ရေစိုစိုရွှဲ………ပျော်တဲ့ပွဲ(အတက်နေ့နံနက်ခင်းလေး-16-4-2012 အပျော်စွန်းနေသောပုံရိပ်များ)
ဒီနှစ်သင်္ကြန်အပြင်သိပ်မထွက်ဖြစ်ပါဘူး။
အိမ်နဲ့နီးနီး ခဏလောက်ဘဲသွားဖြစ်ပါတယ်။
ဒီနေ့တော့ စိတ်ဆာလာပါတယ်။
သင်္ကြန်မဏ္ဍပ်ပေါ်ကနေ လက်ဆော့ချင်တာပါ။
အဲဒါနဲ့ဘဲ ဒီပုံတွေရလာပါတယ်။
ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့
(16-4-2012)
7 comments
ပေစိ
April 18, 2012 at 9:19 am
ဒါပဲလားဟင်
ဗိုက်ကလေး
April 18, 2012 at 10:42 am
ပျော့်ချရဂျီး အူလေးရဲ့
ဆူး
April 18, 2012 at 10:55 am
ကမ်မလာတွေ ရေမစိုဘူးလား။
ကိုပေါက်(မန္တလေး)
April 19, 2012 at 1:08 pm
ရေမစိုအောင်ဂရုတစိုက်နဲ့ရိုက်ရတာပေါ့ဗျာ
R Ga
April 19, 2012 at 4:13 pm
အခုတစ်လောသင်္ကြန်ပုံလေးတွေ တွေ့ တွေ့နေရတာ့ အမေလူထုဒေါ်အမာရဲ့ ဆောင်းပါလေးကို သတိရမိလို့ပြန်တင်လိုက်မိတယ်။
မြန်မာမတွေရဲ့ အမျိုးသားဝတ်စုံဆိုတဲ့အခါကျတော့ အမျိုးသားဝတ်စုံရယ်လို့ ရှိချင်သေးလား။ မရှိရင်လည်း ရတာပါပဲလို့ အောက်မေ့နေကြသလား။ ရှိချင်သေးတယ်ဆိုရင်တော့ အောက်ထစ်ဆုံး ထဘီတော့
ဝတ်စုံအဖြစ် သတ်မှတ်ရဦးမှာပဲ။ ကုလားမတွေကို ကြည့်လိုက်ရင် ဆာရီဟာ သူတို့ အမျိုးသားဝတ်စုံပါပဲ။
ဒါဟာ အခုပြဿနာလုပ်နေရတယ်။ ဘာပြုလို့လဲဆိုတော့ ဒီခေတ်တက်လူမိန်းကလေးတွေက ခါးမှာ ထဘီမဟုတ်ဘဲနဲ့ စကတ်တို့၊ ဘောင်းဘီတို့ ဝတ်နေကြလို့ပါ။ စကတ်ဆိုတာ ထဘီမဟုတ်ဘဲနဲ့ ထဘီယောင်ဆောင်လာတဲ့ အဝတ်တစ်မျိုးပါ။ သူက ခါးပေါ်မှာတော့ ဝတ်တယ်။ ဒါပေမယ့် ထဘီလို
လုံလုံခြုံခြုံ ချီထား ဖုံးထားတဲ့ အဝတ်အထည်မျိုးမဟုတ်ဘူး။
ပေါင်ရင်းလောက်တိုတဲ့ စကတ်ရှိတယ်။ ဒူးအောက်ရောက်တဲ့စကတ်ရှိတယ်။ စကတ်ကို ပေါင်ရင်းအထိ ခွဲထားတဲ့ စကတ်ရှိတယ်။ တချို့ နောက်တည့်တည့်ကခွဲတဲ့စကတ်တောင် ရှိသေးတယ်။ အခု မြန်မာမလေးတွေဝတ်တဲ့ စကတ်က ပေါင်လောက်ထိတိုတဲ့ စကတ်မျိုးတွေတောင် ရှိနေပြီ။ ဝတ်ရတဲ့လူတွေက ဝတ်နေကြပြီ။ နို့ပေမယ့် ဘေးခွဲ၊ နောက်ခွဲနဲ့ စကတ်ရှည်ရှည်တွေကတော့
မြန်မာမိန်းကလေးတိုင်းလိုလို ဝတ်ဝံ့တာ မြင်နေရပါပြီ။
အပေါ်ပိုင်းကျပြန်တော့လည်း ရင်ညွှန့်အထက် ဘာမှ မရှိဘူး။ အမေတို့ ရှေးတုန်းက အမျိုးသမီးတွေဟာ ရင်လျားကြီးနဲ့လူထဲ မထွက်ရဲကြပါဘူး။ ခုတော့ ရင်လျားထားတဲ့အတိုင်း အပေါ်ပိုင်းဗလာနဲ့ လက်သန်းတစ်ခြမ်းလောက် ကြိုးလေးတွေသာ ပခုံးမှာ ချိပ်လို့။ လူမြင်ကွင်းမှာ သွားနေလာနေကြတာ
