်းပေါက်လဲဖွင့်လိုက်ရော လှပလွန်းတဲ့သစ်ခွ ခင်းကိုမြင်မိပါတယ်။. ဟိုဘက်အိမ်က ခြံထဲမှာစိုက်ထားတာပါ။ အဲဒါနဲ့လူရိပ်လူခြေကြည့်တော့ မမြင်တာနဲ့ ကင်မရာလေးဆွဲပြီး တဖျပ်ဖျပ်နဲ့လက်ဆော့ပါတယ်။ အပွင့်လေးတွေုကို ကြည့်လို့လှအောင် သစ်ခွပင်လေးကို ဟိုဘက်လှည့်ဒီဘက်လှည့်နဲ့ စိတ်တိုင်းကျ လက်ဆော့နေတာ ဘယ်လောက်ကြာတယ်မသိပါဘူး။ ရိုက်လို့ကတော့ အတော်ကို လှတာ စိတ်တိုင်းကျတာ။ အဲလိုဆော်နေနှက်နေတုန်း “မောင်အဝှာ အပွင့်တွေကျိုးကုန်မယ်နော်” လို့ပြောသံကြားမှ ခြံပိုင်ရှင် အမေကြီးကို အလှဆုံးပြုံးပြရင်း ဓါတ်ပုံရိုက်တာကို လက်စသတ်လို့ ရှဲ့ရှဲ့တွေ ကမ်းရှတွေ အမြန်လုပ်လိုက်ရပါတယ်။ တန်တယ်ဗျာ။ သစ်ခွကို ဓါတ်ပုံရိုက်ဘူးတာ ပထမဆုံးဘဲ။ ကဲ ………………………………. […]