လူဆိုတာမျောက်က ဆင်းသက်တဲ့ ကိုလေကျယ်

pioneer youthAugust 14, 20121min742

တော်တော်များများလူကမျောက်ကနေဖြစ်လာတယ်လို့ ချားဒါဝင်ဆိုသူက ပြောထားတဲ့ စာအုပ်ကိုင်ပြီး ငြင်းနေတဲ့ လူတွေကို ဘယ်တော့မှ အိ်မ်ထဲဝင်မခံဘူး..။တချို့လူတွေ ဆို လာလာပြီး မင်းကွာကြည့်ပါလား လူတွေကအခုတမျုးိတော်ကြာတမျိုးနဲ့ ပြီးတော့ ဂနာမညိန်ဘူးလေ အင်း မင်း မြီးညောင့် ရိုးကိုစမ်းကြည်ပါလားတချို့ဆိုရင် နည်းနည်းပိုထွက်နေတယ် လူဆိုတာမျောက်ကဆင်းသက်လာတယ်ဆိုတာ သက်သေပြတာဘဲလေ ဟဲဟဲ ..ဟဲ ဆိုပြီး ဆေးပေါ့လိပ်ကြီးတကားကားနဲ့ လက်ဘက်ရေဆိုင်မှာ အာဘောင်အာရင်းသန်သန်နဲ့ ပြောပြီး ပြန်ပြန်သွားတဲ့ လူတယောက်ကို ကြည့်မရတဲ့ လက်ဖက်ရေဆိုင် အတူထိုင်သူ သူငယ်ချင်းတွေက ဘယ်လို ပညာပေးရမလဲဆိုတာ တနေ့နေ့ စဉ်းစားနေကြတယ် ။ ကိုလေကျယ် ကံဆိုးတဲ့နေလာမသိ ဘော်ဒါ တယောက်က စပြီး လူကမျောက် ကဖြစ်တယ်ဆိုတာ မယုံဘာဘူးဗျာ ဒါဆိုရင် အခု ခောတ်မျောက်တွေကဘာလို့လူမဖြစ်တာလဲဗျ လိုမေးတော့ ဘယ်လိုပြန်ဖြေရမှန်းမသိဖြစ်သွားတဲ့ လေကျယ်ဟာ..! အေးကွာမယုံရင် အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်ငါပြမယ်ဆိုပြီး လေကျယ်ကျယ်နဲ့ပြန်ပြောပါလေရော
ဖြစ်ချင်တော့ ကိုလေကျယ်ကြိုက်နေတဲ့အပျိုကြီးက လက်ဖက်ရည် လာအဝယ် အပျိုကြီးရှေ့မှာ ဟန်ရေးကပြချင်တော့ မေးပါ ကွ သက်သေအင်္ဂလိပ်လို ချားဒါဝင်ထုတ်ထားတာ ရှိတယ် ပြောပါလေရော..။ဒါနဲ့ ဘေ်ာဒါတွေက အကွက်မိပြီဆိုတာ သိလိုက်ကြတော့ လက်ဖက်ရည်ဆိုင်က မီးသွေးအိတ်က ကြိုးစကို ဖြုတ်ပြီး င်္အကျီကို အပြင်ထုတ်ဝတ်တတ်တဲ့ အကျင့်ရှိတဲ့ ကိုလေကျယ်ရဲ့ င်္အကျီမှာ မီးသွေးအိတ်ကျိုးကို ချီပေးလိုက်ပြီ သွားယူဗျာ မယုံဘူးပြောတိုင်း သူကြိုက်နေတဲ့ အပျိုကြီးရှေ့ မှာ ဟန်ထုတ်ချင်စိတ်နဲ့ ထပြီး တစ်လှမ်း နှစ်လှမ်း ရှောက်ပြီးတော့ အဲဒီကျိုးဟာ ကံဆိုးချင်တော့ ကွမ်းတံတွေးထွေးတဲ့ ပုံးက ချိတ်နဲံညိပြီး ဟတ်ထိုး လက်ဖက်ရေ ခွက်တင်တဲ့ ခုံပုလေးတွေပေါ် လက်ထောက်မိလျှက် ရေနွေးအိုးက မှောက်ကြပြီး ကိုလေကျယ်ရဲ့ ငယ်ရာပါကို ပူလောင်စေပါတော့တယ် ဒါနဲ့ ပုဆိုးကို အတင်းအာဓ္ဒမ ချွတ်ချပြီး အော်ပြေးလေ မီးသွေးအိတ် ကြိုးစတတန်းလန်းတန်းလန်း နဲ့ ဖြစ်လေ လူမျောက်နဲံ တူလေ…ဘော်ဒါတွေက အော် ကိုလေကျယ်ရယ် စာအုပ်သွားမယူပါနဲ့တော့ ကျုပ်တို့ယုံပါပြီ လူဆိုတာမျောက်ကဆင်း သက်တာမှန်း တကယ်ကိုယုံကြည်ကြပါပြီဗျာ လို ဝိုင်းပြီးလောင်ပြောင်အော်တဲ့အပြင် မျောက်ဆိုတာ ပုဆိုးမှမဝတ်တာ ဗျ အခုမှ လူဆိုတာ မျောက်က ဖြစ်လာတာမှန်လိုက်လေချင်းဆိုပြီး တဝါးဝါး တဟားတဟား ရီ ကြလေပါသတည်း…။

ရိုးရိုးသားသား ဝင်ခံရရင် ဒီကကူးလာတာပါ www.myanmaepioneeryouth.com

2 comments

Leave a Reply