မသင့်လျော်လွန်းပါဘူး။
ဟိုးဘိုးစဉ်ဘောင်ဆက်ထဲက အရှက်ကို အသက်နဲ့လဲမယ်ဆိုပြီး အမေတို့ မြန်မာမိန်းမတွေ ကြွေးကြော်ခဲ့တဲ့ စကားရှိပါတယ်။ အရှက်ကို အသက်ထက်ပိုပြီး တန်ဖိုးထားတဲ့စကားတွေပါ။ ဒါကြောင့် သမီးလေးတို့ကရော
အုပ်ထိန်းသူတွေကပါ ဝိုင်းဝန်းတည့်မတ်ပေးကြပါ။
နောက်တစ်ခုက အခုခေတ် မြို့ပေါ်က မြန်မာမိန်းကလေးတွေဝတ်တဲ့ ဘောင်းဘီမျိုးကိုတော့ အမေ အတော် အံ့ဩမိတယ်။ ချက်ပေါ်အောင်ဝတ်တယ်။ အပေါ်အင်္ကျီ တိုနံ့နံ့နဲ့ မို့ ဘောင်းဘီနဲ့ ကုန်းကွနေရင် အမျိုးသမီးအောက်ခံ ဘာရောင်ဝတ်တယ် ဆိုတာတောင် မောင်နဲ့နှမ သားနဲ့အမိ အမြင်မတော်တာတွေတောင်
တွေ့နေကြရပြီဆိုပဲ။
အမေတို့ မြန်မာ့ဓလေ့ထုံးစံက မိန်းကလေးဝတ်တဲ့ အဝတ်အစားဟာ လျှပ်ပေါ်တယ် လော်လီတယ် ဆိုတာမျိုး မဖြစ်စေရဘူး။ အခုတော့ တမင်ပဲ လျှပ်ပေါ်လော်လီတဲ့ အဆင်အပြင်ကို ရွေးဝတ်နေကြတယ်။ အမေတို့
မြန်မာမိန်းမတွေမှာ ဖုံးကွယ်အပ်တဲ့ အရာကို အလွန်တရာ ဖော်ချင်လှစ်ချင် ဖြစ်နေကြတယ်။ ဒါဟာ ခေတ်မီတာ၊ ခေတ်ဆန်တာလို့ ထင်နေသလား။
အဲဒီနေရာမှာ တို့မြန်မာနဲ့ တခြားလူမျိုးက ပြောင်းပြန်ပါ။ တခြားက မိန်းကလေးတွေက ဘာနဲ့မဆို ဆွဲဆောင်နိုင်တယ်လို့ ခံယူတယ်။ တို့မြန်မာက အဲဒီလို မဟုတ်ဘူး။ မြန်မာမတွေက ကိုယ့်မှာ ရှိတဲ့
အရည်အချင်းအစစ်တွေနဲ့ လုပ်စရာရှိတာကို လုပ်နိုင်တယ်။
ခုခေတ် တချို့မိန်းကလေးတွေရဲ့အမြင်က အမေတို့နဲ့ တော်တော်ကို ကွာဟနေတယ်။ ဥပမာဆိုပါတော့ အမေတို့ တစ်သက်လုံး လက်ခံလာတာက ချက် ဆိုတာ မိန်းမတစ်ယောက်ရဲ့ဖော်အပ်လှစ်အပ်တဲ့ အရာမဟုတ်ဘူး။ လုံလုံခြုံခြုံ ဖုံးကွယ်ထားရမယ့် အရာမျိုး။ အခုခေတ် တချို့မိန်းကလေးတွေက ဒီချက်ကြီးကို
ဖော်ရုံလှစ်ရုံမက ရွှေငွေရတနာများ ဆင်ယင်သေးသတဲ့။ အံ့ဩလို့မဆုံးဘူး။
သူတို့ အဖေတွေကလည်း ဒါကို ကြည့်နေကြသတဲ့။ အဲဒီတော့ ခေတ်ကြီးကိုပဲ အပြစ်တင်ရမလား။ လူတွေ ကဲလာရဲလာတာကိုပဲ အပြစ်တင်ရမလား။ အမေ အသက်ရှည်နေသေးတာကိုပဲ အပြစ်တင်ရမလား။ မပြောတတ်တော့ဘူး။
လူထုဒေါ်အမာ
ကိုပေါက်(မန္တလေး)
December 26, 2012 at 4:25 pm
မောင်အာဂ ရဲ့ ကော်မင်းလေးကို အခုမှတွေ့မိတယ်ဗျာ
MaMa
December 27, 2012 at 7:40 am
အင်္ဂလိပ်နှစ်ဆန်းပြီးရင် မြန်မာနှစ်ဆန်းတော့မှာမို့……
သိပ်မကြာခင် သင်္ကြန်သီချင်းတွေ ကြားရတော့မယ်။ :hee: