etoneAugust 26, 20101min1182
ယနေ့အချိန်သည် ဆက်သွယ်ရေးနည်းပညာတိုးတက်လာသောေ ခတ်ဖြစ်သည်။ ကွန်ပျူတာအသုံးပြုမှုမှာလည်း တွင်ကျယ်လာခဲ့သည်။ တချို့အလုပ်သမားများသည် နေ့စဉ်ကွန်ပျူတာစားပွဲ၌ ၈နာရီလောက်အချိန်ကုန်နေကြရသည်။ ဤတွင် ကွန်ပျူတာနှင့်ပတ်သက်သော ပြသာနတစ်ရပ် ပေါ်လာခဲ့သည်။ ယင်းမှာ ကွန်ပျူတာကြည့်မှုလက္ခဏာစုဖြစ်ပါ၏။ ကွန်ပျူတာကိုအချိန်ကြာမြင့်စွာ နားချိန်မပေးဘဲ အသုံးပြုမည်ဆိုလျှင် မျက်စိအား မလိုလားအပ်သော ဒဏ်ပိမှုဖြစ်စေသည်။ မျက်စိအား နွမ်းနယ်မှု၊ တင်းကျပ်မှု၊ ဖိစီးမှုတို့ ဖြစ်စေပါသည်။ ထို့နောက် မျက်စိခြောက်သွေ့ခြင်း၊ မျက်စိကိုက်ခြင်း၊ အမြင်ဝေဝါးခြင်း၊ အနီးကပ်ကြည့်ရာတွင် မကြည်လင်ခြင်း၊ နှစ်ထပ်၊ နှစ်ခုမြင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အလင်းရောင်တောက်တောက်ကို ကောင်းစွာမကြည့်နိုင်ခြင်း၊ မျက်ကပ်မှန်တပ်သူများအတွက် အနေရ၊ အထိုင်ရခက်ခဲခြင်းစသည့် လက္ခဏာများ စတင်ခံစားလာရပါလိမ့်မရ်။ ကွန်ပျူတာအသုံးပြုသူများသည် မျက်တောင်ခတ်ကြိမ် နည်းသွားကြောင်းတွေ့ရှိ၏။ ကြာရှည်သုံးစွဲပါက အနီးမှုန်ခြင်း၊ အဝေးမှုန်ခြင်း၊ မျက်စိအကြည်လွှာ အခုံးမညီခြင်း၊ စူးစိုက်မှု အားနည်းခြင်း၊ မျက်စိ၏ ညှိနှိုင်းလုပ်ဆောင်နိုင်မှုအားနည်းခြင်းစသည်တို့ဖြစ်ပေါ်လာတတ်ပါသည်။ ကွန်ပျူတာ အသုံးပြုသူများကို […]