ရှာလို့မတွေ့ဘူး
“မောင်သန့်ဇင်…….ဒေါက်..ဒေါက်..ဒေါက်”
“ဒေါက်..ဒေါက်..ဒေါက်…… မောင်သန့်ဇင်”
“မောင်သန့်ဇင်…….ဒေါက်..ဒေါက်..ဒေါက်”
“ဒေါက်..ဒေါက်..ဒေါက်…… မောင်သန့်ဇင်”
“မောင်..ဒေါက်…သန့်….ဒေါက်….ဇင်….ဒေါက်”
(မောင်သန့်ဇင်…လို့ခေါ်သံနဲ့ ဒေါက်…ဒေါက်..ဒေါက်…လို့ တံခါးခေါက်သံ တပြိုင်တည်းဟုမှတ်ပါရန်။)
“အား………..ကျွတ် …ကျွတ်….ကျွတ်…… ခေါ်လို့လဲမရဘူး…..ဒုက္ခပါပဲ…”
“မရှိဘူးထင်တယ်…..ဘယ်များသွားနေလဲမသိဘူး…….
အင်း ….ဟိုဘက်အခန်းတွေ သွားကြည့်ဦးမှ…….”
ဘတ်တလာခန်း
စတိုခန်း..
အိပ်ခန်း (၅)
အိပ်ခန်း (၄) – – –
“အင်း…ဒီအိပ်ခန်းထဲကလူတွေကိုမေးကြည့်ရရင်ကောင်းမလား….”
“ဟယ်မဖြစ်သေးပါဘူး၊ ဒီလိုအခန်းမျိုးကလိုက်လာတဲ့သူတွေက သူဌေးတွေ၊လူဂုဏ်တန်တွေ…… သူတို့ကိုသွားမေးရမှာ ရှက်ဖို့ကောင်းပါတယ်လေ….မမေးတော့ပါဘူး၊”
အိပ်ခန်း (၃)
အိပ်ခန်း (၂)
အိပ်ခန်း (၁)
ဦးခန်း
“အား……..ကျွတ်…ကျွတ်…… ငါ့အခန်းတောင်ပြန်ရောက်လာပြီပဲ ….
ရှာလို့လဲမတွေ့ပါလား…..”
တရုပ်ပြည်မှ ဝယ်ယူလာသော နှစ်ထပ်ခွဲသင်္ဘောကြီး၏ ဆလွန်းခန်းဟုခေါ်သော ဦးခန်းထဲတွင်ဖြစ်သည်။ အခန်းထဲတွင် ကြီးကြီး၊ငယ်ငယ်၊ပျိုပျို၊အိုအို၊ ကျားကျား၊မမ၊ အရောင်သွေးစုံလင်လှသော သူများသည် တချို့က ဝါးတားဘလူး ဟုခေါ်သော(water proof) ပလပ်စတစ် မိုးကာစများပေါ်တွင် ပါလာသည့်ထမင်းချိုင့်များကို ဖွင့်ကာ စားသောက်နေကြသူများရှိသလို မုန့်စားနေကြသူအချို့လဲရှိကြသည်။
တချို့ က စစ်တပ်၊ ရဲ ၊ အကျဉ်းဦးစီး အစရှိသည့် ဌာနများမှ ထုတ်ပေးလေ့ရှိသော ကရောင်းရှေဟုခေါ်သော (ground sheet) အစ စိမ်းစိမ်းပေါ်တွင်ထိုင်လျှက် စကားပြောနေကြသူများရှိသလို၊ အချို့ကတုံးလုံးလှဲလျှက် စာဖတ်နေသူများလည်းရှိကြသည်။
အချို့ကတော့တရုပ်မှလာသည့် မြက်ဖျာဟုအများအလွယ်တကူခေါ်သော ပလပ်စတစ်ကြိုးများကို ယင်းလိပ် လုပ်သကဲ့သို့လုပ်ထားသည့်ခေါက်ပြီးသယ်ယူရလွယ်သောအခင်းပေါ်တွင် အိပ်သူများက အိပ်နေကြသလို အချို့က မိမိ၏ ဒူးနှစ်လုံးကို အခြားသူများလာ၍လုယူသွားမှာစိုးသည့်အလား လက်နှစ်ဖက်ဖြင့် သေချာ ပိုက်ထားကာ ၎င်းဒူးနှစ်လုံးပေါ်မေးတင်ကာ ငိုက်မျဉ်းနေကြသူများလည်းရှိသည်။
