“ဒါဆိုလဲမယ်ဆရာရယ်… အဲဒီပင်နယံ(gear)တွေကိုအကုန်လဲပစ်မယ်၊ ဟိုတစ်ခါကပိုက်ဆံမလောက်လို့ ပြန်သုံးထားတာ……. ဒီတခါဂျင်ဒေါင်းအော်ဒဂျင်(original)တွေဝယ်လဲလိုက်တော့မယ်……” “ဟ….မောင်ကြောင်ရဲ့ မင်းပင်နယံအစုံလိုက်လဲလိုက်ရုံနဲ့ အင်းအင်ဂျင်ကောင်းသွားမယ်ထင်လို့လားကွ..” “ဟင်…..စက်ဆရာပြောတော့ ကော်ပရေးရှင်းကောင်းတယ်၊ ရိန်းနဲ့စလစ်ကောင်းသေးတယ်ဆို……မိန်းဘယ်ရင်လဲသုံးလို့ရနိုင်သေးတယ်ဆိုတော့ ဒီဂီယာတစ်စုံလဲလိုက်ရင်မကောင်းနိုင်ဘူးလား………” “ခဏတော့ကောင်းမှာပေါ့…….ဒီပင်နယံတွေ ဘာလို့ ဒီလောက်စားသွားသလဲဆိုတဲ့အပစ်ကို မရှာတော့ဘူးလား……..ဒီတိုင်းပြန်လဲထည့်လိုက်ရင် ဒီပင်နယံတွေ ဒီလိုပဲပြန်စားမှာပေါ့……” “ဟင်…….ဒါဆိုဘယ်လိုလုပ်ရမလဲ….” “မင်း ပင်နယံတွေနဲ့ ကာဗာထဲကိုသေချာကြည့်စမ်း…..ဘာထူးသလဲလို့” “ဘာထူးသလဲဆရာ၊ ဘာကိုကြည့်ရမှာလဲ….ကျနော်တော့မသိဘူး……” “ပင်နယံနဲ့ ကာဘာထဲမှာ ဆီက ရွှဲမနေဘူး၊ နဲနဲပဲရှိတယ်၊ ဆီခြောက်နေတယ်လို့ပြောလို့ရတယ်……” “ဒီဇယ်ကိုပြောတာလားဆရာ……” “မဟုတ်ဘူးကွ…..ဒီနေရာမှာ ဆီဆိုတာ ချောဆီ၊ အင်ဂျင်ဝိုင်(engine oil) ကိုပြောတာ၊ အလွယ်တကူ ဆီတို့၊ဆီလိုင်းတို့ ဆီပိုက်တို့၊ဆီပန့်တို့ အဲလိုပဲပြောမယ်……..အင်ဂျင်တစ်လုံးမှာရှိတဲ့ အစိ်တ်အပိုင်းတွေဟာ သံကိုသံခြင်း ကြိတ်ပြီးလည်နေကြတာကွ…ဟုတ်တယ်မလား” “ဟုတ်ကဲ့စက်ဆရာ” “အဲဒီတော့ သံအချင်းချင်းပွတ်လည်တဲ့အခါမှာ ကြာလာရင် အပူတွေထွက်လာမယ်၊ ပွတ်တိုက်မှုကြောင့် သံတွေစားလာမယ်၊ပါးလာမယ်ကွာ၊ အဲဒီတော့ ရေရှည်လည်နိုင်အောင် ချောဆီထည့်ပေးရတယ်လေ..လူတွေတောင် ချောဆီကြိုထွက်ပေးရတာ […]