ပန်းသစ်ခွဝါဝါ














“ပန်းသစ်ခွဝါဝါ…………..”
18-4-2012 နေ့မှာ မေမြို့ကိုရောက်သွားပါတယ်။
ရောက်ရောက်ခြင်း ပြည်တော်ချစ်ဘုရားကိုသွားပါတယ်။
ဒီတစ်ခါတော့ ရေတံခွန်ဘက်မသွားဘဲ ကန်တော်ကြီးထဲကိုသွားပြီးနားပါတယ်။
အေးမြတဲ့အရသာကိုခံစားပြီး တည်းတဲ့အိမ်ကိုပြန်လာပါတယ်။
နောက်နေ့မနက် 6း00နာရီလောက်ထပြီး ပိတ်ချင်းမြောင်သွားဘို့ပြင်ပါတယ်။
အခန်းဘေးက ပြူတင်းပေါက်လဲဖွင့်လိုက်ရော လှပလွန်းတဲ့သစ်ခွ ခင်းကိုမြင်မိပါတယ်။.
ဟိုဘက်အိမ်က ခြံထဲမှာစိုက်ထားတာပါ။
အဲဒါနဲ့လူရိပ်လူခြေကြည့်တော့ မမြင်တာနဲ့ ကင်မရာလေးဆွဲပြီး
တဖျပ်ဖျပ်နဲ့လက်ဆော့ပါတယ်။
အပွင့်လေးတွေုကို ကြည့်လို့လှအောင် သစ်ခွပင်လေးကို ဟိုဘက်လှည့်ဒီဘက်လှည့်နဲ့
စိတ်တိုင်းကျ လက်ဆော့နေတာ ဘယ်လောက်ကြာတယ်မသိပါဘူး။
ရိုက်လို့ကတော့ အတော်ကို လှတာ စိတ်တိုင်းကျတာ။
အဲလိုဆော်နေနှက်နေတုန်း
“မောင်အဝှာ အပွင့်တွေကျိုးကုန်မယ်နော်” လို့ပြောသံကြားမှ
ခြံပိုင်ရှင် အမေကြီးကို
အလှဆုံးပြုံးပြရင်း ဓါတ်ပုံရိုက်တာကို လက်စသတ်လို့
ရှဲ့ရှဲ့တွေ ကမ်းရှတွေ အမြန်လုပ်လိုက်ရပါတယ်။
တန်တယ်ဗျာ။
သစ်ခွကို ဓါတ်ပုံရိုက်ဘူးတာ ပထမဆုံးဘဲ။
ကဲ ……………………………….
ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့
(22-4-2012)
14 comments
water-melon
April 23, 2012 at 8:24 am
လေးပေါက်
ဟိုဘက်အိမ်က စိုက်ထားတဲ့ အန်တီကြီးက
လေးပေါက်ကို မရိုက်လို့တော်သေးတယ်
သများပါရင် မုန့်ရောကျွေးမှာထင်တယ်
သစ်ခွဝါဝါ
မောင်ပန်ပေးမှာ
ပျို့ခေါင်းမှာ
သစ်ခွနဲ့ယှဉ်
ယဉ်သမျှခင်
အလှမာန်တက်လိုက်ပါ ပျို….
Diamond Key
April 23, 2012 at 11:42 am
သစ်ခွဝါဝါ
တဲ့ လေးပေါက်ရေ။
မောင်ပန်ပေးမှာ
ပျို့ခေါင်းမှာ
သစ်ခွနဲ့ယှဉ်
ယဉ်သမျှခင်
အလှမာန်တက်လိုက်ပါ ပျို…လို့ ဆိုရအောင်
အဲဒီပျို အတွက်
မောင်မျှော်လျှက် ရှိပါတယ်
မင်းဘယ်မှာလဲ ပျို့ ………..
ပုံ ………. ဖရဲ
သူ့စာသားတွေ ပို့စ်တင်တုန်းကျန်နေလို့ ပြန်ဖြည့်ပေးတာ 😀
ကိုပေါက်(မန္တလေး)
April 23, 2012 at 12:03 pm
ပြောင်ချော်ချော်
မောင်ခေါ်
ကြောင်သနော်လူ
ရှောင်တော်မူတဲ့ အပျိုမ
သစ်ခွဝါဝါ ပန်ပါသဗျ
ရှူံးနိမ့်မှုများနဲ့.. လူ
April 23, 2012 at 12:26 pm
လေးပေါက်ရေ…
ဖယောင်းသစ်ခွလို့ခေါ်ပါတယ်… အလေ့ကျကို တောထဲမှာကို ပေါက်ပါတယ်.. ကျွန်တော်ထင်းခွေသွားတိုင်း မြင်နေကျတွေပါပဲ.. တောထဲမှာတော့ တော်တော်ပေါပါတယ်..
တစ်ခုပဲ..