အချို့သူများမှာ ပြူတင်းပေါက်တွင် မတ်တတ်ရပ်လျှက် မျက်နှာကိုအေးစိမ့်သွားစေပြီးဆံပင်များကို ပွရောင်းလွင့်ပျံ သွားအောင်တိုးတိုက်လျှက်ရှိသော လေကြမ်းများကိုအံတုကာ မြစ်ကမ်းနားတလျှောက် တမျှော်တခေါ်ရှိသည့် စိမ်းစိုနေသည့်လယ်ကွင်းများနှင့် စပါးပင်စိမ်းစိမ်းများပေါ်ဖြတ်ပျံသွားသော ဖြူဖြူဖွေးဖွေး ဗျိုင်းအုပ်များ၊ ညိုညစ်ညစ် လတာပြင်များပေါ်တွင်ပေါက်နေသော လမုပင်များနှင့် ၎င်း အပင်များအနီး ဖြတ်ပျံသွားသော မဲညစ်ညစ် ရေဘဲအုပ်များ၊ ဝါကျင့်ကျင့်မြစ်ရေထဲတွင်ခုတ်မောင်းသွားနေကြသည့် အရောင်စုံ အရွယ်စုံ မော်တော်လေးများ၊ ရွက်လှေလေးများနှင့် တံငါလှေလေးများကိုငေးမော၍ တွေးတောနေကြသူများလဲ ရှိနေကြသည်။
ထိုကဲ့သို့ အစုံအစုံသော လူများ၏ကြားတွင် အဝတ်အစားများသစ်သစ်လွင်လွင်ဝတ်ထားသော်လည်း တောနယ်ဖက်မှ ဟုခန့်မှန်း၍ရ နိုင်သော ရိုးသားသည့်လူကြီးတစ်ဦးသည် မျက်နှာမကြည်မသာနှင့် စိတ်အလိုမကျ ၊ ဒုက္ခတစ်စုံတစ်ခု တွေ့နေပုံရလေသည်။
ခဏအကြာတွင် ထိုလူကြီးသည် သည်းမခံနိုင်တော့ဟန်ဖြင့် ဘေးမှ ထိုင်နေသော ခရီးသွားလူငယ်တစ်ဦးကို တိုးတိုးမေးလိုက်သည်။
“မောင်ရင် ရယ်…..ဒီသင်္ဘောပေါ်မှာ အိမ်သာမပါဘူးလားကွယ်… ”
“ပါတယ်လေဦးလေးရဲ့ ဟိုအနောက်ဖက်ကိုသွားရင် သင်္ဘောရဲ့အလယ်လောက်မှာ ရှိတယ်၊ စာလည်းရေးထားတယ်။ အဲဒီအနောက်ကာထားတဲ့ဟိုဘက်မှာ ရိုးရိုးတန်းခရီးသည်တွေရှိတယ် ….”
“ဦးသွားရှာပါတယ်ကွာ …အသွားတုန်းက ဟိုဘက်ကထွက်သွားတာ အိပ်ခန်း (၅)ကနေ (၁၀) ထိရယ်၊ သင်္ဘောသားခန်းရယ်၊စာရေးခန်းရယ်ပဲတွေ့တယ်…..နောက်ရေချိုးခန်းတွေ့တယ်… ဒီဘက်ကပြန်လာတော့ အိပ်ခန်း(၅)ခန်းတွေ့တယ်၊ စတိုခန်းဆိုတာပစ္စည်းထည့်တဲ့အခန်းတော့သိတယ်၊ နောက် ဘာထည့်ထားမှန်းမသိတဲ့ ဘတ်ဒလာ ဆိုလားကွာအဲဒီအခန်းတွေ့တယ်…”
“အဲဒီနားမှာမေးမကြည့်ဖူးလား ဦးလေးရဲ့ ….”
“အဲဒီနားမှာ မေးဖို့ကလည်း ဟိုအိပ်ခန်းတွေထဲမမေးရဲဘူး၊ စာရေးနဲ့သင်္ဘောသားတွေလည်း မရှိဘူး၊အောက်ထပ်မှာရောက်နေကြတယ်ထင်တယ်၊ အဲ…… သန့်ဇင်ဆိုတဲ့လူနေတဲ့အခန်းတစ်ခုတွေ့တယ်။ အဲဒီအခန်းကိုမေးဖို့ တံခါးခေါက်တာလည်းမရဘူး၊ သူလဲ အပြင်ထွက်နေတယ်ထင်တယ်၊ ကျေးဇူးပြုပြီး ဦးကိုလိုက်ပြပါကွာ….”
