“မြစ်ငယ်ခေါ်ဒုဋ္ဌဝတီမြစ်မင်းကိုမျှဝေခံစားခြင်း……………” ငယ်က သီချင်းတွေထဲမှာ “ဒုဋ္ဌဝတီရေကြည်ချောင်းကလေးသည် ဟိုးအဝေးဝယ်ကွေ့ကောက်ပြီး စီးဆင်းနေသည်” ဆိုတဲ့အသံလေးကြားရင် အဲဒီမြစ်နားကို သွားကြည့်ချင်မိပါတယ်။ မြစ်ငယ်မှာနေတဲ့အခိုက်အတန့် ရေကြီးချိန်အနီရောင်မြစ်ရေတွေ တဝေါဝေါအသံပေး စီးဆင်းလာရင်း ဒေါသတကြီးနဲ့ကမ်းပါးတွေကို တဝုန်းဝုန်းနဲ့တိုက်စားသွားတာလဲ ကိုယ့်မျက်စေ့ရှေ့တင်ပါဘဲ။ ရွှေစာရံဘုရားတို့ ပေါ်တော်မူဘုရားတို့လို့ ဒီမြစ်ကမ်းနံဘေးမှာရှိတဲ့ဘုရားလေးတွေကို အရောက်သွားမိတော့ အေးအေးငြိမ့်ငြိမ့်နဲ့တသိမ့်သိမ့်စီးဆင်းနေတဲ့ ဒုဋ္ဌဝတီကိုတွေ့ရပြန်ရော။ မိခင်ဧရာဝတီနဲ့ဝေးနေချိန်မှာ ဒုဋ္ဌဝတီ နီးလာတော့မြစ်ငယ်မြစ်လို့အမည်တွင်တဲ့မြစ်အနီးကို ဒီတစ်ခါတော့ တကယ်ရောက်ခဲ့ပြန်ပါပြီ။ မြစ်နဲ့ယှဉ်နေတဲ့ကွန်ကရစ်လမ်းပေါ် ဆိုင်ကယ်မောင်းရင်းတောင်တွေအုပ်မိုးထားတဲ့ လှပသောမြစ်မင်းကို ကြည့်ရင်း………………………… မျှဝေခံစားဘို့ ပေးလိုက်ပါတယ်။ ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး (31-3-2012)