စွယ်တော်ပန်းဖြူဖြူ
“စွယ်တော်ပန်းဖြူဖြူ ”
ကျနော်ငယ်ငယ်က နေခဲ့တဲ့အိမ်ရှေ့ဝင်းတံခါးဝမှာစွယ်တော်ပင်လေးတစ်ပင်ရှိခဲ့ဘူးပါတယ်။
ခရမ်းရောင်လိုလို မရမ်းရောင်လိုလို နဲ့ ဆောင်းပွင့်တဲ့ပန်းကလေးပေါ့။
စပွင့်စကတစ်ရောင်ေ နာက်တော့တစ်ရောင်အရောင်တွေပြောင်းတတ်တဲ့ပန်းလေးဆိုရင်လဲမမှားပါဘူး။
နောက်သိတတ်တဲ့အရွယ်ရောက်တော့ ကျနော့်ရဲ့ အကိုကြီးအမကြီးတွေက ဆရာဘုန်းနိုင်ရဲ့ဝတ္တုထဲက
အတိုင်း နှစ်လွှာပေါင်းမှတစ်ရွက်ဆိုတဲ့စွယ်တော်ရွက်တွေကိုအခြောက်ခံလို့ စာအုပ်ကြားထဲမှာညှပ်ပြီး
သိမ်းခဲ့တဲ့တစ်ခေတ်မှာ ကျနော်တို့အိမ်ရှေ့က စွယ်တော်ပင်လေးက မျက်နှာပွင့်ခဲ့ဘူးပါတယ်။
နောက်တော့လဲဘဝစေညွှန်ရာလမ်းအတိုင်းဟိုပြောင်းဒီရွှေ့။
အပင်စိုက်စရာ မြေမရှိတဲ့တိုက်ခန်းနေလူသားဘဝမှာ စွယ်တော်ပင်နဲ့ဝေးခဲ့ရပါတယ်။
နောက် မန်းလေးကန်တော်ကြီး ပီပီပြင်ပြင်ဖြစ်လာချိန်မှာတော့ မနက်လမ်းလျောက်ရာလမ်းမှာ
ငယ်စဉ်က ချစ်ခဲ့နှစ်သက်ခဲ့ရတဲ့စွယ်တော်ပင်လေးတွေနဲ့ပြန်လည်နီးစပ်လို့လာပါတယ်။
2011မှာရန်ကုန်ရောက်တဲ့အခိုက် ရန်ကုန်စွယ်တော်ဘုရားဘက်ဆီကိုလမ်းလျောက်ရင်း
စွယ်တော်ပန်းအဖြူရောင် လေးကိုတွေ့တော့ စိတ်ထဲမှာထူးဆန်းသွားပါတယ်။
တစ်သက်နဲ့တစ်ကိုယ် စွယ်တော်ပန်းအဖြူကိုမမြင်ခဲ့ဘူးတာအမှန်။
နောက်သတိထားကြည့်မိမှ ကျနော်တည်းတဲ့အိမ်နားမှာ စွယ်တော်ဖြူပန်းရုံကြီးကိုတဝကြီးမြင်လိုက်ရပါတယ်။
2011ခုနှစ် စက်တင်ဘာမှာတော့ တောင်ပိုင်းရှမ်းပြည်ဘက်ကို ခရီးဆက်ခဲ့ပါတယ်။
တောင်ပိုင်းရှမ်းပြည်ကနေ လွိုင်ကော်ဘက်ကိုဆက်အကူး ဘီလူးချောင်းကိုကျော်တာနဲ့လမ်းဘေးက
အိမ်တွေမှာစွယ်တော်ဖြူပင်တွေကိုတန်းစီပြီးတွေ့ရပါတယ်။
ဒါပေမယ့်ကားပေါ်ကဘဲလှမ်းမြင်ရတာဆိုတော့ ဓါတ်ပုံမရိုက်နိုင်လက်မဆော့နိုင်ပါဘူး။
ဒီလို့နဲ့မေ့မေ့ပျောက်ပျောက်နေခဲ့ပါတယ်။
တစ်ရက် မင်္ဂလာဈေးအပေါ်ထပ်ကိုကိစ္စတစ်ခုနဲ့သွားရင်း စွယ်တော်ပွင့်တွေဝေနေတဲ့
အပင်ကြီးကိုတွေ့မိတဲ့အခါ မနေနိုင်မထိုင်နိုင်လက်ဆော့မိပါတော့တယ်။
အနီးကပ်စိတ်တိုင်းကျ လက်ဆော့ခွင့်ရတော့ စိတ်တို်င်းကျပုံလေးတွေရတာဘယ်ဆန်းမလဲနော်။
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
(2-10-2012)
14 comments
Hnin Hnin
October 7, 2012 at 10:36 am
စွယ်တော်ပန်းလေးတွေကြည့်ရတာ ကြိုက်တယ်….