လူငယ်လည်း ရိုးသားသော လူကြီးအားသနားသွားသဖြင့် “လာလာဦးလေးကျွန်တော်လိုက်ပြမယ်” ဟုဆိုကာ ထထွက်လာရင်း သင်္ဘောအလယ်နားအရောက်တွင် ဇဝေဇဝါဖြင့် မေးလိုက်လေသည်။
“နေပါဦး ဦးလေးရဲ့ သန့်ဇင်ရဲ့အခန်းဆိုတာ ဘယ်ဟာကိုပြောတာလဲ၊ ကျွန်တော်တော့ တခါမှ သတိမထားမိဘူး……”
“ဟိုမှာလေ ငါ့တူရဲ့ ”
“ဟာ…..ဦးလေးရယ် သေချာဖတ်ပါဦး သန့်ဇင်ရဲ့အခန်းမဟုတ်ပါဘူး၊ အဲဒါ အိမ်သာကို “သန့်စင်ခန်း” လို့ရေးထားတာဦးလေးရဲ့….”
“ဟိုက် သေလိုက်ပါတော့…….”
လူကြီးလည်း ကိုယ့်နဖူးကိုလက်ဝါးဖြင့်ရိုက်ကာ အခန်းတံခါး ကိုအတင်းဖွင့်ကာဝင်သွားရင်း
“အား….. သွားပါပြီ….ဒုက္ခပဲ……”ဟု ညည်းတွားရင်းအထဲမှ ဤသို့လှမ်းပြောလေသည်။
“မောင်ရင်ရယ် ပို့မဲ့ပို့ ကူးတို့ရောက်အောင်ပို့ပါကွယ်…..မင်းဘေးနားက ဦးရဲ့အိပ်ထဲက ပုဆိုးတစ်ထည်လောက် ယူလာပေးပါကွယ် …ဦးမထိမ်းနိုင်တော့လို့ ဆီးတွေထွက်ကြကုန်ပြီ…….”
ဟူသတည်း။ ။
အားလုံးကို
ခင်မင်လေးစားစွာဖြင့်။
ကြောင်လေး။ ။
20 comments
ကြောင်ကြီး
August 15, 2012 at 7:22 am
သန့်စင်
ဂန့်နင်
အံ့ထွင်
ညံ့သင်
နှံ့လျင်
ခန့်ချင်
ဆန့်ငင်
လန့်အင်..။
ကြောင်လေး
August 15, 2012 at 8:26 am
ဦးကြောင်– ကျေးဇူးပါ၊ တလောက ထူးဆန်းထွေလာသန့်စင်ခန်းတွေ ဖတ်လိုက်ရလို့ ငယ်ငယ်က သင်္ဘောစီးရင်းကြုံရတဲ့ သန့်စင်ခန်းအကြောင်းလေး တွေရေးဖို့ သတိရသွားတယ်။
နောက် သန့်စင်ခန်း ဒုက္ခများ ဆက်ရေးဖို့ရှိပါသေးတယ်။
P chogyi
August 15, 2012 at 8:43 am
မြန်မာနည်း မြန်မာ့ဟန်နဲ့ အိမ်သာလို့ရေးလိုက်ရင်ပြီးရောပေါ့။
မောင်ပေ
August 15, 2012 at 9:02 am
သန့်စင်ခန်း
မပန်းခင်ရမ်း
ဝမ်းတွင်အမ်း
ပန်းမြင်နမ်း
ကြောင်ကြီးဂန်း
ပေါင်ပြီးစမ်း
ကြောင်လေး
August 15, 2012 at 9:25 am
ကိုချိုကြီး- ယဉ်ယဉ်ကျေးကျေးရေးဖို့လဲလိုသေးသကိုးဗျ
ဦးပေနဲ့ ဦးကြောင် အပြန်အလှန်ကျီစယ်နေကြသလား၊ ဟိုဘက်မှာမောင် ပေါင်ရှေလို့ပြောတယ်
ဦးပေပြောတဲ့ကြောင်ကြီးဂန်းက ဘယ်လိုဟာကြီးလဲ
shwe kyi
August 15, 2012 at 10:18 am
မောင်သန့်ဇင်တဲ့ ကောင်းရောဗျာ။
ဦးပေနဲ့ဦးကြောင်ကြီးက အချစ်စမ်းနေကြတာထင်ပါ့ ကြောင်လေးရေ။
etone
August 15, 2012 at 11:56 am
