ကျွန်တော် အင်တာနက်ဆိုတာကြီးနဲ့ စထိတွေ့တာ နှစ်လ မပြည့်သေးပါ။အစိမ်းသက်သက်ကြီးတော့မဟုတ်ပါ။ အင်တာနက်ရဲ့သဘောသဘာဝကိုတော့သိနေပါတယ်။မိတ်ဆွေတွေက အင်တာနက်ကဖေးသွားဖို့ခေါ်တော့ကျွန်တော် ငြင်းခဲ့ပါတယ်။ ကိုယ်နဲ့မဆက်စပ်သေးတဲ့အချိန်မှာနေလိုက်ပါဦးမယ်။ဆက်စက်မိတဲ့အချိန်ကြရင်တော့ထဲထဲဝင်ဝင်သိလာမှာပါလို့ပဲပြန်ပြောခဲ့ပါတယ်။ ဆယ်ကျော်သက်ကောင်လေးကောင်မလေးတွေကြားထဲ အသက်ကြီးမှ လက်ပေးသင် ဆိုတာလိုဖြစ်နေမှာစိုးလို့ပါ။ ဒီလိုနဲ့နေလာလိုက်တာ ဩဂုတ်လ ပထမပတ်အကုန်မှာပဲ ဒီအင်တာနက်ကြီးနဲ့ထိတွေ့ခွင့် ကြုံလာပါတော့တယ်။ ငွေတစ်သိန်းကျော်ကျော်လောက် ကုန်သွားတော့ မိန်းမက နှုတ်ခမ်းခပ်စူစူပေါ့။ လာပြီးဆောင်ရွက်ပေးသွားတဲ့ပုဂ္ဂိုလ်လေး အရင်ဆုံးပြခဲ့တာကတော့ မိုးဟေကို နဲ့ ပျူနိုင်ငံပါ။ ပျူနိုင်ငံမှာ ကိုအောင်ရဲ့ သရဲဇာတ်လမ်းတွေဖတ်၊သတင်းလေးတွေကြည့်ပေါ့။ ၃ ရက်လောက်ကြာတော့ မောင်မင်းကြီးသားခြကောင်(ဗိုင်းရပ်)တွေ ဝိုင်းကိုက်ကြတော့ ပြူတင်းပေါက်ကြီးလဲပြုတ်ကျပါလေရော။ အဲဒါနဲ့ ကွန်ပျူတာလက်သမားဆရာကို ပြန်ခေါ်ပြီး ပြူတင်းပေါက်ကြီး ပြန်တတ် ရပါတယ်။ မိန်းမ ကလည်းမျက်စောင်းထပ် ထိုးပြန်ပါတယ်။ အဲဒီမှာ ဟိုဟိုဒီဒီသွားရမဲ့လိပ်စာလေးတွေရေးပေးခဲ့ပါတယ်။ ဒီလိုနဲ့ ဟိုဒီနဲနဲ သွားတတ်လာပါတယ်။စိတ်ချမ်းသာစရာဓါတ်ပုံလေးတွေကြည့် ၊ ရင်မောစရာဗွီဒီယိုလေးတွေကြည့်ပေါ့။ ရင်မောစရာဆိုတာက ၃ မိနစ်စာလောက်ဆိုတဲ့ ဖိုင်ကို […]