နောက်တနေ့ကစပြီး ကျွန်မတို့ဝန်ထမ်းများ (ရန်ကုန်သား၂ယောက်၊ နယ်ခံ၈ယောက်) ကျွဲကျောင်း၊ ဘဲကျောင်း၊ ဝက်စာကျွေးရပါတယ်။ ကျွန်မတို့မိန်းကလေး၂ယောက်ကတော့ ဘိုကလေး ခဏရောက်နေလို့ လွတ်သွားပါတယ်။ ပြန်လာတော့ ဝေခြမ်းရေးလက်စသတ်ရပါတယ်။ အပ်ချုပ်စက်ဝေတယ်၊ ငါးဖမ်းပိုက်ဝေတယ်၊ လှေဝေတယ်။ မိုးဦးကျစဆိုတော့ မိုးယိုပေါက်အပြည့်နဲ့ ရုံးခန်းထဲမှာ ဖြစ်သလိုနေရင်း အလုပ်ပြီးအောင်ဘဲ ကြိုးပမ်းရပါတယ်။ ဒါပြီးရင် တံတားဆောက်၊ လမ်းပြင်ကိတ်စတွေရှိသေးတာကိုး။ ကျွန်မနဲ့မလေးအမကတော့ တနေကုန်ပင်ပန်းထားသမျှ ညနေစောင်းတာနဲ့ တီရှပ်တထည်၊ ဘောင်းဘီတိုတထည် ကောက်စွပ်ပြီး ချောင်းထဲခုန်ဆင်းတာဘဲ။ ဆားငန်ရေနဲ့ရေချိုးပြီးရင် အမောတွေအကုန်ပြေ မှတ်တယ်။ ရုံးပြန်ရောက်တာနဲ့ အိမ်ရှေ့အိမ်က ကြီးတော်ကို ညစာဘာချက်လဲမေးရင်း တလက်စတည်း သူချက်ပြီးသား အိုးတွေခွက်တွေသွားမပြီး ထမင်းဝိုင်းပြင်တာဘဲ။ အဲဒါပြီးရင် ဘောလုံးကန်သွားကြတဲ့ကောင်လေးတွေ အကုန်လုံးရယ် ရွာစဉ်လှည့်ပြီးအတင်းတုတ် အဲလေ စကားပြောရင်း စနည်းနာရင်း လျှောက်သွားနေတတ်တဲ့ ကန်ဘောဒီးယားသားရယ် ပြန်အလာကိုစောင့်ပြီး ထမင်းစားကြပါတယ်။ ညနေစာထမင်းဝိုင်းကိုတော့ […]