kaiApril 14, 20111min27011
၁-မေး။   ဆရာမရဲ့ကိုုယ်ရေးရာဇဝင်အကျဉ်းကိုုပြောပြပါ။ ဖြေ။   ၁၉၆၉မှာ ဧရာဝတီတိုုင်း၊မအူပင်မြို ့မှာမွေးပါတယ်။မိဘများက ဦးဝင်းမြင့်နဲဒေါ်မေမေစိုုးပါ။ မောင်နှမသုုံးယောက်မှာ အကြီးဆုုံးပါ။၁၉၈၄ မှာ ပန်းပဲတန်း အ.ထ.က (၁)၊ ရန်ကုုန်ကဆယ်တန်းအောင်တယ်။ ၁၉၉၂ မှာရန်ကုုန်တက္က္ကသိုုလ်က ဓါတုုဗေဒအဓိကနဲ ့ဘွဲ ့ရရှိခဲ့ပါတယ်။ ၂-မေး။ ဘယ်အရွယ်မှာစာစရေးခဲ့တာလဲ။ စာရေးဆရာမျိုးရိုုးရှိပါသလား။ ဖြေ။ အလယ်တန်းကျောင်းသူဘဝ ကျောင်းနံရံကပ်စာစောင်အတွက် ကဗျာလေးတွေဝတ္တုလေးတွေစရေးတာကိုုစာစရေးတယ်လိုု ့သတ်မှတ်မယ်ဆိုုရင်တော့ အလယ်တန်းကျောင်းသူဘဝထဲက စာစရေးတာလိုု ့ပြောရလိမ့်မယ်။ ဝတ္တုတိုုနဲ ့ ကဗျာလေးတွေမဂ္ဂဇင်းတွေမှာစပြီးပုုံနှိပ်ဖော့်ပြခံရတာကတော့ ၁၉၈၉ မှာပါ။ စာရေးဆရာမျိုးရိုုးမရှိပါဘူး။ ၃-မေး။မခက်မာပထမဆုံးပုံနှိပ်ဖော်ပြခံရတဲ့ဝတ္ထုက ဘယ်အချိန်၊ဘယ်မဂ္ဂဇင်းမှာလဲ။ ဖြေ။၁၉၈၉  ခုု စက်တင်ဘာလမှ မဟေသီမဂ္ဂဇင်းနဲ ့ချယ်ရီမဂ္ဂဇင်းမှာ ကျမဝတ္တုတိုုနှစ်ပုုဒ် တပြိုင်တည်းရွေးချယ်ဖော်ပြခံရပါတယ်။ ဒါပေမယ့် မဟေဝီမဂ္ဂဇင်းကဝတ္တုက အဲဒီ ကာလကထုုံးစံအတိုုင်း မဂ္ဂဇင်းအဖြစ်ရိုုက်ပြီးမှ ဒုုတိယအကြိမ်စာပေစီစစ်ရေး အချော တင်တဲ့အချိန်မှာ တစ်ပုုဒ်လုုံးဆင်ဆာဖြတ်ခံလိုုက်ရတော့ ပရိသတ်ဆီကိုု […]


kaiApril 30, 20101min1995
အဲဒီ့နေ့က နှင်းမုန်တိုင်းလည်းမကျပါဘူး။ရေခဲမိုးလည်း မရွာပါဘူး။ဒါပေမယ့် ဘာကြောင့်မှန်းမသိ ဆန်ဖရန်စစ်စကိုက ပစ်စ်ဘတ်ကိုသွားမယ့်လေယာဉ်က တစ်နာရီနောက်ကျမယ်တဲ့။ကျမနည်းနည်းတော့ စိတ်ညစ်သွားတယ်။ပုံမှန်အတိုင်းတောင် လေယာဉ်ကပစ်စဘတ်ကိုည၁ဝနာရီခွဲမှဝင်မှာ။အဲဒီအချိန်ဆိုရင်တော့ taxi ဖြစ်ဖြစ်shuttle busဖြစ်ဖြစ်စီးသွားလို့ရသေးတယ်။ရသေးတယ်ဆိုတာ စီးရဲသေးတာကိုပြောတာပါ။ကျမတို့မှာကားမရှိဘူးလေ။ ခုအတိုင်းဆိုရင်တော့ လေယာဉ်ကအနည်းဆုံး၁၁နာရီခွဲလောက်မှဝင်မယ်။baggageထုတ်မှာနဲ့ဆို၁၂နာ ရီ။သက်ပြင်းလည်းမချချင်တော့ပါဘူး။ကျမဘဝမှာ ဒီလိုအခက်အခဲဆိုတာက ရိုးနေပြီလေ။ Sam Francisco Asian Art Museumမှာကျင်းပနေတဲ့ ထိုင်း-မြန်မာအနုပညာပြပွဲမှာ မြန်မာစာရေးဆရာတယောက်ရဲ့ readingထည့်ချင်တယ်ဆိုပြီး Museumကဖိတ်လို့ကျမလာခဲ့တာပါ။Reading မှာ‘Night Flow”(ညရေစီး)ဆိုတဲ့ကျမရဲ့ဝတ္ထုတိုတစ်ပုဒ်ဖတ်ခဲ့တယ်။ကျမရဲ့မိတ်ဆွေဦးအောင်အောင်တိတ်အင်္ဂလိပ်လိုဘာသာပြန်ပေးပြီး သူငယ်ချင်းနယူးဇီလန်စာရေးဆရာမPenelope Toddတည်းဖြတ်ပေးခဲ့တာပါ။ကျမရဲ့ကိုရီးယားသူငယ်ချင်းရာဟီဒေါက်(Ra Hee Duk)ပြောခဲ့တဲ့စကားလေးကို သဘောကျပြီးစိတ်ကူးရသွားတဲ့ ဝတ္ထုလေးတပုဒ်ပေါ့။ ကျမ၂၀၀ရခုနှစ် International writing Programအတွက် အိုင်အိုဝါးစီးတီးမှာ တခြားတိုင်းပြည်ကစာရေးဆရာအယောက်၄ဝနီးပါးနဲ့ နေရစဉ်တုန်းကပေါ့။ကျမတို့နေရတဲ့ဟိုတယ်လ်ဘေးအိုင်အိုဝါမြစ်ကမ်းမှာ ညတိုင်းနီးပါးကျမတို့လမ်းလျှှောက်ဖြစ်ကြတယ်။သိမ်သိမ်မွေ့မွေ့စီးဆင်းနေတဲ့အိုင်အိုဝါမြစ်ရေကိုကြည့်ရင်း ရာဟီဒေါက်ပြောခဲ့တာ။ညဘက်မှာစီးတဲ့မြစ်ရေဟာ သိပ်စိတ်ဝင်စရာကောင်းသတဲ့လေ။အပေါ်ယံမှာတည်ငြိမ်လှပသလောက် မြစ်အောက်ခြေမှာရုန်းကန်မှုများနေသတဲ့။အပေါ်ယံမျက်နှာကျောမာလှသူလို့ လူတော်တော်များများသတ်မှတ်ခံရတဲ့ကျမရင်ထဲကဝဲကတော့တွေအကြောင်းစောကြောမိတဲ့ကျမက ကိုယ့်ကိုကိုယ်ညရေစီးနဲ့နှိုင်းပြီး အဲဒီဝတ္ထုလေးရေးခဲ့မိတာ။ အဲ့ဒီ့ခရီးစဉ်မှာပဲ“နှင်းနတ်သား”ဆိုတဲ့ဝတ္ထုတိုလေးတပုဒ်ရေးမိခဲ့သေးတယ်။လေယာဉ်ကွင်းမှာဆုံတွေ့ခဲ့တဲ့ သဘောဖြူလူငယ်လေးတယောက်အကြောင်းရေးခဲ့တဲ့ဝတ္ထုလေးကို လေယာဉ်အကြာကြီးစောင့်ရင်းသတိရနေမိသေးရဲ့။အဲဒီတုန်းကတော့ ရေခဲမိုးနဲ့နှင်းမုန်တိုင်းထဲမှာ။ ဒီကနေ့ကတော့ ဘာလို့လေယာဉ်နောက်ကျမှန်းမသိပေမယ့် […]