ကြောင်လေးSeptember 23, 20121min20510
“ဒါဆိုလဲမယ်ဆရာရယ်…   အဲဒီပင်နယံ(gear)တွေကိုအကုန်လဲပစ်မယ်၊ ဟိုတစ်ခါကပိုက်ဆံမလောက်လို့ ပြန်သုံးထားတာ……. ဒီတခါဂျင်ဒေါင်းအော်ဒဂျင်(original)တွေဝယ်လဲလိုက်တော့မယ်……” “ဟ….မောင်ကြောင်ရဲ့ မင်းပင်နယံအစုံလိုက်လဲလိုက်ရုံနဲ့ အင်းအင်ဂျင်ကောင်းသွားမယ်ထင်လို့လားကွ..” “ဟင်…..စက်ဆရာပြောတော့ ကော်ပရေးရှင်းကောင်းတယ်၊  ရိန်းနဲ့စလစ်ကောင်းသေးတယ်ဆို……မိန်းဘယ်ရင်လဲသုံးလို့ရနိုင်သေးတယ်ဆိုတော့ ဒီဂီယာတစ်စုံလဲလိုက်ရင်မကောင်းနိုင်ဘူးလား………” “ခဏတော့ကောင်းမှာပေါ့…….ဒီပင်နယံတွေ ဘာလို့ ဒီလောက်စားသွားသလဲဆိုတဲ့အပစ်ကို မရှာတော့ဘူးလား……..ဒီတိုင်းပြန်လဲထည့်လိုက်ရင် ဒီပင်နယံတွေ ဒီလိုပဲပြန်စားမှာပေါ့……” “ဟင်…….ဒါဆိုဘယ်လိုလုပ်ရမလဲ….” “မင်း ပင်နယံတွေနဲ့ ကာဗာထဲကိုသေချာကြည့်စမ်း…..ဘာထူးသလဲလို့” “ဘာထူးသလဲဆရာ၊ ဘာကိုကြည့်ရမှာလဲ….ကျနော်တော့မသိဘူး……” “ပင်နယံနဲ့ ကာဘာထဲမှာ ဆီက ရွှဲမနေဘူး၊ နဲနဲပဲရှိတယ်၊ ဆီခြောက်နေတယ်လို့ပြောလို့ရတယ်……” “ဒီဇယ်ကိုပြောတာလားဆရာ……” “မဟုတ်ဘူးကွ…..ဒီနေရာမှာ ဆီဆိုတာ ချောဆီ၊ အင်ဂျင်ဝိုင်(engine oil) ကိုပြောတာ၊ အလွယ်တကူ ဆီတို့၊ဆီလိုင်းတို့ ဆီပိုက်တို့၊ဆီပန့်တို့ အဲလိုပဲပြောမယ်……..အင်ဂျင်တစ်လုံးမှာရှိတဲ့ အစိ်တ်အပိုင်းတွေဟာ သံကိုသံခြင်း ကြိတ်ပြီးလည်နေကြတာကွ…ဟုတ်တယ်မလား” “ဟုတ်ကဲ့စက်ဆရာ” “အဲဒီတော့ သံအချင်းချင်းပွတ်လည်တဲ့အခါမှာ ကြာလာရင် အပူတွေထွက်လာမယ်၊ ပွတ်တိုက်မှုကြောင့် သံတွေစားလာမယ်၊ပါးလာမယ်ကွာ၊ အဲဒီတော့ ရေရှည်လည်နိုင်အောင် ချောဆီထည့်ပေးရတယ်လေ..လူတွေတောင် ချောဆီကြိုထွက်ပေးရတာ […]


ကြောင်လေးSeptember 22, 20121min3079
အင်ဂျင်   ဒုတ်……. ဒုတ်…….ဒုတ်……. ဒုတ်……. ဒုတ်……. ဒုတ်……. ဘုတ်…… ဘုတ်……ဘုတ်……ဘုတ်……ဘုတ်…… ဘုတ်…… ရေဇလာတကြော၊ ဗေဒါတွေမျောနေတဲ့ ရေလွှာရဲ့ကျောပေါ်မှာတော့ ပဲ့ထောင်လို့ခေါ်တဲ့ အမြီးနှစ်ခွနဲ့ စက်တပ်ရေယာဉ်လေးတစ်စင်းဟာ ကျော့ကျော့မော့မော့လေးပြေးလွှားလို့နေပါတယ်။ ပဲ့ထောင်လို့ သာခေါ်ပေမဲ့တကယ်တော့ ဦးကမော့ပြီးထောင်နေတာပါ။ ပဲ့ပေါ်မှာတော့  တရုတ်နီ အင်ဂျင်တစ်လုံးကိုတင်ထားပြီးပန်ကာကိုဝင်ရိုးတံရှည်ရှည်တပ် အင်ဂျင်ကိုစောင်းပြီး နောက်ဖက် ခပ်ဝေးဝေးရေထဲကိုချပြီးမောင်းနှင်ရတဲ့အတွက် ပဲ့ကတော့ရေထဲမှာခပ်ဝပ်ဝပ်လေးပေါ့။ ကျော့ကျော့မော့မော့လေးလို့ပြောပေမဲ့ တကယ်တမ်းတော့ပြောတဲ့အတိုင်းမဟုတ်ပါဘူး။ မျက်နှာချင်းဆိုင်ကနေ ဆန့်ကျင်ဖက်တိုက်ခတ်လာတဲ့လေကြမ်းတွေဟာ ပဲ့ထောင်လေးရဲ့ ဦးပိုင်းကို မိုးရေစက်တွေနဲ့ မညှာမတာ တရစပ် ပစ်ပေါက်လို့နေပါတယ်။ မိုးရေစက်တွေရဲ့ ထိချက်ကိုမခံလိုတဲ့ ခရီးသည်တွေဟာ ပဲ့ထောင်ရဲ့ဘေးကာနဲ့ ရှေ့ကာ ပလပ်စတစ်မိုးကာစတွေကိုချထားတဲ့အတွက် ကြမ်းတမ်းလှတဲ့လေတွေဟာ ပဲ့ထောင်လေးကို ရှေ့ကနေ ခြေကန်ပြီးတွန်းထားသလိုဖြစ်နေပါတယ်။ ဖြောင့်တန်းရှည်လျားတဲ့ မြစ်ကြောင်းတလျှောက်အရှိန်အဟုန်ပြင်းပြင်းနဲ့ စီးဆင်းလာတဲ့ ရေအကျ ဒီရေတွေကလည်း လေကြမ်းတွေကို ကူညီလို့ ပဲ့ထောင်လေးကိုပူးပေါင်းနှိပ်စက်လို့နေတာပေါ့။  […]


ကြောင်လေးSeptember 17, 20121min1676
သမက်မကောင်း ကျောင်းပို့ ကျနော်ငယ်ငယ်(၅ တန်း ၆ တန်း)တုန်းက ကျနော်အဖေက စာပေဗိမ္မာန် စာအုပ်အသင်းဝင်ထားခဲ့ပါတယ်။ နှစ်စဉ်ကြေးငွေ (ပမာဏ မမှတ်မိ) သွင်းပေးထားလျှင် ထွက်သမျှစာအုပ်ကို စာတိုက်က ပို့ပေးပါတယ်။ စာအုပ်အမျိုးမျိုးဖတ်ရမှတ်ရပါတယ်။ အဲဒီထဲမှာ အခုအကြောင်းအရာ ပါတဲ့ စာအုပ်တစ်အုပ်ဖတ်ဖူးပါတယ်။ (မြန်မာ့ရိုးရာ ပုံပြင်များ) လို့ ထင်ပါတယ်။ အတွဲ ၁ နဲ့ ၂ ဆိုပြီးရှိပါတယ်။ သံကိုကြွက်စား သားကိုစွန်ချီ  တို့၊ပိုနေမြဲ ကျားနေမြဲတို့ အစရှိတဲ့ပုံပြင်တွေ ပါခဲ့တယ်၊ထင်ပါတယ်၊အများကြီးပါ။ အခု သားတွေ သမီးတွေကိုဖတ်စေချင်လို့ ရန်ကုန်ရောက် တုန်းက ကျနော် အဟောင်းတန်းတွေမှာလိုက်မေးတာ မရပါဘူး၊ စာအုပ်နာမည်မမှန်တာလည်းဖြစ်နိုင်ပါတယ်။ (ရွှေအိမ်စည်တို့ သို့မဟုတ် ရွာသူားထဲက ရှာဖွေတွေ့ရှိထားရင် လင့်လေးပေးစေချင်ပါတယ်။) သမက်မကောင်းကျောင်းပို့ ဆိုတဲ့အကြောင်းလေးကို ကျနော်မှတ်မိသလိုပြန်ရေးပြပါမယ်။ ရေးပုံပြောပုံ မတူညီသော်ညားလည်း […]


ကြောင်လေးAugust 27, 20121min1537