ကိုကြောင်လေးရေ ….စာဖတ်သူကို ဆွဲဆောင်ထားတဲ့ အရေးသားကြောင့် သဘောင်္ပေါ်က အခြေနေတစ်ခုကို ဇာတ်လမ်းတို တပုဒ်ကြည့်လိုက်ရသလိုပဲ … ခံစားမိပါတယ် ။ ရေးထားတာကလည်း … ဟုတ်ပါရဲ့ … အိမ်သာ ဆို .. အိမ်သာပေါ့ ……. 😀 😀 😀
မဆီမဆိုင် … တခါတုန်းက … ကိုဆာမိတစ်ခါရေးဖူးတဲ့ ပို့စ်လေးကို သတိရမိသွားတယ် …. ။ ဟင်းစား ကြက်ဆိုလား .. ဘာလားပဲ ခေါင်းစဉ်က …. ။ ရေလမ်းခရီးသွားလျှင် … အဲ့အိမ်သာက အမိုက်ဆုံးပဲ .. ဟိဟိ …. 😛 😛
ကြောင်လေး
August 15, 2012 at 5:13 pm
ရွှေကြည်ရေ စင်ကို ဇင်လို့ အသံထွက်ကြတာတကယ်ပါ၊ ဥပမာ ရွှေစင် ဆိုပါတော့ အလွယ်ရွှေဇင်လို့ပဲ ခေါ်ကြတာပဲ၊ ရွှေစင်လို့ ပီပီသသထွက်ဖို့ အသံထောက်နေပါတယ်၊ အဲဒီအကြောင်းလေး တစ်ခါက မန့်ခဲ့ဖူးပါတယ်။
ဒေါ်အိတုန်ရေ တကယ်တော့ သင်္ဘောပေါ်မှာ အဲဒီအချိန်ကရေးထားတာ WC လို့ထင်ပါတယ်။ အထဲမှာဗိုလ်ထိုင်အိမ်သာ(အဲဒီဗိုလ်ထိုင်အိမ်သာဇာတ်လမ်းဆက်ရေးပါဦးမယ်)နဲ့ပါ။
သန့်စင်ခန်းဆိုတဲ့အသုံးကို အခြားနေရာအတော်များများမှာတွေ့ဖူးပြီးသတိရလို့ဆက်စပ်ရေးလိုက်တာပါ။
နောက်ထပ် သင်္ဘောပေါ်က သန့် စင်ခန်းဇာတ်လမ်းတွေရှိသေးလို့လေ။
မွန်မွန်
August 16, 2012 at 3:35 pm
မြန်မာစာနဲ့ ပတ်သက်ပြီး နည်းနည်းလောက်ပြောပါရစေ။ ဆယ်တန်းတုန်းက သင်ခဲ့ရတယ်လို့တော့ မှတ်မိနေပါတယ်။ သံတိုနဲ့ သံရှည်တွေအကြောင်းပါ။
က၊ စ၊ တ၊ ဋ၊ ပ တို့ဟာ သံညင်းအုပ်စုထဲမှာ ပါပါတယ်။
ဂ၊ ဇ၊ ဒ၊ ဍ၊ ဘ တို့ဟာ သံပြင်းအုပ်စုထဲမှာ ပါပါတယ်။
ရွှေ ဆိုတာ သံရှည်ဖြစ်ပါတယ်။ သံရှည်ရဲ့ လွှမ်းမိုးမှုကြောင့် နောက်က စင် က ဇင် လို့ပြောင်းပြီး အသံထွက်သွားပါတယ်။ ရွှေစင်လို့ အသံထွက်လိုက်ရင် အဲဒီ စင် က နာမဝိသေသန ဖြစ်သွားပါတယ်။ ရွှေဇင် ဆိုရင် နာမ်ဖြစ်သွားပါတယ်။
မှတ်မိသလောက်လေးပါ…
အတိသဉ္ဖာ နာဂရချစ်သူ
August 15, 2012 at 7:35 pm
ဟုတ်ပါရောလားဗျာ. ခက်လှပါချည့်
အလင်းဆက်
August 15, 2012 at 9:12 pm
အဟိ .။
casper
August 16, 2012 at 1:30 pm
ကိုကြောင်လေးရေ။ ဒီစာကိုဖတ်ပြီးတော့ တခါကဖတ်ဖူးတဲ့ဆောင်းပါးတပုဒ်ကိုသတိရမိတယ်။ အဆိုတော်
