“စွယ်တော်ပန်းဖြူဖြူ ” ကျနော်ငယ်ငယ်က နေခဲ့တဲ့အိမ်ရှေ့ဝင်းတံခါးဝမှာစွယ်တော်ပင်လေးတစ်ပင်ရှိခဲ့ဘူးပါတယ်။ ခရမ်းရောင်လိုလို မရမ်းရောင်လိုလို နဲ့ ဆောင်းပွင့်တဲ့ပန်းကလေးပေါ့။ စပွင့်စကတစ်ရောင်ေ နာက်တော့တစ်ရောင်အရောင်တွေပြောင်းတတ်တဲ့ပန်းလေးဆိုရင်လဲမမှားပါဘူး။ နောက်သိတတ်တဲ့အရွယ်ရောက်တော့ ကျနော့်ရဲ့ အကိုကြီးအမကြီးတွေက ဆရာဘုန်းနိုင်ရဲ့ဝတ္တုထဲက အတိုင်း နှစ်လွှာပေါင်းမှတစ်ရွက်ဆိုတဲ့စွယ်တော်ရွက်တွေကိုအခြောက်ခံလို့ စာအုပ်ကြားထဲမှာညှပ်ပြီး သိမ်းခဲ့တဲ့တစ်ခေတ်မှာ ကျနော်တို့အိမ်ရှေ့က စွယ်တော်ပင်လေးက မျက်နှာပွင့်ခဲ့ဘူးပါတယ်။ နောက်တော့လဲဘဝစေညွှန်ရာလမ်းအတိုင်းဟိုပြောင်းဒီရွှေ့။ အပင်စိုက်စရာ မြေမရှိတဲ့တိုက်ခန်းနေလူသားဘဝမှာ စွယ်တော်ပင်နဲ့ဝေးခဲ့ရပါတယ်။ နောက် မန်းလေးကန်တော်ကြီး ပီပီပြင်ပြင်ဖြစ်လာချိန်မှာတော့ မနက်လမ်းလျောက်ရာလမ်းမှာ ငယ်စဉ်က ချစ်ခဲ့နှစ်သက်ခဲ့ရတဲ့စွယ်တော်ပင်လေးတွေနဲ့ပြန်လည်နီးစပ်လို့လာပါတယ်။ 2011မှာရန်ကုန်ရောက်တဲ့အခိုက် ရန်ကုန်စွယ်တော်ဘုရားဘက်ဆီကိုလမ်းလျောက်ရင်း စွယ်တော်ပန်းအဖြူရောင် လေးကိုတွေ့တော့ စိတ်ထဲမှာထူးဆန်းသွားပါတယ်။ တစ်သက်နဲ့တစ်ကိုယ် စွယ်တော်ပန်းအဖြူကိုမမြင်ခဲ့ဘူးတာအမှန်။ နောက်သတိထားကြည့်မိမှ ကျနော်တည်းတဲ့အိမ်နားမှာ စွယ်တော်ဖြူပန်းရုံကြီးကိုတဝကြီးမြင်လိုက်ရပါတယ်။ 2011ခုနှစ် စက်တင်ဘာမှာတော့ တောင်ပိုင်းရှမ်းပြည်ဘက်ကို […]