တရံရောအခါ ငကြောင်သည် မခံနိုင်ရွေ့ ထွက်သွားပြီးလျှင် အမတ်မင်းထံ သွားရွေ့ခုံလှုံအိ၊ အမတ်မင်းလည်းသနားသဖြင့်ဒရိုင်ဘာခန့်လေအိ။ အမတ်မင်းသည်လည်း ကားဂိုထောင်သို့ မိန်းမအားမကြာခဏ ခေါ်လာပြီး မကြာခင်ကမှ ပါမစ်ရထားသော ချယ်ရီကားလေးအား ပြကာပြကာကြွားလေအိ။  တနေ့သနှိုက် အမတ်မင်းသည် ဒရိုင်ဘာငကြောင်ကိုခေါ်ကာ အီသို့ မိန့်အိ။ အီကားအား သန့်ရှင်းလေးနေ့စဉ်လုပ်ရွေ့ ဆီရေလေဝိုင်စစ်ဆေးထားရန်၊ မနက်မိုးလင်းတိုင်း ဘက်ထရီချာချင် ဝင်စေရန် စက်နှိုးပြီး နာရီဝက်တစ်နာရီထားရန်၊ကားအင်ဂျင်အား တောက်ဝူး အဆင့်ရောက်အောင် အမြဲ တမ်း ဆောင်ရွက်ထားရန်၊ဘရိတ်အားနေ့စဉ်စစ်ဆေးပြီး တိကနဲနင်းရင် တုံ့ကနဲ မိအောင် ဆောင်ရွက်ထားရမည်ဟု မိန့်တော်မူအိ။ ဒရိုင်ဘာလည်းအမတ်မင်းဆိုသည့်အတိုင်း ကလိ (အဲ)လုပ်အိ။ အခါတစ်ပါးနှိုက် အမတ်မင်း၊ဇနီးနှင့်ခယ်မတော် တို့သည် ရှော့ပင်းထွက်ရာ ဒရိုင်ဘာမှ မောင်းပို့ရအိ၊ လမ်းသို့ ရောက်သော် ကားမောင်းသင်ပြီးစဇနီးသည်က မောင်းလိုပါသည်ဟု တစာစာ ပူစာအိ။ အမတ်မင်းလည်း အလိုလိုက်အိ၊ […]


ကြောင်လေးAugust 27, 20121min2139
ဆီးဖြူ ငကြောင် အိပ်မက် အကြောင်း။ ဇလုံပြည် ဇွန်းဂရာဇ်မင်း။ ဃ-စ- ပဌ္စာ-ကြိမ်း ငေါရာခရောက်ဆီ ကို ဖြို ကြွင်း ရခိုင်မုနိ ကြိမ်း သဂရာဇ်   နှစ်ရာခရောက်ဆီရွှတ်ခုနှစ်၊ ဇလုံပြည်မှာ မင်းဖြစ်တော်မူသော စလေငကြောင် အိပ်မက်အကြောင်းကား အနှီသို့တီး။ ဆီးဖြူအရပ်နှိုက် ၊ငကြောင်မိဘတို့သည် စားမကုန်သောက်မကုန်အလွန်ချမ်းသာသည့်အတွက် ငကြောင်ကို   ပေါက်ဖော်ထံသို့ရောင်းလေအိ။ ထိုငကြောင်ဝါသနာကား ကွမ်းစားသောဆေးရွက်ကြီးအနံ့မွှေးမွှေးကို  အလွန်ကြိုက်ရွေ့ငုံအိ။ နံငယ်ပိုင်းအစုတ်ကိုနှစ်သက်အိ။ တနေ့လုံး ပေါက်ဖော်ဘီအီးကိုခိုးသောက်ရွေ့မူးသောဟူအိ။ တရံရောအခါ ပေါက်ဖော်သည် တုတ်တစ်ချောင်းထိပ်တွင် သံချွန်တတ်ရွေ့ငကြောင်အား ပလပ်စတစ်ကောက်ရန် ဇလုံပြည်သို့လွှတ်လေအိ။ ဇလုံသို့သွားရင်း တညတွင်ငကြောင်သည်    ဘီအီးသောက်ပြီး  ဇလုံ ပြည် ကို တပတ်ပတ်ရွေ့ရှူရှူးပေါက်ရင်းလမ်းလျှောက်သည်ဟုအိပ်မက်မက်လေအိ။ မနက်မိုးလင်းသော် လမ်းတွင် ဈေးဝယ်ရင်းဘေးတွင်ချထားသောမနော ဦးထုပ်ကို သံချွန်ဖြင့် ထိုးယူလေ၏။  ဦးထုပ်ကိုကြည့်ရာ ဘီအီးတစ်လုံးဖိုးပင် […]