တယောက်ရေးထားတဲ့ဆောင်းပါးလို့ထင်ပါတယ်။(သေသေချာချာမမှတ်မိလို့မှားသွားရင်လည်းခွင့်လွှတ်ပါလို့ကြိုပြောပါရစေလား)။ အဲဒီအဖြစ်အပျက်ကလေးကတော့ နိုင်ငံခြားတိုင်းပြည်တခုမှာဖြစ်ခဲ့ဘူးတာပါ။ အဲဒီတယောက်က နိုင်ငံခြားမှာရောက်နေတုန်း ဖြစ်ခဲ့တာပါ။ သူကကျတော့ သန့်စင်ခန်းမှာကပ်ထားတဲ့ စာလေးကြောင့်ပေါ့။ အဖြစ်အပျက်ကလေးကတော့ သူကသန့်စင်ခန်းဝင်ဖို့သွားတဲ့အခါသန့်စင်ခန်း အပေါ်မှာကပ်ထားတဲ့စာကိုဖတ်ကြည့်ပြီး ဝင်သွားပါသတဲ့။ အထဲရောက်လို့ကိတ် စရှင်းပြီးပြန်ထွက်မယ် အလုပ်မိန်းကလေးသံတွေကြားရလို့ မထွက်ရဲပါဘူးတဲ့။ နောက်အသံတွေဘာတွေမကြားရတော့
မှပြန်ထွက် လာပါသတဲ့။ အပြင်ရောက်လို့ အခန်းပေါ်ကစာကိုပြန်ဖတ်ကြည့်တော့မှ သူဝင်သွား တဲ့အခန်းပေါ်မှာကပ်ထား တဲ့စာက Female ဖြစ်နေပါတယ်တဲ့။ သူမဝင်ခင်ကြည့်တုန်းက Female မှာ ရှေ့က Fe ကတစ်စုံတခုနဲ့ကွယ် နေတော့ Male ပဲပေါ်နေတဲ့အတွက်ဝင်သွားမိတာပါတဲ့။ ကိုကြောင်လေးစာထဲကဦးလေးကြီးက သန့်စင်ခန်း နဲ့ သန့်ဇင်နေတဲ့အခန်းကြောင့်ဖြစ်ပြီး သူကတော့ Female နဲ့ Male ဆိုတဲ့စာလေးကြောင့်ဖြစ်ခဲ့တာပေါ့။ ဒါကြောင့်သတိထားပြီးသုံးကြမယ်ဆိုရင်တော့ အားလုံးအဆင်ပြေသွားကြမှာပါ။
Mလုလင်
August 16, 2012 at 1:36 pm
မတ်တပ် အတွက် stand တွေ မရှိထဲက .. သတိထား မိခဲ့သင့်တာ ဗျာ …
နေဝန်းနီ
August 16, 2012 at 4:17 pm
ဟုတ်ပေသားပဲ…။
” မောင်မင်းတို့ကလည်း ဆပ်ပြာကို ဆပ်ပြာလို့ မရေးဘဲနဲ့ ကာဘော်လစ်လို့ ရေးထားတော့ ကလေးတွေက စားစရာမုန့်မှတ်ပြီး စားပစ်လိုက်တော့ ဝမ်းလျောကုန်တာပေါ့”
ဆိုတဲ့ ကြားဖူးနားဝ ဟာသတစ်ခုလိုပဲ…။ ဗမာစကား အသုံးကြွယ်တော့လည်း တောသူတောင်သားတွေ ခင်မြာ မှာ ဒုက္ခ ရောက်ရတာပေါ့…………။
ကြောင်လေး
August 16, 2012 at 8:58 pm
မွန်မွန်…ရှင်းပြပေးတာကျေးဇူးပါ။
ကိုနာဂ၊အလင်းဆက်…ကော်မန့်အတွက်ကျေးဇူးနော်။
ကစ်စပါ ရဲ့ဇာတ်လမ်းကလည်းတမျိုးပေါ့၊ ဟာသဇာတ်လမ်းတစ်ခု(မစ္စတာဘင်းလားမသိ)မှာTo let နေရာမှာကြားက နေရာမှာအိမ်မြှောင်လေးကပ်နေလို့ Toilet အိမ်သာမှတ်ပြီးဝင်သွား၊ကိစ္စရှင်းနေတုန်း အထဲက မီးဖွင့်လိုက်တော့ လူတွေထိုင်နေတာအများကြီး၊ ပြန်ထွက်တော့ကြည့်လိုက်တော့မှ အိမ်မြှောင်မရှိတော့ပဲ ၊ To let ဖြစ်နေတဲ့ပြကွက်လေးသတိရသွားတယ်။