တက်ပြီးခွာရတဲ့အပင်ကြီးတွေက သိပ်မြင့်လွန်းတာရယ်… ရေညှိတွေနဲ့ ချောနေတာရယ်ပဲ ပူရတာ
🙂
အရင့်ရောင်
April 23, 2012 at 2:28 pm
မစ္စတာ ကျွှီးလက် တို့ ပန်းလည်းကြိုက်တာပဲနော်
ဟိဟိ
နောက်တာနော်
ဂယ်ဟြေတာ
ဟဲဟဲ
water-melon
April 23, 2012 at 4:01 pm
အမလေး လေးပေါက်က ကျွီးလတ်မှန်း ဘာလိုသိတာလဲ
ဧကန်န ထင်တာမှန်နေပြီ
Rose Minn
April 23, 2012 at 3:58 pm
ဖယောင်းသစ်ခွ
အကြောင်းမလှလို့
ရနံ့ရယ် မလှိုင်ပေမယ့်
ပင်မြင့်မှာ စံကာ
အလှချင်း ပြိုင် အနိုင်လို့ ငှာ
ဝတ်ဆံငယ် ပတ္တမြားရောင် ခိုသွေး
ယှဉ် ပြိုင်လျှင် ပြိုင်သူမောမယ်
ပန်းရွှေအဆင်း။
လေးပေါက်ရဲ့ ပန်းဝါဝါကလေးတွေ အတွက် ခံစားသမျှ
created by Rose
မဟာရာဇာ အံစာတုံး
April 23, 2012 at 8:30 pm
သစ်ခွလေး ရွှေဝါ ..
ချစ်စရာ .. ချစ်စရာ ..
ဟိုလူဂျီးက လွဲပြီးတော့ကွာ …
အဟိ .. 😀
အားပေးသွားတယ်နော့ …..
aye.kk
April 23, 2012 at 8:35 pm
ကိုပေါက်ရေ..
ဖယောင်းသစ်ခွအဝါရောင်ကိုတော့ကျမတို ့မြို့မှာခိုင်ရွှေဝါလို ့ခေါ်ကြတယ်။
ဖယောင်းသစ်ခွဗေဒါအနုရောင်နဲ ့အဝါရောင်ကငယ်ငယ်ထဲကနေကြီးပျင်းလာတဲ့အထိ
အဖေကအမြတ်တနိုးစိုက်ထားတာ၊ပန်းကိုမြင်တော့ရင်မှာလွမ်းဆွတ်ဆွတ်ကြီးဖြစ်မိတယ်။
အဲဒီဖယောင်းသစ်ခွတွေကိုအုန်းဆံခွံဖတ်တွေနဲ ့
အုန်းပင်လူတရပ်စာအမြင့်မှာအဖေကကပ်စိုက်ထားတာ
ရေလောင်းပေးနိုင်လို ့ကတော့အရမ်းပွင့်တယ်၊မိုးကျရင်အရမ်းပွင့်တယ်။
ငယ်ငယ်ထဲကနေကြီးလာတဲ့အထိအိမ်ကဘုရားမှာအမြဲတင်တယ်။
ပန်းတွေတင်ပေးတဲ့ကိုပေါက်ကိုကျေးဇူးတကယ်တင်မိတယ်။
ပြန်မရနိုင်တဲ့ဘဝကိုပြန်လွမ်းပြီးငိုချင်မိတယ်။
ခုရောက်နေတဲ့အသက်ထက်ဝက်အထိအဖေထားခဲ့ပေးတဲ့ဘဝကပြန်မရနိုင်တော့လို့ပါ။
TTNU
April 23, 2012 at 9:28 pm
ကိုပေါက်ရေ…
မာမီဝေါပေါ်ကို (၉)နဲ့ (၁၃) ထပ်ပို့ပေးဦးနော်။
ရွှေလက်နဲ့ ရိုက်သောပုံများမို့လို့ တန်ဖိုးထားပါတယ်ကွယ်။
ကိုပေါက်(မန္တလေး)
April 23, 2012 at 10:38 pm
ပြန်ပို့ပေးပါမယ် မာမီရေ။
နောက်မာမီအတွက်စိန်ပန်းတွေရိုက်ထားတာလဲ ပို့ပေးပါမယ်။
kyeemite
April 24, 2012 at 9:08 am
သစ်ခွဝါဝါ
လှစ်ဟခါခါ
ချစ်ပြမှာပါ…အော်..ဒီသစ်ခွဝါဝါလေးတွေမြင်ရပြန်တော့
မကြင်လိုက်ရတဲ့ ခင်အမိုက်မကို လွမ်းမိပြန်သကိုး…
bo bo
April 24, 2012 at 11:27 am
အိုးခင်အမိုက်မလေးကိုလွမ်းနေပြန်တာကိုး
ကိုပေါက်(မန္တလေး)
April 24, 2012 at 12:53 pm
ဝါဝါသစ်ခွ
လာတဲ့လူကို လှစ်ဟလို့ပြ
တုမရတဲ့ သူ့အလှ။