ကြောင်လေးAugust 23, 20121min22315
သူဂျီးတစ်ယောက်၊ ကောင်းဖို့ရောက်မူ ရွာသူား များမှာ၊ မျက်စေ့ပြာကာ ဓမ္မတာတည်း။       ။ ပီစီခန်းထက်၊ ဗို့မြှင့်စက်ခံ ယူပီအက်(စ်)ရံလျှက်၊ (မပျော်)စံရိပ်ငြိမ် စိတ်ပိန်စရာ၊ ဤအခါကား စီအာ(ရ်)တီခေါ်၊ ဖန်သားပေါ်ထက် ခဏတက်သည့်၊ အင်တာနက်ပမာ မသက်သာတည်း။        ။ မကြင်နာညား၊ ငါ့အားလှည့်ပတ် သူညစ်ပတ်ကြောင့်၊ မလွတ်ကြမ္မာ သုံးစရာတို့၊ မှန်စွာခိုင်ကြည် မတည်မမြဲ၊ ပျက်ပဲပျက်နိုင် ပြင်မနိုင်စွာ၊ ကွန်ပျူတာတည်း။    ။ ရှိခိုးကော်ရော်၊ ပူဇော်အကျွန် ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါက် အင်တာနက်၌၊ မကြိုက်သသူ တုံ့မယူလို၊ မပြန်ဆိုသည် ချိန်မှန်ဖတ်ရေး၊ အကျွန်တွေး၍ အပြေးရောက်လာ၊ ဤသည်ရွာကို အာခံအနှောင့်၊ ငါ့အကောင့်တည်း…….။          ။     အားလုံးကို ခင်မင်လေးစားစွာဖြင့် အနန ္တသူရိယ ကြောင်လေး။


ကြောင်လေးAugust 19, 20121min1607
“ဘုံး….ဘုံး….ဘုံး…..ဘုံး” “အမရေ တံခါးလေး တချက်လောက်ဖွင့်ပေးစမ်းပါ” “ဒုံး…. ဒုံး….ဒုံး….ဒုံး….” “အကိုရေ အပြင်က တံခါးလေးဖွင့်ပေးစမ်းပါ…….” “ဂလုံး…. ဂလုံး….ဂလုံး….ဂလုံး….” “အဒေါ်ရေ တံခါးလေးဖွင့်ပေးပါခင်ဗျာ……..” ×××××××××××××××××××××××××××× မြန်မာပြည်ကိုပထမဆုံးရောက်လာတဲ့တရုပ်သင်္ဘောတွေဟာ အဲဒီအချိန်အဲဒီအခါက တော်တော်အဆင့်မြင့်ပါတယ်။ အရင်က စီးနေရတဲ့  ဗန္ဓုလ၊ဗန္နက၊ဗညးဒလ(ကျနော်တို့ အခေါ် ဗညားဒလိပ်)၊ဝေပုလ္လ၊ဝိဓူရ၊ဝိဇယ အစရှိတဲ့သင်္ဘောတွေလို သင်္ဘောကို လိုရာကွေ့ဖို့တက်မကိုင်တွေက ဘီးကြီးတွေကိုခြေနဲ့နင်း၊လက်နဲ့လှည့်လုပ်စရာမလိုပဲ ဗွီရှိပ် မောင်းတံလေးကိုလက်ကလေးနဲ့ ဘယ်ညာအသာအယာပုတ်လိုက်ရုံပါ၊ စက်တင်/ချ၊ ရှေ့နောက် ဂီယာကိုလည်း၊ ကလင်ကလောက်..ကလင်..