‘တစ်ပွင့်ပန်း’ ပန်ရင် လှပေမယ့် ‘နှစ်ပွင့်တစ်ခိုင်’ ဖြစ်မယ်ဆိုရင်တော့ ပိုလှတာပေါ့…
ဦးဦးပါလေရာ
October 7, 2012 at 11:48 am
ကိုပေါက်ရေ
ငယ်ငယ်ကတည်းက စွယ်တော်ပန်းလေးတွေမှာ ဝတ်ဆံတိုင်လေးတွေ သန်သန်စွမ်းစွမ်းနဲ့ ရှည်ထွက်နေတာကို သတိထားမိတယ်။
အဲဒါက ဒီအတိုင်းဆိုရင် သိပ်မထူးဘူးထင်ရပေမယ့်
လိပ်ပြာလေးတွေ လာနားရင် သိပ်ကြည့်လို့ကောင်းတာ။
ပန်းပေါ်မှာနားတယ်လို့မထင်ရဘူး – ပန်းပွင့်ပေါ်မှာ ဝဲ နေသလိုပဲ….။
မောင်ပေ
October 7, 2012 at 12:00 pm
စွယ်တော်ဖြူ
ဝယ်ပျော်ယူ
မယ်တော်ပူ
လယ်ခေါ်သူ
သယ်အော်လူ
aye.kk
October 7, 2012 at 12:00 pm
စွယ်တော်ပန်းတွေနဲ ့ရင်းနှီးကြီးပျင်းလာခဲ့လို ့၊စွယ်တော်ပန်းကိုမြင်ရင်
အရမ်းနှစ်သက်မိတယ်။
မိုးရာသီမှာတပင်လုံးဝေဆာနေအောင်စွယ်တော်တွေကပွင့်တယ်။
နှစ်လွှာတရွက်စွယ်တော်ရွက်စိမ်းစိမ်းတွေနဲ ့အပွင့်ဖြူဖြူတွေကအရမ်းလိုက်ဖက်လှတယ်။
ကျောင်းဝတ်စုံအဖြူနဲ ့အစိမ်းရောင်လိုက်ဖက်လွန်းသလိုမျိုးခံစားမိတယ်။
မိုးရာသီမှာပွင့်တဲ့စွယ်တော်ကကျောင်းသွားရင်ကိုယ့်ရဲ ့အဖော်လိုပါဘဲ။
စွယ်တော်ပွင့်ချိန်တွေမှာကျောင်းရောက်လို ့ဆရာမစားပွဲခုံပေါ်ကပန်းအိုးလေးမှာ
စွယ်တော်ပွင့်လေးထိုးထားပေးမိတာကိုသတိပြန်ရမိတယ်။။
မိုးသောက်ချိန်
October 7, 2012 at 12:21 pm
စွယ်တော်ပွင့်လို
နှစ်ဆယ်ကျော်အချစ်နဲ့
ချစ်ခဲ့ပေမယ့်
စွယ်တော်ဖြူက
အရွယ်တော်မတူလို့
ဖယ်တော်မူခဲ့တာလား …… 😆
ကိုခင်ခ
October 7, 2012 at 4:40 pm
စွယ်တော်အရွက် အဓိပ္ပါယ်ထွက်၏
နှစ်လွှာပေါင်းတစ်ရွက် ဆိုခဲ့ဖက်သည်၊
တူယှဉ်တွဲတဲ့ နိမိတ်တည်း။
ကိုပေါက်(မန္တလေး)
October 7, 2012 at 7:08 pm
ဖြူလွှဘော်အဆင်း
မြင်ရသူ ကျေနပ်ခြင်း အတိ
ဖြစ်စေလို့ ဝမ်းသာရပါ၏။
padonmar
October 7, 2012 at 11:01 pm
ကျမလည်း မနေ့က အိမ်ရှေ့မှာ စွယ်တော်ပန်းတွေ့လို့ လက်ဆော့ထားတယ်။ ကိုပေါက် ရိုက်တာလောက်မလှလို့ ရှက်သွားပြီ။ မတင်တော့ဘူး။
ကိုပေါက်(မန္တလေး)
October 8, 2012 at 4:30 pm
မပဒုမ္မာရေ ကိုယ်ရိုက်ထားတာတင်သာတင်ပါ ရဲရဲကြီး
တစ်ယောက်နဲ့တစ်ယောက်အမြင်မတူတော့ တမျုးိစီလှမယ်ထင်ပါတယ်
ရွှေ ကြည်
October 8, 2012 at 9:52 am
ဖြူဖြူလွလွ ပန်းလှလှကို
မြင်ရခန စိတ်ဝယ်ရွရွခူးလိုလှသည်
ဒါ့ပုံဖြစ်၍စိတ်ညစ်သည်..။
ကိုပေါက်(မန္တလေး)
October 10, 2012 at 4:44 pm
ကဲ ပန်းအစစ်လေးပို့ပေးလိုက်မယ်
အပ်ချ်လောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
mamanoyar
October 8, 2012 at 12:47 pm
စွယ်တော်ပန်းလေးတွေ အရမ်းလှတာပဲ
လုံမလေး မွန်မွန်
October 8, 2012 at 5:00 pm
စာဖတ်နေရင်းနဲ့ စွယ်တော်ပန်းလေးတွေ မြင်လိုက်ရတာ မျက်စိအေးသွားတာပဲ..အဖြူအစိမ်း ကို အရမ်းကြိုက်တယ်.. ကလေးအရွယ်က ကျောင်းသူဘဝကို သတိရသွားသလိုပဲ.. 🙂
mayjuly
October 10, 2012 at 4:56 pm
ပန်းအဖြူလေးတွေ လှလိုက်တာ..
ပန်ုးဆို အဖြူပဲ ကြိုက်တယ် …