မောင်လုင်…ကျေးဇူးပါ။
ကိုနေဝန်းရေ အဲလိုအဖြစ်မျိုးလည်းရှိသေးတာပဲလား။
padonmar
August 16, 2012 at 9:49 pm
နယ်မှာနေတုံးက ကားလမ်းတွေကလည်း မပေါက်သေးတော့ ကြောင်လေးရေးသလို သင်္ဘောနဲ့ဘဲသွားရတာ သူငယ်ချင်းတစ်စု မောင်နှမတစ်စု ကျောင်းပိတ်ကျောင်းဖွင့် စုပြီးများသွားရရင် ပျော်ပွဲစားထွက်သလို ပျော်စရာကြီးပါ။
ကြောင်လေး
August 16, 2012 at 10:11 pm
အန်တီပဒုမ္မာရေ ၊ မြို့ကို ရှစ်နာရီနဲ့ ကိုးနာရီကြားရောက်လာတဲ့သင်္ဘောကို တညလုံးစီးသွားပြီး မိုးလင်းရင်ကြားကရပ်တဲ့မြို့မှာသင်္ဘောပေါ်တက်လာရောင်းတဲ့ မုန့်တွေဝယ်စား၊ရန်ကုန်ကို မနက် ရှစ်နာရီ ကိုးနာရီရောက် ၁၂နာရီလောက် စီးရတဲ့၊ ဆောင်းတွင်းဘက်နှင်းပိတ်ရင် တစ်ခါတလေ ၁၁ နာရီလောက်မှရောက်အောင် တမေ့ တမောကြီး စီးသွားခဲ့ရတဲ့ အချိန်တွေကို အမှတ်ရနေပါသေးတယ်။
MaMa
August 17, 2012 at 7:54 am
အင်းးးးးးးးးး မြစ်ဝကျွန်းပေါ်သားချင်း တွေ့ပြီ။ 😀
အထူးခန်းပါတဲ့သဘောင်္နဲ့ သွားတဲ့မြို့က သိပ်မများလှဘူး။
သိသလောက်ဆို ပုသိမ်၊ ဖျာပုံ နဲ့ ဘိုကလေး လောက်ပဲ ရှိသလားလို့။ [:)]
_________________________
I added cool smileys to this message… if you don’t see them go to: http://s.exps.me
kai
August 17, 2012 at 10:36 am
ယူအက်စ်မှာ.. အများသုံးအိမ်သာကို..restroom ပဲခေါ်တယ်..
သတိထားမိအောင်ပါ…။ 🙂
http://www.immihelp.com/newcomer/restrooms-toilets.html
A public toilet (also called a bathroom, restroom, latrine, comfort room, powder room, toilet room, washroom, water closet, W.C., public lavatory, convenience)
ကြောင်လေး
August 17, 2012 at 11:02 am
×မမရေ….ရိုးသားကြိုးစား၊ခိုးစားတဲ့ဧရာဝတီသားပါခင်ဗျ၊ခွစ်ခွစ်
×သဂျီး…. အသုံးမျိုးစုံနဲ့ လင့်အတွက် ကျေးကျေးပါ၊မှတ်ထားလိုက်ပါတယ်။ အိပ်မက်ထဲ ယူအက်ကိုရောက်တဲ့အခါ ကမောက်ကမ မဖြစ်တော့ဘူးပေါ့။
ဒါနဲ့ restroom တွေထဲမှာကင်မရာတွေမတတ်ထားဘူးဆိုတော့ အွန်လိုင်းထဲကကောင်မလေး စကပ်ကို အဆင့်ဆင့်မပြီး ထိုင်နေတဲ့ပုံလေး ဘယ်ကထွက်လာတယ်မသိ။