ကလောက် ဆိုပြီးတယ်လီရိုက်စရာမလိုပဲ ဆလင်ခန်းထဲကနေ ခလုတ်နှိပ်ရုံပါပဲ၊ အရေးပေါ် အတွက် တော့ ဘီးကြီးတွေ၊တယ်လီတွေ ပါပါတယ်။ စက်ခန်းထဲမှာလဲ စက်ဆရာအဆင်သင့်ရှိနေပါတယ်။ သင်္ဘောအကွေ့မှာဒီဂရီဘယ်လောက်စောင်းသွားသလဲ သိနိုင်တဲ့ ကွန်ပတ်လည်းပါတယ်။ရေဒါစနစ်တောင် ပါတယ်လို့ထင်ပါတယ်။ မသေချာပါ။ ဒါတွေက အဘဖောတို့ ကိုရင်စည်သူ တို့လိုသင်္ဘောသားတွေအတွက် အထူးအဆန်းလို့ မဆိုနိုင်ပေမဲ့ အဲဒီအချိန်အခါတုန်းက […]


ကြောင်လေးAugust 17, 20121min27619
သန့်စင်ခန်းဒုက္ခ (၂) အထူးခန်းထဲရေလျှံပြီးနောက်ပိုင်းကြောင်လေး ဗော်လန်တီယာအလုပ်တစ်ခုလုပ်ခဲ့ပါတယ်။ ဒုတိယတန်းအိပ်ခန်းတွေအတွက် ရေချိုးခန်း၊အိမ်သာခန်းတွေ အပြင်မှာပါ။ ရေလွှတ်တဲ့အချိန်ဆို အများအားဖြင့် အဲဒီအခန်းတွေမှာ ဘားတွေပွင့်နေပြီး ရေတွေတဝေါဝေါထွက်နေတာထုံးစံပါပဲ။ ကြောင်လေးသိတဲ့အချိန်ဆိုရင်        မနေနိုင်တော့ တခန်းပြီးတခန်းလိုက်ပိတ်တာပေါ့။ သင်္ဘေားသားတွေကလည်းရေလွှတ်ပြီးရင် လိုက်ပိတ်ပါတယ်။ ကျနော်ပိတ်ပြီးသွားတဲ့အခါဆိုရင် သူတို့သက်သာသွားတာပေါ့။ တပတ်ကျတော့  ကျနော်အခန်းတွေရေလိုက်ပိတ်ရင်း အိမ်သာခန်းတစ်ခန်းရဲ့ ဘားကကျိုးနေပြီး ပိတ်လို့မရတော့ပါဘူး၊   ရေတွေကတဝေါဝေါထွက်နေတာပေါ့။ကျနော်လည်းတံခါးလေးပြန်ပိတ်၊ အောက်ထပ်ဆင်းပြီးတာဝန်ကျသင်္ဘောသား ရှာရတာပေါ့။   တွေ့တော့အကျိုးအကြောင်းပြောပြတဲ့အခါ၊ သူကလည်းသူးအထက်အရာရှိကိုသတင်းပို့ပါတယ်။ အရာရှိက လောလောဆယ်တော့ တစ်ခုခုနဲ့ ဆို့ထားလိုက်ကွာ၊ မြို့ရောက်မှ ဘားအသစ်တစ်ခု ဝယ်လဲမယ်လို့ပြောလိုက်တော့ သင်္ဘောသားလည်း ပုဆိုးစတစ်ခုဖြဲ၊တုတ်တစ်ချောင်းရှာပြီးယူလာပါတယ်။ ကျနော်က အဲဒီအခန်းထဲအမှတ်တမဲ့ ဝင်သုံးပြီးတော့မှ ရေမရှိရင်ဘယ်လိုလုပ်မလဲ ဆိုပြီး ခရီးသည်ဘက်ကစဉ်းစားပြီးပြောပြတော့၊ သင်္ဘောသားက ဟုတ်တယ် သော့တစ်ခါတည်း ခတ်ထားလိုက်မယ်ဆိုပြီးသော့တွဲပါယူပြီးအပေါ်ထပ်ကိုတက်လာခဲ့ကြပါတယ်။ အပေါ်ထပ်ရောက်တော့ ရေထွက်နေတဲ့အခန်းလိုက်ပြ၊ သင်္ဘောသားလဲတံခါးကိုဆွဲဖွင့်လိုက်တဲ့အခါကြတော့  အခန်းထဲက “အောင်မလေး…..ကုလားငုတ်တုတ်၊ […]


ကြောင်လေးAugust 15, 20121min1619
ကြောင်လေး ဆယ်တန်းအောင်ပြီးကတည်းက အလုပ်ထဲဝင်၊ အဝေးသင်နဲ့ဘွဲ့ရခဲ့တာပေါ့။ ယူထားတဲ့ဘာသာတွဲက သိပ္ပံ ဘာသာတွဲဆိုတော့ တစ်ပတ်တစ်ခါ ပလာတီကယ် သွားသွားလုပ်ရပါတယ် ။သောကြာနေ့ည(စနေနေ့မနက်စောစောပေါ့)သင်္ဘောစီးသွား၊ တနင်္ဂနွေ ညနေသင်္ဘောပြန်စီးလာပေါ့၊ အဲဒီအချိန်တုန်းက တရုပ်ကဝယ်လာတဲ့ နှစ်ထပ်ခွဲ၊ သုံးထပ် သင်္ဘောသစ်ကြီးတွေ စဆွဲတဲ့အချိန်ပေါ့။ မနက်စောစောနဲ့ ညနေစောင်းဆို သီချင်းတွေဖွင့်ထားပေးတယ်၊သင်္ဘောတစ်စီးလုံးက ကြားနေရတယ်လေ။ ခေါက်ဆွဲကြော်မှာစားချင်လား၊ မန္တလေးဘီယာသောက်ချင်လား၊ ကြက်ဥပေါင်မုန့်ကြော်စားချင်သလား အကုန်ရတဲ့ အဆင့်မြင့် အထပ်မြင့်သင်္ဘောကြီးတွေပေါ့။ ကြောင်လေးတို့မြို့ကို သင်္ဘောက မနက်တစ်နာရီခွဲနဲ့ နှစ်နာရီကြားဆိုရောက်လာတယ်။ အဲဒီကာလတုန်းက သောကြာနဲ့ တနင်္ဂနွေခရီးသွားသူတွေဟာ ကျောင်းသားတွေကြောင့်တော်တော်စိ်တ်ညစ်ခဲ့ကြပါတယ်။ လွတ်တဲ့နေရာကို အတင်း အလုအယက်တိုးကြိတ်ပြီးဝင်ထိုင်ကြတာ၊ ကြပ်ညပ်နေတာပဲ။ ကျောင်းသား/သူတွေဆိုတော့ အထူးအခွင့်အရေး ရပါတယ်။ အထက်တန်းထဲလဲဝင်တာပဲ၊ အိပ်ခန်းဘေးတွေလဲဝင်ခင်းထိုင်ကြတာပဲ၊ ဆလွန်းထဲလဲဝင်တာပဲလေ။ အဲလိုမှ မလိုက်ရင် လဲ မဖြစ်ဘူးလေ။ ကြောင်လေးတို့ကျောင်းသားတွေက အပတ်စဉ်သွားနေတာဆိုတော့ သင်္ဘောသားအကိုကြီးတွေနဲ့ ရင်းနှီးနေတာပေါ့။ […]


ကြောင်လေးAugust 15, 20121min43187
ထီနောက်က မိုဘိုင်းဖုန်း ကျနော်တို့နယ်ဘက်မှာလိမ်နည်းတမျိုးတိုးလာပြန်ပါပြီ။ လိမ်နည်းတိုးတယ်ဆိုပေမဲ့  တကယ်တော့ပုံစံတူပါပဲ။ အကြောင်းပြချက်လေးပဲကွာသွားတာပါ။ ထီထိုးထားလို့ကံစမ်းမဲပေါက်တယ်။ ငွေဘယ်လောက်ထုတ်ရမယ်။ မှတ်ပုံတင်အမှတ်နဲ့ ငွေဘယ်လောက်အရင်ပို့လိုက်ပါဆိုတာကို ရွာထဲမှာတွေ့ဖူးပြီးသားပါ။ အခုကတော့ ထီမဟုတ်ပါဘူး။ မိုဘိုင်းဖုန်းပါတဲ့ခင်ဗျာ။ လူကြီးမင်းရဲ့ ဖုန်းနံပါတ်က ကံစမ်းမဲပေါက်နေပါတယ်။သိန်း သုံးရာ ထုတ်ရပါမယ်။ အဲဒါကြောင့် မှတ်ပုံတင်မိတ္တူနှစ်စောင်ရယ်၊ ဖုန်းစာချုပ်တွေရယ်ကိုစာတိုက်ကပေးပို့ပြီး ငွေ ခုနစ်သိန်းခွဲ ကိုဘဏ်ကနေလွှဲပေးရမယ်ဆိုပြီးဖုန်းဆက်တယ်လို့ဆိုပါတယ်။ ဆက်လာတဲ့နံပါတ်က  0973104129  ကပါတဲ့။ အဆက်ခံရတဲ့ဖုန်းက ကျေးလက်တောရွာက ဖုန်းတစ်လုံးပါ။ အသိတစ်ယောက်ကပြောပြလို့ သိရတာနဲ့  ရွာသူ/သားမျာရော ဖတ်မိသူများပါ သိစေရန် အတွက်ရယ် ကျေးလက်မှာရှိတဲ့ မိမ်ဆွေမျိုးမိတ်ဆွေများကို သတိပေးထားကြနိုင်ရန်အသိပေးလိုက်ပါတယ်။ မသိနားမလည်သူနဲ့လောဘကြီးသူတွေကို ပုံစံအမျိုးမျိုး နဲ့လိမ်နေကြတာပါလား။   အားလုံးကို ခင်မင်လေးစားစွာဖြင့် ကြောင်လေး။ ။


ကြောင်လေးAugust 14, 20121min29720
“မောင်သန့်ဇင်…….ဒေါက်..ဒေါက်..ဒေါက်” “ဒေါက်..ဒေါက်..ဒေါက်…… မောင်သန့်ဇင်” “မောင်သန့်ဇင်…….ဒေါက်..ဒေါက်..ဒေါက်” “ဒေါက်..ဒေါက်..ဒေါက်…… မောင်သန့်ဇင်” “မောင်..ဒေါက်…သန့်….ဒေါက်….ဇင်….ဒေါက်” (မောင်သန့်ဇင်…လို့ခေါ်သံနဲ့  ဒေါက်…ဒေါက်..ဒေါက်…လို့ တံခါးခေါက်သံ တပြိုင်တည်းဟုမှတ်ပါရန်။) “အား………..ကျွတ် …ကျွတ်….ကျွတ်…… ခေါ်လို့လဲမရဘူး…..ဒုက္ခပါပဲ…” “မရှိဘူးထင်တယ်…..ဘယ်များသွားနေလဲမသိဘူး……. အင်း ….ဟိုဘက်အခန်းတွေ သွားကြည့်ဦးမှ…….” ဘတ်တလာခန်း စတိုခန်း.. အိပ်ခန်း (၅) အိပ်ခန်း (၄) – – – “အင်း…ဒီအိပ်ခန်းထဲကလူတွေကိုမေးကြည့်ရရင်ကောင်းမလား….” “ဟယ်မဖြစ်သေးပါဘူး၊ ဒီလိုအခန်းမျိုးကလိုက်လာတဲ့သူတွေက သူဌေးတွေ၊လူဂုဏ်တန်တွေ…… သူတို့ကိုသွားမေးရမှာ ရှက်ဖို့ကောင်းပါတယ်လေ….မမေးတော့ပါဘူး၊” အိပ်ခန်း (၃) အိပ်ခန်း (၂) အိပ်ခန်း (၁) ဦးခန်း “အား……..ကျွတ်…ကျွတ်…… ငါ့အခန်းတောင်ပြန်ရောက်လာပြီပဲ …. ရှာလို့လဲမတွေ့ပါလား…..” တရုပ်ပြည်မှ ဝယ်ယူလာသော နှစ်ထပ်ခွဲသင်္ဘောကြီး၏ ဆလွန်းခန်းဟုခေါ်သော ဦးခန်းထဲတွင်ဖြစ်သည်။  အခန်းထဲတွင် ကြီးကြီး၊ငယ်ငယ်၊ပျိုပျို၊အိုအို၊ ကျားကျား၊မမ၊ အရောင်သွေးစုံလင်လှသော သူများသည် တချို့က […]


ကြောင်လေးJuly 25, 20121min24215
အချုပ်ခန်း အချုပ်ခန်းတစ်ခုအတွင်းသို့ လူငယ်လေးတစ်ယောက်ကုတ်ချောင်းချောင်းနဲ့ရောက်လာတယ်၊ အထဲမှာရှိနှင့်သူတစ်ယောက်က လှမ်းမေးတယ်။ “ဟေ့ကောင် မင်းဘာမှုလဲ ” “ဆဲမှုပါ” “သွား ဟိုထောင့်မှာသွားထိုင်နေ” “ဟုတ်ကဲ့” ထိုသို့ဟောက်လိုက်သူကိုအခြားတစ်ယောက် ကခပ်တည်တည်နဲ့ပြောတယ်။ “မင်းကကော ဘာမှုမို့ သူများကိုဟောက်နေရတာလဲ” “ရန်ဖြစ်မှုပါ” “သွားမင်းပါ အဲဒီထောင့်မှာသွားထိုင်”   ဆိုပြီးအမိန့်ပေးလိုက်တော့ “ဟုတ်ကဲ့”  ဆိုပြီး သွားထိုင်နေပါတယ်။ အဲဒီအမိန့်ပေးသူကို အခြားတစ်ယောက်ကလှမ်းမေးပါတယ်။ “မင်းကကော ဘာမှုမို့ အမိန့်ပေးနေတာလဲကွ” “ခိုးမှု” “ဒါဆို လာစမ်း ငါ့ကို ယပ်ခတ်ပေးစမ်း” လို့မျက်နှာထားတင်းတင်းနဲ့လှမ်းငေါက်ပါတယ်။ သူခိုးလဲ “ဟုတ်ဟုတ်ကဲ့ခင်ဗျ” ဆိုပြီး ယပ်တောင်လေးယူပြီးယပ်ခတ်ပေးလိုက်ပါတယ်။ အဲဒီဇိမ်ခံနေတဲ့သူကို နောက်တစ်ယောက်ကမေးပါတယ်။ “မင်းကကောဘာမှုလဲကွ” “ငါရန်ဖြစ်ပြီး ဒါးထိုးမှုနဲ့ရောက်လာတာကွ” လို့ ခပ်ဆတ်ဆတ်ပြန်ပြောပါတယ်။ “အောင်မာမင်းလိုကောင်ကဇိမ်ခံနေရသေး၊ လာငါ့ကိုဇက်ကြောဆွဲပေးစမ်း” “မင်းကဘာမို့လို့ ငါ့ကို အမိန့်ပေးရတာလဲ” လူမိုက်က အခြားလူတွေလိုမဟုတ်ပဲ မိုက်ဂုဏ်လေးနဲ့ပြန်မေးလိုက်ပါတယ်။ဒီအခါပထမမေးသူက ငါက […]


ကြောင်လေးJuly 25, 20121min26815
အိမ် ဝသန္တရာသီ မိုးဥတုရဲ့ ဇူလိုင်လ။ ဧရာဝတီတိုင်းဒေသ မြစ်ဝကျွန်းပေါ် အရပ်ဆိုတော့ကာ မိုးကရွာပြီဆိုရင် သဲသဲမဲမဲ ရက်ဆက်ရွာလေ့ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်သုံးရက် ကမနားမနေရွာထားခဲ့ပြီမို့ ဒီနေ့တော့ မိုးက သူ့ရဲ့တပတ်စာလက်ကျန်မိုးရေတွေကို ရွာလိုက် ရပ်လိုက်နဲ့ နားနားပြီးတော့ရွာနေပါတယ်။ ခုဏလေးတင် သဲသဲမဲမဲ တချီရွာချလိုက်အပြီး အခုလည်း တဖွဲဖွဲတစိမ့်စိမ့်ရွာနေတုန်းပါပဲ။ ကြောင်လေးတစ်ယောက် နေ့လည်စာ စားပြီးလို့ မိုးအေးအေးလေးမှာစာအုပ်လေးတစ်အုပ်ဖတ်ရင်း ထမင်းလုံးစီနေတုန်း ဟိုးအိမ်ရှေ့ခြံဝက   အော်ခေါ်သံတစ်ခုကိုကြားလိုက်ရပါတယ်။ “ကြွက်နီရေ……ဟေးကြွက်နီ…… “ကြွက်နီတို့ ….မိစာတို့ မရှိကြဘူးလား……ခြံတံခါးလေးဘာလေး လာဖွင့်ပေးကြပါဦးဟ……” အော်သံကြားလု့ိ စာအုပ်ကလေးဘေးချ၊ ဗိုက်တင်းလို့ ဖြေလျော့ထားတဲ့ပုဆိုးလေး ကဗျာကယာ ပြန်စီးရင်း အိမ်ရှေ့ကို ထွက်ကြည့်လိုက်တော့မိုးဖွဲဖွဲမှာ ထီးကောက်ကြီးဆောင်းရင်းခြံဝမှာရပ်နေတဲ့ ရွာကဘကြီးခွေးညိုကိုတွေ့လိုက်ရပါတယ်။ “ဟာ….ဘကြီးခွေးညို !! မြို့ကို ဘယ်တုန်းကရောက်နေသလဲ….. ခဏလေး ဘကြီးရေ့ လာပြီလာပြီ …..” […]